Main menu

Background

တညင်းကုန်းဈေးကြီးတွင် ရက်သတ္တပတ်အတွင်း ရောင်းချနေသော  ကုန်ဈေးနှုန်းများနှင့် သီရိမင်္ဂလာဈေးရှိ သစ်သီးဝလံဈေးနှုန်းများ

Thu, 12/08/2022 - 11:50 -- journal_editor

အင်းစိန်မြို့နယ်ရှိ တညင်းကုန်း လက်ကားဈေးကြီးအတွင်းသို့ နိုဝင်ဘာ ၂၃ ရက်မှ ၂၉ ရက်အတွင်း ညောင်တုန်း၊ မှော်ဘီ၊ သာရဝေါ၊ ညောင်နှစ်ပင်ကျေးရွာ၊ ကြာကန်စုကျေးရွာ၊ နေပြည်တော်၊ တပ်ကုန်း၊ ရွှေဒါး၊ မင်္ဂလာဒုံ၊ အင်းစိန်၊ ခရမ်း၊ သုံးခွ၊ ပြည်၊ လက်ပံတန်း၊ မင်းလှ၊ ဝါးနက် ချောင်း၊ မော်လမြိုင်၊ မန္တလေး၊ အုတ်ဖိုနှင့် ရှမ်းပြည်နယ်တို့မှ ဟင်းသီးဟင်းရွက်နှင့် သစ်သီးဝလံပန်းမန်များ အများဆုံးဝင်ရောက် ရောင်းချနေကြောင်း သိရှိရသည်။
ထိုသို့ ဝင်ရောက်ရာတွင် ယခုရက်သတ္တပတ်အတွင်း ခရမ်းချဉ်သီး ထိုင်ဝမ်(ပိဿာ)ကျပ် ၁၄၀ဝ မှ ၂၂၀ဝ အတွင်း၊ ဂေါ်ဖီထုပ်(တစ်ထုပ်) ကျပ် ၅၀ဝ မှ ၁၅၀ဝ အတွင်း၊ ပန်းဂေါ်ဖီ (ထုပ်) ကျပ် ၅၀ဝ မှ ၁၅၀ဝ အတွင်း၊ အာလူး (ပိဿာ) ကျပ် ၂၂၀ဝ မှ ၂၅၀ဝ အတွင်း၊ မုန်လာဥနီ (ပိဿာ) ကျပ် ၈၀ဝ မှ ၂၂၀ဝ အတွင်း ရွှေဖရုံသီး(လုံး)ကျပ် ၈၀ဝ မှ ၃၅၀ဝ အတွင်း၊ ဘူးသီး (လုံး) ကျပ် ၇၀ဝ မှ ၁၃၀ဝ အ တွင်း၊ မုန်ညင်း(ထုပ်) (ပိဿာ) ကျပ် ၁၂၀ဝ မှ ၁၄၀ဝ အတွင်း၊ ကြက်သွန်နီ(ဆိပ်ဖြူ) ကျပ် ၃၅၀ဝ မှ ၄၈၀ဝ အတွင်း၊ ကြက်သွန်ဖြူ (ရှမ်း)(ပိဿာ) ကျပ် ၃၀ဝ၀ မှ ၄၂၀ဝ အတွင်း၊  ကြက်သွန်ဖြူ (ကြူကုတ်) (ပိဿာ) ကျပ် ၃၂၀ဝ မှ ၃၅၀ဝ အတွင်း၊ ချင်း(ပိဿာ) ကျပ် ၁၅၀ဝ မှ ၁၈၀ဝ အတွင်း၊ ဆလတ်ရွက်(စည်း) ကျပ် ၁၅၀ မှ ၂၀ဝ အတွင်း၊ ချဉ်ပေါင်ရွက်(စည်း) ကျပ် ၆၅ မှ ၁၀ဝ အတွင်း၊ ခရမ်းသီး (ရှည်)(ပိဿာ) ကျပ် ၁၀ဝ၀ မှ ၁၆၀ဝ အတွင်း၊ သံပရာသီး (လုံး) ကျပ် ၈၀ မှ ၂၅၀ အတွင်း၊ ငရုတ်သီးစိမ်း (ကျောက်စိမ်း) (ပိဿာ) ကျပ် ၂၃၀ဝ မှ ၂၈၀ဝ အတွင်း၊ ဖရဲသီး (အကြီး၊ အလတ်၊ အသေး) ကျပ် ၂၅၀ဝ မှ ၇၀ဝ၀ အတွင်းဖြစ်ကြောင်း သိရှိရသည်။ 
ရန်ကုန်တိုင်းဒေသကြီး လှိုင်မြို့နယ် သီရိမင်္ဂလာဈေးတွင် နိုဝင်ဘာ ၂၃ ရက်မှ ၂၉ ရက်အထိ  ဖြစ်ပေါ်ခဲ့သော သစ်သီးဝလံ ဈေးနှုန်းများမှာ ရေတာရှည်မှ ဖရဲသီး (၈၅၅) အလုံးကြီးကျပ် ၆၀ဝ၀၊ အလုံးလတ် ကျပ် ၅၀ဝ၀ ၊ အလုံးသေး ကျပ် ၄၀ဝ၀ မှ ၃၀ဝ၀၊ တောင်ငူ၊ ဘီးလင်းမှ ဖရဲသီး (၂၁၁) အလုံးကြီးကျပ် ၃၀ဝ၀၊ အလုံးလတ် ကျပ် ၂၅၀ဝ ၊ အလုံးသေး ကျပ် ၂၀ဝ၀ မှ ၁၅၀ဝ၊ သီပေါ မှ နာနတ်သီး အလုံးကြီး ကျပ် ၁၅၀ဝ မှ ၁၃၀ဝ၊ အလုံးလတ် ကျပ် ၁၀ဝ၀ မှ ၈၀ဝ၊ အလုံးသေး ကျပ် ၅၀ဝ၊ မှော်ဘီ၊ တိုက်ကြီးမှ မာလကာသီး အလုံးကြီး ကျပ် ၆၀ဝ၊ အလုံးလတ် ကျပ် ၅၀ဝ၊ အလုံးသေး ကျပ် ၄၀ဝ မှ ၃၀ဝ၊ တိုက်ကြီးမှ  ပီလောပီနံ တစ်ပိဿာ အလုံးကြီး ကျပ် ၁၀ဝ၀၊ အလုံး လတ် ကျပ် ၈၀ဝ၊ အောင်ပန်းမှ လိမ္မော်သီး တစ်ပိဿာ အလုံးကြီး ကျပ် ၂၅၀ဝ၊ အလုံးလတ် ကျပ် ၁၉၀ဝ၊ အလုံးသေး ကျပ် ၁၃၀ဝ၊ မော်လမြိုင်မှ ကျွဲကောသီး (ပန်းရောင်) အလုံး ကြီး ကျပ် ၂၅၀ဝ မှ ၂၃၀ဝ၊ အလုံးလတ် ကျပ် ၂၀ဝ၀ မှ ၁၅၀ဝ၊ အလုံးသေး ကျပ် ၁၂၀ဝ မှ ၁၀ဝ၀၊ ၈၀ဝ မှ ၅၀ဝ၊ ရေနံချောင်း မှ ဆီးသီး(အချဉ်သီး) အလုံးကြီး  တစ်ခြင်း ရှစ်ပြည်ပါ ကျပ် ၁၂၀ဝ၀၊ ဆင်ဖြူကျွန်းမှ  ဆီးသီး (အစေ့လွတ်) အလုံးကြီး တစ်ခြင်း ရှစ်ပြည်ပါ ကျပ် ၁၄၀ဝ၀၊ ပုပ္ပားမှ သြဇာသီး အလုံးကြီး တစ်ဖာ ၃၀ လုံးပါ ကျပ် ၁၃၀ဝ၀၊ အလုံးလတ် ၆၀ လုံးပါ ကျပ် ၁၀ဝ၀ဝ ဈေးတို့ရှိကြောင်း သီရိမင်္ဂလာဈေးရှိ မြန်မာနိုင်ငံသစ်သီးဝလံပန်းမန် ဟင်းသီးဟင်းရွက်စိုက်ပျိုးထုတ်လုပ်တင်ပို့ရောင်းချသူများအသင်း  (MFVP)  မှသိရှိရသည်။
မြင့်မြင့်စန်း(ရန်ကုန်)၊ 
STDT (Yangon)