Main menu

Background

ပြည်တွင်းနယ်စပ်စီးပွားရေးရာ

ဖရဲ၊ ငှက်ပျောအပို့လျော့၍ ပန်းသီးအသွင်းပို့

Fri, 02/03/2012 - 10:24 -- Anonymous (not verified)

              ဇန်နဝါရီလ ၁၈ ရက်မှ ၂၄ ရက်ထိကာလအတွင်း မြန်မာ-တရုတ်နယ်စပ်ရှိ ကန်ပိုက်တီးစခန်းမှ တစ်ရှူးငှက်ပျော တန် ၂၀ ဒေါ်လာ ၂၄၃၆ ဖိုး၊ မူဆယ် ၁၀၅ မိုင်ကုန်သွယ်ရေး ဇုန်မှ ဖရဲသီး ၅၅၄၈ တန်ကျော်၊ တန်ဖိုးဒေါ်လာ သုညဒသမ ၈၇၆ သန်းဖိုးကို တစ်ဖက်နိုင်ငံကို တင်ပို့နိုင်ခဲ့ပါတယ်။ တစ်ရှူး ငှက်ပျောရော၊ ဖရဲသီးပါ ယခင်အပတ်ထက် တင်ပို့မှုလျော့ နည်းခဲ့တာတွေ့ရပါတယ်။ ဒါ့အပြင် မြန်မာ - တရုတ်နယ်စပ်ရှိ ကန်ပိုက်တီး နယ်စပ်စခန်းနဲ့ မူဆယ် ၁၀၅ မိုင်ကုန်သွယ်ရေးဇုန် ကနေ ပန်းသီး ၅၆၂ တန်၊ တန်ဖိုးဒေါ်လာ သုညဒသမ ၂၅၃သန်းဖိုးကို တင်သွင်းခဲ့တာ တွေ့ရပါတယ်။ MIRT(DOBT)

မူဆယ်မှ ပို့ပြီး တမူးမှသွင်းတဲ့ ပရဆေးကုန်ကြမ်း

Fri, 02/03/2012 - 10:14 -- Anonymous (not verified)

                ဇန်နဝါရီလ ၁၈ ရက်မှ ၂၄ ရက်ထိကာလအတွင်း မူဆယ် ၁၀၅ မိုင်ကုန်သွယ်ရေးဇုန်မှ ကန်ဒေါ်လာ သုည ဒသမ ၅၄၆ သန်းတန်ဖိုးရှိ ပရဆေးကုန်ကြမ်း ၂၈၆ တန်ကျော် တင်ပို့ခဲ့ပါတယ်။ ယခုတစ်ပတ်တင်ပို့တဲ့ ပရဆေးကုန်ကြမ်းတွေ ကတော့ ချဉ်ပေါင်ဖာလာ (အခွံပါ/မပါ)၊ ဇီးဆံ၊ တောဂျူးမြစ်၊ နနွင်းတက်(ရှမ်း)၊ မန်ကျည်းမှည့် (အစေ့ပါ)၊ ကွမ်းစားဂမုန်း၊ ဝဥခြောက်၊ ဝဥစို၊ ကြောင်ပန်းစေ့၊ ကြောင်လျာစေ့၊ တောဂျင်း၊ နေလဲစေ့၊ ကွမ်းသီးခွံ၊ အုံတုံခေါက်၊ ရှားစေး၊ ဒရင်ကောက်မြစ်၊ မှိုခြောက်နဲ့ မာလာဥတို့ဖြစ်ပါတယ်။ ချဉ်ပေါင်ဖာလာ (အခွံမပါ)၊ နနွင်းတက်နဲ့ ဝဥခြောက်တွေ ယခင်အပတ်ထက် ပိုမိုတင်ပို့ နိုင်ခဲ့သလို ယခင်အပတ်က တင်ပို့နိုင်ခြင်းမရှိတဲ့ တောဂျူးမြစ်၊ ဝဥစို၊ တောဂျင်း၊ နေလဲစေ့၊ ကွမ်းသီးခွံ၊ ရှားစေး၊ မှိုခြောက်နဲ့ မာလာဥတို့လည်း တင်ပို့နိုင်ခဲ့တာ တွေ့ရပါတယ်။ မြန်မာ - အိန္ဒိယ နယ်စပ်ရှိ တမူးနယ်စပ်ကတော့ ပရဆေးကုန်ကြမ်း ဟင်းရိုင်းဖြူ သုည ဒသမ ၁၇၅ တန် တန်ဖိုး ဒေါ်လာ သုည ဒသမ ၀၀၂ သန်းဖိုး တင်သွင်းနိုင်ခဲ့တယ်လို့ သိရပါတယ်။ MIRT(DOBT)

တန် ၂၀၀၀ ကျော် ပိုမိုတင်ပို့နိုင်တဲ့ ရေထွက်ကုန်

Fri, 02/03/2012 - 10:12 -- Anonymous (not verified)

                  ဇန်နဝါရီလ ၁၈ ရက်မှ ၂၄ ရက်ထိကာလအတွင်း နယ်စပ် ကုန်သွယ်ရေးစခန်းများမှ ကန်ဒေါ်လာ ၄ ဒသမ ၄၁၉ သန်းတန်ဖိုးရှိ ရေထွက်ကုန် ၃၂၆၈ တန်ကျော် တင်ပို့နိုင် ခဲ့ပါတယ်။ ယခင်အပတ်ထက် တန် ၂၀၀၀ ကျော် ပိုမိုတင်ပို့ နိုင်ခဲ့ပါတယ။် မြန်မာ-တရုတ်နယ်စပ်ရှိ မူဆယ်စခန်းမှ ၂၇၅ တန်နီးပါး၊ မြန်မာ-ထိုင်းနယ်စပ်ရှိ မြဝတီနယ်စပ်မှ ၇၄ တန် ကျော်၊ ကော့သောင်းနယ်စပ်မှ တန် ၅၁၀ ကျော်၊ မြိတ်နယ် စပ်မှ ၂၃၂၈ တန်ကျော်၊ မြန်မာ-ဘင်္ဂလားဒေ့ရှ်နယ်စပ်ရှိ စစ်တွေနယ်စပ်မှ ၆ တန်နဲ့ မောင်တောနယ်စပ်မှ ၇၄ တန် ကျော် တင်ပို့ခဲ့တာ တွေ့ရပါတယ်။ နယ်စပ်အလိုက် တင်ပို့တဲ့ အမယ်တွေကတော့ မူဆယ်မှ ငါးရှဉ့်၊ ရေငန်ငါးမျိုးစုံ ကဏန်း ၊ မြဝတီမှ ကဏန်း ၊ ငါးမျိုးစုံနဲ့ပုစွန်၊ ကော့ေ့သောင်းမှ ငါးမျိုးစုံ၊ ပုစွန်နဲ့ ငါးဆားနယ်၊ ကင်းမွန်၊ ကဏန်း၊ စစ်တွေမှ ငါးကုန်းညိုခြောက်၊ မောင်တောမှ ရေချိုပုစွန်၊ ငါးစုံလေး တန် ၂၀၀၀ ကျော် ပိုမိုတင်ပို့နိုင်တဲ့ ရေထွက်ကုန် ခြောက်၊ ငါးနီတူခြောက်နဲ့ ငါးကုန်းညိုခြောက်တို့ ဖြစ်တယ်လို့ သိရပါတယ်။ MIRT(DOBT)

ဝက်အရှင်တင်ပို့မှု ယခင်အပတ်ကထက် သုံးဆနီးပါးပို

Tue, 01/24/2012 - 10:09 -- Anonymous (not verified)

    မြန်မာ - အိန္ဒိယနယ်စပ်ရှိ ရိဒ်နယ်စပ်ကုန်သွယ်ရေးစခန်းရဲ့ အဓိကပို့ကုန်ဖြစ်တဲ့ ဝက်အရှင်များ တင်ပို့မှုဟာ ယခင်အပတ်ကထက် ၃ ဆနီးပါးပိုမိုတင်ပို့နိုင်ခဲ့ပါတယ်။ ဇန်နဝါရီလ ၁၁ ရက်မှ ၁၇ ရက်ထိကာလ အတွင်း ကန်ဒေါ်လာ သုညဒသမ ၀၆၅ သန်း တန်ဖိုးရှိ ဝက်အရှင် ၃၇၃၉၀ ကီလိုဂရမ် တင်ပို့နိုင်ခဲ့ရာ ယခင်အပတ်က ၁၂၉၄၇  ကီလိုဂရမ် တင်ပို့မှုထက် ၃ ဆနီးပါးပိုမိုခဲ့တာ ဖြစ်ပါတယ်။MIRT(DOBT)

မူဆယ်နဲ့ ကန်ပိုက်တီးမှ ယခုအပတ်တင်ပို့နိုင်တဲ့ ပီလောပီနံ

Tue, 01/24/2012 - 10:08 -- Anonymous (not verified)

    ဇန်နဝါရီလ ၁၁ ရက်မှ ၁၇ ရက်အထိကာလအတွင်း ကန်ပိုက်တီးနယ်စပ်မှ ကန်ဒေါ်လာ ၁၃၂၂၁ တန်ဖိုးရှိ တစ်ရှူးငှက်ပျော တန် ၁၁၀ နဲ့ ကန်ဒေါ်လာ ၁၄၅၃၈ တန်ဖိုးရှိ ပီလောပီနံအစို ၂၁၆ တန်တင်ပို့မှု ရှိခဲ့တယ်လို့သိရပါတယ်။ ယခင်အပတ်ကထက် တစ်ရှူးငှက်ပျော ၃၇ တန် အပို့ပိုခဲ့ပါတယ်။     မူဆယ်နယ်စပ်မှလည်း ယခုအပတ်မှာ ကန်ဒေါ်လာ သုညဒသမ ၀၀၆ သန်း တန်ဖိုးရှိ ပီလောပီနံဥ ၈၇ တန်ကျော် တင်ပို့မှု ရှိတဲ့အတွက် ယခုအပတ် နယ်စပ်မှ ပီလောပီနံ တင် ပို့မှု စုစုပေါင်းမှာ ၆၃၀ တန်ကျော် ရှိခဲ့ပါတယ်။ ယခင်အပတ်က ကန်ပိုက်တီးမှ ၂၂၄ တန် အပို့ရှိခဲ့တာမို့ ယခုအပတ်မှာ ပီလောပီနံ တင်ပို့မှု ၃၇၉ တန် ပိုမိုခဲ့ပါတယ်။                                         MIRT (DOBT)

နယ်စပ်စခန်းများမှ သစ်သီးဝလံတင်ပို့မှု

Tue, 01/24/2012 - 10:02 -- Anonymous (not verified)

    မြန်မာ - တရုတ်နယ်စပ်ရှိ မူဆယ် ၁၀၅ မိုင်မှ ကန်ဒေါ်လာ ၂ ဒသမ ၃၉၉ သန်း တန်ဖိုးရှိ ဖရဲသီး ၁၀၅၈၇ တန်၊ ၄၀၆ ဒေါ်လာတန်ဖိုးရှိ နာနတ်သီး ၃ တန်နဲ့ ကန်ဒေါ်လာ သုည ဒသမ ၁၄၉ သန်း တန်ဖိုးရှိ သခွားမွှေး ၆၇၂ တန်ကျော် အပို့ရှိခဲ့ပါတယ်။ ယခင်အပတ်ကထက် ဖရဲသီး ၂၂၆၈ တန် အပို့ပိုခဲ့သော်လည်း သခွားမွှေး တင်ပို့မှု ကတော့တန် ၂၃၀ လျော့နည်းခဲ့ပါတယ်။ ကန်ဒေါ်လာသုည ဒသမ ၃၉၃ သန်း တန်ဖိုးရှိ ပန်းသီး ၈၇၃ တန် ယခုအပတ်မှာ မြန်မာ-တရုတ်နယ်စပ်ရှိ မူဆယ်နဲ့ ကန်ပိုက်တီးနယ်စပ်များမှ အသွင်းရှိခဲ့ပါတယ်။ ယခင်အပတ်ကထက် ၉၆ တန် လျော့ နည်း တင်သွင်းခဲ့ပါတယ်။                  MIRT(DOBT)

တမူးနယ်စပ်မှ ပရဆေးကုန်ကြမ်းအသွင်းစုံ

Tue, 01/24/2012 - 09:59 -- Anonymous (not verified)

    မြန်မာ-အိန္ဒိယနယ်စပ်ရှိ တမူူးနယ်စပ်မှ ကန်ဒေါ်လာ သုည ဒသမ ၂၆၉ သန်း တန်ဖိုးရှိ ဖာလာ သုည ဒသမ ၆ တန်၊ ဇာတိပ္ဖိုလ်သီး ၁ ဒသမ ၃၅၅ တန်၊ ဟင်းရိုင်းဖြူ သုည ဒသမ ၀၂၅ တန်၊ ရှိန်းခို ၁ ဒသမ ၈၀ တန်နဲ့ တောင်လုံးကျော် ၁ ဒသမ ၁၂၅ တန် အပို့ရှိခဲ့ပြီး ယခင်အပတ်ကထက် ၄ တန်ကျော် အသွင်းပိုခဲ့ပါတယ်။

မူဆယ်နယ်စပ်မှ ရေထွက်ကုန် အပို့ပို

Tue, 01/24/2012 - 09:57 -- Anonymous (not verified)

    ဇန်နဝါရီလ ၁၁ ရက်မှ ၁၇ ရက်ထိကာလအတွင်း နယ်စပ်ကုန်သွယ်ရေးစခန်းများမှ ကန်ဒေါ်လာ     ၂ ဒသမ ၈၄၃ သန်းကျော် တန်ဖိုးရှိ ရေထွက်ကုန် ၁၁၄၉ တန်နီးပါး အပို့ရှိခဲ့ပါတယ်။ ယခင်အပတ်က တန် ၉၃၄ တန်ခန့် အပို့ ရှိခဲ့တာမို့ ၂၂၆ တန် ယခင်အပတ်ကထက် အပို့ပိုခဲ့ပါတယ်။ မူဆယ်နယ်စပ်မှ ရေထွက်ကုန် ၇၈၈ တန်ကျော်၊ ချင်း ရွှေဟော်မှ ၁၉ တန်ကျော်၊ မြဝတီမှ ၁၁၃ တန်ကျော်၊ စစ် တွေမှ  တန် ၅၀ ကျော်နဲ့ မောင်တောမှ ၁၇၉ တန်ခန့် တင်ပို့ခဲ့တာ ဖြစ်ပါတယ်။

သားငါးကဏ္ဍမှ ဒေသဖွံ့ဖြိုးရေး ဆောင်ရွက်နိုင်တော့မယ့် ရခိုင်နယ်စပ်

Mon, 01/16/2012 - 06:37 -- Anonymous (not verified)

    ရခိုင်ပြည်နယ်ရှိ စစ်တွေနယ်စပ်ကုန်သွယ်ရေးစခန်းမှ တစ်ဘက်ဘင်္ဂလားဒေရှ် နိုင်ငံကို ငါးမြစ်ချင်း၊ ငါးခေါင်းပွစတဲ့ ရေချိုငါးများ ယခင်နှစ်များထက် ပိုမို တင်ပို့ နိုင်ခဲ့တာတွေ့ရပါတယ်။ ဒါ့အပြင် ရခိုင်ကမ်းရိုးတန်း သားငါးဖွံ့ဖြိုးရေးလုပ်ငန်း အစု အဖွဲ့များ ဖွဲ့စည်းဆောင်ရွက်သွားရန် ကြိုးပမ်းဆောင်ရွက်လျက်ရှိကြောင်းလည်း သိရပါတယ်။ ငွေကြေးပံ့ပိုးမှုများကိုလည်း အစုအဖွဲ့လုပ်ငန်းများကို ထောက်ပံ့ပေးမှာ ဖြစ်တဲ့အတွက် ရေလုပ်ငန်း လုပ်ကိုင်တတ်သူ ပညာတတ်လူငယ်များ စုဖွဲ့ပြီး ဆောင် ရွက်လျက်ရှိတယ်လို့လည်း သိရပါတယ်။

ယခုအပတ် ဝက်အရှင်တင်ပို့မှု အနည်းငယ်ပို

Mon, 01/16/2012 - 06:28 -- Anonymous (not verified)

    မြန်မာ - အိန္ဒိယနယ်စပ်ရှိ ရိဒ်နယ်စပ်ကုန်သွယ်စခန်းမှ ဇန်နဝါရီလ ၄ ရက်မှ ၁၀ ရက်အထိ ကာလအတွင်း ကျပ် ၁၇ သန်းကျော် တန်ဖိုးရှိ ဝက်အရှင် ၁၂၉၄၇ ကီလိုဂရမ် တင်ပို့နိုင်ခဲ့ပါတယ်။ ယခင်အပတ်ကထက် ကီလို ၁၈၀ နီးပါး အပို့ပိုခဲ့ပါတယ်။ ဘဏ္ဍာနှစ် ၉ လတာကာလမှာ ရိဒ်နယ်စပ်မှ ဝက်အရှင်တင်ပို့မှု စုစုပေါင်းမှာ ၂၀၇၃၀၅ ကီလိုဂရမ်ရှိပြီး ဖြစ်ပါတယ်။ မြန်မာဝက်များဟာ အခေါက်ပါးပြီး အဆီများတဲ့ အချက်က ဝယ်လက်ကို အကြိုက်တွေ့ စေလျက်ရှိတယ်လို့ သိရပါတယ်။

Pages

Subscribe to RSS - ပြည်တွင်းနယ်စပ်စီးပွားရေးရာ