Main menu

Background

ပြည်တွင်းနယ်စပ်စီးပွားရေးရာ

ဈေးအေးသော်လည်း အရောင်းအဝယ်ဖြစ်နေတဲ့ ကယားပြောင်း

Mon, 02/20/2012 - 09:55 -- Anonymous (not verified)

ကယားပြည်နယ် လွိုင်ကော်ဈေးကွက်မှာ ဖေဖော်ဝါရီလ ဒုတိယပတ်အတွင်း အစေ့ထုတ်ပြောင်း တစ်ပိဿာကို ၂၇၀ ကျပ်နဲ့ ဈေးငြိမ်နေသော်လည်း တစ်ပတ်မှာ ပိဿာ ၃၀၀င်အိတ် ၃၅၀၀ ခန့် အရောင်းအဝယ်ရှိနေကြောင်း သိရပါတယ်။ တင်ပို့ မှု အနေနဲ့လည်း ဖေဖော်ဝါရီလ ၈ ရက်မှ ၁၃ ရက်ထိ အစေ့ထုတ်ပြောင်း ၃၁၄၂ အိတ်ကို ရန်ကုန်၊ မန္တလေးမြို့များကိုတင်ပို့နိုင်ခဲ့ကြောင်း သိရပါတယ်။ မင်းအောင်

တိရစ္ဆာန်ထွက်ပစ္စည်းတင်ပို့မှုပိုမို

Mon, 02/20/2012 - 09:54 -- Anonymous (not verified)

မြန်မာ-တရုတ်နယ်စပ်ရှိ မူဆယ် နယ်စပ်မှ ကန်ဒေါ်လာ ၁ ဒသမ ၅၅၈ သန်းတန်ဖိုးရှိ အေးခဲအမဲသား တန် ၃၉၀ ခန့်နဲ့ အမဲခြောက် ၁၄၁ တန် ကျော်၊ ချင်းရွှေဟော်နယ်စပ်မှ ကန် ဒေါ်လာ သုည ဒသမ ၂၅၉ သန်းတန် ဖိုးရှိ အေးခဲအမဲသား ၆၆ တန်ခန့်နဲ့ နွား ဘေးထွက် ၁၃ တန်ကျော်ကို ဖေဖော်ဝါ ရီ ၈ ရက်မှ ၁၄ ရက်ထိကာလအတွင်း တင်ပို့နိုင်ခဲ့ပါတယ်။ ယခင်အပတ်က ထက် တန် ၁၁၀ ခန့် အပို့ပိုခဲ့တယ်လို့ သိရပါတယ်။ ချင်းရွှေဟော်မှ ယခင် အပတ်ကတင်ပို့မှုထက်  လျော့နည်းခဲ့  သော်လည်း မူဆယ်မှ အပို့ပိုခဲ့တာဖြစ်ပါ တယ်။                   MIRT(DOBT)

နယ်စပ်စခန်းများမှ သစ်တောထွက်ကုန်အချို့ အပို့ရှိ

Mon, 02/20/2012 - 09:52 -- Anonymous (not verified)

မြန်မာ-တရုတ်နယ်စပ်ရှိ ကန်ပိုက်တီးနယ်စပ်နဲ့ မြန်မာ-ဘင်္ဂလားဒေ့ရှ်နယ်စပ်ရှိ စစ်တွေနယ်စပ်တို့မှ ကန်ဒေါ်လာ သုည ဒသမ ၀၁၉ သန်း တန်ဖိုးရှိ ကြိမ် ၂၉ တန် တစ်ဖက်နိုင်ငံများသို့ တင်ပို့မှုရှိခဲ့ပါတယ်။ ဒါ့အပြင် စစ်တွေနယ်စပ်မှ ကန် ဒေါ်လာ ၁၀၀၀ တန်ဖိုးရှိ ဝါးကြီးအလုံး ၁၀၀၀၀နဲ့ ကန်ဒေါ်လာ ၄၅၀၀ တန်ဖိုးရှိ သစ်ခေါက် ၁၅ တန် အပို့ရှိခဲ့တယ်လို့ သိရပါတယ်။                                  MIRT(DOBT)

နယ်စပ်မှ သစ်သီးဝလံကုန်သွယ်မှု အနည်းငယ်ပိုမိုဆောင်ရွက်

Mon, 02/20/2012 - 09:50 -- Anonymous (not verified)

မြန်မာ-တရုတ်နယ်စပ်ရှိ မူဆယ်နယ်စပ်မှ ကန်ဒေါ်လာ ၁ ဒသမ ၂၀၀ သန်းတန်ဖိုးရှိ ဖရဲသီး  ၇၅၅၇ တန်၊ ကန်ဒေါ်လာ သုည ဒသမ ၀၅၉ သန်းတန်ဖိုးရှိ ဆီးသီး တန် ၃၄၀ ကျော်၊ ကန်ဒေါ်လာ သုည ဒသမ ၁၉၂ သန်းတန်ဖိုးရှိ သခွားမွှေး တန် ၈၅၀ ကျော်နဲ့ ကန်ဒေါ်လာ ၁၆၅၀ တန်ဖိုးရှိ စပျစ်သီး ၁၁ တန်ကို ဖေဖော်ဝါရီ ၈ ရက်မှ ၁၄ ရက်ထိကာလအတွင်း အပို့ ရှိခဲ့ပါတယ်။ ဒါ့အပြင် ကန်ပိုက်တီးနယ်စပ်မှ ကန်ဒေါ်လာ ၀ ဒသမ ၀၂၂ သန်းတန်ဖိုးရှိ တစ်ရှူးငှက်ပျော ၁၇၈ တန်လည်း တင်ပို့နိုင်ခဲ့တယ်လို့ သိရပါတယ်။ တင်သွင်းမှုအနေနဲ့ မူဆယ်မှ ပန်းသီး တန် ၇၁၀ နဲ့ မြဝတီမှ တည်သီး ၈၂ တန်ကျော် တန်ဖိုးအားဖြင့် သုည ဒသမ ၃၄၀ သန်းဖိုး ဆောင်ရွက်မှုရှိခဲ့ပါတယ်။ ယခုအပတ်မှာ ကန်ဒေါ်လာ ၁ ဒသမ ၄၇၅ သန်း တန်ဖိုးရှိ သစ်သီးဝလံ ၈၉၃၆ တန်တင်ပို့ခဲ့ပြီး ကန်ဒေါ်လာ သုည ဒသမ ၃၄ သန်းတန်ဖိုးရှိ ပန်းသီးနဲ့ တည်သီး ၇၉၂ တန် ကျော် တင်သွင်းမှုရှိခဲ့ပါတယ်။ ယခင်အပတ်ကထက် သစ်သီးဝလံကုန်သွယ်မှုမှာ ကန်ဒေါ်လာ သုည ဒသမ ၁၂၀ သန်းဖိုး ပိုမိုဆောင်ရွက်နိုင်ခဲ့ပါတယ်။                                                                      

ကန်ပိုက်တီး နယ်စပ်မှလည်း ဆန်တင်ပို့မှုရှိလာပြီ

Mon, 02/20/2012 - 09:48 -- Anonymous (not verified)

ဖေဖော်ဝါရီ ၈ ရက်မှ ၁၄ ရက်ထိ ကာလအတွင်း မြန်မာ-တရုတ်နယ်စပ်ရှိ ကန်ပိုက်တီးနယ်စပ် ကုန်သွယ်ရေးစခန်း မှ ကန်ဒေါ်လာ သုည ဒသမ ၀၈၃ သန်းတန်ဖိုးရှိ ဧည့်မထ တန် ၂၀၀ တင်ပို့နိုင်တယ်လို့ သိရပါတယ်။ ဒါဟာ ကန်ပိုက်တီးနယ်စပ်ရဲ့ ပထမဆုံးဆန် တင်ပို့မှုဖြစ်ပါတယ်။ ကျန်နယ်စပ်ကုန် သွယ်ရေး စခန်းများဖြစ်တဲ့ မူဆယ်မှ ကန်ဒေါ်လာ ၄ ဒသမ ၁၀၇ သန်း တန်ဖိုးရှိ ဆန် ၉၇၉၆ တန်ခန့်နဲ့ ချင်း ရွှေဟော်နယ်စပ်မှ  ကန်ဒေါ်လာ ၂ ဒသမ ၄၉၇ သန်းတန်ဖိုးရှိ ဆန် ၁၆၅၃ တန်ခန့် အပို့ရှိခဲ့ရာ  ယခုအပတ်မှာ တရုတ်နယ်စပ်မှ ကန်ဒေါ်လာ ၆ ဒသမ ၆၈၇ သန်းတန်ဖိုးရှိ ဆန်တန် ၁၁၆၄၈ တန် တင်ပို့နိုင်ခဲ့ပါတယ်။ ယခင်အပတ် ကထက် တန် ၁၆၆၆ တန်ကျော် ပိုမို တင်ပို့နိုင်ခဲ့ပါတယ်။ နယ်စပ်အလိုက် ဆန်တင်ပို့နိုင်မှုတွေကတော့ မူဆယ်မှ ဧည့်မထ ၁၀ မှတ် ၄၂၈၀ တန်၊ ၂၅ မှတ် ၃၅၉၀ တန်၊ ငစိန် ၂၅ မှတ် ၁၉၂၅ တန်၊ ချင်းရွှေဟော်မှ ငစိန် ၃၃၆ တန် ခန့်၊ ဧည့်မထ ၁၃၁၇ တန်ကျော်နဲ့ ကန် ပိုက်တီးမှ ဧည့်မထ တန် ၂၀၀ အသီး သီးဖြစ်ပါတယ်။  MIRT(DOBT)

ဘဏ္ဍာနှစ် ၁၀ လတာကာလမှာ ရေထွက်ကုန်တင်ပို့မှု ကန်ဒေါ်လာ ၅ သန်းကျော် ဆောင်ရွက်နိုင်တဲ့ မောင်တောနယ်စပ်

Mon, 02/20/2012 - 09:46 -- Anonymous (not verified)

ငါးလုပ်ငန်းဦးစီးဌာနရဲ့ စာရင်းများအရ ဇန်နဝါရီလမှာ မောင်တောနယ်စပ်မှ ကန်ဒေါ်လာ ၀ ဒသမ ၇၈၁ သန်းတန်ဖိုးရှိ ရေထွက်ပို့ကုန် တန် ၅၆၀ နီးပါး တင်ပို့နိုင်ခဲ့ပြီၤး ၂၀၁၁ - ၂၀၁၂ ဘဏ္ဍာနှစ် ဧပြီလမှ ဇန်နဝါရီလအထိ ၁၀ လ တာကာလမှာတော့ ကန်ဒေါ်လာ ၅ ဒသမ ၇၄ သန်းကျော် တန်ဖိုးရှိ ရေထွက်ကုန် တန် ၂၇၃၀ ကျော်တင်ပို့ ထားပြီးဖြစ်တယ်လို့ သိရပါတယ်။

အေးခဲအမဲသားနဲ့ ကျွဲနွားပစ္စည်းမျိုးစုံ တင်ပို့မှု တန် ၉၇၀ ကျော်ရှိ

Mon, 02/13/2012 - 06:10 -- Anonymous (not verified)

     မြန်မာ - တရုတ်နယ်စပ်ရှိ မူ ဆယ်နဲ့ ချင်းရွှေဟော်နယ်စပ်မှ ကန် ဒေါ်လာ ၁ ဒသမ ၆၉၈ သန်း တန်ဖိုးရှိ အေးခဲအမဲသား ၅၀၁ တန်ကျော်ကို ဖေဖေါ်ဝါရီလ ၁ ရက်မှ ၇ ရက်အတွင်း အပို့ရှိခဲ့ပါတယ်။ ချင်းရွှေဟော်မှ ၈၁ တန်နဲ့ မူဆယ်မှ တန် ၄၂၀ ကျော် တင်ပို့ခဲ့တာဖြစ်ပါတယ်။

မူဆယ် (၁၀၅)မိုင် ကုန်သွယ်ရေးဇုန်မှ ငါးရှဉ့်၊ ဂဏန်း လေလံတင်ပို့ ရောင်းချမှု

Mon, 02/13/2012 - 06:05 -- Anonymous (not verified)

    ၂၀၁၂ ဇန်နဝါရီလအတွင်းငါးရှဉ့်တင်ပို့နိုင်မှုမှာ တန်ချိန် (၇၄၈ ဒသမ ၁၅၈) ရှိပြီး တန်ဖိုးကန်ဒေါ်လာ ၄ ဒသမ ၀၇၀ သန်း၊ကဏန်းတင်ပို့နိုင်မှုမှာ၃၆၄ ဒသမ ၉၁၅ တန်ရှိပြီးကန်ဒေါ်လာ ၁ ဒသမ ၅၁၄သန်းဖိုး ဆောင်ရွက်နိုင်ခဲ့ပါတယ်။ ယမန် နှစ် ကာလတူထက် ငါးရှဉ့် (၂၄၅ ဒသမ ၄၈၅)တန်ကျော်ပိုမိုတင်ပို့နိုင်ခဲ့ပြီး ကဏန်း (၅၀ ဒသမ ၃၄၃)တန် လျော့နည်း တင်ပို့နိုင်ခဲ့ပါတယ်။ အနီးစပ်ဆုံးကာလဖေဖေါ်ဝါရီလ ၁ ရက်မှ ၇ ရက်အတွင်း ငါးရှဉ့် (၁၂၇ ဒသမ ၈၉) တန်နဲ့ ကဏန်း (၁၂ ဒသမ ၀၉) တန် တင်ပို့နိုင်ခဲ့ပြီး ဖြစ်ပါတယ်။

ထိုင်းနဲ့ ဘင်္ဂလားဒေ့ရှ်နယ်စပ်မှ ရေထွက်ကုန်တန် ၃၄၀၀ ကျော် အပို့ရှိ

Mon, 02/13/2012 - 06:01 -- Anonymous (not verified)

    ဖေဖော်ဝါရီလ ၁ ရက်မှ ၇ ရက်ထိကာလအတွင်း ဘင်္ဂလားဒေ့ရှ်နဲ့ ထိုင်းနယ်စပ်ရှိ နယ်စပ်ကုန်သွယ်ရေး စခန်း များမှ ရေထွက်ကုန်တင်ပို့မှု တန် ၃၄၂၀ ကျော်၊ တန်ဖိုးအားဖြင့် ကန်ဒေါ်လာ ၃ ဒသမ ၆၇၉ သန်းဖိုး အပို့ရှိခဲ့ပါတယ်။ နယ်စပ် အလိုက်တင်ပို့နိုင်မှုတွေကတော့ စစ်တွေမှ ကန်ဒေါ်လာသုည ဒသမ ၁၂၉ သန်းတန်ဖိုးရှိ ရေချိုငါး ၁၃၄ တန်ခန့်နဲ့ ငါးစုံ လေးခြောက် ၂ တန်၊ မောင်တောမှ ကန်ဒေါ်လာသုညဒသမ ၁၂၀ သန်းတန်ဖိုးရှိ

နယ်စပ်မှ ဆန်တင်ပို့မှု အားကောင်း

Mon, 02/13/2012 - 05:58 -- Anonymous (not verified)

    ဖေဖော်ဝါရီလ ၁ ရက်မှ ၇ ရက်ထိကာလအတွင်း မြန်မာ-တရုတ်နယ်စပ်ရှိ မူဆယ် ၁၀၅ မိုင်နဲ့ ချင်းရွှေဟော်နယ်စပ် ကုန်သွယ်ရေးစခန်းများမှ ကန်ဒေါ်လာ ၄ ဒသမ ၀၇၇ သန်းတန်ဖိုးရှိ ဆန်နဲ့ ဆန်ကွဲ တန် ၉၉၈၀ ကျော် အပို့ရှိခဲ့ပါတယ်။

Pages

Subscribe to RSS - ပြည်တွင်းနယ်စပ်စီးပွားရေးရာ