Main menu

Background

ပြည်တွင်းနယ်စပ်စီးပွားရေးရာ

ကော့သောင်းမှ FOB လုပ်ခွင့်လိုချင်ကြတဲ့ ရေထွက်ပို့ကုန်လုပ်ငန်းရှင်များ

Mon, 03/12/2012 - 09:43 -- Anonymous (not verified)

ကောင့်သောင်းမှ မြိတ်သို့ထွက်၍ ငါးလုပ်ငန်းလုပ်ကိုင်သူများမှာ မြိတ် တွင် အခြေချပြီးဖြစ်တဲ့အတွက် ကော့ သောင်းသို့ ပြန်လာပြီး လုပ်ကိုင်မှာ မ ဟုတ်ပါဘူး။ FOB လုပ်လျှင် ကော့ သောင်းကမ်းနီးလုပ်ငန်းရှင်များကတော့ လုပ်ကိုင်နိုင်မယ်လို့ ကော့သောင်းကုန် သည်ကြီးများအသင်း တွဲဖက်အတွင်း ရေးမှူး ဦးမျိုးအောင်က ဖေဖော်ဝါရီလ အတွက်ပြုလုပ်တဲ့ နယ်စပ်ကုန်သွယ်မှု မြှင့်တင်ရေးအစည်းအဝေးမှာ ဆွေးနွေး ခဲ့တာဖြစ်ပါတယ်။ ကော့သောင်းမှာ FOB လုပ်ခွင့်ပေးရန်သာလိုကြောင်း၊ ကော့သောင်းဒေသ  ကမ်းနီးကင်းမွန် ဖမ်းလှေများကို ကမ်းဝေးလိုင်စင်ထုတ် ပေးထားပြီးဖြစ်ရာ ၎င်းလှများအား အင်ဂျင်ပါဝါ ပြောင်းလိုက်လျှင် FOB လုပ်နိုင်မယ်၊ လှေအသစ်တည်ဆောက် ရန်မလိုဘဲ ရှိပြီးသားလှေများကို မွမ်းမံ ရုံသာ လိုအပ်တယ်၊ ကမ်းနီး ကုမ္ပဏီ တစ်ခုကို လှေ ငါးစီးနှုန်းနဲ့ ၂၄ ကုမ္ပဏီ အနေနဲ့ လှေအစီး ၁၂၀ ခန့်နဲ့ လုပ်ကိုင် နိုင်မည်ဖြစ်၍ ကော့သောင်း FOBလုပ် ခွင့်ပြုစေလိုတာလို့ သိရပါတယ်။ချမ်းမြေ့မောင်

မူဆယ်နယ်စပ်မှ ပဲကြီးတန် ၄၅၀ ခန့် အပို့ရှိ

Mon, 03/05/2012 - 06:03 -- Anonymous (not verified)

    မြန်မာ-တရုတ်နယ်စပ်ရှိ မူဆယ် ၁၀၅ မိုင်ကုန်သွယ်ရေးဇုန်မှ ကန်ဒေါ်လာ သုည ဒသမ ၄၄၀ သန်းတန်ဖိုးရှိ  ပဲကြီး ၄၄၅ တန်ကျော်နဲ့ စစ်တွေနယ်စပ်မှ ၃ တန်ကို ဖေဖော်ဝါရီလ ၂၂ ရက်မှ ၂၈ ရက်ထိ ကာလမှာ အပို့ရှိခဲ့ရာ ယခင် အပတ်ကထက် ၁၇၃ တန် အပို့ပိုခဲ့တယ်လို့ သိရပါတယ်။ ဖေဖော်ဝါရီလတစ်လလုံး နယ်စပ်မှ ပဲကြီး ၇၄၅ တန် တင်ပို့ထားပြီးဖြစ်ပါတယ်။MIRT(DOBT)

မြန်မာ-ထိုင်းနယ်စပ်မှ ကင်းမွန်ကို ပုံသဏ္ဌာန် အမျိုးမျိုးနှင့်ပို့

Mon, 03/05/2012 - 06:02 -- Anonymous (not verified)

    မြန်မာ-ထိုင်းနယ်စပ်ရှိ  မြိတ်နဲ့ ကော့သောင်းနယ်စပ် ကုန်သွယ်ရေး စခန်းများမှ ကန်ဒေါ်လာ သုည ဒသမ ၁၈၂ သန်းတန်ဖိုးရှိ ကင်းမွန်အစို ၁ ဒသမ ၈ တန်၊ အေးခဲကင်းမွန် ၄၁ တန်ခန့်၊ကင်းမွန်ကောင်လုံးသန့် ၅ တန် ကျော်၊ ကင်းမွန်အသားလွှာ ၁၅ တန် ကျော်၊ ကင်းမွန်ပြုတ်ခြောက် ၁၇ တန် ကျော်နဲ့ ကင်းမွန်ခေါင်း ၈ တန်ကျော် ကို ဖေဖော်ဝါရီလ ၂၂ ရက်မှ ၂၈ ရက် ကာလအတွင်း တင်ပို့ခဲ့တာဖြစ်ပါ တယ်။ ကော့သောင်းနဲ့ မြိတ်စခန်းများ ကယခင်အပတ်က ကန်ဒေါ်လာ သုည ဒသမ ၀၈ သန်းတန်ဖိုးရှိ ကင်းမွန်အစို ၁၉ တန်ခန့်နဲ့ အေးခဲကင်းမွန် ၃၁ တန် ကျော်သာ အပို့ရှိခဲ့တာမို့ ယခုအပတ် မှာ ကင်းမွန်အစိုအပို့လျော့သော်လည်း အေးခဲကင်းမွန် ၁၀ တန် တန်ဖိုးအား ဖြင့် ကန်ဒေါ်လာ သုည ဒသမ ၁၀၂ သန်းဖိုး တင်ပို့မှု ပိုမိုခဲ့ပါတယ်။ MIRT(DOBT)

မူဆယ်နယ်စပ်မှ ယခုအပတ်မှာ ဆိတ်အရှင် တင်ပို့မှု ရှိလာ

Mon, 03/05/2012 - 06:01 -- Anonymous (not verified)

    မြန်မာ-တရုတ်နယ်စပ်ရှိ မူဆယ်နယ်စပ်မှ ဖေဖော်ဝါရီလ ၂၂ ရက်မှ ၂၈ ရက်ထိ ကာလအတွင်းမှာ ကန်ဒေါ်လာ ၃၂၁၂၅ တန်ဖိုးရှိ ဆိတ်အရှင် ၇၂၀ ကောင် တင်ပို့မှုရှိတယ်လို့ သိရပါတယ်။ ဒါ့အပြင် ကန်ဒေါ်လာ  ၁ ဒသမ ၁၈၀ သန်းတန်ဖိုးရှိ အေးခဲအမဲသား ၃၁၁ တန်ခန့်၊ ကန်ဒေါ်လာသုညဒသမ၁၁၈ သန်း တန်ဖိုးရှိ နွားအကြော ၁၆၄ တန်ခန့်နဲ့ ကန်ဒေါ်လာ သုည ဒသမ ၀၉၈ သန်းတန်ဖိုး ရှိ နွားသားရေ ၁၅၁ တန်ခန့်ကိုလည်း တင်ပို့မှုရှိခဲ့ပါတယ်။ ချင်းရွှေဟော် နယ်စပ်မှ ကန်ဒေါ်လာ သုည ဒသမ ၃၆၂ သန်းတန်ဖိုးရှိ အေးခဲအမဲသား၉၃ တန်နဲ့ နွားဘေး ထွက်ပစ္စည်း ၁၁ တန် အပို့ရှိခဲ့ပါတယ်။ ယခင်အပတ်ကထက် အေးခဲအမဲသား ၄၅ တန်နဲ့ နွားဘေးထွက် တန် ၂၀ ကျော် ပိုမိုတင်ပို့နိုင်ခဲ့ပါတယ်။  ယခု အပတ်မှာတော့ ချင်းရွှေဟော်မှ အမဲပြုတ်သား တင်ပို့မှုတော့ မရှိခဲ့ပါဘူး။MIRT(DOBT)

ရိဒ်နယ်စပ်မှ ဝက်အပို့ပို

Mon, 03/05/2012 - 06:01 -- Anonymous (not verified)

    မြန်မာ-အိန္ဒိယနယ်စပ်မှ ဖေဖော်ဝါရီလ ၂၂ ရက်မှ ၂၈ ရက်ထိကာလမှာ ကျပ် ၂၈ သန်းကျော်တန်ဖိုးရှိ ဝက်အရှင် ၂၀၅၃၃ ကီလိုဂရမ်အပို့ရှိခဲ့ရာ ယခင်အပတ်ကထက် ၂၄၂၂ ကီလိုဂရမ်အပို့ပိုခဲ့ပါတယ်။ ဖေဖော်ဝါရီလ ၁ ရက်မှ ၂၈ ရက်ထိကာလမှာ မြန်မာ-အိန္ဒိယနယ်စပ်မှ ဝက်အရှင်တင်ပို့မှုမှာ ကျပ် ၁၁၈ သန်းကျော်တန်ဖိုးရှိ ဝက်အရှင် ၁၇၉၆၃၃ ကီလိုဂရမ် တင်ပို့ထားပြီးဖြစ်ပါတယ်။MIRT(DOBT)

နယ်စပ်ကုန်သွယ်ရေးစခန်းများမှ ကြိမ်၊ ဝါးကြီး၊ ဓနိနဲ့ သစ်ခေါက်များ တင်ပို့မှုရှိ

Mon, 03/05/2012 - 05:29 -- Anonymous (not verified)

    ဖေဖော်ဝါရီလ ၂၂ ရက်မှ ၂၈ ရက်ထိကာလအတွင်း လွယ်ဂျယ်နယ်စပ်မှ ကြိမ် ၄ တန်၊ စစ်တွေ နယ်စပ်မှ ဝါးကြီး အလုံး ၂၀၀၀၀ နဲ့ သစ်ခေါက် ၅ တန်၊ မောင်တောနယ်စပ်မှ ဝါးကြီးအလုံး ၄၁၀၀၀နဲ့ ဓနိ ၁၈၀၀၀ ချပ်၊ စုစုပေါင်းတန်ဖိုး ကန်ဒေါ်လာ ၁၀၆၈၀၉ ဖိုး တင်ပို့ခဲ့တယ်လို့ သိရပါတယ်။ ယခင်အပတ်က စစ်တွေနယ်စပ်မှ သစ်ခေါက် ၈ တန်၊ ဝါးကြီး အလုံး ၁၀၀၀၀နဲ့ လွယ်ဂျယ်နယ်စပ်မှ ကြိမ် ၄ တန် အပို့ရှိ ခဲ့တာ ဖြစ်ပါတယ်။ ယခုအပတ်မှာ ကန်ပိုက်တီးနဲ့ စစ်တွေ နယ်စပ်များမှ ကြိမ်တင်ပို့နိုင်ခြင်းမရှိခဲ့ပါဘူး။MIRT(DOBT)

မူဆယ်နယ်စပ်မှ ပရဆေးကုန်ကြမ်းအပို့ ပိုနေဆဲ

Mon, 03/05/2012 - 05:28 -- Anonymous (not verified)

    မြန်မာ-တရုတ်နယ်စပ်ရှိ မူဆယ် (၁၀၅)မိုင် ကုန်သွယ်ရေးဇုန်မှ ကန်ဒေါ်လာ ၂ ဒသမ ၀၈ သန်းတန်ဖိုးရှိ  ပရဆေး ကုန်ကြမ်း ၁၂၃၅ တန်ကျော်ကို ဖေဖော်ဝါရီလ ၂၂ ရက်မှ ၂၈ ရက်ထိကာလအတွင်းမှာ အပို့ရှိခဲ့ပါတယ်။ ယခုအပတ်မူဆယ်မှ တင်ပို့သော ပရဆေးကုန်ကြမ်းများမှာ ဆီးဆန်၊ မန်ကျည်းမှည့် (အစေ့ပါ)၄၈၄ တန်ခန့်၊ မိကျောင်းကွမ်းဖတ်စေ့ ၁၉၃ တန်၊ ကွမ်းစားဂမုန်း ၅၉ တန်၊ ဝဥခြောက် ၁၅၂ တန်ကျော်၊ ကြောင်လျှာစေ့ ၂၄ တန်ခန့်၊ နေလဲစေ့ ၁၃၇ တန်ကျော်၊

ယခုအပတ်နယ်စပ်မှ သစ်သီးဝလံတင်ပို့မှုမှ ကန်ဒေါ်လာ ၂ သန်းကျော်ရရှိ

Mon, 03/05/2012 - 05:26 -- Anonymous (not verified)

    ဖေဖော်ဝါရီလ ၂၂ ရက်မှ ၂၈ ရက်ထိကာလအတွင်း မူဆယ် နယ်စပ်မှ ကန်ဒေါ်လာ ၂ ဒသမ  ၄၈၇ သန်းတန်ဖိုးရှိ ဖရဲသီး ၈၁၃၂ တန်၊ သခွားမွှေး ၂၅၆၆ တန်ကျော်၊ ဆီးသီး ၈၉ တန်ခွဲနဲ့ စပျစ်သီး ၁၃ တန်ခွဲ တင်ပို့မှုရှိခဲ့ပါတယ်။ ယခင် အပတ်ကထက် ဖရဲသီး ၁၀၂၀ တန်နဲ့ သခွားမွှေး တန် ၁၄၀၀ ကျော် တင်ပို့မှုပိုမိုခဲ့တာ တွေ့ရပါတယ်။ နိုင်ငံတော်မှလည်း ပြည်ပ ပို့ကုန်တိုးမြှင့်ရေးကို အားပေးတဲ့အနေနဲ့ သစ်သီးဝလံ အမျိုးမျိုးအပါအဝင် ဥယျာဉ်ခြံထွက်သီးနှံနဲ့ ပစ္စည်းများရဲ့ ပြည်ပပို့ကုန်ရောင်းရငွေအပေါ် စည်းကြပ်ကောက်ခံမယ့် ကုန် သွယ်လုပ်ငန်းခွန်ကို မတ် ၁ ရက်မှ သြဂုတ် ၁၄ ရက်ကာလ အထိ ကင်းလွတ်ခွင့်ကို ဘဏ္ဍာရေးနဲ့ အခွန်ဝန်ကြီ ဌာနမှ ဖေဖော်ဝါရီလ ၂၄ ရက်စွဲပါ အမိန့်ကြော်ငြာစာ ၆၈/၂၀၁၂ နဲ့ ထုတ်ပြန်ထားပြီးဖြစ်တာကလဲ သစ်သီးဝလံတင်ပို့မှုကို အား ပေးရာ ရောက်စေခဲ့ပါတယ်။MIRT(DOBT)

နယ်စပ်မှ ဆန်တန် ၁၇၉၀၀ ကျော် အပို့ရှိ

Mon, 03/05/2012 - 05:26 -- Anonymous (not verified)

    မြန်မာ - တရုတ်နယ်စပ်ရှိ မူဆယ် ၁၀၅ မိုင်နဲ့ ချင်းရွှေဟော် နယ်စပ်ကုန်သွယ်ရေးစခန်းများမှာ ဖေဖော်ဝါရီ ၂၂ ရက်မှ ၂၈ ရက်ထိကာလမှာ ဆန်တန် ၁၇၉၀၀ ကျော် ပိုမိုတင်ပို့နိုင်ခဲ့ပါတယ်။ နယ်စပ်အလိုက် ဆန်တင်ပို့မှုတွေကတော့ မူဆယ်မှ ဧည့်မထ ၁၃၇၃၂ တန်၊ ငစိန် ၂၉၄၉ တန်၊ ချင်းရွှေဟော်မှ ဧည့်မထ ၁၁၀၅ တန်၊ ငစိန် ၁၁၉ တန် အသီးသီး ဖြစ်ပါတယ်။ယခုအပတ်မူဆယ်မှဧည့်မထ ၁၀ မှတ် ၂၄၆၅ တန်ကျော်၊ ၁၅ မှတ်  ၇၀၇၀ တန်ကျော်၊ ၂၅ မှတ် ၄၁၉၅ တန်ကျော်၊ငစိန် ၁၀ မှတ် ၁၅၇၉ တန်ခန့်နှင့် ၂၅ မှတ် ၁၃၇၀ တန်ခန့်တင်ပို့ခဲ့တယ်လို့ သိရပါတယ်။

ယခုအပတ်တိရစ္ဆာန်နဲ့ တိရစ္ဆာန်ထွက် ပစ္စည်းအပို့လျော့နည်း

Mon, 02/27/2012 - 08:20 -- Anonymous (not verified)

    မြန်မာ-တရုတ်နယ်စပ်ရှိ မူဆယ်နဲ့ ချင်းရွှေဟော် နယ်စပ်ကုန်သွယ်ရေး စခန်းများမှ ကန်ဒေါ်လာ၁ ဒသမ ၃၉ သန်းတန်ဖိုးရှိ အေးခဲအမဲသား ၂၆၇ တန်ခန့်ကို မူဆယ်မှလည်းကောင်း၊ ကန်ဒေါ်လာ သုည ဒသမ ၃၅၀ သန်း တန်ဖိုးရှိ အေးခဲအမဲသား ၉၂ တန်ခန့် ကို ချင်းရွှေဟော်မှ လည်းကောင်း အပို့ရှိခဲ့တဲ့ အပြင် ကန်ဒေါ်လာ သုည ဒသမ ၃၇ သန်းတန်ဖိုးရှိ နွားဘေးထွက် ၂ တန်နဲ့ အမဲပြုတ်သား ၉ တန် အပို့ရှိခဲ့ ပါတယ်။ ယခင်အပတ်ကထက် နယ်စပ် နှစ်ခုမှ  တိရစ္ဆာန်နဲ့  တိရစ္ဆာန်ထွက် ပစ္စည်းများ တင်ပို့မှု  လျော့နည်းခဲ့ပါ တယ်။  MIRT(DOBT)

Pages

Subscribe to RSS - ပြည်တွင်းနယ်စပ်စီးပွားရေးရာ