Main menu

Background

ပြည်တွင်းနယ်စပ်စီးပွားရေးရာ

ယခင်အပတ်ထက် ဝက်တင်ပို့မှု ၂ ဆတက်

Mon, 12/26/2011 - 10:21 -- Anonymous (not verified)

     ဒီဇင်ဘာလ ၁၄ ရက်မှ ၂၀ ထိကာလအတွင်း မြန်မာ-အိန္ဒိယနယ်စပ်ရှိ ရိဒ်စခန်းကနေ ဝက်အရှင် ၂၀၃၁၅ ကီလို တန်ဖိုးကျပ် ၂၇ ဒသမ ၈၃၂ သန်းဖိုး တင်ပို့ခဲ့ပါတယ်။ ယခင်အပတ်ကထက် ကီလို တစ်သောင်းကျော် ပိုမိုတင်ပို့နိုင်ခဲ့ တာတွေ့ရပါတယ်။ ယခုနှစ် ဧပြီလမှ နိုဝင်ဘာလထိ ရိဒ်နယ်စပ်မှ ဝက်အရှင် ၁၉၅ တန်ကျော် တင်ပို့ခဲ့ပြီးဖြစ်တယ်လို့ သိရပါတယ်။           MIRT(DOBT)

မူဆယ်မှ ဖရဲသီး တန် ၉၇၀၀ ကျော် အပို့ရှိ

Sun, 12/18/2011 - 08:35 -- Anonymous (not verified)

    မြန်မာတရုတ်နယ်စပ်ရှိ မူဆယ်၁၀၅ မိုင်ကုန်သွယ်ရေးဇုန်မှ ကန်ဒေါ်လာ ၁ ဒသမ ၆၂၂ သန်းတန်ဖိုးရှိ ဖရဲသီး ၉၇၃၃ တန်ကို ဒီဇင်ဘာလ ၇ ရက်မှ ၁၃ ရက်အထိကာလအတွင်း အပို့ရှိခဲ့ရာ ယခင်အပတ်ကထက် တန် ၃၀၀၀ ကျော် ပိုမိုတင်ပို့ နိုင်ခဲ့ပါတယ်။ သီပေါဖရဲများလည်း ပေါ်နေပြီဖြစ်လို့ အောက်ပြည်အောက်ရွာထွက် ဖရဲများအပြင် အထက်ပိုင်းထွက်ဖရဲများပါ တင်ပို့ခဲ့တာကြောင့် ပိုမိုခဲ့တာဖြစ်ပါတယ်။ ဖရဲသီးအလုံးအကြီးအသေးပေါ် မူတည်ပြီး ၁ တန်ယွမ် ၂၈၀၀ မှ ၄၈၀၀ ဝန်းကျင်ထိ ဈေးပေါက်လျက်ရှိတယ်လို့ သိရပါတယ်။                                                                                   MIRT(DOBT)

ရိဒ်နယ်စပ်မှ ဝက်အရှင် ကီလို ၁၁၃၀၀ နီးပါးတင်ပို့

Sun, 12/18/2011 - 08:33 -- Anonymous (not verified)

    ဝက်အရှင်ဟာ မြန်မာ အိန္ဒိယနယ်စပ်ရှိ ရိဒ်နယ်စပ်ရဲ့ ပို့ကုန်များထဲက အဓိကပို့ကုန်တစ်ခု ဖြစ်ပါတယ်။ ဒီဇင်ဘာလ ၇ ရက်မှ ၁၃ထိကာလအတွင်း ရိဒ်နယ်စပ်မှ ကျပ် ၁၅ သန်း ကျော် တန်ဖိုးရှိ ဝက်အရှင်ကီလို ၁၁၂၈၀ အပို့ရှိခဲ့ရာ ယခင်အပတ်ကထက် ကီလို ၉၀၀ ပိုခဲ့တယ်လို့ သိရပါတယ်။        MIRT(DOBT)

မူဆယ်နယ်စပ်မှ ပရဆေး တန် ၅၀၀ ကျော် တင်ပို့

Sun, 12/18/2011 - 08:31 -- Anonymous (not verified)

    မြန်မာ-တရုတ်နယ်စပ်ရှိ  မူဆယ် ၁၀၅ မိုင် ကုန်သွယ် ရေးဇုန်မှ ကန်ဒေါ်လာ ၂ သန်းကျော်ဖိုးရှိ ပရဆေးကုန်ကြမ်း ၅၁၈ တန်ကျော် အပို့ရှိခဲ့ပါတယ်။ ယခုအပတ် မူဆယ်မှ တင်ပို့တဲ့ ပရဆေးကုန်ကြမ်း တွေကတော့ ချဉ်ပေါင်ဖာလာ (အခွံပါ^အခွံမပါ )၊ စကားပန်းပွင့််ခြောက်၊ စမုံနက်၊ ဇီးဆံ၊ တောဂျူးမြစ်၊ မိကျောင်းကွမ်းဖတ်စေ့၊ ကွမ်းစားဂမုန်း၊ သီဟိုဠ် စေ့ (အခွံမပါ)၊ ကြောင်ပန်းစေ့၊ ကြောင်လျှာစေ့၊ တောချင်း၊ နနွင်းတက် (ရှမ်းစ)၊ ဒရင်ကောက်မြစ်၊ ရှားစေး၊ တောင်လုံး ကျော်နဲ့ ဆေးမြင်းခွာတို့ ဖြစ်ပါတယ်။ ယခင်အပတ်ကထက် ချဉ်ပေါင်ဖာလာ၊ ဇီးဆံ၊ တောဂျူးမြစ်၊ မိကျောင်းကွမ်းဖတ်စေ့၊ ကြောင်လျှာစေ့နဲ့ တောချင်းတို့ အပို့ပိုခဲ့ပါတယ်။ ယခင်အပတ် က အပို့မရှိခဲ့တဲ့ စကားပန်းပွင့််ခြောက်၊ စမုံနက်၊ ကွမ်းစား ဂမုန်း၊ ကြောင်ပန်းစေ့၊ နနွင်းတက် (ရှမ်းစ)၊ ရှားစေး၊ တောင် လုံးကျော်နဲ့ ဆေးမြင်းခွာတို့ ယခုအပတ်မှာ အပို့ရှိခဲ့တယ်လို့ သိရပါတယ်။             MIRT(DOBT)

နယ်စပ်စခန်းများ ရေထွက်ကုန်အပို့ ပုံမှန်ရှိ

Sun, 12/18/2011 - 08:29 -- Anonymous (not verified)

    မြန်မာ-တရုတ်နယ်စပ်ရှိ မူဆယ် ၁၀၅ မိုင်နဲ့ ချင်းရွှေ ဟော် နယ်စပ်ကုန်သွယ်ရေးစခန်းများမှ ကန်ဒေါ်လာ သုည ဒသမ ၉၆၉ သန်း တန်ဖိုးရှိ ငါးရှဉ့် တန် ၁၄၀ ကျော်နဲ့ ရေငန် ငါးမျိုးစုံ တန် ၁၃၀ ကျော်ကို ဒီဇင်ဘာလ ၇ ရက်မှ ၁၃ ရက်ထိကာလအတွင်းမှာ အပို့ရှိခဲ့ပါတယ်။

ကန့်သတ်ကုန်ပစ္စည်းများထဲမှ ၅ မျိုးဖြေလျော့ တင်သွင်းခွင့်ပြုမည်

Sun, 12/18/2011 - 08:27 -- Anonymous (not verified)

    ကန့်သတ်ထားတဲ့ သွင်းကုန်ပစ္စည်းတွေအနက်က အချိုရည်၊ ဟင်းချိုမှုန့်၊ ဘီစကစ်မျိုးစုံ၊ ခေါက်ဆွဲခြောက်အမျိုးမျိုးနဲ့ စည်သွပ်ဘူးများကို နိုင်ငံတကာမှာ ကျင့်သုံးတဲ့အတိုင်း  FDA က စနစ်တကျစစ်ဆေးပြီး အကန့်အသတ်နဲ့ တင်သွင်းခွင့်ပြု တော့ မည် ဖြစ်ကြောင်း ဒီဇင်ဘာ ၁၁ ရက်က ရန်ကုန်မြို့၊ မင်းရဲကျော်စွာ လမ်းရှိ RUMFCCI  မှာ ကျင်းပြုလုပ်တဲ့ ကုန်သည်လုပ်ငန်းရှင်များနဲ့ တွေ့ဆုံပွဲအခမ်းအနားမှာ စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဝင်းမြင့်က ပြောကြားခဲ့ပါတယ်။ ယခင်တရားမဝင်လမ်းကြောင်းများမှ ဝင်ရောက်နေတဲ့အတွက် စားသုံးသူများအနေနဲ့ အရည်အသွေးလုံခြုံစိတ်ချမှု မရှိသလို ရသင့်တဲ့အခွန်အကောက်များပါ နစ်နာနေကြောင်းနဲ့ ယခုကဲ့သို့ တင်သွင်းခွင့်ပြုပေး ခြင်းဖြင့် အဆိုပါ အခက်အခဲများကို ဖြေရှင်းနိုင်တဲ့အပြင် ကုန်သွယ်မှုတန်ဖိုးများပါ မြင့်တက်လာမှာဖြစ်ကြောင်း ပြည်ထောင်စု ဝန်ကြီးကပြောကြားခဲ့တယ်လို့ သတင်းရရှိပါတယ်။                                             ကောက်ရိုးနွယ်

ချင်းရွှေဟော်မှ အေးခဲအမဲသားသာမက ဆိတ်သားရေခြောက်လည်း ပို့

Sun, 12/18/2011 - 08:26 -- Anonymous (not verified)

    မူဆယ်နယ်စပ်မှ အမဲသား ၂၃၂ တန်နဲ့ အေးခဲအမဲသား ၁၂၉ တန်ကျော် အပို့ရှိခဲ့ပြီး ယခင်အပတ်က ထက် ၇၁ တန် လျော့ခဲ့ပါတယ်။ ချင်းရွှေဟော် နယ်စပ်မှ အေးခဲအမဲသား ၁၁၀ တန်၊ အမဲပြုတ်သား ၅ တန်၊ အေးခဲအရွတ် ၂ တန်၊ နွားသိုချောင်း ၁ တန်၊ အေးခဲဝမ်းတွင်းသား ၅ တန်ခွဲ၊ အေးခဲအမြီး ၁ တန်နဲ့ ဆိတ်သားရေခြောက် ၃ တန်ကျော် အပို့ရှိခဲ့ရာ ယခင်အပတ်ကထက် ၁၈ တန် အပို့ပိုခဲ့ပါတယ်။

တိုကျိုရော်ဘာကြိုပွိုင့် ဈေးနှုန်းများ ကျဆင်း

Mon, 12/12/2011 - 09:48 -- Anonymous (not verified)

    ဒီဇင်ဘာ ၆ ရက်နေ့အစောပိုင်းမှာ ဥရောပနိုင်ငံတွေရဲ့ ကြွေးမြီအဆင့်အတန်းကို လျှော့ချသတ်မှတ်မယ်လို့ Standard  & Poor's အေဂျင်စီက ကြေညာလိုက်ပြီးနောက် ရေနံစိမ်းဈေးနှုန်းတွေနဲ့ အတူ တိုကျိုရော်ဘာ ကြိုပွိုင့်ဈေးနှုန်းတွေ ကျဆင်း သွားခဲ့ရတယ်။

ဈေးနှုန်းများကျဆင်းနေသော်လည်း ရော်ဘာပိုမိုတင်ပို့နိုင်တဲ့ ချင်းရွှေဟော်စခန်း

Mon, 12/12/2011 - 09:44 -- Anonymous (not verified)

    နိုင်ငံတကာဈေးကွက်မှာ ရော်ဘာဈေးနှုန်းတွေကျဆင်းနေပေမယ့် ချင်းရွှေဟော်နယ်စပ်စခန်းကနေ အရောင်းအဝယ် ဈေးကွက် မပျက်စေရေးအတွက် ကြိုးစားတင်ပို့ခဲ့ရာ နိုဝင်ဘာလမှာ ရော်ဘာတင်ပို့မှု ၁၁၂၂ တန်ကျော် တင်ပို့ခဲ့ပြီး အနီးစပ်ဆုံး ကာလများထက် ကျော်လွန်တင်ပို့နိုင်ခဲ့တာ တွေ့ရပါတယ်။ ဟိုပန် ဒေသထွက် ရော်ဘာများသာမက နယ်စပ်ကုန်သွယ်ရေးစခန်း ဖောင်ဆိပ်နဲ့ ချင်းရွှေဟော်မြို့ကြားရှိ စံပြကျေးရွာမှ ထွက်ရှိတဲ့ ရော်ဘာများကိုလည်း ၂၀၁၂ မတ်လမှစတင်၍ တင်ပို့နိုင်မယ့် အစီအစဉ်များ ရှိကြောင်း သတင်းရရှိပါတယ်။Source: နကသ၊MIRT(DOT)

ရော်ဘာဈေးကောင်းလာလို့ နယ်စပ် အပို့ ပို

Mon, 12/12/2011 - 09:42 -- Anonymous (not verified)

    နိုဝင်ဘာလ ၃၀ ရက်မှ ဒီဇင်ဘာ ၆  ရက်ထိကာလအတွင်းမူဆယ်၊ ချင်းရွှေဟော်၊ တာချီလိတ် စခန်းများမှ ရော်ဘာအဆင့် စုံအပြင် ရော်ဘာဖြတ်စစုစုပေါင်း ၁၀၂၆ တန်၊ တန်ဖိုး ကန်ဒေါ်လာ ၃ ဒသမ ၅၀၈ သန်းဖိုးကို တင်ပို့ခဲ့ပါတယ်။ ယခင်အပတ်က တန် ၈၀၀ ကျော် တင်ပို့ခဲ့တာကြောင့် တန် ၂၀၀ ခန့် ပိုမိုတင်ပို့နိုင်ခဲ့ပါတယ်။

Pages

Subscribe to RSS - ပြည်တွင်းနယ်စပ်စီးပွားရေးရာ