Background
ဟောင်ကောင်ကုန်သွယ်မှု ဖွံ့ဖြိုးတိုးတက်ရေးကောင်စီမှ ကြီးမှူး၍ SmartBiz Expo ပြပွဲကို ဒီဇင်ဘာ ၆ ရက်မှ ၈ ရက်အထိ Hong Kong Convention and Exhibition Centre တွင် ကျင်းပခဲ့ရာ နိုင်ငံနှင့် ဒေသ ပေါင်း ၄၃ နိုင်ငံမှ ပြခန်းပေါင်း ၅၀၀ ကျော် ပါဝင်ပြသခဲ့ကြသည်။ အဆိုပါပြပွဲကို စီးပွား ရေးလုပ်ငန်းများအား သတင်းအချက်အလက်များ၊ အပြန်အလှန် ချိတ်ဆက်မှု အခွင့်အလမ်းနှင့် စိတ်အားထက်သန်မှုရှိစေရေး ထောက်ပံ့ပေးနိုင်ရန်နှ င့် အခွင့်အလမ်းသစ်များ ဖမ်းဆုပ်နိုင်ရန်ရည်ရွယ်၍ ပြသခဲ့ခြင်း ဖြစ်သည်။ အဆိုပါပြပွဲတွင် ဟောင်ကောင် မြို့၊ မြန်မာကောင်စစ်ဝန်ချုပ်ရုံးမှ မြန်မာ နိုင်ငံ၏ ရင်းနှီးမြှုပ်နှံမှု၊ ကုန်သွယ်မှုနှင့် ခရီးသွာ
ဧရာဝတီတိုင်းဒေသကြီး အတွင်း ရှိ မြို့နယ် ၁၂ မြို့နယ်တွင် နွေစပါးများ ဈေးကွက်သို့ စတင်ဝင်ရောက်လျက် ရှိကြောင်း၊ စပါးဈေးနှုန်းမှာ ၄၆ ပေါင် တင်း ၁၀၀ ကို ပုသိမ်ဈေး ၅၀၆၀၀၀ ကျပ်၊ ကန်ကြီးထောင့် ၅၅၂၀၀၀ ကျပ်၊ မြောင်းမြ ၅၄၂၀၀၀ ကျပ်၊ အိမ်မဲ ၅၁၄၀၀၀ ကျပ်၊ မအူပင် ၅၁၅၀၀၀ ကျပ်၊ ပန်းတနော် ၅၂၄၀၀၀ ကျပ်၊ ညောင် တုန်း ၅၃၄၀၀၀ ကျပ်၊ ဓနုဖြူ ၅၃၄၀၀၀ ကျပ်၊ ဖျာပုံ ၄၆၀၀၀၀ ကျပ်၊ ဘိုကလေး ၄၇၈၀၀၀ ကျပ်၊ ကျိုက်လတ် ၄၆၀၀၀၀ ကျပ်ဈေးနဲ့ ဒေးဒရဲမြို့နယ်တွင် ၄၆၉၀၀၀ ကျပ်ဈေးဖြင့် ရောင်းဝယ်လျက်ရှိ ကြောင်း ဈေးကွက်မှ သိရပါတယ်။
ရန်ကုန်မြို့ ဆန်စပါးကုန်စည်ဒိုင် (ဝါးတန်း)ရဲ့ လက် ကားဆန်ဈေးနှုန်းများမှာ ၂၀၁၆ ခုနှစ် ဇန်နဝါရီလ ၁ ရက် ဈေးနှုန်းများအရ ဖျာပုံပေါ်ဆန်း၊ ဆန်ဟောင်းဈေး ထိပ်စ တစ်အိတ် ၃၆၅၀၀ ကျပ်၊ လတ်စ တစ်အိတ် ၃၅၀၀၀ ကျပ်၊ နယ်စုံပေါ်ဆန်း ဆန်ဟောင်းဈေး ထိပ်စ တစ်အိတ် ၃၆၀၀၀ ကျပ်၊ လတ်စ တစ်အိတ် ၃၄၅၀၀ ကျပ်နဲ့ ယခင် ပတ်အတိုင်း ဈေးနှုန်းပြောင်းလဲမှုမရှိဘဲ ဈေးငြိမ်နေပါတယ်။ မြောင်းမြ၊ ပုသိမ်၊ ပေါ်ဆန်း ဆန်ဟောင်းဈေး ထိပ်စ တစ်အိတ် ၄၀၀၀၀ ကျပ်၊ လတ်စ တစ်အိတ် ၃၈၀၀၀ ကျပ်ဖြစ်လို့ ယခင်တစ်ပတ် ထက် ၅၀၀ ကျပ် ဈေးကျလာပါတယ်။ ဆန်ချော ဆန်ဟောင်းများသည် သိုလှောင်မှုကာလ ကြာမြင့်လာပြီဖြစ်၍ ဆန်သားပွခြင်း၊ ဆန်အရောင် မလှတော့ ခြင်းများကြောင့် ဈေးကွက






