Main menu

Background

Thursday, 29 Apr 2021

         ၂၀၂၁ခုနှစ် ဧပြီလ ၁၇ ရက်မှ ၂၃ ထိ ကာလအတွင်း မြန်မာ-တရုတ်နယ်စပ်ရှိ ချင်းရွှေဟော် ကုန်သွယ်ရေးစခန်းမှ ဆန်တန်ချိန် ၁၁၀ ကျော် တန်ဖိုးအမေရိကန်ဒေါ်လာ သုညဒသမ ၀၄၇သန်း ကျော် တင်ပို့ခဲ့ကြောင်း သိရသည်။ ယခင်တစ်ပတ်နှင့်နှိုင်းယှဉ်လျှင် တန်ချိန် ၁၂၈၀ ကျော် လျော့နည်း တင်ပို့ခဲ့ပါသည်။

          မြန်မာထိုင်းနယ်စပ်ရှိမြဝတီကုန်သွယ်ရေးဇုန်မှ ဆန်မှုန့်တန်ချိန်၁၀၀ကျော် တန်ဖိုးအမေရိကန် ဒေါ်လာ သုညဒသမ ၄၃၆သန်းကျော်တင်ပို့နိုင်ခဲ့ပါသည်။

Friday, 18 Dec 2020

ကယားပြည်နယ်အတွင်း စပါးဈေးနှုန်းမှာဒီဇင်ဘာလပထမပတ်တွင် ဧည့်မထစပါး ၄၆ ပေါင်တင်း ၁၀၀ လျှင် ကျပ် ၆၆၅၀၀ ဖြင့်ဈေးနှုန်းပေါက်ရှိ၍ ဒီဇင်ဘာလဒုတိယအပတ်တွင် ၄၆ ပေါင် တင်း  ၁၀၀ လျှင် ကျပ်  ၇၀၃၀၀၀ ဈေးနှုန်း ပေါက်လျက်ရှိပြီး  တင်း ၁၀၀ လျှင် ကျပ် ၃၈၀၀၀ ကျော်ထိ ဈေးနှုန်းအနည်းငယ်တက်၍ ရွှေရင်အေး(၂) ဆန်ဈေးနှုန်းမှာ ဒီဇင်ဘာလပထမပတ်တွင် ဆန်တစ်အိတ်လျှင်ကျပ် ၃၆၀၀၀၊ တစ်ပြည်လျှင် ကျပ် ၁၇၀၀ ဖြစ်၍ ယခုအပတ်ထိ ဈေးနှုန်းတည်ငြိမ်လျက်ရှိကြောင်းဆန်ကုန်သည်တစ်ဦးထံမှသိရှိရပါသည်။         

အေးအေးမော် (ကယား)

Friday, 25 Sep 2020

ပြည်ပဆန်စျေးကွက်ကို လေ့လာကြည့်ပါက ၂၀၂၀ ပြည့်နှစ်၊ စက်တင်ဘာလ ၂၁ ရက်နေ့ တွင်  International Rice Market Website တွင်ဖော်ပြချက်အရ ပါကစ္စတန် ဆန်စျေးနှုန်းများမှာ ဧည့်မထ (၅ %) တစ်တန်လျှင် အမေရိကန်ဒေါ်လာ ၄၁၈ ဖြင့်လည်းကောင်း၊ ဧည့်မထ (၂၅ %) တစ်တန်လျှင် အမေရိကန်ဒေါ်လာ ၃၆၆ ဖြင့်လည်းကောင်း ဖြစ်ပေါ်ခဲ့သည်ကို သိရှိရပါသည်။ ထိုင်းဆန် စျေးနှုန်းများမှာ (၁၀၀ %) ဘီဂရိတ်ဆန် တစ်တန်လျှင် အမေရိကန်ဒေါ်လာ ၅၃၉ ဖြင့် လည်းကောင်း၊ ဧည့်မထ (၅ %) တစ်တန်လျှင် အမေရိကန်ဒေါ်လာ ၅၁၃ ဖြင့်လည်းကောင်း၊ ဧည့်မထ (၂၅ %) ဆန်တစ်တန်လျှင် အမေရိကန်ဒေါ်လာ ၄၉၄ ဖြင့်လည်းကောင်း၊ ပေါင်းဆန် တစ်တန်လျှင် အမေရိကန်ဒေါ်လာ ၅၁၃ ဖြင့်လည်းကောင်း အသီးသီး

Friday, 18 Sep 2020

ပြည်ပဆန်စျေးကွက်ကိုလေ့လာကြည့်ပါက၂၀၂၀ပြည့်နှစ်၊စက်တင်ဘာလ ၁၄ ရက်နေ့ တွင်  International Rice Market Website တွင်ဖော်ပြချက်အရ ပါကစ္စတန် ဆန်စျေးနှုန်းများမှာဧည့်မထ(၅%)တစ်တန်လျှင် အမေရိကန်ဒေါ်လာ၄၁၆ဖြင့်လည်းကောင်း၊ ဧည့်မထ(၂၅%)တစ်တန်လျှင်အမေရိကန်ဒေါ်လာ၃၆၃ဖြင့်လည်းကောင်းဖြစ်ပေါ်ခဲ့သည်ကိုသိရှိရ ပါသည်။ ထိုင်းဆန်စျေးနှုန်းများမှာ (၁၀၀%)ဘီဂရိတ်ဆန်တစ်တန်လျှင် အမေရိကန်ဒေါ်လာ ၅၃၂ဖြင့်လည်းကောင်း၊ဧည့်မထ(၅%) တစ်တန်လျှင် အမေရိကန်ဒေါ်လာ၅၁၅ဖြင့်လည်းကောင်း၊ ဧည့်မထ (၂၅%) ဆန်တစ်တန်လျှင် အမေရိကန်ဒေါ်လာ၄၉၅ဖြင့်လည်းကောင်း၊ ပေါင်းဆန်တစ်တန်လျှင်အမေရိကန်ဒေါ်လာ၅၂၅ဖြင့်လည်းကောင်းအသီးသီးဖြစ်ပေါ်ခဲ့သည်ကို

Friday, 8 Nov 2019

      သမိုင်းဘူတာကို အဆင့်မြှင့်တင်၍ ရထားနှင့်ကားပေါင်းစပ်ကာ ပြေးဆွဲမည့်စနစ်ကို စတင်မည်ဖြစ်ကြောင်း ရန်ကုန်တိုင်းဒေသကြီး သယ်ယူပို့ဆောင်ရေး ကြီးကြပ်ကွပ်ကဲမှုအာဏာပိုင်အဖွဲ့မှ သိရသည်။ ထိုကဲ့သို့ လုပ်ဆောင်ရာတွင် ရန်ကုန်ဘတ်စ် ကားစနစ် ဖွံ့ဖြိုးတိုးတက် ရေးစီမံချက်အဖြစ် ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့နှင့် ဂျပန်အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေး အေဂျင်စီတို့ ပူးပေါင်းကာ ဘတ်စ်ကားပြေးဆွဲမှု စီမံချက် ဖွံ့ဖြိုးတိုးတက်ရေးကို ဆောင်ရွက်နေပြီဖြစ်ကြောင်း၊ ယင်း အတွက် ခရီးသည်များ အဆင်ပြေစေရေးအတွက် ရထားဘူတာမှထွက်သည်နှင့် ဘတ်စ်ကားစစီးနိုင်ရေးကိုပေါင်းစပ်ပြေးဆွဲနိုင်ရန်စီစဉ်နေခြင်းဖြစ်ကြောင်းသိရသည်။ JICA နဲ့

Thursday, 30 May 2019

ဓာတ်မြေသြဇာ၊ မျိုးစေ့၊ ပိုးသတ်ဆေး၊ ဆေးရုံသုံးကိရိယာများ၊ ဆောက်လုပ်ရေးလုပ်ငန်းသုံးပစ္စည်းများနှင့် လယ်ယာသုံးစက်ကိရိယာများ တင်သွင်းရောင်းချခြင်း (ကုန်သွယ်ခြင်း)ဆောင်ရွက်လျက်ရှိသည့် ကုမ္ပဏီများအနေဖြင့် လက်လီ/လက်ကားရောင်းချခွင့် မှတ်ပုံတင်ရန်ကိစ္စအတွက် ထုတ်ပြန်သည့် အမိန့်ကြော်ငြာစာ

အမိန့်ကြော်ငြာစာအမှတ် ၂၃/၂၀၁၉

Friday, 24 May 2019

        မေ ၅ ရက်မှ ၁၁ ရက်သီတင်းပတ်အတွင်း အမေရိကန်ဒေါ်လာ ၂၈၂၁၇၇၀၀ တန်ဖိုးရှိ ဒီဇယ် ၅၀၀၂၆ ဒသမ ၁၉ တန်နဲ့   အမေရိကန်ဒေါ်လာ ၂၆၀၆၄၅၉၀ တန်ဖိုးရှိ ဓာတ်ဆီ ၄၆၉၆၃ ဒသမ ၀၃ တန်၊  စုစုပေါင်း ၉၆၉၈၉ ဒသမ ၂၂ တန်ကို ပင်လယ်ရေကြောင်းကုန်သွယ်မှုလမ်းမှ တင်သွင်းခဲ့သည်။ ယခင်သီတင်းပတ်က ဓာတ်ဆီတန်ချိန် ၂၇၀၇၀ ကျော်တင်သွင်းခဲ့ခြင်းကြောင့်  ယခုတစ်ပတ်တင်သွင်းမှုနှင့်နှိုင်းယှဉ်လျှင် တန်ချိန် ၁၉၈၈၀ ကျော် ပိုမိုတင်သွင်းခဲ့ပြီး ယခင်သီတင်းပတ်က တင်သွင်းခဲ့သည့် ဒီဇယ်တန်ချိန် ၅၉၂၄၀ ကျော်နှင့်နှိုင်းယှဉ်လျှင် တန်ချိန် ၉၂၁၀ ကျော်တင်သွင်းမှုလျော့နည်းခဲ့ကြောင်းသိရသည်။  ထို့ကြောင့် ယခုတစ်ပတ်ဓာတ်ဆီ တန်ချိန် အဝင်ပို ခ

Friday, 29 Jun 2018

ယခုတစ်ပတ်  ရန်ကုန်ဆန်ဈေး ကွက်မှာ  ဆန်အဝင်နည်းတဲ့အတွက် ဝယ်လိုအားများတဲ့   ဆန်ချောနဲ့ဆန် ကြမ်းဈေးတက်ပြီးအဝယ်ပုံမှန်ရှိတဲ့ ဆန်များကတော့ ဈေးငြိမ်နေကြောင်း ဝါးတန်းဆန်ဈေးကွက်မှ သိရ ပါတယ်။

Friday, 29 Jun 2018

ဧရာဝတီတိုင်းဒေသကြီးအတွင်းရှိ  ခရိုင်လေးခရိုင်ရှိ မြို့နယ်အများစုတွင် မိုးဧည့်မထ စပါး၊ဆန်ဈေးနှင့် နွေသီး ထပ်ရင်စပါး ၊ဆန်ဈေးနှုန်းများ   ယခင်တစ်ပတ်ထက်  အနည်းငယ်မြင့်တက်လျက်ရှိရာ မိုးဧည့်မထစပါး ၄၆ ပေါင် တင်း ၁၀၀ ကို ပျမ်းမျှဈေး ကျပ် ၅၇၀၀၀၀ - ၅၈၀၀၀၀ - ၆၀၀၀၀၀ ဈေးမှ  ကျပ် ၅၉၀၀၀၀ - ၆၁၀၀၀၀ - ၆၂၀၀၀၀ မြင့်တက်၍ ဆန်ဈေးမှာ  ယခင်တစ်အိတ်ကို ကျပ် ၂၄၅၀၀ - ၂၅၀၀၀ မှ ကျပ် ၂၅၀၀၀ - ၂၆၀၀၀ ဖြစ်သွားကြောင်း၊ နွေသီးထပ်ရင်စပါး ၄၆ပေါင်တင်း ၁၀၀ ကို ပျမ်းမျှဈေးကျပ် ၅၅၀၀၀၀ - ၅၆၀၀၀၀ မှ ကျပ် ၅၇၀၀၀၀ - ၅၈၀၀၀၀ မြင့်တက်၍  နွေဆန်တစ် အိတ်ကို ကျပ် ၂၂၅၀၀ - ၂၃၀၀၀ မှ ကျပ် ၂၃၅၀၀ - ၂၄၀၀၀ နဲ့ဆန်တစ်အိတ်ကို  ကျပ် ၁၀၀၀ ဝန်းကျင် မြင့်တက်သွာ

Pages