Main menu

Background

Friday, 9 Dec 2022

ဧရာဝတီတိုင်းဒေသကြီး မအူပင်မြို့နယ်၌ မိုးစပါးများ  ရိတ်သိမ်းပြီးစီးပြီဖြစ်ရာ ဒီဇင်ဘာ ပထမပတ်တွင် ဒေသပေါက်ဈေး   ဧည့်မထစပါးတင်း ၁၀ဝ လျှင် ကျပ် ၁၂၅၀ဝ၀ဝ ဖြင့် အရောင်းအဝယ်သွက်လျက်ရှိသည်။
မအူပင်မြို့နယ်၏ ဆန်ဈေးကွက်အခြေအနေမှာ ပေါ်ဆန်းတောင်ပျံ တစ်အိတ်လျှင် ကျပ် ၆၀ဝ၀ဝ- ၆၃၀ဝ၀ ဈေး ရှိပြီး ဧည့်မထဆန်များဖြစ်သော  မနောသုခ၊ ဆင်းသုခနှင့်  နှံကားဆန်များမှာ မိုးစပါးဆန် တစ်အိတ်လျှင် ကျပ် ၄၈၈၈၈ နှင့် ကျပ် ၄၈၅၀ဝ ဈေးရှိနေကာ မအူပင်ဈေးကွက်တွင် အရောင်းအဝယ်သွက်လျက်ရှိသည်။

Monday, 28 Nov 2022

နိုဝင်ဘာ ၅ ရက်မှ ၁၁ ရက်ထိကာလအတွင်း ပင်လယ် ရေကြောင်း ကုန်သွယ်မှုမှ  အမေရိကန်ဒေါ်လာ ၁၅ ဒသမ ဝ၂၃ သန်း တန်ဖိုးရှိ  ဆန်တန်ချိန် ၃၈၉၅၀ ကျော် တင်ပို့ခဲ့ သည်။ ဆန်တင်ပို့မှုအနေဖြင့် အာရှနိုင်ငံများသို့ ဆန်တန်ချိန် ၃၅၂၉၀ နှင့် အီးယူအဖွဲ့ဝင်နိုင်ငံများသို့ ဆန်တန်ချိန် ၃၆၆၀ ကျော်တင်ပို့ခဲ့ကြောင်း သိရသည်။ ဆန်အများဆုံးတင်ပို့သော နိုင်ငံများမှာ ဘင်္ဂလားဒေ့ရှ်နိုင်ငံသို့  ဆန်တန်ချိန် ၂၁၃၀ဝ၊ ဖိလစ်ပိုင်နိုင်ငံသို့ဆန်တန်ချိန် ၁၀၂၃၀၊ တရုတ်နိုင်ငံသို့ ဆန် တန်ချိန် ၃၅၅၀ကျော်၊ မလေးရှားနိုင်ငံသို့ ဆန်တန်ချိန် ၁၂၀ ကျော်၊ ဟောင်ကောင်သို့ ဆန်တန်ချိန် ၈၀ ခန့်  တင်ပို့ခဲ့ပြီး အီးယူအဖွဲ့ဝင်နိုင်ငံများဖြ

Friday, 11 Nov 2022

၂၀၂၇ ခုနှစ်အထိ မြန်မာ့ဆန် တန်ချိန် သုံးသိန်း  ဘင်္ဂလားဒေ့ရှ်သို့ နှစ်စဉ်တင်ပို့ရောင်းချသွားမည်ဖြစ်ပြီး ယင်းအတွက် နှစ်နိုင်ငံအစိုးရတို့အကြား  ဆန်စပါးကုန်သွယ်မှုဆိုင်ရာ နားလည်မှုစာချွန်လွှာ (MoU) ကို ၂၀၂၂ ခုနှစ် စက်တင်ဘာ လတွင် လက်မှတ်ရေးထိုးခဲ့ပြီးဖြစ်ကြောင်း စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး   ဝန်ကြီးဌာနမှ သိရသည်။
MoU အရ ၂၀၂၂ ခုနှစ်မှ ၂၀၂၇ ခုနှစ် အထိ မြန်မာနိုင်ငံမှ ဘင်္ဂလားဒေ့ရှ်နိုင်ငံသို့ နှစ်စဉ်အများဆုံး ဆန်ဖြူ (White Rice) တန်ချိန် ၂ သိန်းခွဲနှင့် ပေါင်းဆန်တန်ချိန် ၅ သောင်းအထိ  တင်ပို့ရောင်းချနိုင်မည်ဖြစ် သည်။

Friday, 11 Nov 2022

ကျွန်တော်တို့၏ ဘိုးဘွားများက ပြောကြားခဲ့ဖူးသည့် ဆိုရိုးစကားလေးကို သတိတရဖြစ်မိသည်။ ဆီကိုရေချိုး၊ ဆေးရိုး မီးလှုံ၊ စပါးတောင်လိုပုံ ဟူသည့်ဆိုရိုးရှိခဲ့သည်။ ယခင်က မြန်မာပြည်တွင် ဤမျှအထိ စပါးများ ပေါများစွာ ထုတ်လုပ် ထွက်ရှိခဲ့သည့်သဘောဖြစ်သည်။ ထို့ကြောင့် ကမ္ဘာ့စားနပ်ရိက္ခာအဖွဲ့ချုပ်၏ တာဝန်ရှိသူတစ်ဦးက အရှေ့တောင်အာရှ၏ စပါးကျီ ဗမာပြည်ဟု ဂုဏ်ပြုမှတ်ချက်စကားပြောကြားခဲ့ခြင်းဖြစ်ပေမည်။  ကမ္ဘာတွင် ဒုတိယကမ္ဘာစစ်ကာလက တစ်ကမ္ဘာလုံးနီးပါး စားနပ်ရိက္ခာ အခက်အခဲဖြစ်ချိန်တွင် မြန်မာပြည်မှဆန်များကို ဈေးနှုန်းချိုသာစွာဖြင့် အကြွေးစနစ်ဖြင့် ရောင်းချဖြည့်စွမ်းပေးနိုင်ခဲ့သည်သာမက ငွေကြေးအခက်အခဲကြုံတ

Wednesday, 26 Oct 2022

ပုသိမ်မြို့ ဆန်စပါးဈေးကွက်၌ အောက်တိုဘာလအတွင်း အရောင်း အဝယ် အေးလျက်ရှိပြီး မြို့နယ်အချို့တွင် မိုးစပါးသစ်များ ဈေးကွက်သို့ ဝင်ရောက်လျက်ရှိသော်လည်း လက်ရှိဈေးကွက်တွင်မိုးစပါး ဆန်အဟောင်း များသာ ရောင်း ဝယ်လျက်ရှိကြောင်း၊ လူနည်းစုစားသုံးသော ဧရာဝတီပေါ်ဆန်း စပါး ၁၀၅ ပေါင် တင်း ၁၀ဝ ကျပ်သိန်း ၂၀ ဝန်းကျင်၊ ဆန်တစ်အိတ် ကျပ် ၆၅၀ဝ၀-၆၈၀ဝ၀ ၊ ပေါ်ဆန်းရင်စပါး ၁၀၅ ပေါင် တင်း ၁၀ဝကျပ် ၆၂၀ဝ၀- ၆၅၀ဝ၀ နှင့် ဈေး တန်း မြင့်သော ဧည့်မထအုပ်စုဝင် ရွှေသွယ်/ဧရာမင်း စပါး ပေါင် ၁၀ဝ၊ တင်း ၁၀ဝ ကျပ်၁၄ သိန်းဝန်းကျင် ဆန်တစ်အိတ်ကျပ် ၅၂၀ဝ၀- ၅၃၀ဝ၀၊ ယင်းအပြင် ဈေးတန်းနိမ့်၍ အများဆုံး အရောင်းအဝယ်ဖြစ်လျက် ရှိသော မနော သုခမျိုး ပွား စပါး ပေ

Pages