Background
စစ်ကိုင်းတိုင်းဒေသကြီး၏ ဆန်ပိုဒေသများဖြစ်သော ကလေးနှင့် ကသာခရိုင်တို့တွင် စပါး၊ ဆန်ဈေးနှုန်းများ ဈေး အေးနေပြီး ရွှေဘိုခရိုင်တွင် စပါး/ဆန်ဈေး အနည်းငယ်ကျနေ ကြောင်းနှင့် မုံရွာခရိုင်နှင့် ကန့်ဘလူခရိုင်တို့တွင် ဧရာမင်း စပါး/ဆန်ဈေး အနည်းငယ်တက်နေကြောင်း သိရသည်။
အစိုးရချင်း နားလည်မှုစာချွန်လွှာ ( G to G MoU) အရ ဘင်္ဂလားဒေ့ရှ့်နိုင်ငံသို့ မြန်မာနိုင်ငံမှ ဆန်တန်ချိန်နှစ်သိန်း တင်ပို့ မှုကို ၂၀၂၂ ခုနှစ် အောက်တိုဘာ ၂၁ ရက်တွင် စတင်လုပ်ဆောင်ခဲ့သည်။ ဆန်တင်ပို့မှုကို ဆူးလေဆိပ်ကမ်း (SPW)၊ ဆူးလေ ဆိပ်ကမ်း (၁)(SPW -1)၊ ရွှေမဲဆိပ်ကမ်းနှင့် ပုသိမ်တို့မှ တင်ပို့နေခြင်းဖြစ်သည်။
ဒီဇင်ဘာ ၂၂ ရက်အထိ သင်္ဘောတင်ပြီးတန်ချိန်မှာ ၁၆၆၁၇၅ တန်ရှိပြီး တင်ရန်ကျန်ရှိ တန်ချိန်မှာ ၃၃၈၂၅ တန်ဖြစ်သည့် အတွက် ရာခိုင်နှုန်းအားဖြင့် ၁၇ ရာခိုင်နှုန်းသာတင်ပို့ရန် ကျန်ရှိတော့ကြောင်း သိရသည်။
ဧရာဝတီတိုင်းဒေသကြီး မအူပင်ခရိုင် မအူပင်မြို့နယ် လှေဆိပ်တာကောက်ရှိ ပြည့်ဖြိုးကြွယ်ဆန်စက်၊ စိုးမိသားစု၊ ၉၁၂ ဆန်စက်နှင့် ကျော်ပဒေသာ ဆန်စက်များမှ ဒီဇင်ဘာ ဒုတိယပတ်တွင် ဆန်/စပါး ကြိတ်ခွဲရောင်းချမှုအနေဖြင့် ဆင်းသုခစပါးတင်း ၁၀ဝ လျှင် စက်အရောက် ဈေး ကျပ် ၁၂၃၀ဝ၀ဝ၊ ကရင်မစပါး တင်း ၁၀ဝ လျှင် ကျပ် ၁၂၂၀ဝ၀ဝ၊ နှံကားစပါး တင်း ၁၀ဝ လျှင် ကျပ် ၁၁၁၀ဝ၀ဝ ဖြင့် အရောင်းအဝယ်ပုံမှန်ဖြစ်နေကြောင်း သိရှိရသည်။
ဆန်ဈေးအနေဖြင့်၊ ဆင်းသုခ ဆန်တစ်အိတ်လျှင် ကျပ် ၄၃၀ဝ၀ ရှိနေပြီး မအူပင်ဈေးကွက်တွင် အရောင်းအဝယ်ပုံမှန်သာရှိနေကြောင်း သိရှိရသည်။
မကွေးတိုင်းဒေသကြီး ပခုက္ကူခရိုင်အတွင်းရှိ ပေါက်မြို့နယ်တွင် ဒီဇင်ဘာလဆန်းမှစ၍ မိုးစပါးများ စတင်ရိတ်သိမ်းနေပြီဖြစ်ကြောင်း ဒေသခံတောင်သူများထံမှ သိရှိရသည်။ ပေါက်မြို့နယ်တွင် နှစ်စဉ် မိုးစပါးကို အဓိကသီးနှံအဖြစ် စိုက်ပျိုးလျက်ရှိရာ ယခင်နှစ်တွင် မိုးစပါးဧက ၁၂၀ဝ၀ ခန့် စိုက်ပျိုးခဲ့ပြီး ယခုနှစ်တွင် နယ်မြေဒေသအခြေအနေအရ စိုက်ဧက ၅၀ဝ၀ ခန့်သာ စိုက်ပျိုးထားရှိကြောင်း သိရှိရသည်။
ဧရာဝတီတိုင်းဒေသကြီး မအူပင်မြို့နယ်၌ မိုးစပါးများ ရိတ်သိမ်းပြီးစီးပြီဖြစ်ရာ ဒီဇင်ဘာ ပထမပတ်တွင် ဒေသပေါက်ဈေး ဧည့်မထစပါးတင်း ၁၀ဝ လျှင် ကျပ် ၁၂၅၀ဝ၀ဝ ဖြင့် အရောင်းအဝယ်သွက်လျက်ရှိသည်။
မအူပင်မြို့နယ်၏ ဆန်ဈေးကွက်အခြေအနေမှာ ပေါ်ဆန်းတောင်ပျံ တစ်အိတ်လျှင် ကျပ် ၆၀ဝ၀ဝ- ၆၃၀ဝ၀ ဈေး ရှိပြီး ဧည့်မထဆန်များဖြစ်သော မနောသုခ၊ ဆင်းသုခနှင့် နှံကားဆန်များမှာ မိုးစပါးဆန် တစ်အိတ်လျှင် ကျပ် ၄၈၈၈၈ နှင့် ကျပ် ၄၈၅၀ဝ ဈေးရှိနေကာ မအူပင်ဈေးကွက်တွင် အရောင်းအဝယ်သွက်လျက်ရှိသည်။
နိုဝင်ဘာ ၅ ရက်မှ ၁၁ ရက်ထိကာလအတွင်း ပင်လယ် ရေကြောင်း ကုန်သွယ်မှုမှ အမေရိကန်ဒေါ်လာ ၁၅ ဒသမ ဝ၂၃ သန်း တန်ဖိုးရှိ ဆန်တန်ချိန် ၃၈၉၅၀ ကျော် တင်ပို့ခဲ့ သည်။ ဆန်တင်ပို့မှုအနေဖြင့် အာရှနိုင်ငံများသို့ ဆန်တန်ချိန် ၃၅၂၉၀ နှင့် အီးယူအဖွဲ့ဝင်နိုင်ငံများသို့ ဆန်တန်ချိန် ၃၆၆၀ ကျော်တင်ပို့ခဲ့ကြောင်း သိရသည်။ ဆန်အများဆုံးတင်ပို့သော နိုင်ငံများမှာ ဘင်္ဂလားဒေ့ရှ်နိုင်ငံသို့ ဆန်တန်ချိန် ၂၁၃၀ဝ၊ ဖိလစ်ပိုင်နိုင်ငံသို့ဆန်တန်ချိန် ၁၀၂၃၀၊ တရုတ်နိုင်ငံသို့ ဆန် တန်ချိန် ၃၅၅၀ကျော်၊ မလေးရှားနိုင်ငံသို့ ဆန်တန်ချိန် ၁၂၀ ကျော်၊ ဟောင်ကောင်သို့ ဆန်တန်ချိန် ၈၀ ခန့် တင်ပို့ခဲ့ပြီး အီးယူအဖွဲ့ဝင်နိုင်ငံများဖြ
(ယခင်တစ်ပတ်မှ အဆက်)










