Background
ပြည်ပကို ပင်လယ်ရေကြောင်း ကုန်သွယ်မှုလမ်းမှ စက်တင်ဘာ ၉ ရက်မှ ၁၅ ရက်နေ့တာကာလအတွင်း မန်ကျည်း ၁၂၅ တန်ကို တင်ပို့ခဲ့တယ်လို့ သိရပါ တယ်။ ဒီတစ်ပတ်မှာတော့ ထိုင်းနိုင်ငံကို ၂၅ တန်နဲ့ စင်ကာပူနိုင်ငံကို တန် ၁၀၀ တင်ပို့နိုင်ခဲ့တယ်လို့ သိရပါတယ်။ ကာလတူကာလဖြစ်တဲ့ ၂၀၁၁ ခုနှစ် စက်တင်ဘာ ဒုတိယပတ်မှာ တင်ပို့နိုင်ခဲ့တဲ့တန်ချိန်က တန် တစ်ရာ့ခုနှစ်ဆယ်ရှိခဲ့တာကြောင့် ဒီနှစ်မှာ မန်ကျည်းတင်ပို့မှုလျော့ခဲ့ပါတယ်။ ယခင်သီတင်းပတ်မန်ကျည်းတင်ပို့နိုင်ခဲ့ တဲ့တန်ချိန်က တန်ငါးဆယ်ကျော်သာရှိခဲ့တာကြောင့် ဒီတစ်ပတ်မှာ မန်ကျည်းတင်ပို့ မှုတန်ချိန်က ခုနှစ်ဆယ်ကျော်ပိုခဲ့ပါတယ်။ ဒီသီတင်းပတ်မန်ကျည်းတင်ပို့မှုရရှိခဲ့တဲ့ ပို့ကုန်ဝင်ငွေ စုစုပေါင်းက ကန်ဒေါ်လာ နှစ်သောင်းသုံးထောင်ကျော် ရရှိခဲ့တယ်လို့ သိရပါတယ်။ MIRT (DOT)
ဒီတစ်ပတ်မှာလည်း ချင်း(ဥမ)က အဝင်နည်းလာပါတယ်။ အရင်လတွေက အောင်ပန်းဈေးကွက်မှာ ၅ ရက်တစ်ဈေးကို ပိဿာချိန်လေးထောင်၊ ငါးထောင်ခန့် အဝင်ရှိပေမယ့် ဒီတစ်လမှာတော့ နှစ်ထောင်၊ သုံးထောင်ခန့်သာအဝင်ရှိပါတော့ တယ်။ အခုချိန်က ချင်းတွေပုပ်တဲ့အချိန်ဖြစ်လာတာကြောင့်လို့လည်း ဆိုပါတယ်။ ဒါပေမယ့်လည်း ချင်း(ဥမ)ကအဝင်ရှိသလောက်၊ ပြန်ထွက်တယ်လို့ သိရပါတယ်။ အောက်တိုဘာလမှာ ချင်းအသစ် တွေ ပေါ်လာတော့မှာဖြစ်တာကြောင့် အဟောင်း တွေလည်း ဈေးကွက်မှာ သိပ်မကျန်တော့ပါ ဘူး။ အောင်ပန်း ဈေးကွက်မှာ ဒီတစ်ပတ်ချင်းဈေးက (အစို) ၁၆၀၀ ကျပ် - ၁၇၀၀ ကျပ်ရှိပြီး (အခြောက်)က ၁၃၀၀ ကျပ် - ၁၃၅၀ ကျပ် ရှိပါတယ်။
မြဝတီနဲ့မူဆယ်နယ်စပ်များမှ စက်တင်ဘာလ ၁၂ ရက်မှ ၁၈ ရက်ထိကာလ အတွင်းမှာကန်ဒေါ်လာသုည ဒသမ ၀၉၅ သန်းတန်ဖိုးရှိချင်းခြောက်များကို မြဝတီမှ ၃၆ တန်ကျော်နဲ့ မူဆယ်မှ ၆ တန်ခန့် အပို့ရှိခဲ့ပါတယ်။ယခင်အပတ်ကထက် နယ်စပ်မှ ချင်းခြောက် ၂၇ တန်ခန့်အပို့ပိုခဲ့တယ်လို့သိရပါတယ်။ MIRT(DOBT)
သီတင်းတစ်ပတ်ဖြစ်တဲ့ စက်တင်ဘာ ၉ ရက်မှ ၁၅ ရက်နေ့တာကာလအတွင်း ချင်း ၈ တန်ကိုပင်လယ်ရေကြောင်း ကုန်သွယ်မှုလမ်းမှ တင်ပို့နိုင်ခဲ့ပါတယ်။ တင်ပို့ခဲ့ တဲ့နိုင်ငံက မလေးရှားနိုင်ငံဖြစ်ပါတယ်။ ယခင်သီတင်းပတ်မှာ ပါကစ္စတန်နိုင်ငံကို တင်ပို့ခဲ့တာဖြစ်ပါတယ်။ ကာလတူကာလဖြစ်တဲ့ ၂၀၁၁ ခုနှစ် စက်တင်ဘာလ ဒုတိယပတ်မှာတော့ ချင်းတင်ပို့မှုမရှိခဲ့တာ တွေ့ရပါတယ်။ ချင်းတင်ပို့မှုကရရှိခဲ့တဲ့ ပို့ကုန်ဝင်ငွေက ကန်ဒေါ်လာ နှစ်ထောင်ကျော် ဖြစ်တယ် လို့ သိရပါတယ်။ MIRT (DOT)
မန်းပဲဈေးကွက်မှာ အိန္ဒိယလိုင်းက ဝယ်ယူမှုရှိတဲ့ မတ်ပဲနဲ့ ပဲစင်းငုံနီများဟာ ဈေးငြိမ်သက်မှုရှိမနေဘဲ တစ်ရက်တည်းမှာ နံနက်ဈေး၊ ညနေဈေး အပြောင်းအလဲ အနည်းငယ်ရှိပြီး၊ ဈေးကစားလျက်ရှိကြောင်း သိရပါတယ်။ ယခုအပတ်မှာ မတ်ပဲ တစ်ပိဿာ ၇၆၇ ကျပ် မှ ၈၀၀ ကျပ်ကြား (တစ်တန် ၄၆၉၇၀၃ ကျပ်မှ ၄၈၉၉၁၂ ကျပ်ကြား) အရောင်းအဝယ်ဖြစ်လို့ ဈေးငြိမ်သက်မှုမရှိသလို ပဲစင်းငုံနီမှာလည်း တစ်ပိဿာ ၉၇၅ ကျပ်နဲ့ ၉၈၃ ကျပ်ကြား (တစ်တန် ၅၉၇၀၈၀ ကျပ်မှ ၆၀၁၉၇၉ ကျပ်ကြား)အရောင်းအဝယ်ဖြစ်လို့ ဈေးအနည်းငယ်ကစားကြောင်း သိရပါတယ်။ ယခင်အပတ်နဲ့ နှိုင်းယှဉ်ရင် အရောင်းအဝယ်ဖြစ်လာသော်လည်း ဈေးကစားနေမှု၊ ပစ္စည်းအရည် အသွေးနဲ့ ဝယ်လိုအားကြောင့် အရောင်းအဝယ်များပြုလုပ်ရာမှာ သတိထားပြီး၊ အရောင်းအဝယ် ပြုလုပ်ရလို့ အရောင်းအဝယ် သွက်လက်မှုမရှိ ကြောင်း၊ ကုန်ပစ္စည်းဈေးငြိမ်သက်မှုရှိနေပါက အရောင်းအဝယ်လည်း ပုံမှန်ဖြစ်နိုင် ကြောင်း ပဲကုန်သည်တစ်ဦးက ပြောပါတယ်။ ယခင်အပတ်က မတ်ပဲ တစ်ပိဿာ ၇၆၇ ကျပ်ဈေးနဲ့ နေ့စဉ် တန် ၃၀ မှ ၄၀ ခန့်အထိ အရောင်းအဝယ်ရှိခဲ့ပြီး၊ ယခုအပတ်မှာ နေ့စဉ် တန် ၅၀ ခန့် အရောင်းအဝယ်ရှိနေသလို ပဲစင်းငုံနီမှာ ယခင်အပတ် တန် ၆၀ မှ ၇၀ ခန့်ထိ အရောင်းအဝယ်ရှိခဲ့ပြီး၊ ယခုအပတ်မှာ နေ့စဉ် တန် ၈၀ မှ တန် ၁၀၀ ကြားအရောင်းအဝယ် ဖြစ်နေကြောင်း သိရပါတယ်။စိုးအောင်
ပြည်ပဲဈေးကွက်အတွင်း မတ်ပဲ၊ ပဲတီစိမ်း၊ ပဲစင်းငုံ၊ ကုလားပဲဈေးမှာ ယခင် တစ်ပတ်ထက်အေးနေပြီး၊ ပဲကြီးဈေးနှုန်းကတော့ ယခင်တစ်ပတ်အတိုင်း ဈေး အမြင့်မှာရှိနေခဲ့တာကိုတွေ့ရပါတယ်။ ယခုစက်တင်ဘာ တတိယပတ်မှာ မတ်ပဲသီးနှံ တချို့ တစ်ခါတစ် ရံနယ်စုံမှအနည်းငယ်ဝင်ရောက်လာပြီး၊ အိတ် ၁၅၀-၂၀၀ ခန့်ဝင် လာတယ်လို့သိရပါတယ်။ ပဲဈေးနှုန်းမှာတော့ တစ်တင်း ၁၆၃၀၀ ကျပ်နဲ့ ဈေးအေး နေခဲ့တာကိုတွေ့ရပါတယ်။ ရန်ကုန်ဝယ်လက်ကတော့ ရသလောက်အဝယ်ရှိနေ သော်လည်း ထုတ်ရောင်းသူနည်းနေတဲ့အတွက် ယခုတစ်ပတ် အတွင်း ရန်ကုန်ကို တစ်နေ့အိတ် ၁၀၀၀ ခန့်သာ တင်ပို့နိုင်ခဲ့တယ်လို့သိရပါတယ်။
မြန်မာ-တရုတ်နယ်စပ်ရှိ မူဆယ်နယ်စပ်ကုန်သွယ်ရေးမှ ကန်ဒေါ်လာ သုည ဒသမ ၇၆၈ သန်းတန်ဖိုးရှိ ပဲတီစိမ်းလုံးပြည့် ၈၉၁ တန်ခန့်ကို စက်တင်ဘာလ ၁၂ ရက်မှ ၁၈ ရက်ထိကာလအတွင်းမှာ အပို့ရှိခဲ့ရာ ယခင် အပတ်ကထက် ၃၆၃ တန် အပို့ပိုခဲ့ပါတယ်။ ပဲတီစိမ်းလုံးခြမ်းတင်ပို့မှုကတော့ ၁၂၁ တန်၊ တန်ဖိုးအားဖြင့် ကန်ဒေါ်လာ ၀ ဒသမ ၁၂၉ သန်းဖိုးဖြစ်ပြီး ယခင်အပတ်တင်ပို့မှုထက် ၃၂ တန်ခန့်အပို့လျော့နည်းခဲ့ပါတယ်။
စက်တင်ဘာလ တတိယပတ် မုံရွာကုန်စည်ဒိုင် ပဲဈေးကွက်မှာ ပဲအများစု ဝယ်လက်အေးနေကာ အရောင်း အဝယ် သိပ်မဖြစ်ဘူးလို့ ကုန်သည်ရပ်ကွက်က ဆိုပါတယ်။ မုံရွာကုန်စည်ဒိုင်ရဲ့ အဓိကရောင်းကုန်သီးနှံ တစ်မျိုးဖြစ်တဲ့ ကုလားပဲအုပ်စု တွေလည်း ယခုအပတ်မှာ ရန်ကုန်အဝယ်မရှိဘဲ ဒေသခံလုပ်ငန်းသုံးသမားတွေ ပုံမှန်အဝယ်သာရှိ ခဲ့လို့ ကျဈေးအသီးသီးနဲ့သာ အရောင်းအဝယ်အသင့်အတင့်ဖြစ်ခဲ့တယ်လို့ သိရပါတယ်။
မိုးရာသီအစပိုင်းမှာ ရွာသွန်းမှု နည်းပါးတာကြောင့် အိန္ဒိယ ပဲစိုက်ပျိုးမှု ဧရိယာများကမနှစ်ကထက်လျော့ ကျဖွယ် ရှိတယ်လို့ခန့်မှန်းကြပါတယ်။ ဒါပေမယ့် သြဂုတ်လနဲ့ စက်တင် ဘာလမှာရွာသွန်းတဲ့မိုးက သီးနှံတွေအတွက် အထောက် အကူဖြစ်စေပြီး အထွက်နှုန်းကို ပိုမိုကောင်းမွန်မယ်လို့ ကုန် သည်များ၊ ပြည်ပတင်ပို့သူများနဲ့ အစိုးရအရာ ရှိများက ယုံ ကြည်လျက် ရှိပါတယ်။
ပြည်ပ ပဲမျိုးစုံတင်ပို့မှုကို လေ့လာရာမှာ စက်တင်ဘာလ ၁၄ ရက်အထိ ပြီးခဲ့တဲ့ တစ်ပတ်အတွင်းမှာ တင်ပို့မှုပြန်လည် တိုးတက်လာခဲ့ပါတယ်။ အရင်တစ်ပတ် တင်ပို့မှုကျဆင်းခဲ့ရာမှ ပြီးခဲ့တဲ့ တစ်ပတ်မှာ မတ်ပဲတင်ပို့မှု သိသိသာသာ ပိုလာခဲ့သလို ပဲစင်းငုံတင်ပို့မှုလည်း အနည်းငယ်ပိုလာခဲ့ပါတယ်။ စက်တင်ဘာလ ၁၄ ရက်နေ့အထိ ပဲတစ်မျိုးချင်း တင်ပို့ပြီးစီးမှုမှာ မတ်ပဲအနေနဲ့ တန်ချိန် ၃၂၀၀၀၀ ခန့်ရှိပြီး၊ ပဲတီစိမ်းမှာ တန်ချိန် ၁၄၀၀၀၀ ကျော်၊ ပဲစင်းငုံ တန်ချိန် ၁၇၁၀၀၀ ကျော်နဲ့ ကုလားပဲဖြူလုံးကြီးမှာ တန်ချိန် ၄ သောင်းကျော်တင်ပို့ထားပြီးကြောင်း သိရပါတယ်။
