Background
ကျောက်ဆည်နယ်မှာရှိတဲ့ ငရုတ်ခြောက်ဈေးမှာ ယခုတစ်ပတ်ဈေးပြန် အေးလာပါတယ်။ ယခင်က ရှမ်းပြည်နယ်မြောက်ပိုင်းမှ အညှာခြွေများအဝယ်လိုက် ခဲ့သလို မန္တလေးဈေးကွက်ကိုလည်း ပုံမှန်တင်ပို့နေတာေ ကြာင့် ဈေးမာနေခဲ့ရာမှ တစ်ပိဿာ ၂၄၀၀ ကျပ်ထိ ဈေးကောင်းရရှိခဲ့ပါတယ်။
ကန်ဒေါ်လာ သုည ဒသမ ၈၄၆ သန်းတန်ဖိုးရှိ ငြုပ်သီးခြောက်များကို သြဂုတ် လ ၁၅ ရက်မှ ၂၁ ရက်ထိ ကာလအတွင်းမှာ မူဆယ်မှ ၄၉၂ တန်ကျော်နဲ့ တမူးမှ ၁၃ တန်ခန့်အပို့ရှိခဲ့ပါတယ်။ ယခင်အပတ်က မူဆယ် နယ်စပ်ပေါက်တစ်ခု တည်းမှ တန် ၃၃၀ ဝန်းကျင်တင်ပို့ခဲ့တာဖြစ်လို့ ယခုအပတ်မှာ ၁၇၄ တန် အပို့ပို ခဲ့ပါတယ်။ မူဆယ်မှအပို့ပိုသလို တမူးနယ်စပ်မှလည်း အပို့ရှိလာတဲ့အတွက် ဖြစ်ပါ တယ်။
MIRT(DOBT)
မိုးအဆက်မပြတ်ရွာနေတာကြောင့် အောင်ပန်းမှာ ဖော်ပြီးတဲ့ချင်း(ဥမ) တွေ လည်း ပုပ်တာများတယ်လို့ သိရပါတယ်။ ဈေးကွက်မှာလည်း အဝင်နည်းနေ၊ ရှိတဲ့ ချင်းတွေမှာလည်း ဖြန့်ထားတာမရှိတဲ့ ချင်းတွေက ပုပ်ကုန်တာ ကြောင့် ဝယ်လက် တွေရှိရင် အပုတ်တွေပြန်ရွေးရတာကြောင့် အလုပ်တစ်ခုပိုနေတယ်လို့ ပွဲရုံတွေက ဆိုပါတယ်။ ချင်းတက်တွေကတော့ ကုန်သလောက်ဖြစ်သွားတာကြောင့် အဝင် လည်း မရှိတော့ပါဘူး။
ယခုတစ်ပတ် ပြည်ချင်းဈေးမှာ အပြောင်းအလဲမရှိဘဲ တစ်ပိဿာကို ချင်း (ရှယ်) ၈၀၀ ကျပ် (ဂျွန်) ၆၀၀ ကျပ်တို့နဲ့ ရောင်းဝယ်လျက်ရှိနေပါတယ်။ အဝင် အားဖြင့်လည်း ပြည်ချင်းဈေးကွက်ကို အောင်ပန်းချင်းများ ပိဿာ ၃၀ ဝင်အိတ်၊ ၃၀၀ ခန့် ပုံမှန်အဝင်ရှိနေပြီး၊ တစ်နေ့ကို ပိဿာချိန် ၃၀၀ ခန့် ပုံမှန်အရောင်း အဝယ်ဖြစ်နေပါ တယ်။ ပြည်ဈေးကွက်မှတစ်ဆင့် ပြည်နယ်သို့ စားသုံးမှုအဖြစ် တစ်နေ့ပိဿာချိန် ၂၀၀ ခန့် တင်ပို့မှုရှိတယ်လို့ သိရပါတယ်။ ဝင်းဝင်းခိုင်
မြန်မာ-တရုတ်နယ်စပ်ရှိ မူဆယ် ၁၀၅ မိုင်ကုန်သွယ်ရေးဇုန်နဲ့ မြဝတီ နယ်စပ်ကုန်သွယ်ရေးစခန်းများမှ သြဂုတ်လ ၁၅ ရက်မှ ၂၁ ရက်ထိ ကာလ အတွင်းမှာ ကန်ဒေါ်လာ သုည ဒသမ ၀၄၉ သန်းတန်ဖိုးရှိ ဂျင်းခြောက်များ ၃၅ တန်ခန့် တင်ပို့မှုရှိခဲ့ပါတယ်။ မူဆယ်မှ ၁၆ တန်နဲ့ မြဝတီမှ ၁၉ တန်တင်ပို့ခဲ့ တာ ဖြစ်ပြီး ယခင်အပတ်ကထက် မူဆယ်မှ ၁၃ တန်ကျော်နဲ့ မြဝတီမှ ၅ တန်ခန့် ပိုမိုတင်ပို့ခဲ့တယ်လို့သိရပါတယ်။ MIRT(DOBT)
ပြည်ပဲစင်းငုံဈေးမှာ ယခင်တစ်ပတ်ဈေးထက် ဈေးအနည်းငယ်မြင့်နေတာကို တွေ့ရပါတယ်။ ယခုတစ်ပတ် ပိဿာ ၂၀ တစ်တင်း၂၂၂၀၀ ကျပ်ဈေးရှိတယ်လို့ သိရပါတယ်။ ဈေးကွက်အတွင်းလက်ကျန်အနည်းငယ်သာ ရှိတာကြောင့် အခြား တိုင်းနဲ့အရောင်းအဝယ်မှာ နေ့စဉ်မဖြစ်ဘဲ အေးနေကြောင်းသိရပါတယ်။ တိုင်း အတွင်းမှာလည်း လက်လီလက်ကားဝယ်ယူသူများ သိပ်မရှိသဖြင့် ဈေးကွက်တွင်း အရောင်းအဝယ်မဖြစ်ဘူးလို့သိရပါတယ်။ ပဲခူးတိုင်းဒေသကြီးပြည်မှာ ၂၀၁၂-၂၀၁၃ ဘဏ္ဍာနှစ်အတွင်း မိုးသီးနှံဖြစ်တဲ့ ပဲစင်းငုံသီးနှံကို ဧက ၁၇၃၀၀ ကျော် စိုက်ပျိုးရန် လျာထားခဲ့ရာမှာ ရာနှုန်းပြည့် စိုက်ပျိုးနိုင်ခဲ့တယ်လို့သိရပါတယ်။ ဆုမွန်ဆွေ
သြဂုတ်လ ၁၅ ရက်မှ ၂၁ ရက်ထိကာလအတွင်းမှာ မူဆယ်နယ်စပ်မှ ပဲလွန်းဖြူ၊ ပဲပုပ်စေ့နဲ့ ပဲနီကြားများ ယခင်အပတ်ကထက် ပိုမိုတင်ပို့ခဲ့ပါတယ်။ ယခု အပတ်မှာ ကန်ဒေါ်လာ သုည ဒသမ ၀၇၈ သန်းတန်ဖိုးရှိ ပဲလွန်းဖြူ တန် ၁၁၀ ကျော်၊ ကန်ဒေါ်လာသုညဒသမ ၀၉၃ သန်းတန်ဖိုးရှိ ပဲပုပ်စေ့ ၁၃၆ တန်နဲ့ ကန်ဒေါ်လာသုည ဒသမ ၀၅၇ သန်းတန်ဖိုးရှိ ပဲနီကြား ၇၃ တန်တင်ပို့မှုရှိခဲ့ပါတယ်။ ယခင်အပတ်ကထက် ပဲလွန်းဖြူ ၆၇ တန်၊ ပဲပုပ်စေ့ တန် ၉၀ နဲ့ပဲနီကြား တန် ၆၀ ပိုမိုတင်ပို့ခဲ့တယ်လို့ သိရပါတယ်။
လားရှိုး-ကွတ်ခိုင်-သိန္ဒီတို့မှာ မိုးများရေကြီးတဲ့အပြင် တောင်ကျရေများပါ စီးဆင်းနေတဲ့အတွက် ယခုအပတ်မှာ ကုန်တင်ယာဉ်စီးဆင်းမှုများသိသိသာသာ လျော့နည်းလျက်ရှိပါတယ်။ယခုအပတ် သြဂုတ်လ ၁၅ ရက်မှ ၂၁ ရက်ထိ ကာလ အတွင်းမှာ ကန်ဒေါ်လာ သုညဒသမ ၂၉၈ သန်းတန်ဖိုးရှိ ပဲတီစိမ်းလုံးပြည့် ၃၇၃ တန်သာ အပို့ရှိခဲ့တဲ့အတွက် တန် ၄၈၀ ကျော်ယခင်အပတ်ထက် အပို့လျော့ခဲ့ပါ တယ်။
မုံရွာကုန်စည်ဒိုင် သြဂုတ်လတတိယပတ် ပဲဈေးကွက်မှာ ပဲစင်းငုံနီအရောင်းအဝယ် ဆက်လက်ကောင်းမွန် နေတယ်လို့ သိရပါတယ်။ ရန်ကုန်ဝယ်လက် ဝယ်အားကောင်းသလောက် ရောင်းလက်တွေ က ပစ္စည်းလက်ကျန် လျော့လာလို့ အား ပျော့လာတယ်လို့ ကုန်သည်အသိုင်းအဝန်းကပြောပါတယ်။
အိန္ဒိယပြည်တွင်း မုတ်သုန်မိုးရရှိမှုနည်းပါနေခြင်း၊ လူလတ်တန်းစားလူဦးရေ တိုးတက်လာခြင်းနဲ့ ပြည်တွင်း မှာပဲမျိုးစုံ ဖြန့်ဖြူးရောင်းချမှုစနစ် အားနည်းခြင်းတို့ကြောင့် ဒေဝါလီပွဲတော်ကာလနီးချိန်အထိ ပဲမျိုးစုံ ဈေးနှုန်းေ တွ မြင့်မားဦးမယ်လိ့ု အိန္ဒိယနိုင်ငံကုန်သည်များနဲ့ စက်မှုလက်မှုလုပ်ငန်းရှင်များ တွဲဖက်အသင်းချုပ် (ASSOCHAM) က ပြောကြားတယ်။
ပဲမျိုးစုံအနက်ကုလားပဲမှာ ဈေးနှုန်းမြင့်မားမှုနှုန်း အမြင့်ဆုံးဖြစ်မယ်လိ့ုခန့်မှန်းထားတယ်။ ကုလားပဲက ၂၀၁၁ ဇွန်လမှ ၂၀၁၂ မေလထိ ကာလမှာလည်း ၉၀ ရာခိုင်နှုန်းဈေးမြင့်လာပြီးဖြစ်တယ်။ ဇူလိုင် ၂၃ ရက်က ကုလားပဲလက်ကားဈေးနှုန်းမှာ တစ်ကွမ်တယ်ကို ရူပီး ၅၂၀၀ (တစ်တန်ကို ကန်ဒေါ်လာ ၉၂၉ ဝန်းကျင်) အထိ ရောက်ရှိမြင့်မားလာပြီး လက်လီဈေးကွက်မှာ ကုလားပဲခွဲခြမ်းဈေးနှုန်းမှာ တစ်ကီလိုကို ၆၅-၇၅ ရူပီး (မြန်မာကျပ်ငွေ ၁၀၆၀ ကျပ် - ၁၁၇၃ ကျပ် ဝန်းကျင်) အထိရောက်ရှိ မြင့်မားခဲ့တယ်။ သြဂုတ်လမှာလည်း ကုလားပဲဈေးနှုန်းက တစ်ကွမ်တယ်ကို ရူပီး ၅၀၀၀ နှုန်းထားမှာသာရှိနေရာ သုံးစွဲ သူတွေရဲ့ ဝယ်လိုအားအနည်းငယ် ထိုင်းမှိုင်းလာတယ်။ ဒါ့အပြင် မုတ်သုန်ရာသီပဲတွေ စိုက်ပျိုးထားတဲ့ ရာဂျစ်စသန် နဲ့ မဒရာပရာဒေ့ရှ်တို့မှာ မိုးရွာသွန်းမှုအားကောင်းလာခြင်းကလည်း ပဲမျိုးစုံအထွက်နှုန်းအတွက် စိုးရိမ်မှုကို လျော့ပါးစေပြီး ကုလားပဲဝယ်လိုအားကို နှေးကွေးစေကာ သြဂုတ် ၂၁ ရက်နေ့က မြို့တော်ဒေလီဈေးကွက်မှာ ကုလားပဲလက်ငင်းဈေးနှုန်း တွေက တစ်ကွမ်တယ်ကို ၄၉၀၀ ရူပီး (တစ်တန်ကို ကန်ဒေါ်လာ ၈၉၀ ဝန်းကျင်) အထိ ကျဆင်းလာတယ်။ ဒါပေမဲ့ ဒေဝါလီပွဲတော်မတိုင်မီကာလအထိ ကုလားပဲဈေးနှုန်းတွေက မကြုံစဖူး မြင့်မားနိုင်ဖွယ်ရှိတယ်လို့ ASSOCHAM က ခန့်မှန်းထားတယ်။ ပြည်ပဈေးကွက်တွေမှာလည်း ကုလားပဲမှာဈေးမြင့်နေပြီး ပြည်ပကုလားပဲ တင်သွင်း မှုကိုလည်း အားကိုးနေရတဲ့ အိန္ဒိယရဲ့ ပြည်တွင်းပဲဈေးနှုန်းကိုပါမြင့်မားစေတယ်။ ကုလားပဲဈေးမြင့် လာခြင်းကြောင့် အိန္ဒိယပြည်တွင်း ကုလားပဲစိုက်ပျိုးသူတွေအနေနဲ့ အကျိုးအမြတ် ၁၀ ရာခိုင်နှုန်းမှ ၁၅ ရာခိုင်နှုန်း အထိသာ ရရှိသော်လည်း အမှန်တကယ် အမြတ်ကြီးမြတ်သူတွေမှာ ကြားပွဲစားလှောင်လက်တွေဖြစ်ကြပြီး ၈၅ ရာခိုင်နှုန်းခန့် အမြတ်ရရှိကြတယ်လို့ သိရတယ်။ Source:daily.bhaskar.com, in.reuters.com, ပပ