Main menu

Background

Sunday, 9 Sep 2012

ရန်ကုန်တိုင်းဒေသကြီး ဘုရင့်နောင်ကုန်စည်ဒိုင်မှ ပြည်ပနဲ့ ပဲအရောင်းအဝယ်ပြုလုပ်ပြီး လိုင်စင်လျှောက် ထားရာမှာ အရောင်းအဝယ်ဖြစ်တဲ့ ဈေးနှုန်းကို ကုန်စည် ဒိုင်တာဝန်ရှိသူများမှ ယခင်က ထောက်ခံချက် ထုတ်ပေး ခဲ့ခြင်းဖြစ်ပါတယ်။ အဲဒီလို ဈေးနှုန်းထောက်ခံပေးခြင်း အားဖြင့် လိုင်စင်လျှောက်ထားရာမှာ ဈေးနှုန်းအာမခံ ချက်ရှိသလိုပြည်ပဝယ်လက်များနဲ့ ပြဿနာတစ်စုံတစ်ရာ ဖြစ်ခဲ့ရင်လည်း ယင်းထောက်ခံချက် အရ ဖြေရှင်းခြင်းအား ဖြင့် အဆင်ပြေချောမွေ့စေခဲ့ပါတယ်။

Sunday, 9 Sep 2012

ရန်ကုန်တိုင်းဒေသကြီး ဘုရင့်နောင်ကုန်စည်ဒိုင်မှာ စက် တင်ဘာလ ၁ ရက်ကစပြီး ပွဲစားလုပ်ကိုင်ခွင့်ရပ်ဆိုင်း လိုက်ပြီးတဲ့ နောက် အရောင်းအဝယ်တန့်သလိုဖြစ်ခဲ့ပေမဲ့ အိန္ဒိယအဝယ် အမှန်တကယ်လိုက်လာတဲ့ ဒီရက်ပိုင်းမှာတော့ ဈေးကွက်ပြန်တက် လာတယ်လို့သိရပါတယ်။ ကြားခံပွဲစားမထားဘဲရောင်းသူနဲ့ ဝယ်သူ တိုက်ရိုက် ထိတွေ့ရောင်းဝယ်ခြင်းအားဖြင့် လက်ကြီးသမားများရဲ့ ပဲဈေးနဲ့ အဟလဲနည်းသွားပြီး ဈေးကစားမှုတွေ မရှိတော့ဘူးလို့ ကုန်သည်တစ်ဦးက ဆိုပါတယ်။

Sunday, 9 Sep 2012

အိန္ဒိယဈေးကွက်တော်တော်များများမှာ ပဲဝယ်လိုအား နည်းနေပြီး ပဲအဓိကစိုက်ပျိုးတဲ့ ပြည်နယ်များမှာလည်း သို လှောင်ထားတဲ့ ပဲမျိုးစုံနဲ့မျိုးစေ့များရောင်းချမှုတွေကြောင့် ယခု ရက်ပိုင်းတွေမှာ ပဲဈေးတွေအကျဘက်ဆက် ဆင်းနေပါတယ်။ သြဂုတ်လ ၃၁ ရက်နေ့အထိ မိုးပဲစိုက်ပျိုးမှုမှာ စုစုပေါင်း တန်ချိန် ၉၇ ဒသမ ၇ သိန်းရှိလို့ ယခင်နှစ်စိုက်ပျိုးမှုဟက်တာ ၁၀၄ ဒသမ ၁၈ သိန်းနဲ့ ယှဉ်ရင် စိုက်ဧရိယာလျော့ကျသလို ပုံမှန်စိုက်ဧရိယာ ဟက်တာ ၁၀၁ ဒသမ ၃၁ သိန်းထက်လည်း လျော့ကျပါတယ်။ လက်ရှိပဲစိုက်တဲ့ ဒေသတွေမှာ မိုးရွာသွန်း နေလို့ စိုက်ပျိုးထားတဲ့ ပဲပင်တွေအတွက် အကျိုးရှိနိုင်တယ်လို့ သိရပါတယ်။

Wednesday, 5 Sep 2012

အိန္ဒိယနိုင်ငံက ပြည်တွင်းမှာ ရော်ဘာ ရောင်းလိုအား မလုံမလောက်ဖြစ်နေခြင်း၊ ရော်ဘာ သွင်းကုန်အခွန် မြင့်မား နေခြင်းနဲ့ ပြည်တွင်းလုပ်သားခတွေ မြင့်တက်နေခြင်း စတဲ့ အကြောင်းကြောင်းတို့ကြောင့် အင်ဒိုနီးရှားနဲ့ သီရိလင်္ကာနိုင်ငံ တို့မှာ ရော်ဘာထုတ်လုပ်မှုလုပ်ငန်းကို သွားရောက်ရင်းနှီးမြှုပ် နှံဖို့ စိတ်ဝင်စားလျက် ရှိကြောင်း သိရတယ်။

Wednesday, 5 Sep 2012

သြဂုတ်လအတွင်း တစ်တန်ကို ၂၇၄၀ ဒေါ်လာဝန်းကျင်အထိ ရောက်ရှိကျဆင်းသွားခဲ့တဲ့ ကမ္ဘာ့ ရော်ဘာ ဈေးနှုန်းေ တွက သြဂုတ်လ ၂၈ ရက်မှာတစ်တန်ကို ၂၈၀၀ ဒေါ်လာကိုပြန်လည်ရောက်ရှိ လာတယ်။ ရော်ဘာစိုက်ပျိုး ထုတ်လုပ် တင်ပို့မှု အများ ဆုံး နိုင်ငံတွေဖြစ်တဲ့ ထိုင်း၊ အင်ဒိုနီးရှားနဲ့မလေးရှားနိုင်ငံ တို့က ရော်ဘာတင်ပို့မှု လျှော့ချ သွားဖို့ ဆုံးဖြတ်လိုက်ခြင်းက ရော်ဘာ ဈေးနှုန်းကျဆင်းမှု ကို ရပ်တန့်သွားစေခဲ့တယ်။

Wednesday, 5 Sep 2012

မြန်မာ-တရုတ်နယ်စပ်ကုန်သွယ်ရေးစခန်းများဖြစ်တဲ့ ချင်းရွှေဟော်မှ ကန်ဒေါ်လာ သုည ဒသမ ၇၄၉ သန်းတန်ဖိုးရှိ ရော်ဘာ RSS-3  ၂၅၃ တန်ကျော်နဲ့ မူဆယ်မှ ကန်ဒေါ်လာ သုည ဒသမ ၀၄၀ သန်းတန်ဖိုးရှိ ရော်ဘာ RSS-3   ၁၄ တန် သြဂုတ်လ ၂၂ ရက်မှ ၂၈ ရက်ထိကာလအတွင်းမှာ တင်ပို့နိုင်ခဲ့ပါတယ်။ ယခင်အပတ် တင်ပို့မှု ထက်နှစ်ဆကျော် ပိုမို တင်ပို့နိုင်ခဲ့ပါတယ်။ သြဂုတ်လမှာ နယ်စပ်မှရော်ဘာ ၇၄၆ တန်တင်ပို့နိုင်ခဲ့ပြီး ဇူလိုင်လနဲ့ နှိုင်းယှဉ်လျှင်  ၈၄၈ တန်ကျော် တင်ပို့မှုလျော့ခဲ့ပါတယ်။ ယမန်နှစ်သြဂုတ်လနဲ့နှိုင်းယှဉ်လျှင် ၁၅၅၈ တန် လျော့နည်း တင်ပို့ခဲ့ပါတယ်။ မိမိဘက်မြေပြင် ဈေးများပြောင်းလဲမှုမရှိသော်လည်း တစ်ဖက်နိုင်ငံဈေးများ အနည်းငယ် မြင့်တက်လာတာ တွေ့ရပါတယ်။ မူဆယ်နဲ့ရွှေလီ မြေပြင်ပေါက်ဈေးများ ကို နှိုင်းယှဉ် ဖော်ပြပေးလိုက်ပါတယ် -

Wednesday, 5 Sep 2012

ပင်လယ်ရေကြောင်း ကုန်သွယ်မှုမှ တစ်ဆင့် ကိုရီးယားသမ္မတနိုင်ငံသို့ ကန်ဒေါ်လာ ၁ ဒသမ ၀၈၉ သန်းတန်ဖိုးရှိ MSR-20 ၄၀၃ တန်ကျော်ကို သြဂုတ်လ ၁၉ ရက်မှ ၂၅ ရက်ထိကာလအတွင်းမှာ အပို့ရှိခဲ့တယ်လို့သိရှိ ရပါတယ်။ သြဂုတ်လ အတွင်းမှာပင်လယ်ရေကြောင်းမှ တရုတ် သို့ RSS-3 တန် ၄၀၀၊ MSR-20 ၁၉၄ တန်ကျော်၊ မလေးရှားသို့ MSR-20  တန် ၁၀၀၊ ကိုရီးယားသို့MSR-20 ၄၀၃ တန်ကျော်နဲ့ ဂျပန်သို့အိမ်အလှဆင်ရန်နှင့် သစ်ရွက်ဆွေးမြေသြဇာအဖြစ်အသုံးပြုရန် ရော်ဘာရွက်ခြောက် ၈ တန်ကျော်ကိုတင်ပို့ထားပြီးဖြစ်ပါတယ်။ ယခု အပတ်ရော်ဘာFOB တစ်တန်ပေါက်ဈေးများမှာRSS-1 ကန်ဒေါ်လာ ၂၇၀၀ မှ ၂၈၀၀၊ RSS-3 နှင့် MSR-20  ကန်ဒေါ်လာ ၂၆၀၀ မှ ၂၇၀၀၊RSS-5 နှင့် MSR-50 ကန်ဒေါ်လာ ၂၅၀၀ မှ ၂၆၀၀နဲ့ Crepe Rubber  ကန်ဒေါ်လာ ၂၄၅၀ မှ ၂၅၅၀ အသီးသီးဖြစ်ပါတယ်။             CMK

Wednesday, 5 Sep 2012

လွန်ခဲ့တဲ့ သီတင်း ၂ ပတ်နီးပါး ရောင်းချမှုလျော့ကျပြီး၊ ဝယ်လိုအားအသစ် ထွက်လာလို့ ယခုတစ်ပတ် အာရှဈေးကွက်မှာ ထိုင်းသကြားကြမ်း ပရီမီယံဈေးမြင့် တက်လာပါတယ်။ ဒီအချိန်မှာ အိန္ဒိယသကြားတင်ပို့ သူတွေက ပြည်တွင်းဈေးမြင့် တက်တာကြောင့် ၎င်း တို့အရောင်းအဝယ်စာချုပ်ဖျက်သိမ်းဖို့ စတင်ဆွေးနွေးနေ တယ်လို့ ကုန်သည်များက ဆိုပါတယ်။ ထိုင်းရဲ့ ရောင်ခြည်ဖျာထွက်မှုမြင့်တဲ့ သကြား ကြမ်းကို နယူးယောက်ရဲ့ အောက်တိုဘာ စာချုပ်မှာ ယခင်တစ်ပတ်က ပရီမီယံ ၃၀၀ ပွိုင့်ဈေးရှိရာမှ ယခုတစ်ပတ်မှာ ပရီမီယံ ပွိုင့် ၄၀၀ ထိ မြင့်တက်ခဲ့တယ်လို့ ဘန်ကောက်အခြေစိုက် ကုန်သည်များက ဆိုပါတယ်။

Wednesday, 5 Sep 2012

မြန်မာ-တရုတ်နယ်စပ်ရှိ မူဆယ် ၁၀၅ မိုင်မှ သြဂုတ်လ ၂၂ ရက်မှ ၂၈ ရက်ထိကာလအတွင်းမှာ ကန်ဒေါ်လာ သုည ဒသမ ၅၃၄ သန်းတန်ဖိုးရှိ သကြားဖြူ ၅၃၅ တန်ကျော်နဲ့ သကြားညို ၃၆၇ တန်ခန့်တင်ပို့မှု ရှိခဲ့ပါတယ်။ ချင်းရွှေဟော် နယ်စပ်မှအပို့မရှိသော်လည်း မူဆယ်နယ်စပ်မှ သကြားညိုရော သကြားဖြူတင်ပို့မှုပါ ယခင်အပတ်ကထက် တင်ပို့မှုပိုမိုခဲ့တာတွေ့ရပါတယ်။ ယခင်အပတ်ကမူဆယ်မှ သကြားဖြူ ၂၉၆ တန်ကျော်နဲ့ သကြားညို ၂၆၈ တန်ခန့်အပို့ရှိခဲ့ရာ ယခုအပတ်မှာ သကြားဖြူတင်ပို့မှုနှစ်ဆကျော်ပိုမိုခဲ့တာတွေ့ရပါတယ်။          MIRT(DOBT)

Wednesday, 5 Sep 2012

မြန်မာ-တရုတ်နယ်စပ်မှ မူဆယ်၊ ချင်းရွှေဟော်နဲ့ လွယ်ဂျယ်နယ်စပ်စခန်းများမှ ကန်ဒေါ်လာ ၁ ဒသမ ၃၁၃ သန်းတန်ဖိုးရှိ ပြောင်းဖူးစေ့ ၃၇၉၇ တန်ကျော် ကို သြဂုတ်လ ၂၂ ရက်မှ ၂၈ ရက်ထိ ကာလအတွင်းမှာ တင်ပို့မှုရှိခဲ့ပါတယ်။ နယ်စပ် စခန်း အလိုက်တင်ပို့မှုတွေကတော့ မူဆယ်မှ ၁၂၀၂ တန်ကျော်၊ ချင်းရွှေဟော်မှ ၂၉တန်၊ လွယ်ဂျယ်မှ ၅၆၆ တန်ကျော်အသီးသီးဖြစ်ပါတယ်။ သြဂုတ်လမှာ နယ်စပ်မှ ပြောင်းဖူးစေ့ ၁၇၄၂၃ တန်ကျော်တင်ပို့နိုင် ခဲ့ပြီး ဇူလိုင်လနှင့်နှိုင်းယှဉ်လျှင် ၂၆၈၀ တန်တင်ပို့မှု လျော့ကျခဲ့တာဖြစ်ပြီး ယမန်နှစ်သြဂုတ်လ နဲ့နှိုင်းယှဉ်လျှင် ၂၃၇၂၈ တန် အပို့ လျော့ကျခဲ့တာ တွေ့ရပါတယ်။ တစ်ဖက်နိုင်ငံရွှေလီမှာရော မိမိဘက် မူဆယ်မှာပါပြောင်းဈေးအနည်းငယ် မြင့်တက်လျက်ရှိတယ်လို့ သိရပါ တယ်။ ယခင် အပတ်နှင့် ယခုအပတ်မြေပြင်ပေါက်ဈေးများကိုနှိုင်းယှဉ်ဖော်ပြပေးလိုက်ရပါတယ်- မိမိဘက်(ကျပ်/တန်)                  တစ်ဘက်နိုင်ငံ(ဒေါ်လာ/တန်)        ယခု         ယခင်     ပြောင်းလဲမှု    %    ယခု    ယခင်    ပြောင်းလဲမှု    % ၃၅၃၉၃၄    ၃၄၇၅၀၀    ၆၄၃၄         ၂      ၄၁၄    ၄၀၄         ၁၀           ၂MIRT(DOBT)

Pages