Main menu

Background

Friday, 31 Aug 2012

သြဂုတ်လ ၁၂ ရက်မှ ၁၈ ရက်ထိကာလအတွင်းမှာ ဗီယက်နမ်နိုင်ငံသို့ ကန်ဒေါ် လာ သုည ဒသမ ၂၈၅ သန်း တန်ဖိုးရှိ ပြောင်းဖူးစေ့ တန် ၁၅၀ ကို အပို့ရှိခဲ့ပါတယ်။ ယခင်အပတ်က စင်္ကာပူသို့ ၄၄ တန်သာအပို့ရှိခဲ့ရာ ယခုအပတ်မှာ ၁၀၆ တန် အပို့ ပိုခဲ့ပါတယ်။ ရန်ကုန် (FOB) ပြောင်းဈေးဟာ ယခင်အပတ်အတိုင်း ပြောင်း လဲမှု မရှိဘဲ တစ်တန်ကို ဒေါ်လာ ၃၈၀ ဈေးပေါက်လျက်ရှိပါတယ်။ ယခုအပတ်မှာ မြန်မာ-တရုတ်နယ်စပ်မှ ပြောင်းဖူးစေ့ ၄၉၃၁ တန် တင်ပို့နိုင်ခဲ့ပါတယ်။  CMK

Friday, 31 Aug 2012

ဗီယက်နမ်နိုင်ငံရဲ့ ၂၀၁၂ ခုနှစ် ပထမ ၇ လအတွင်း ငရုတ်ကောင်းတင်ပို့မှုက အရေအတွက်အနေနဲ့ လျော့ကျ သွားသော်လည်း ဈေးနှုန်းမြင့်မားလာမှုကြောင့် ဝင်ငွေရရှိမှုမှာ ၁၇ ဒသမ ၁ ရာခိုင်နှုန်းတိုးတက်ပြီးကန်ဒေါ်လာ ၅၃၂ သန်း ရရှိခဲ့တယ်။

Friday, 31 Aug 2012

သြဂုတ်လ ၁၅ ရက်မှ ၂၁ ရက်ထိ ကာလအတွင်းမှာ မြန်မာ-တရုတ်နယ်စပ်ရှိ မူဆယ် ၁၀၅ မိုင် ကုန်သွယ်ရေး ဇုန်မှ ကန်ဒေါ်လာ ၁ ဒသမ ၇၆၂ သန်းတန်ဖိုးရှိ ပရဆေးကုန် ကြမ်း ၂၈၁၈ တန်ခန့် အပို့ရှိခဲ့ပါတယ်။ ယခင်အပတ်ကထက် ၁၅ တန်ခန့်သာ အပို့ပိုခဲ့ပါတယ်။

Friday, 31 Aug 2012

နနွင်းစိုက်ပျိုးမှုများတဲ့ အိန္ဒိယအချို့ဒေသတွေမှာ စိုက်ဧရိယာကျဆင်းခြင်းနဲ့ ပြည်ပတင်ပို့ဖို့ ဝယ်ယူမှုတွေ ရှိလာလို့ နနွင်းကြိုပွိုင့်ဈေး ၂ ရာခိုင်နှုန်းကျော်မြင့်တက် လာ ခဲ့ပါတယ်။ NCDEX  မှာ စက်တင်ဘာလနနွင်း စာချုပ် ဈေးဟာ တစ်တန်ရူပီး ၅၉၀၀၀ (ကန်ဒေါ်လာ ၁၀၆၉) ကို ၁ ဒသမ ၂၄ ရာခိုင်နှုန်းမြင့်တက်ခဲ့ပါတယ်။ စိုက်ဧက လျော့ ကျတာကြောင့် လာမယ့်နှစ်မှာ အထွက်လျော့နိုင်တယ်လို့ Geojit Comtrade  ကုမ္ပဏီဒါရိုက်တာ CP Krishnan   မှ ပြောကြားပါတယ်။

Friday, 31 Aug 2012

ဒီတစ်ပတ်အောင်ပန်းဈေးကွက်မှာ အောင်ပန်းအရှေ့ ဖက်၊တောင်ပို့လရွာကနနွင်းတွေအဝင်များလာပါတယ်။ အဝင် များသလို အရောင်းကလည်း သွက်နေပါတယ်။ တစ်ပတ်ကို ပိဿာချိန် တစ်သောင်းခွဲခန့် အရောင်း အဝယ်ဖြစ်နေပါ တယ်။

Friday, 31 Aug 2012

ကျောက်ဆည်နယ်မှာရှိတဲ့ ငရုတ်ခြောက်ဈေးမှာ ယခုတစ်ပတ်ဈေးပြန် အေးလာပါတယ်။ ယခင်က ရှမ်းပြည်နယ်မြောက်ပိုင်းမှ အညှာခြွေများအဝယ်လိုက် ခဲ့သလို မန္တလေးဈေးကွက်ကိုလည်း ပုံမှန်တင်ပို့နေတာေ ကြာင့် ဈေးမာနေခဲ့ရာမှ တစ်ပိဿာ ၂၄၀၀ ကျပ်ထိ ဈေးကောင်းရရှိခဲ့ပါတယ်။

Friday, 31 Aug 2012

ကန်ဒေါ်လာ သုည ဒသမ ၈၄၆ သန်းတန်ဖိုးရှိ ငြုပ်သီးခြောက်များကို သြဂုတ် လ ၁၅ ရက်မှ ၂၁ ရက်ထိ ကာလအတွင်းမှာ မူဆယ်မှ ၄၉၂ တန်ကျော်နဲ့ တမူးမှ ၁၃ တန်ခန့်အပို့ရှိခဲ့ပါတယ်။ ယခင်အပတ်က မူဆယ် နယ်စပ်ပေါက်တစ်ခု တည်းမှ တန် ၃၃၀ ဝန်းကျင်တင်ပို့ခဲ့တာဖြစ်လို့ ယခုအပတ်မှာ ၁၇၄ တန် အပို့ပို ခဲ့ပါတယ်။ မူဆယ်မှအပို့ပိုသလို တမူးနယ်စပ်မှလည်း အပို့ရှိလာတဲ့အတွက် ဖြစ်ပါ တယ်။
MIRT(DOBT)

Friday, 31 Aug 2012

မိုးအဆက်မပြတ်ရွာနေတာကြောင့် အောင်ပန်းမှာ ဖော်ပြီးတဲ့ချင်း(ဥမ) တွေ လည်း ပုပ်တာများတယ်လို့ သိရပါတယ်။ ဈေးကွက်မှာလည်း အဝင်နည်းနေ၊ ရှိတဲ့ ချင်းတွေမှာလည်း ဖြန့်ထားတာမရှိတဲ့ ချင်းတွေက ပုပ်ကုန်တာ ကြောင့် ဝယ်လက် တွေရှိရင် အပုတ်တွေပြန်ရွေးရတာကြောင့် အလုပ်တစ်ခုပိုနေတယ်လို့ ပွဲရုံတွေက ဆိုပါတယ်။ ချင်းတက်တွေကတော့ ကုန်သလောက်ဖြစ်သွားတာကြောင့် အဝင် လည်း မရှိတော့ပါဘူး။

Friday, 31 Aug 2012

ယခုတစ်ပတ် ပြည်ချင်းဈေးမှာ အပြောင်းအလဲမရှိဘဲ တစ်ပိဿာကို ချင်း (ရှယ်) ၈၀၀ ကျပ် (ဂျွန်) ၆၀၀ ကျပ်တို့နဲ့ ရောင်းဝယ်လျက်ရှိနေပါတယ်။ အဝင် အားဖြင့်လည်း ပြည်ချင်းဈေးကွက်ကို အောင်ပန်းချင်းများ ပိဿာ ၃၀ ဝင်အိတ်၊ ၃၀၀ ခန့် ပုံမှန်အဝင်ရှိနေပြီး၊ တစ်နေ့ကို ပိဿာချိန် ၃၀၀ ခန့် ပုံမှန်အရောင်း အဝယ်ဖြစ်နေပါ တယ်။ ပြည်ဈေးကွက်မှတစ်ဆင့် ပြည်နယ်သို့ စားသုံးမှုအဖြစ် တစ်နေ့ပိဿာချိန် ၂၀၀ ခန့် တင်ပို့မှုရှိတယ်လို့ သိရပါတယ်။        ဝင်းဝင်းခိုင်

Friday, 31 Aug 2012

မြန်မာ-တရုတ်နယ်စပ်ရှိ မူဆယ် ၁၀၅ မိုင်ကုန်သွယ်ရေးဇုန်နဲ့ မြဝတီ နယ်စပ်ကုန်သွယ်ရေးစခန်းများမှ သြဂုတ်လ ၁၅ ရက်မှ ၂၁ ရက်ထိ ကာလ အတွင်းမှာ ကန်ဒေါ်လာ သုည ဒသမ ၀၄၉ သန်းတန်ဖိုးရှိ ဂျင်းခြောက်များ ၃၅ တန်ခန့် တင်ပို့မှုရှိခဲ့ပါတယ်။ မူဆယ်မှ ၁၆ တန်နဲ့ မြဝတီမှ ၁၉ တန်တင်ပို့ခဲ့ တာ ဖြစ်ပြီး ယခင်အပတ်ကထက် မူဆယ်မှ ၁၃ တန်ကျော်နဲ့ မြဝတီမှ ၅ တန်ခန့် ပိုမိုတင်ပို့ခဲ့တယ်လို့သိရပါတယ်။                                        MIRT(DOBT)

Pages