Main menu

Background

Monday, 27 Aug 2012

နနွင်းစိုက်ဧရိယာကျဆင်းမှုနဲ့ နနွင်းစိုက်နယ်မြေတွေမှာ မိုးပါးတဲ့အတွက် ဈေးကစားလိုသူတိုင်း အလှောင်များတဲ့ အတွက် နနွင်းကြိုပွိုင့်ဈေးက သြဂုတ် ၃ ရက်တွင် တစ်ကွမ် တယ်ကို ၁၁၂ ရူပီး မြင့်တက်ပြီး ၅၆၄၈ ရူပီးနှုန်းရှိခဲ့ပါတယ်။

Monday, 27 Aug 2012

ရှမ်းနနွင်းကလည်း အဝယ်လိုက်နေပါတယ်။ ဒီတစ်ပတ်မှာလည်း ဈေးကတက်ရိပ်ပြနေပါတယ်။ အဝင် ကတော့ ထုံးစံ အတိုင်းများများစားစားမဝင်လာဘဲ လက်လီလောက်သာ အဝင်ရှိနေတယ်လို့လည်း သိရပါတယ်။ လှောင်လက်တွေဆီကသာ လက်လီလိုက်ပြီး ဝယ်နေရတယ်လို့လည်း သိရပါတယ်။

Monday, 27 Aug 2012

နနွင်းတက် (ရှမ်းစ) များကို မူဆယ်နယ်စပ်နဲ့ မြဝတီဒေသထွက် နနွင်းတက်များ မြဝတီနယ်စပ်တို့မှ တစ်ဖက်အိမ်နီးချင်း နိုင်ငံများသို့ တင်ပို့လျက်ရှိပါတယ်။ ဇူလိုင် ၂၅ ရက်မှ ၃၁ ရက်ထိကာလအတွင်းမှာတော့ ကန်ဒေါ်လာ သုည ဒသမ ၄၆၂ သန်းတန်ဖိုးရှိ နနွင်းတက် ၂၉၈ တန်ကျော်ကို မူဆယ်နယ်စပ်နဲ့ ကန်ဒေါ်လာ သုည ဒသမ ၀၃၃ သန်းတန်ဖိုးရှိ နနွင်းတက် ၁၉ တန်ကျော်ကို မြဝတီနယ်စပ်တို့မှ တစ်ဖက်နိုင်ငံများသို့ အပို့ရှိခဲ့ပါတယ်။ ဇူလိုင်လမှာ နယ်စပ်မှနနွင်းတက် တန် ၁၅၇၀ ကျော်တစ်ဖက်နိုင်ငံများသို့ တင်ပို့ထားပြီးဖြစ်ပါတယ်။MIRT(DOBT)

Monday, 27 Aug 2012

မြန်မာ-တရုတ်နယ်စပ်ရှိ မူဆယ်မှ ကန်ဒေါ်လာ သုည ဒသမ ၀၆၄ သန်း တန်ဖိုးရှိ မန်ကျည်းမှည့်အစေ့ပါ တန် ၈၀ ခန့်နဲ့ မြန်မာ-ဘင်္ဂလားဒေ့ရှ် နယ်စပ်ရှိ စစ်တွေမှ ကန်ဒေါ်လာ  သုည ဒသမ ၀၁၁ သန်းတန်ဖိုးရှိ မန်ကျည်းမှည့် အစေ့ပါ ၁၄ တန်ကို ဇူလိုင် ၂၅ ရက်မှ ၃၁ ရက်ထိကာလအတွင်းမှာ အပို့ရှိခဲ့ပါတယ်။ စစ်တွေ နယ်စပ်မှ ကန်ဒေါ်လာ သုည ဒသမ ၀၀၂ သန်း တန်ဖိုးရှိ မန်ကျည်းစေ့ ၄၁ တန်လည်း အပို့ရှိခဲ့ပါတယ်။  ဇူလိုင်လမှာ မန်ကျည်းမှည့် ၂၈၃ တန်နယ်စပ်မှ တင်ပို့နိုင်ခဲ့ပါတယ်။MIRT(DOBT)

Monday, 27 Aug 2012

ဒီသီတင်းပတ်ဖြစ်တဲ့ ဇူလိုင် ၂၂ ရက်မှ ၂၈ ရက်နေ့တာ ကာလအတွင်း မန်ကျည်းတန် ၁၇၀ တန်ကို ပင်လယ်ရေကြောင်းကုန်သွယ်မှုလမ်းမှ တင်ပို့ခဲ့ပါတယ်။ တင်ပို့ခဲ့တဲ့နိုင်ငံက စင်ကာပူနိုင်ငံကို ၁၂၂ တန်နဲ့ မလေးရှားနိုင်ငံကို ၄၈ တန် ဖြစ်ပါတယ်။ ယခင်သီတင်းပတ် တန် နှစ်ဆယ်ကျော်သာ တင်ပို့နိုင်ခဲ့တာကြောင့် ဒီတစ်ပတ်မှာ တန်ချိန် တစ်ရာ့ငါးဆယ်နီးပါး ပိုမိုတင်ပို့နိုင်တာတွေ့ရပါတယ်။ ယခု လိုတင်ပို့နိုင်ခဲ့တာကြောင့် စုစုပေါင်းပို့ကုန်ဝင်ငွေ ကန်ဒေါ်လာ လေးသောင်းခုနှစ် ထောင်ကျော် ရရှိခဲ့ပါတယ်။
MIRT (DOT)

Monday, 27 Aug 2012

အရင်တစ်ပတ်ကလို အောင်ပန်းဈေးကွက်မှာ ချင်း(ဥမ)က ပုံမှန်သာအဝင် ရှိနေပါတယ်။ ပြည်တွင်းသုံး အတွက်သာ ဝယ်နေတာကြောင့် အရောင်းကလည်း ပုံမှန်ရှိနေပါတယ်။ ဥမဈေးက ဒီတစ်ပတ်မှာ ၁၄၀ ကျပ် - ၁၅၀ ကျပ်ဈေးသာရှိပါ တယ်။ တစ်ပိဿာ ၂၀၀ ကျပ်ဈေးဖြစ်လာရင်တော့ ဒီထက်ပိုပြီး အဝင်များလာနိုင် တယ်လို့ လည်းဆိုပါတယ်။

Monday, 27 Aug 2012

ယခုတစ်ပတ် ပြည်ဈေးကွက်အတွင်းမှာ ချင်းအတက်များ ပစ္စည်းလက်ကျန် ပြတ်လျက်ရှိပြီး၊ ချင်း(ဥမ)များသာ အဝယ်ဖြစ်လျက်ရှိနေပါတယ်။ စီးဝင်မှုအနေနဲ့ အောင်ပန်း၊ တောင်ကြီးဘက်မှ ချင်း(ဥမ)များ ပိဿာ ၃၀ ဝင်အိတ် ၁၅၀ ခန့် အဝင်ရှိပြီး၊ အခြားတိုင်းဖြစ်တဲ့ ဧရာဝတီတိုင်းဒေသကြီး၊ ရခိုင်ပြည်နယ်တို့ကို ပိဿာ ချိန် ၁၅၀၀ ခန့်ကို ဈေးကွက်မှ တစ်ဆင့်တင်ပို့ခဲ့ကြောင်း သိရပါတယ်။

Monday, 27 Aug 2012

ပင်လယ်ရေကြောင်း ကုန်သွယ်မှုလမ်းမှ ဇူလိုင်လ ၂၂ ရက်မှ ၂၈ ရက်နေ့တာ ကာလအတွင်း ချင်း ၈၁ ဒသမ ၂၆ တန်ကို တင်ပို့နိုင်ခဲ့ပါတယ်။ မေလနဲ့ ဇွန်လအ တွင်း အပို့ပျောက်ခဲ့တဲ့ ချင်းက ဒီတစ်ပတ်မှပြန်လည်တင်ပို့နိုင်ခဲ့ခြင်းဖြစ်ပါတယ်။ တင်ပို့ခဲ့တဲ့ နိုင်ငံတွေက ကူဝိတ်နိုင်ငံကို ၅၆ ဒသမ ၂၅ တန်နဲ့ မလေးရှားနိုင်ငံကို ၂၅ ဒသမ ၀၁ တန်ဖြစ်ပါတယ်။ FOB  ဈေးက တစ်တန်ကို ကန်ဒေါ်လာ ၅၉၀ ဝန်းကျင် ရရှိခဲ့လို့ စုစုပေါင်းပို့ကုန်ဝင်ငွေကန်ဒေါ်လာ လေးသောင်းရှစ်ထောင်ကျော် ရရှိခဲ့ပါတယ်။
MIRT(DOT)

Monday, 27 Aug 2012

ဟင်္သာတကုန်စည်ဒိုင်ဈေးကွက်ရဲ့ မတ်ပဲဈေးမှာ ယခုတစ်ပတ်မှာ ဈေးပြန် အေးသွားပါတယ်။ ယခင်နှစ် ဇူလိုင်လရဲ့ မတ်ပဲအမြင့်ဆုံးဈေးမှာ ပိဿာ ၂၀ တစ်တင်းကို ၁၇၃၀၀ ကျပ်ဈေးနဲ့ အရောင်းအဝယ်ပြုလုပ်ခဲ့ပြီး၊ ယခုနှစ် ဇူလိုက်လ ရဲ့ မတ်ပဲအမြင့်ဆုံးဈေးမှာ ပိဿာ ၂၀ တစ်တင်းကို ၂၀၅၀၀ ကျပ်ဈေးနဲ့ အရောင်း အဝယ်ဖြစ်ခဲ့တာကြောင့် ယခင်နှစ်ထက်တစ်တင်းကို ၃၂၀၀ ကျပ် ပိုမြင့်လာခဲ့တာကို တွေ့ရပါတယ်။

ဟင်္သာတကုန်စည်ဒိုင် ဈေးကွက်သို့ မြို့နယ်ကျေးရွာများမှ ပဲဝင် ရောက်မှုလည်း နည်းလာပါတယ်။ မတ်ပဲအရောင်းအဝယ်ဖြစ်မှုအနေနဲ့ ပဲဈေးမြင့် လာတဲ့ ဇူလိုင်လတတိယပတ်မှာ တစ်နေ့ အိတ် ၂၀၀၀ ကျော်ခန့်ရှိပြီး၊ ယခုတစ် ပတ်မှာ ပျမ်းမျှအိတ် ၁၈၀၀ ခန့် အရောင်းအဝယ်ပြုလုပ်နိုင်ကြောင်း သိရပါတယ်။  မတ်ပဲစီးထွက်မှုအနေနဲ့ ယခင်နှစ် ဇူလိုင်လတစ်လလုံးမှာ အိတ် ၁၃၀၀၀၀ ခန့် ရန်ကုန်ဈေးကွက်သို့တင်ပို့နိုင်ခဲ့ပြီး၊ ယခုနှစ် ဇူလိုင်လတစ်လလုံးမှာ အိတ် ၈၅၀၀၀ ခန့်တင်ပို့နိုင်ခဲ့ပါတယ်။ ယခုနှစ်မှာ မတ်ပဲဈေးဟာ ယခင်နှစ်ထက် ပိုမြင့်သော်လည်း မတ်ပဲစီးထွက်မှုအနေနဲ့ လျော့နည်းရခြင်းမှာ ယခုနှစ်မတ်ပဲ တစ်ဧကအထွက်နှုန်း နည်းသွားတာကြောင့် တင်ပို့မှုလည်းယခင်နှစ်ထက် အနည်းငယ် လျော့နည်းခြင်း ဖြစ်ကြောင်း သိရပါတယ်။                                   အေးအေးခိုင်
 

Monday, 27 Aug 2012

မြန်မာ-တရုတ်နယ်စပ်ရှိ မူဆယ် မှ တစ်ဖက်ရွှေလီသို့ ဇူလိုင်လ ၂၅ ရက်မှ ၃၁ ရက်ထိကာလအတွင်းမှာ ကန်ဒေါ်လာသုည ဒသမ ၀၄၉ သန်းတန်ဖိုးရှိ စွန်တာနီ/ပြာ ၇၅ တန်ကျော်၊ ကန်ဒေါ်လာ သုည ဒသမ ၀၀၈ သန်းတန်ဖိုးရှိ ထောပတ်ပဲ တန် ၁၅၀ ၊ ကန် ဒေါ်လာ သုညဒသမ ၀၁၂ သန်းတန်ဖိုးရှိ  နိုင်လွန်ပဲ တန် ၂၀၊ ကန်ဒေါ်လာ သုည ဒသမ ၀၄၃ သန်းတန်ဖိုးရှိ ပဲနီကြား ၅၅ တန်ကျော်နဲ့ ကန်ဒေါ်လာသုညဒသမ ၀၁၇ သန်းတန်ဖိုးရှိ ပဲပုပ်စေ့ ၂၅ တန်ကျော် အပို့ရှိခဲ့ပါ တယ်။ ဇူလိုင်လအတွင်းမှာ စွန်တာနီ/ပြာ ၂၄၂ တန်ခန့်၊ ထောပတ်ပဲ ၂၈၉ တန်ခန့်၊ ပဲနီကြား ၂၇၆ တန်ခန့်နဲ့ ပဲပုပ်စေ့ ၃၈၉ တန်ကျော် တင်ပို့နိုင်ခဲ့ပါတယ်။MIRT(DOBT)

Pages