Main menu

Background

Sunday, 8 Jul 2012

    ဟင်္သာတကုန်စည်ဒိုင်ဈေးကွက်ရဲ့ မတ်ပဲဈေးမှာ ယခင်တစ်ပတ်က တစ်တင်း ကို ၁၃၈၀၀ ကျပ်ဈေးနဲ့ အရောင်းအဝယ်ဖြစ်နေပြီး၊ ယခုတစ်ပတ် မတ်ပဲဈေးကွက် မှာ ရန်ကုန်ကုန်သည်နဲ့ ဒေသခံကုန်သည်များ အဝယ်လိုက်လာတဲ့အတွက် တစ် တင်းကို ၁၅၂၀၀ ကျပ်ဈေးနဲ့ အရောင်းအဝယ်ဖြစ်လျက်ရှိတယ်လို့သိရပါတယ်။ မတ်ပဲဈေးမြင့်တက်လာတာကြောင့် အရောင်းအဝယ်ဖြစ်မှုလည်း ပိုများလာပါတယ်။ မတ်ပဲစီးထွက်မှုအနေနဲ့ ရန်ကုန်ဘုရင့်နောင်ဈေးကွက်ကို တစ်နေ့ အိတ် ၂၀၀၀ ခန့် တင်ပို့နိုင်တယ်လို့သိရပါတယ်။အေးအေးခိုင်

Sunday, 8 Jul 2012

    အိန္ဒိယဈေးကွက်အများစုမှာလည်း မတ်ပဲဈေးဆက်တိုးလာပါတယ်။ မွန်ဘိုင်း ဈေးကွက်မှာတော့ မြန်မာ့မတ်ပဲဈေးက အပြောင်းအလဲရှိနေပါတယ်။ ဈေးကွက် များကို ဝင်ရောက်မှုနည်းလာပြီး အဝယ်တက်တာကြောင့် ဈေးမြင့်ခဲ့ခြင်းဖြစ်ပါ တယ်။ လွန်ခဲ့တဲ့ ရက်အနည်းငယ်မှာ ဈေးအနိမ့်နဲ့  ရောင်းချမှုများလာတာကြောင့် ဒေသတွင်းဈေးကွက်ကို မတ်ပဲဝင်ရောက်မှု  ကျဆင်းခဲ့တယ်လို့ သိရပါတယ်။ ဒါ့အပြင် အနိမ့်ဆုံးထောက်ပံ့ဈေးနှုန်း တိုးမြင့်ခြင်းကလည်း လက်ငင်းဈေးကွက်မှာ မတ်ပဲဈေးကို ခိုင်မာစေသလို မတ်ပဲခွဲခြမ်းဈေးမှာလည်း မြင့်နေခြင်း ဖြစ်ပါတယ်။ ဇွန်လ ၂၉ ရက်မှာ မွန်ဘိုင်းဆိပ်ကမ်းကို မြန်မာမတ်ပဲကွန်တိန်နာ ၁၀ လုံး ဝင် ရောက်ကြောင်း သိရပါတယ်။ ဈေးကွက်တွေမှာ ဖြစ်ပေါ်တဲ့ ဈေးနှုန်းများ နှိုင်းယှဉ် ဖော်ပြလိုက်ပါတယ်-

Sunday, 8 Jul 2012

    ရန်ကုန်တိုင်းဒေသကြီး ဘုရင့်နောင်ကုန်စည်ဒိုင် FOB ဈေးကွက်မှာ ယခု တစ်ပတ်လည်း မတ်ပဲရောင်းဝယ်မှု အားကောင်းေ နကြောင်း သိရပါတယ်။ ဇွန် ၂၉ ရက်မှ ဇူလိုင်လ ၅ ရက်အထိ မတ်ပဲ SQ ၊ FAQ စုစုပေါင်းတန်ချိန် ၂၅၀၀၀ နီးပါး အရောင်းအဝယ် စာချုပ်ခဲ့ကြောင်း သိရပါတယ်။

Monday, 2 Jul 2012

    ယခုနှစ် ပြည်တွင်းသကြားဈေးနှုန်းမှာ ဈေးနည်းပြီးဈေးနှုန်းငြိမ်နေခြင်းကြောင့် ပြည်ပမှသကြားများနယ်စပ်မြို့ အချို့ တွင်သာ အဝင်ရှိပြီး၊ ပြည်တွင်းကို အဝင်မရှိသလောက်နည်းကြောင်း သကြားစက်ပိုင်အချို့ထံမှ သိရပါတယ်။

Monday, 2 Jul 2012

    မြန်မာတရုတ်နယ်စပ်ရှိ မူဆယ် ၁၀၅ မိုင်မှ ကန်ဒေါ်လာ ၉၂၁၃၀ တန်ဖိုးရှိ သကြား ၁၅၄ တန်ခန့်ကို ဇွန်လ ၂၀ ရက်မှ ၂၆ ရက်ထိကာလအတွင်းမှာ အပို့ ရှိခဲ့ပါတယ်။ ယခင်အပတ်ကထက် ၈၅ တန်ပိုမိုတင်ပို့နိုင်ခဲ့ပါတယ်။ ယခင်နှစ်များက သကြားကို တရုတ်ပြည်ကတင်သွင်းနေရပေမဲ့ ယခုနှစ်မှာ မြန်မာသကြားများ တင်ပို့ ခွင့်ရနေတာ တွေ့ရပါတယ်။ ယခုအပတ် အတွင်းမှာ သကြားချည်းပဲ သီးသန့်ကားစီးလုံးတိုက် ဝင်လာမှုကို ထူးထူးခြားခြားတွေ့ရတယ်လို့ သိရပါတယ်။ MIRT(DOBT)

Monday, 2 Jul 2012

    မိုးတွင်းကာလ ဝင်ရောက်လာပြီဖြစ်သော်လည်း အာရှရော်ဘာဈေးနှုန်းတွေ ကျဆင်းလျက်ရှိတယ်။ ကမ္ဘာ့စီးပွားရေးဖွံ့ဖြိုး တိုးတက်မှုနှေးနေရာ ကုန်စည်ဝယ်လိုအားနည်းနေချိန်မှာ ရော်ဘာစိုက်ပျိုးထုတ်လုပ်တဲ့ နိုင်ငံတွေရဲ့ ရော်ဘာထုတ်လုပ်မှု ပိုလျှံနေခြင်းကြောင့် ဈေးနှုန်းအားနည်းလာခြင်းဖြစ်တယ်။ ၂၀၁၂  ခုနှစ်မှာ ရော်ဘာထုတ်လုပ်မှု  ၇ ဒသမ ၈ ရာခိုင်နှုန်းတိုးတက် ကာ တန်ချိန် ၁၁ ဒသမ ၈ သန်း ထုတ်လုပ်နိုင်မယ်လိ့ု နိုင်ငံတကာ ရော်ဘာလေ့လာရေးအဖွဲ့က ခန့်မှန်းထားတယ်။

Monday, 2 Jul 2012

    ကန်ဒေါ်လာ ၁ ဒသမ ၄၇၁ သန်းတန်ဖိုးရှိတဲ့ ရော်ဘာအဆင့်စုံ တန် ၄၅၀ ဝန်းကျင်ကို နယ်စပ်ကုန်သွယ်ရေး စခန်း များဖြစ်တဲ့ မူဆယ်၊ ချင်းရွှေဟော်၊ လွယ်ဂျယ်နဲ့ မြိတ်တို့မှ ဇွန်လ ၂၀ ရက်မှ ၂၆ ရက်အတွင်းမှာ အပို့ရှိခဲ့ပါတယ်။ ယခင် အပတ်တင်ပို့မှုမှာ တန် ၉၁၀ ကျော်ရှိခဲ့ရာ ယခုအပတ်မှာ ထက်ဝက်ကျော်ခန့် တင်ပို့မှု လျော့နည်းခဲ့ပါတယ်။

Monday, 2 Jul 2012

    တရုတ်နဲ့မလေးရှားနိုင်ငံများသို့ ဇွန်လ ၁၇ ရက်မှ ၂၃ ရက်အတွင်းမှာ ကန်ဒေါ်လာ ၁ ဒသမ ၂၉၄ သန်းတန်ဖိုးရှိ ရော်ဘာ ၄၂၅ တန်ကျော်အပို့ရှိခဲ့ရာ ယခင်အပတ်ကတင်ပို့မှုနဲ့နှိုင်းယှဉ်လျှင် ၃ ဆကျော်ပိုမို ခဲ့ပါတယ်။ တရုတ်သို့ကန်ဒေါ်လာ ၁ ဒသမ ၂၃၈ သန်းတန်ဖိုးရှိတဲ့ MSR-50   ၄၀၆ တန်ခန့်နဲ့ မလေးရှားသို့ ကန်ဒေါ်လာ သုည ဒသမ ၀၅၆ သန်းတန်ဖိုးရှိ RSS-5 တန် ၂၀ တင်ပို့ခဲ့ တာဖြစ်ပါတယ်။ ယခုအပတ်ရန်ကုန် FOB ပျမ်းမျှပေါက်ဈေး တွေကတော့ RSS-1 ဒေါ်လာ ၂၉၀၀-၃၀၀၀၊ RSS-3 နဲ့MSR-20  ဒေါ်လာ ၂၈၀၀-၂၉၀၀၊ RSS-5 နဲ့ MSR-50    ဒေါ်လာ ၂၇၀၀-၂၈၀၀ အသီးသီးဖြစ်ပါတယ်။MIRT(DOBT)

Monday, 2 Jul 2012

    အိန္ဒိယနိုင်ငံ တမီနာဒူးလ်စိုက်ပျိုးရေးတက္ကသိုလ်ရဲ့ ပို့ကုန်လုပ်ငန်းနဲ့ ပြည်တွင်း ဈေးကွက်သတင်းစုံစမ်းရေးအဖွဲ့ DEMIC ရဲ့ လေ့လာဆန်းစစ်ချက်အရ ယခုနှစ် လာမဲ့ပြောင်းရာသီဖြစ်တဲ့အောက်တိုဘာမှ ဒီဇင်ဘာအတွင်း ပြောင်းတင်ပို့မှုနဲ့ ဝယ် လိုအားမြင့်တက်လာတဲ့အတွက် ပြောင်းဈေးနှုန်းမှာ တစ်တန်ကို ရူပီး ၁၁၀၀၀ မှ ၁၁၅၀၀ (ဒေါ်လာ ၁၉၃ မှ ၂၀၂)ထိ ရှိလာနိုင်တယ်လို့ ခန့်မှန်းထားကြပါတယ်။

Monday, 2 Jul 2012

    စက်တင်ဘာ၊ အောက်တိုဘာလကစပြီးဈေးကွက်ကို အသစ်ဝင်လာတဲ့ ရှမ်း ပြောင်းက ရာသီအစမှာ တစ်ပိဿာ ၂၁၀ ကျပ် - ၂၁၅ ကျပ်နဲ့သာ ဈေးစခဲ့ပါတယ်။ လက်ကျန်ပြောင်းဟောင်းတွေကသာ ဈေးကွက်ဝင်ပြီး၊ ပြောင်းအသစ်တွေကတော့ အစိုဓါတ်ကြောင့် ဈေးကွက်သိပ်မဝင်သေးလို့ ပြောင်းဟောင်းကတော့ တစ်ပိဿာ ၃၀၀ကျပ် - ၃၁၅ ကျပ်ဈေးသာရှိ ပါတယ်။

Pages