Background
ဒီတစ်ပတ်နနွင်းဈေးကလည်း နည်းနည်းအေးလာပါတယ်။ ဟိုပုံးဈေးကွက်မှာ နနွင်းခြောက်တွေ အဝင်များလာပြီး၊ ဈေးကလည်းအနည်းငယ်ပြန်ကျလာပါတယ်။ သြင်္ကန်မှာ အလှူအတန်းလုပ်ဖို့အတွက် ငွေလိုတဲ့တောင်သူတွေကလည်း ထုတ်ရောင်းနေကြတာရယ်၊ တရုတ်ဝယ်လက်က အဝယ်ရပ်သွားတာရယ်ကြောင့် ဈေးပြန်ကျလာတယ်လို့ ဒေသခံတွေထံက သိရပါတယ်။
မြန်မာ - တရုတ်နယ်စပ်ရှိ မူဆယ်မှ ကန်ဒေါ်လာ သုည ဒသမ ၂၈၆ သန်းတန်ဖိုးရှိ နနွင်းတက် (ရှမ်း) ၁၈၄ တန်ကျော်နဲ့ မြန်မာ - ထိုင်းနယ်စပ်ရှိ မြဝတီနယ်စပ်မှ ကန်ဒေါ်လာ သုည ဒသမ ၀၁၇ သန်း တန်ဖိုးရှိ ဒေသ ထွက်နနွင်းတက် ၁၀ တန် တင်ပို့နိုင်ခဲ့ပါတယ်။ ယခင်အပတ်က မူဆယ်နယ်စပ်မှသာ ၁၈၇ တန် တင်ပို့ခဲ့တဲ့အတွက် ယခုအပတ်မှာ ၇ တန်မျှ ပိုမို တင်ပို့နိုင်ခဲ့တာ တွေ့ရပါတယ်။ MIRT (DOBT)
ပြည်ပကို ပင်လယ်ရေကြောင်းကုန်သွယ်မှုလမ်းမှ မတ်လ ၁၁ ရက်မှ ၁၇ ရက်တာကာလအတွင်း နနွင်း ၅ တန်ကို တင်ပို့ ခဲ့ပါတယ်။ တင်ပို့ခဲ့တဲ့နိုင်ငံက စင်ကာပူနိုင်ငံပဲဖြစ်ပါတယ်။ ယခင်သီတင်းပတ် နနွင်းတင်ပို့မှုမရှိဘဲ ဒီတစ်ပတ်မှသာ တင်ပို့နိုင်ခြင်းဖြစ်ပါတယ်။ တစ်တန်ကို FOB ဈေး ပျမ်းမျှကန်ဒေါ်လာ ၇၀၀ နဲ့တင်ပို့ခဲ့လို့ စုစုပေါင်းပို့ကုန်ဝင်ငွေ ကန်ဒေါ်လာ သုံးထောင့်ငါးရာ ရရှိခဲ့ပါ တယ်။ MIRT (DOT)
ပြည်ကြက်သွန်နီဈေးကွက်သို့ ယခုတစ်ပတ်အတွင်း မကွေးတိုင်းဒေသကြီး ရေနံချောင်းမှ ကြက်သွန်နီ ၃၅ ပိဿာဝင်အိတ် ၄၀၀၀ ခန့် အဝင်ရှိပြီး တစ်နေ့အိတ် ၅၀၀ ခန့်နဲ့ အရောင်းသွက်နေပါတယ်။ အဝင်များတဲ့အတွက် ပြည်ဈေးကွက်အတွင်း ကြက်သွန်နီဈေးအနည်းငယ်ကျဆင်းနေပါတယ်။ ပွဲရုံများမှာ ကြက်သွန်နီတစ်ပိဿာ (ကြီး) ၃၅၀ ကျပ်၊ (လတ်) ၃၀၀ ကျပ်၊ (အသေး) ၂၀၀ ကျပ်တို့နဲ့ အရောင်းအဝယ် သွက်လျက်ရှိပါတယ်။ ဝင်းဝင်းခိုင်
ပြည်ပကို မတ်လ ၁၁ ရက်မှ ၁၇ ရက်တာ ကာလအတွင်း မန်ကျည်း ၂၆၈၀ ဒသမ ၉ တန်ကို ပင်လယ်ရေကြောင်းကုန်သွယ်မှုလမ်းမှ တင်ပို့ခဲ့ပါတယ်။ ဒီ သီတင်းပတ်တင်ပို့ခဲ့တဲ့ နိုင်ငံနဲ့ တန်ချိန်တွေကတော့ အင်ဒိုနီးရှားနိုင်ငံကို ၆၁၈ တန်၊ မလေးရှားနိုင်ငံကို ၈၅၀ တန်၊ ပါကစ္စတန်ကို ၆၇၃ တန်၊ စင်ကာပူနိုင်ငံကို ၄၈၉ ဒသမ ၉ တန်နဲ့ ဗီယက်နမ်နိုင်ငံကို တန် ၅၀ တို့ဖြစ်ပါတယ်။ ဒီတစ်ပတ်တင်ပို့ မှုကို ကြည့်ရင်
ဟိုပုံးချင်းခြောက် (စို) က အဝင်နည်းသွားပြီး၊ ချင်းခြောက်တွေသာ အဝင်များ လာပါတယ်။ အစိုဈေးတွေ မကောင်းတာကြောင့် အခြောက်သာပြုလုပ်ပြီး ဈေး ကွက်ကိုဝင်လာပါတယ်။ ၅ ရက်တစ်ဈေးကို ချင်းခြောက် ပိဿာချိန် ၃ ထောင်- ၄ ထောင် ခန့်အဝင်ရှိနေ ပါတယ်။ ပြီးခဲ့တဲ့အပတ်တွေက တရုတ် ဝယ်လက်တွေဝယ် ပေမဲ့ အခုတော့အဝယ်ရပ်သွားတယ် လို့လည်းသိရပါတယ်။ ဟိုပုံးဈေးကွက်မှာ အများ
ယခုတစ်ပတ် ပြည်ချင်းဈေးမှာ အပြောင်းအလဲမရှိဘဲ တစ်ပိဿာကို ချင်း (ရှယ်) ၆၅၀ ကျပ်၊ (ဂျွန်) ၅၅၀ ကျပ်၊ ချင်း (ဓါးလှီး) ၇၅၀ ကျပ်တို့နဲ့ ရောင်းဝယ် လျက် ရှိပါတယ်။ ပြည်ဈေးကွက်သို့ အောင်ပန်းချင်းများ ပိဿာ ၃၀ ဝင်အိတ် ၃၀၀ ခန့် ပုံမှန်အဝင်ရှိနေပြီး၊ တစ်နေ့ပိဿာချိန် ၄၀၀ ခန့် ပုံမှန်အရောင်းအဝယ်ဖြစ် နေပါတယ်။ ပြည်ဈေးကွက်မှတစ်ဆင့် ရခိုင်ပြည်နယ်သို့ စားသုံးမှုအဖြစ် တစ်နေ့ ပိဿာချိန် ၄၅၀ ခန့် တင်ပို့မှုရှိတယ်လို့သိရပါတယ်။ဝင်းဝင်းခိုင်
အိန္ဒိယနိုင်ငံ ဒေလီဈေးကွက်အတွင်း ကုလားပဲလက်ငင်းဈေးက တစ်တန် ရူပီး ၃၇၂၅၀ (ကန်ဒေါ်လာ ၇၂၇)ဖြစ်နေလို့ ယခင်နှစ်ကာလတူဈေးနဲ့ ယှဉ်ရင် ၃၀ ရာခိုင်နှုန်း ပိုမိုမြင့်တက်နေပါတယ်။ အဓိက ဈေးမြင့်တက်ရတဲ့ အကြောင်းရင်း ကတော့ အနိမ့်ဆုံးထောက်ပံ့ဈေးနှုန်းကို တစ်တန် ရူပီး ၇၀၀၀(ကန်ဒေါ်လာ ၁၃၇) တိုးပြီး၊ ရူပီး ၂၈၀၀၀ (ကန်ဒေါ်လာ ၅၅၈)သတ်မှတ်ခဲ့တာကြောင့်လို့ ဆိုပါတယ်။
ပြည်ဈေးကွက်အတွင်း ကုလားပဲဈေးမှာ ယခင်အပတ်က တစ်တင်း ၁၆၀၀၀ ကျပ်နဲ့ အရောင်းအဝယ်ရှိပြီး၊ ယခုတစ်ပတ်မှာ တစ်တင်း ၁၆၅၀၀ ကျပ်နဲ့ အရောင်း အဝယ်ဖြစ်ခဲ့ပါတယ်။ ပန်းတောင်းနဲ့ ကံမဘက်မှ အဝင်ရှိသလို အောင်လံဘက်မှ လည်း ကုလားပဲများအဝင်ရှိကြောင်း သိရပါတယ်။ ပဲသစ်များ အဝင်များလာပေမယ့် ကုလားပဲ ဈေးမှာ အနည်းငယ်သာ အတက်အကျရှိနေခဲ့ပါတယ်။
အိန္ဒိယပြည်တွင်းဈေးကွက်တွေမှာ ယခုတစ်ပတ်မှာလည်း ကုလားပဲဈေးဆက် လက် ခိုင်မာနေပါတယ်။ သီတင်းပတ်အစပိုင်းမှာ အဝယ်ပါးပြီး ဈေးပြန်ကျလာပေမဲ့ သီတင်းပတ်နှောင်းပိုင်းမှာတော့ ကုလားပဲဈေး ပြန်ခိုင်မာလာပါတယ်။ ကြိုပွိုင့်ဈေး မြင့်တက်ခြင်းနဲ့အတူ လက်ငင်းအဝယ်ရှိလာလို့ ဈေးပြန်ခိုင်မာလာခြင်းဖြစ်ပါတယ်။ ပြည်ပကတင်သွင်းလာတဲ့သြစတြေးလျကုလားပဲကို ဝယ်လိုအားကောင်းနေပြီး ဈေး ဆက်လက် ခိုင်မာဖွယ် ရှိတယ်လို့ ခန့်မှန်းကြပါတယ်။