Main menu

Background

Friday, 23 Mar 2012

    မုံရွာကုန်စည်ဒိုင် မတ်လ လဝက် ပဲစင်းငုံနီဈေးကွက်မှာ ရန်ကုန်ဝယ်လက်တွေ အဝင်အေးလို့ ဈေးကျကာ အရောင်းအဝယ်အေးနေတယ်လို့ ကုန်သည်ရပ်ကွက်က ဆိုပါတယ်။ ရန်ကုန်ဝယ်လက်အများစုက ပေါက်ဈေးချင်း တူရင် သယ်ယူစရိတ် သက်သာမဲ့ ပခုက္ကူနဲ့ မန္တလေးကုန်သည်တွေဆီကသာ ဝယ်ယူနေကြလို့ မုံရွာ ဈေးကွက်မှာ အခုလို

Friday, 23 Mar 2012

    ယခုတစ်ပတ် အိန္ဒိယပြည်တွင်းဈေးကွက်တချို့မှာ ပဲစင်းငုံဈေး တိုးလာတာ တွေ့ရပါတယ်။ဒေသတွင်းက ပဲစင်းငုံဝင်ရောက်မှု အားနည်းလာပြီး မဟာရပ်ရှတရာ ပဲစင်းငုံကို ဝယ်လိုအားတက်လာလို့ ဈေးတက်လာခြင်း ဖြစ်တယ်လို့ သိရပါတယ်။ အချို့ဈေးကွက်တွေမှာ

Friday, 23 Mar 2012

    ရန်ကုန်တိုင်းဒေသကြီး ဘုရင့်နောင်ကုန်စည်ဒိုင် ၤဥြ ဈေးကွက်မှာ ပဲစင်းငုံ အရောင်းအဝယ်ဖြစ်မှု ယခင်တစ်ပတ်ထက် ပိုလာပါတယ်။ မတ်လ ၁၀-၁၅ ရက် အတွင်းပဲစင်းငုံ ဖြူနီ၊ အနီနဲ့ ခွဲခြမ်း စုစုပေါင်း တန်ချိန် ၁၂၅၀၀ ကျော်ထိ အရောင်း အဝယ်စာချုပ်နိုင်တာတွေ့ရပါတယ်

Friday, 23 Mar 2012

    ပင်လယ်ရေကြောင်းက ပဲစင်းငုံတင်ပို့မှုမှာ ဆက်လက်ကျဆင်းနေရာ ယခု တစ်ပတ် (မတ်လ ၅-၉ ၇က်) အတွင်းမှာ တန်ချိန် ၆၂၀၀ ခန့်သာ တင်ပို့နိုင်တာ တွေ့ရပါတယ်။ ပဲစင်းငုံတင်ပို့မှုမှာ ၃ ပတ်ဆက်တိုက် ကျဆင်းလာတာဖြစ်ပါတယ်။ ယခုဘဏ္ဍာနှစ် မတ်လ ၉ ရက်အထိ ပဲစင်းငုံတင်ပို့မှု စုစုပေါင်း တန်ချိန် ၂၉၇၀၀၀ ကျော်ရှိပြီး ဝင်ငွေမှာ ကန်ဒေါ်လာ

Friday, 23 Mar 2012

    ဟင်္သာတပဲဈေးကွက်ကို ခရိုင်အတွင်းရှိ မြို့နယ်များ၊ မြို့နယ်အနီးအနားရှိ ကျေးရွာများမှ မတ်ပဲအသစ်များ တစ်ရက်ကို အိတ် ၄၀၀၀ ခန့် အရောင်းအဝယ် သွက်နေကြောင်း သိရပါတယ်။ မတ်ပဲဈေးနှုန်းမှာ ယခင်တစ်ပတ်က တစ်တင်း ၁၁၇၀၀ ကျပ်နဲ့အရောင်းအဝယ်ဖြစ်ခဲ့ပြီး၊ ယခုတစ်ပတ်မှာ တစ်တင်း ၁၂၈၀၀ ကျပ် ဈေးနဲ့ ယခင်တစ်ပတ်ထက် ပိုပြီးဈေးမြင့်လာပါတယ်။ ရန်ကုန် ဘုရင့်နောင် ဈေးကွက်ကိုလည်း နေ့စဉ် ပျမ်းမျှအိတ် ၁၈၀၀ ခန့် တင်ပို့နိုင်ကြောင်း သိရပါတယ်။အေးအေးခိုင်

Friday, 23 Mar 2012

    မတ်ပဲအသစ်များ ပြည်ပဲဈေးကွက်ကို ပြည်၊ အောင်လံကြား ရွာများမှ တစ်နေ့ ကို အိတ် ၅၀၀-၆၀၀ ခန့် ဝင်ရောက်တယ်လို့ သိရပါတယ်။ ပဲသစ်တစ်တင်းကို ၁၂၂၀၀ ကျပ်အဟောင်းတစ်တင်းကို ၁၁၀၀၀ ကျပ်ဈေးနဲ့ အရောင်းအဝယ်ဖြစ် တယ်လို့ သိရပါတယ်။ယခင်တစ်ပတ်က ပဲသစ်သာ အရောင်းအဝယ်ဖြစ်ပြီး၊ ပဲဟောင်း အရာင်းအဝယ်မဖြစ်ဘဲ ယခုတစ်ပတ်မှာတော့ ပဲသစ်၊ပဲဟောင်း ၂ မျိုး စလုံးအရောင်းအဝယ်ဖြစ်တယ်လို့ သိရပါတယ်။ ပဲသစ်ရောင်းဝယ်မှုကတော့ တစ် နေ့ကို ဝင်သလောက်အဝယ်ဖြစ်ပြီး၊ အဟောင်းကတော့တစ်နေ့အိတ် ၁၀၀၀ ခန့် အဝယ်ရှိတယ်လို့သိရပါတယ်။ ပြည်မှ ရန်ကုန်ဘုရင့်နောင်ကို တစ်နေ့ အိတ် ၂၅၀၀ ခန့် တင်ပို့မှုရှိတယ်လို့ သိရပါတယ်။မိမိအေး

Friday, 23 Mar 2012

    အိန္ဒိယပြည်တွင်း လက်ကားဈေးကွက်တွေမှာ ယခုတစ်ပတ် မတ်ပဲဈေး တည် ငြိမ်နေတာ တွေ့ရပါတယ်။ မွန်ဘိုင်းဈေးကွက်ကို မတ်ပဲဝင်ရောက်မှု အနည်းငယ် လျော့ကျခဲ့လို့ တင်သွင်းမတ်ပဲဈေးတော့အနည်းငယ်တိုးလာခဲ့ကြောင်း သိရပါတယ်။ မတ်ပဲခွဲခြမ်းကို ဝယ်လိုအားပါးပေမဲ့ ဈေးနှုန်းတည်ငြိမ်နေပြီး မတ်ပဲ SQ ကိုတော့ ဝယ်လိုအား တက်နေတယ်လို့ သိရပါတယ်။ ဈေးကွက်အတွင်းဖြစ်ပေါ်တဲ့ ဈေးနှုန်း များ နှိုင်းယှဉ်ဖော်ပြလိုက်ပါတယ်-    ဒေါ်လာ/တန်                 ၁၅-၃-၂၀၁၂    ၁၄-၃-၂၀၁၂    ၁၃-၃-၂၀၁၂    ၁၂-၃-၂၀၁၂မွန်ဘိုင်း            ၆၁၁              ၆၁၁              ၆၁၀              ၆၁၃ဒေလီ           ၄၈၁-၅၄၁       ၄၈၀-၅၄၁      ၄၈၀-၅၄၀        ၄၈၃-၅၄၃အာကိုလာ     ၅၆၁-၆၀၁       ၅၆၁-၆၀၁       ၅၆၀-၆၀၀        ၅၆၃-၆၀၃MIRT(MAPT)

Friday, 23 Mar 2012

ရန်ကုန်တိုင်းဒေသကြီး ဘုရင့်နောင်ကုန်စည်ဒိုင် FOB ဈေးကွက်မှာ ယခု တစ်ပတ်(မတ်လ ၁၀-၁၅ ရက်) အတွင်းမတ်ပဲ ၤဗျှ များသာ အရောင်းအဝယ် ဖြစ်ပြီး စုစုပေါင်းတန်ချိန် ၁၇၆၀၀ ခန့် အရောင်းအဝယ် စာချုပ်နိုင်ကြောင်း သိရပါ တယ်။ ယခုတစ်ပတ်အတွင်း ပို့ကုန်ဝင်ငွေ တစ်ယူနစ်တန်ဖိုး တက်လာတဲ့အပြင် အိန္ဒိယတင်ဒါအလားအလာအရ ဝယ်လိုအားကောင်းတာကြောင့် မတ်ပဲဈေးမြင့် တက်လာခဲ့တာ တွေ့ရပါတယ်။ ယခင်တစ်ပတ်လုံးဈေးကျဆင်းနေခဲ့ရာမှ ယခုတစ် ပတ်မှာမတ်ပဲဈေး ပြန်ဦးမော့လာခဲ့ပါတယ်။ ရန်ကုန် FOB ဈေးကို ယခင် တစ်ပတ်နဲ့ နှိုင်းယှဉ်ဖော်ပြလိုက်ပါတယ်-                                                   FAQ(အဟောင်း)    FAQ(အသစ်)      SQ(အဟောင်း)     SQ(အသစ်)၁၆-၃-၂၀၁၂    ၄၉၀-၅၁၀           ၅၃၀-၅၅၀            ၅၃၀-၅၅၀            ၅၉၀-၆၁၀၉-၃-၂၀၁၂       ၄၆၀-၄၈၀          ၅၀၀-၅၂၀            ၅၀၀-၅၂၀            ၅၅၀-၅၇၀MIRT(MAPT)

Friday, 23 Mar 2012

    ယခုတစ်ပတ်အတွင်း မတ်ပဲတင်ပို့မှု ပြန်လည်တိုးတက်လာခဲ့ပါတယ်။ ယခင် တစ်ပတ်က မတ်ပဲတန်ချိန် ၅၂၀၀ ကျော်သာ တင်ပို့မှုရှိခဲ့ရာမှ မတ်လ ၅ ရက်မှ ၉ ရက်အထိ ယခုတစ်ပတ်အတွင်းမှာတော့ တန်ချိန် တစ်သောင်းနီးပါး ပြန်လည် တင်ပို့နိုင်တာ တွေ့ရပါတယ်။

Monday, 12 Mar 2012

    ၂၀၁၅ ခုနှစ်မှာ နယ်စပ်တံခါးများ ပွင့်လာတော့မယ့် အာဆီယံစီးပွားရေးအသိုင်းအဝန်း (ဗနဃ)မှာ ၎င်းတို့ ဈေးကွက်တိုးချဲ့ဖို့ အတွက် ထိုင်းသကြားစက်များက ၎င်းတို့ ထုတ်ကုန်အရည်အသွေး တိုးမြှင့်လိုကြောင်း သိရပါတယ်။ အဖွ့ဲဝင် ၄၇ ဦးပါဝင်တဲ့ ထိုင်း သကြားစက်ကော်ပိုရေးရှင်း (TSMC) ဥက္ကဋ္ဌ Vibul  Panituong က ၎င်းရဲ့အုပ်စုဟာ သကြားအရည်အသွေးကို လာမယ့်နှစ်မှာ သကြားစံနှုန်း Polarisation  ၉၉ ဒသမ ၂ အဆင့်ထိ တိုးမြင့်သွားဖို့ စီစဉ်နေတယ်လို့ ဆိုပါတယ်။

Pages