Background
ယခုအချိန်ဟာ မကွေးတိုင်းဒေသကြီးအတွင်း ကြက်သွန်နီထွက်ရှိတဲ့ ကာလဖြစ်လို့ ပြည်ဈေးကွက်ကို ယခုတစ်ပတ်မှာ ၃၅ ပိဿာဝင်အိတ်၄၀၀၀ ခန့် အဝင်ရှိပြီး၊ တစ်နေ့ကို အိတ် ၄၀၀ ခန့်ဝင်သလောက်အရောင်းအဝယ်သွက်နေပါတယ်။ အဝင် များတဲ့ အတွက် ပြည်ဈေးကွက်အတွင်း ကြက်သွန်နီဈေးမှာ ပုံမှန်အတိုင်းရှိလို့ ပွဲရုံများမှာ ကြက်သွန်နီ တစ်ပိဿာ (ကြီး) ၅၅၀-၅၀၀ ကျပ်၊ (အလတ်) ၄၅၀ ကျပ်၊ (အသေး) ၄၀၀ကျပ်တို့နဲ့ အရောင်းအဝယ်ဖြစ်နေတယ်လို့ သိရပါတယ်။ဝင်းဝင်းခိုင်
ပြည်ငရုတ်ခြောက်ဈေးမှာ ယခင်အပတ်ဈေးအတိုင်း ရှိနေပြီး၊ အောင်လံဘက်မှ ငရုတ်ခြောက်များ ယခုတစ်ပတ်မှာ ပိဿာ ၂၀ ဝင်အိတ်၊ ၇၅၀ ခန့် အဝင်သွက်နေပါတယ်။ အရောင်းအဝယ်အားဖြင့်လည်း အပတ်စဉ် ဝင်သလောက်ကို ငရုတ်သီးမှုန့်လုပ်ငန်းများလက်လီ၊ လက်ကားရောင်းဝယ်သူ များနဲ့ အရောင်းအဝယ် သွက်နေပါတယ်။ ပြည်ဈေးကွက်ရှိ ယခုတစ်ပတ် ငရုတ်ခြောက်ဈေးမှာ တစ်ပိဿာကို (အရှည်) ၂၆၀၀ ကျပ်၊ (မိုးထောင်) ၂၉၀၀ ကျပ်၊ (အပွ) ၃၇၀၀ ကျပ် တို့နဲ့ ရောင်းဝယ်နေကြပြီး၊ ရခိုင်ပြည်နယ်ကိုလည်း ပြည်ဈေး ကွက်မှ တစ်ဆင့် တစ်ရက်ကို အိတ် ၃၀ ခန့် တင်ပို့မှုရှိတယ်လို့ သိရပါတယ်။ ဝင်းဝင်းခိုင်
ယခုရာသီအတွင်း နနွင်းဈေးပုံမှန်မရရှိနိုင်တာကြောင့် ဘင်္ဂလားဒေ့ရှ်နိုင်ငံအတွင်း ဈေးကွက်များမှာ နနွင်း ပမာဏများနေ ခြင်းက ဒေသအသီးသီးကစိုက်ပျိုးသူများအတွက် ဝန်ထုပ်ဝန်ပိုးဖြစ်လာပါတယ်။ အိန္ဒိယက ဈေးအနိမ့်နဲ့ တင်သွင်းမှုတွေကြောင့် ဈေးပိုမိုကျဆင်းဖို့ဖြစ်လာခြင်းကလည်း ပြဿနာများစွာရှိစေပါတယ်။
ရှမ်းနနွင်းဈေးမှာ ဈေးအေးနေပေမယ့် ဒီတစ်ပတ်မှာတော့ ဈေးအနည်းငယ်ပြန်တက်လာပါတယ်။ တရုတ်ဘက်က အဆွဲရှိတဲ့အတွက် ဈေးတက်လာတယ်လို့လည်း သိရပါတယ်။ ဟိုပုံးနနွင်းဈေးကွက်မှာ တစ်ပိဿာ ကို ၉၀၀ ကျပ်ရှိပါတယ်။ မူဆယ်ဘက်က အဆွဲရှိလို့ ပိဿာချိန် တစ်သောင်းခွဲနှစ်သောင်းခန့် အရောင်းအဝယ်ဖြစ် ခဲ့တယ်လို့ သိရပါတယ်။ အောင်ပန်း ဈေးကွက်မှာတော့ နနွင်းအဝင်နည်းနေသေးပါတယ်။ အောင်ပန်းနနွင်းဈေးမှာ တစ်ပိဿာကို ၆၀၀ ကျပ်မှ ၈၀၀ ကျပ်ဈေး ရှိနေပါတယ်။ လက်လီအနည်းငယ်သာ အရောင်းအဝယ်ဖြစ်နေတယ်လို့လည်း သိရပါတယ်။ ဆင်တောင်နနွင်းကတော့ တစ် ပိဿာကို ၁၀၀၀ ကျပ်ဈေးရှိတယ်လို့ သိရပါတယ်။ SYH
ပြည်ပကို ပင်လယ်ရေကြောင်းကုန်သွယ်မှုလမ်းမှ ဖေဖော်ဝါရီလအတွင်းနနွင်းတင်ပို့မှုက ၁၅တန်ရှိခဲ့ပြီးဇန်နဝါရီလ နနွင်း တင်ပို့မှုက ၃၆ တန်ရှိခဲ့တာကြောင့် ဖေဖော်ဝါရီလမှာ နနွင်းတင်ပို့မှုအားလျော့ခဲ့ပါတယ်။ ကာလတူကာလဖြစ်တဲ့ ၂၀၁၁ ခုနှစ် ဖေဖော်ဝါရီလ နနွင်းတင်ပို့မှု တန်ချိန် ၇၆ တန်ရှိခဲ့တာကြောင့် ဒီနှစ်ဖေဖော်ဝါရီလရဲ့ နနွင်းတင်ပို့မှုက ယခင်နှစ် ဖေဖော်ဝါရီလ တင်ပို့မှုထက်အားလျော့ခဲ့ပါတယ်။ MIRT (DOT)
ဟိုပုံးချင်းဈေးကွက်မှာအရောင်းအဝယ်အေးနေပါတယ်။အဝယ်မရှိသလောက် ဈေးအေးနေပြီး ချင်းအခက် ကြီး၊ တစ်ပိဿာ ၂၅၀ ကျပ်၊ အခက်ညံ့ တစ်ပိဿာ ၂၀၀ ကျပ်ရှိပါတယ်။ အရောင်းအဝယ်အေးလို့ အဝင်လည်း အနည်း ငယ်နည်းနေ တယ်လို့ သိရပါတယ်။
မြန်မာ-တရုတ်နယ်စပ်ရှိ မူဆယ် ၁၀၅ မိုင် ကုန်သွယ်ရေးဇုန်မှ ကန်ဒေါ်လာ သုည ဒသမ ၁၅၁ သန်း တန်ဖိုးရှိ နနွင်း တက် ၉၈ တန်ခန့်ကို ဖေဖေါ်ဝါရီလ ၂၉ ရက်မှ မတ်လ ၆ ရက်ထိကာလအတွင်းမှာ အပို့ရှိခဲ့ ပါတယ်။ ဧပြီလမှ ဖေဖော်ဝါရီလထိ ၁၁ လတာ ကာလမှာ နယ်စပ်မှ နနွင်းတက် တန် ၃၁၅၀ ကျော် တင်ပို့ထားပြီးဖြစ်ပါတယ်။ MIRT (DOBT)
ပြည်ပကို ဖေဖော်ဝါရီလ ၂၆ ရက်မှ မတ်လ ၃ ရက်နေ့တာကာလအတွင်း မန်ကျည်း တန်ချိန် ၁၄၄၆ ဒသမ ၀၁တန်ကို ပင်လယ်ရေကြောင်းလမ်းမှ တင်ပို့ခဲ့ ပါတယ်။ ဒီတစ်ပတ် အင်ဒိုနီးရှားကိုတန် ၃၄၇ ဒသမ ၀၁၊ ပါကစ္စတန်နိုင်ငံကို တန် ၂၅၀ ၊ စင်ကာပူနိုင်ငံကို တန် ၃၄၄ ၊ မလေးရှားနိုင်ငံကို တန် ၅၀၅ တို့ဖြစ် ပါတယ်။
အိန္ဒိယရဲ့ချင်းတင်ပို့မှုဟာယခုဘဏ္ဍာနှစ်အတွက် ပြည်ထောင်စု စီးပွားကူးသန်း ဝန်ကြီးဌာနနဲ့ ဟင်းခတ် အမွှေးအကြိုင်အဖွဲ့ရဲ့ ၉ လအတွင်း တင်ပို့ဖို့ ရည်မှန်းချက် ထက်ကျော်လွန်နေပြီလို့သိရပါတယ်။ နိုင်ငံတကာ ဈေးထက်လျော့ပြီး၊ တစ်တန် ကန်ဒေါ် လာ ၅၀၀ ဝန်းကျင်သာရှိလို့ အိန္ဒိယချင်းကို ဝယ်လိုအား မြင့်တက်နေတယ်လို့ ကုန်သည် များက ဆိုပါတယ်။
ပြည်ပကို ပင်လယ်ရေကြောင်းကုန်သွယ်မှုလမ်းမှ ဖေဖော်ဝါရီ ၂၆ ရက်မှ မတ်လ ၃ ရက်နေ့တာကာလအတွင်း ချင်း ၁၈ တန်ကို တင်ပို့ခဲ့ပါတယ်။ တင်ပို့ခဲ့ တဲ့ နိုင်ငံက စင်ကာပူနိုင်ငံပဲ ဖြစ်ပါတယ်။ ဇန်နဝါရီလ ပထမပတ်မှာ ၇ တန်တင်ပို့ ခဲ့တဲ့ချင်းက ဒီတစ်ပတ်မှသာ ပြန်လည်တင်ပို့နိုင်ခဲ့ခြင်းဖြစ်ပါတယ်။ တစ်တန်ကို အက်ဖ်အိုဘီဈေး ကန်ဒေါ်လာ ၁၆၂၅ နဲ့ တင်ပို့နိုင်ခဲ့တာကြောင့် စုစုပေါင်းပို့ကုန် ဝင်ငွေ ကန်ဒေါ်လာနှစ်သောင်းကိုးထောင်ကျော် ရရှိခဲ့ပါတယ်။ MIRT (DOT)
