Main menu

Background

Monday, 27 Feb 2012

    မကွေးတိုင်းဒေသကြီး ရေနံချောင်းဘက်က ကြက်သွန်နီများပြည်ဈေးကွက်ကို ယခုတစ်ပတ်အတွင်း ၃၅ ပိဿာဝင်အိတ် ၁၀၀၀ ခန့် အဝင်ရှိပြီး၊ အရောင်းအဝယ် မှာ တစ်နေ့ကို အိတ် ၂၅၀ ခန့် ပုံမှန်အရောင်း အဝယ်ဖြစ်နေပါတယ်။ အဝင်များ တဲ့အတွက် ကြက်သွန်နီဈေးအနည်းငယ်ကျဆင်းသွားပါတယ်။ ပွဲရုံများမှာ ကြက် သွန်နီတစ်ပိဿာ (အကြီး) ၄၀၀ ကျပ်၊ (အလတ်) ၃၅၀ကျပ်၊ (သေး) ၃၀၀ ကျပ် တို့နဲ့ ရောင်းဝယ်လျက် ရှိနေပါတယ်။ဝင်းဝင်းခိုင်

Monday, 27 Feb 2012

    အောင်ပန်းဈေးကွက်မှာတော့ ချင်းက ပုံမှန်အဝင်ရှိနေပါတယ်။ ဈေးဖိတ်နဲ့ ဈေးနေ့တွေမှာ အဝင်ပိုများပြီး ပျမ်းမျှပိဿာ ၂၀၀၀-၃၀၀၀ အဝင်ရှိတယ်လို့လည်း သိရပါတယ်။ ချင်းထိုးဖို့အတွက် ပြည်နဲ့ မန္တလေးက အဝယ်ရှိတယ်လို့ သိရပါတယ်။ မန္တလေးဝယ်လက်တွေကတော့ ပြင်ဦးလွင်ချင်းနဲ့ အောင်းပန်းချင်းကိုယှဉ်ပြီး၊ ရောင်းဖို့ ဝယ်ယူနေတာလို့လည်း သိရပါတယ်။

Monday, 27 Feb 2012

    ပြည်ဈေးကွက်ကို အောင်ပန်းချင်းများ ယခုတစ်ပတ်မှာ ပိဿာ ၃၀ ဝင် အိတ် ၅၀ ခန့်သာဝင်ရောက်လို့ အဝင်နည်းလာတာတွေ့ရပါတယ်။ အရောင်း အဝယ်မှာလည်း တစ်နေ့ကို ပိဿာချိန် ၂၀၀ ခန့်နဲ့ အေးနေပါတယ်။ ဈေးနှုန်းမှာ ယခင်အပတ်ဈေးအတိုင်း တစ်ပိဿာကို ချင်း(ရှယ်) ၆၅၀ကျပ်၊ (ဂျွန်) ၅၅၀ ကျပ် တို့ ဖြစ်ပြီး၊ ရခိုင်ပြည်နယ်ကို စားသုံးမှုအဖြစ် တစ်နေ့ ပိဿာချိန် ၁၈၀ ခန့် တင် ပို့တယ်လို့ သိရပါတယ်။ဝင်းဝင်းခိုင်

Monday, 27 Feb 2012

    ဖွံ့ဖြိုးပြီးတဲ့ ဒေသတွေကို ပြောင်းရွှေ့ခြင်း၊ ခေါက်ဆွဲ၊ စွပ်ပြုတ်ပြုလုပ်ရာမှာ တန်ဖိုးမြင့်ပဲထုတ်ကုန်သစ်များ အသုံးပြုလုပ်ခြင်းနဲ့ စားသောက်ပုံအလေ့အထ ပြောင်း လဲမှုများကြောင့် ကမ္ဘာလုံးဆိုင်ရာ ပဲဝယ်လိုအား တိုးတက်လာနေတယ်လို့ နိုင်ငံတကာ ပဲမျိုးစုံ၊ကုန်သွယ်ရေးနဲ့ စက်မှုလက်မှုအသင်းအဖွဲ့ ဥက္ကဌ Hakan  Bahceci မှ ပြော ကြားပါတယ်။

Monday, 27 Feb 2012

    အိန္ဒိယဈေးကွက်မှာ လက်ကျန်နည်းတာကြောင့် ရောင်းချမှုပါးတဲ့အတွက် ယခုတစ်ပတ်အတွင်း ကုလားပဲ ကြိုပွိုင့်ဈေး ဆက်လက်မြင့်တက်ဖွယ်ရှိနေပါတယ်။ အထွက်လျော့ကျမယ့် အခြေအနေနဲ့ ပြည်တွင်းဝယ်လိုအား ခိုင်မာနေခြင်းတို့က ကုလားပဲ ကြိုပွိုင့်ဈေးကို ဆက်လက် အထောက်အပံ့ဖြစ်နေပါတယ်။ မွန်ဘိုင်းမှာ ကျင်းပတဲ့ ညီလာခံမှာ အဓိက ပြောကြားသူများက ယခုနှစ် စားသုံးမှုလိုအပ်ချက် ပြည့်မီဖို့ တင်သွင်းမှု ပိုမိုဖွယ်ရှိတယ်လို့ ဆိုပါတယ်။

Monday, 27 Feb 2012

    အိန္ဒိယပြည်တွင်းဈေးကွက်တွေမှာ ရောင်းချမှုအကန့်အသတ်ရှိပြီး လက်တွေ့ ဝယ်လိုအားကောင်းလာလို့ ကုလားပဲဈေးအနည်းငယ်တိုးလာပါတယ်။ ကုလားပဲ အထွက်က ယခင်နှစ်ထက် ၁၀ ရာခိုင်နှုန်းခန့် ကျဆင်းနိုင်တဲ့ သတင်းများအရ ကုလားပဲကြိုပွိုင့်ဈေး ခိုင်မာနေသလို လက်ငင်းအဝယ်ရှိတာကြောင့် ဈေးတိုးလာတာ ဖြစ်ပါတယ်။

Monday, 27 Feb 2012

    ကုလားပဲဖြူလုံးကြီးများ ဈေးကွက်ထဲ ဝင်လာနေပြီဖြစ်ပြီး အိန္ဒိယနဲ့ပါကစ္စတန် က ဝယ်လိုအားကောင်းနေတဲ့အတွက် FOB   ဈေးကွက်မှာ ဖေဖော်ဝါရီလ ၁၇-၂၃ ရက်အထိ ကုလားပဲဖြူလုံးကြီး စုစုပေါင်း တန်ချိန် ၅၇၀၀ ကျော် အရောင်း အဝယ်စာချုပ်နိုင်ခဲ့ကြောင်း သိရပါတယ်။ အိန္ဒိယမှာ ပဲအထွက်လျော့တဲ့ သတင်းတွေ အရယခုတစ်ပတ်အတွင်းကုလားပဲဈေးကွက်သွက်လာခြင်းဖြစ်တယ်လို့သိရပါတယ်။

Monday, 27 Feb 2012

    ပါကစ္စတန်နိုင်ငံ အများပြည်သူ စတိုးဆိုင်များ၊ ကော်ပိုရေးရှင်းဆိုင်ခွဲများမှာ ပဲမျိုးစုံအထူးသဖြင့် ကုလားပဲ ရောင်းချမှု လျော့ကျခြင်းကို ဖြည့်ဆည်းဖို့ မတ်လ ၆ ရက်မှာ ပဲမျိုးစုံ ဝယ်ယူရေး တင်ဒါဖွင့်ဖို့ ကော်ပိုရေးရှင်းက ဆုံးဖြတ်ထားကြောင်း သိရပါတယ်။

Monday, 27 Feb 2012

    အိန္ဒိယပြည်တွင်းဈေးကွက်တွေမှာ အရည်အသွေးကြောင့် ပဲခွဲစက်များနဲ့ ကုန်သည်များမှ အရောင်းအဝယ်လှုပ်ရှားမှုနည်းပြီး ပဲတီစိမ်းဈေး တည်ငြိမ်နေပါတယ်။

Monday, 27 Feb 2012

    မြန်မာ-တရုတ်နယ်စပ်ရှိ မူဆယ် (၁၀၅) မိုင်ကုန်သွယ်ရေးဇုန်မှ ကန်ဒေါ်လာသုညဒသမ ၈၈၈ သန်းတန်ဖိုးရှိ ပဲတီစိမ်းလုံးပြည့် ၁၁၆၃ တန်၊ ကန်ဒေါ်လာ သုည ဒသမ ၀၁၄ သန်းတန်ဖိုးရှိ ပဲတီစိမ်းလုံးခြမ်း ၁၄ တန်ခွဲကို ဖေဖော်ဝါရီလ ၁၅ ရက်မှ ၂၁ ရက်ထိ ကာလအတွင်း အပို့ရှိခဲ့ပါတယ်။

Pages