Main menu

Background

Monday, 6 Feb 2012

    မုံရွာခရိုင် ၈ မြို့နယ်ရဲ့ ယခုနှစ် ကုလားပဲစိုက်ဧက ၂ သိန်းကျော်အနက် ယခုအခါ ၄ ပုံ ၁ ပုံရိတ်သိမ်းပြီး ဖြစ်သလို မုံရွာကုန်စည်ဒိုင် ပဲဈေးကွက်ထဲကို ပြီးခဲ့တဲ့ဇန်နဝါရီလကတည်းက တဖြည်းဖြည်းဝင်ရောက်လာခဲ့တာ တွေ့ရပါတယ်။

Monday, 6 Feb 2012

    အချို့ဈေးကွက်တွေကို ကုလားပဲအသစ်များ ဝင်ရောက်စပြုလာပြီဖြစ်လို့ ရန်ကုန် FOB  ဈေးကွက်မှာလည်း ကုလားပဲဖြူလုံးကြီး အသစ်များ အရောင်း အဝယ်စပြီးပြန်ဖြစ်လာပါပြီ။ ဇန်နဝါရီလ ၂၇ ရက်မှ ဖေဖော်ဝါရီလ ၂ ရက်အထိ ကုလားပဲဖြူလုံးကြီးတန် ၃၆၀ အရောင်းအဝယ်စာချုပ်နိုင်ခဲ့လို့ ယခင်တစ်ပတ် အရောင်းအဝယ်ပမာဏ တန် ၁၂၀ ထက် ပိုလာတာတွေ့ရပါတယ်။

Monday, 6 Feb 2012

    အိန္ဒိယပြည်တွင်းဈေးကွက်တွေမှာ ရောင်းလိုအားနည်းလာတာကြောင့် ပဲတီစိမ်းဈေးအနည်းငယ် ခိုင်မာလာပါတယ်။ ပဲတင်သွင်းသူများမှ ဒေါ်လာတန်ဖိုးအားပျော့လာခြင်းကြောင့် ပဲတင်သွင်းမှုနည်းခြင်းနဲ့ ပဲခွဲစက်များမှလည်း လာမယ့်ရက်တွေမှာ အဝယ်တက်လာနိုင်လို့ ဈေးမကျဆင်းနိုင်ကြောင်း ခန့်မှန်းကြပါတယ်။

Monday, 6 Feb 2012

    ဇန်နဝါရီလ ၂၅ ရက်မှ ၃၁ ရက်ထိကာလအတွင်း မူဆယ်၊ မြဝတီနဲ့ စစ်တွေနယ်စပ်စခန်းများကတစ်ဆင့် တစ်ဖက်အိမ်နီး ချင်း နိုင်ငံများသို့ ပဲတီစိမ်းလုံးပြည့် ၅၀၆ တန်ကျော်၊ တန်ဖိုး ဒေါ်လာ သုည ဒသမ ၃၅၅ သန်းဖိုးနဲ့ ပဲတီစိမ်းလုံးခြမ်း ၆၄ တန်ကျော်၊ တန်ဖိုး ဒေါ်လာ သုညဒသမ ၀၆၁ သန်းဖိုး တင်ပို့နိုင်ခဲ့ပါတယ်။

Monday, 6 Feb 2012

    အိန္ဒိယပြည်တွင်းပဲမျိုးစုံဈေးကွက်ရှိ မွန်ဘိုင်းဈေးကွက်မှာ မတ်ပဲဈေးနှုန်းတွေ တည်ငြိမ်ခိုင်မာနေတယ်။ ပြည်တွင်းပဲခွဲစက် တွေက လက်ရှိမတ်ပဲဈေးနှုန်းကို နှစ်ခြိုက်ပြီး အဝယ်များနေခြင်းက ဈေးနှုန်းကျဆင်းမှုကို ထိန်းထား ကာတည်ငြိမ်ခိုင်မာ စေတယ်လို့ သိရတယ်။

Monday, 6 Feb 2012

    ယခင်သီတင်းပတ်များက ရန်ကုန်တိုင်းဒေသကြီး FOB  ဈေးကွက်မှာ ပဲစင်းငုံသာ အရောင်းအဝယ်သွက်ပြီး ပဲတီစိမ်း ပမာဏ အသင့်အတင့်သာ အရောင်းအဝယ်ဖြစ်ခဲ့ရာမှ ယခုတစ်ပတ်မှာတော့ အရောင်းအဝယ် အကောင်းဆုံးပဲ ဖြစ်လာပါ တယ်။ ဇန်နဝါရီ ၂၇ ရက်မှ ဖေဖော်ဝါရီ ၂ ရက်အထိ ပဲတီရွှေဝါ တန်ချိန် ၁၅၀၀၀ ကျော်၊ ပဲတီစိမ်း တန် ၂၀၀၀ ခန့်နဲ့ စုစု ပေါင်းတန်ချိန် ၁၇၀၀၀ ကျော် အရောင်းအဝယ်စာချုပ်နိုင်ခဲ့ကြောင်း သိရပါတယ်။

Monday, 6 Feb 2012

    ပင်လယ်ရေကြောင်းက ပဲတီစိမ်းအဟောင်းနဲ့ အသစ်များ ဆက်လက်တင်ပို့နေရာ ယခုတစ်ပတ် (ဇန်နဝါရီ ၂၂ ရက်မှ ၂၇ ရက်) အတွင်းမှာ တန် ၃၀၀၀ တင်ပို့ခဲ့ကြောင်း သိရပါတယ်။ ဝယ်လက်ကြိုက်တဲ့ ပဲတီစိမ်းအသစ်များ ဝင်ရောက်လာနေပြီ ဖြစ်လို့ တင်ပို့မှုအားကောင်းလာတော့မှာ ဖြစ်ပါတယ်။

Monday, 6 Feb 2012

    မူဆယ် ၁၀၅ မိုင်ကုန်သွယ်ရေးဇုန် ကနေ ဇန်နဝါရီလနောက်ဆုံးပတ် အတွင်းပဲလွန်းဖြူ တန်ချိန်  ၁၅၃ တန်၊ တန်ဖိုး ကန်ဒေါ်လာ သုည ဒသမ ၁၁၅ သန်းဖိုး တင်ပို့နိုင်ခဲ့ပါတယ်။ ယခင် အပတ်ကထက် ၆၇ တန်ခန့်  ပိုမိုတင်ပို့ နိုင်ခဲ့ပါတယ်။ မိမိဘက်ဈေးမှာ ကျဆင်း သွားပြီး တစ်ဖက်နိုင်ငံ ဈေးနှုန်းမှာ ပြောင်းလဲမှု မရှိတာ တွေ့ရပါတယ်-

Monday, 6 Feb 2012

    ပဲလွန်းဖြူအသစ်များ ဈေးကွက်စုံ လာပြီဖြစ်လို့ ရန်ကုန် ၤဥြ ဈေးကွက် မှာအရောင်းအဝယ်ဖြစ်မှုပမာဏလည်း များလာပါတယ်။ ရန်ကုန် FOB  ဈေး ကွက်မှာ နေ့စဉ်အရောင်းအဝယ်ရှိပြီး ဇန်နဝါရီ၂၇ ရက်မှ ဖေဖော်ဝါရီလ ၂ ရက်အထိ ပဲလွန်းဖြူ စုစုပေါင်း တန် ၂၀၀၀ ကျော် အရောင်းအဝယ် စာချုပ် နိုင်ခဲ့ကြောင်း သိရပါတယ်။

Monday, 6 Feb 2012

    လွန်ခဲ့တဲ့ရက်များအတွင်း မဟာရပ်ရှတရာက ပဲစင်းငုံသစ်တွေ ဝင်ရောက်လာ ပြီးတဲ့နောက် ဝယ်လိုအား နည်းတာကြောင့် ပဲစင်းငုံဈေးက တစ်တန် ရူပီး ၅၀၀၀ (ကန်ဒေါ်လာ ၁၀၁)နီးပါးကျဆင်းကာ မဟာရပ်ရှတရာက ပဲစင်းငုံသစ် တစ်တန် ရူပီး ၃၇၅၀၀-၃၈၀၀၀ (ကန်ဒေါ်လာ ၇၆၁-၇၇၁)ဈေးရှိနေခဲ့ပါတယ်။

Pages