Main menu

Background

Thursday, 13 Feb 2014

မုံရွာကုန်စည်ဒိုင် ဖေဖော်ဝါရီ ပထမပတ် ပဲဈေးကွက်မှာ ပဲသစ်မျိုးစုံ အဝင် လှိုင်စပြုနေသလို အရောင်း အဝယ် သွက်နေတာ တွေ့ရပါတယ်။ အထူး သဖြင့် ယခုအပတ်မှာ နယ်စုံက ငုံနီ အဝင်လှိုင်လာကာ တစ်နေ့အိတ် ၁၀၀၀၀ ခန့်ရှိခဲ့ပြီး၊ပခုက္ကူနဲ့ရန်ကုန်ဝယ် လက်စုံခဲ့ကာတစ်ရက်အနည်းဆုံး အိတ် ၅၀၀၀ ကနေ အများဆုံး အိတ် ၈၀၀၀ ခန့်ထိ အရောင်းအဝယ်ဖြစ်ခဲ့တယ်လို့ ဒိုင်ရပ်ကွက်ကဆိုပါတယ်။ ယခုတစ် ပတ်အတွင်းမှာတော့ ငုံနီဈေးဟာ တစ် တင်း ၁၈၁၀၀ ကျပ်နဲ့ ၁၈၃၀၀ ကျပ် ကြားဈေးငြိမ်နေပြီးလှောင်လက်အဝယ် တော့ မရှိသေးဘူးလို့ သိရပါတယ်။

Thursday, 13 Feb 2014

မိုးစိုက်ပျိုးတဲ့ ပဲစင်းငုံများအားလုံး ရိတ်သိမ်းချွေလှေ့ပြီးလို့ မုံရွာကုန်စည်ဒိုင် ကို ပဲစင်းငုံအသစ်များ နေ့စဉ် အိတ်ရေ ၆၀၀၀ မှ ၈၀၀၀ ကြားဝင်ရောက်နေပြီး အဝင်လှိုင်နေပြီဖြစ်ပါတယ်။

Thursday, 6 Feb 2014

ကမ္ဘာ့ရော်ဘာ အများဆုံး တင်ပို့သော ထိုင်းနိုင်ငံက အဓိက ရော်ဘာထုတ်လုပ်သောဒေသများမှ ရော်ဘာစိုက် တောင်သူများဟာ ထိုင်းအစိုးရအားဆန္ဒပြပွဲမှာ ပါဝင်နေတဲ့ အတွက် ရော်ဘာထုတ်လုပ်မှု ကျဆင်းနိုင် တယ်လို့Von Bundit Co က ပြောကြားလိုက်ပါတယ်။ ဇန်နဝါရီလရော်ဘာ အထွက်နှုန်းဟာ ၁၀ မှ ၂၀ ရာခိုင်နှုန်းခန့်ထိ ကျဆင်းနိုင်ပြီး ဖေဖော်ဝါရီလမှာတန်ချိန် ၃ သိန်းမှ ၃ သိန်းခွဲထိအထွက် လျော့နိုင်တယ်လို့ ထိုင်းနိုင်ငံရဲ့ ရော်ဘာပြည်ပသို့တင်ပို့သော ဒုတိယအကြီးဆုံးကုမ္ပဏီ Von Bundit ရဲ့ ဒုတိယဥက္ကဌဖြစ်သူ Bundit Kerdvongbundit    ကတွေ့ဆုံမေးမြန်းခန်းတစ်ခုမှာ ပြောကြားခဲ့တာ ဖြစ်ပါတယ်။

Thursday, 6 Feb 2014

မန္တလေးတိုင်းဒေသကြီး၊ ပျဉ်းမနားခရိုင်၊ ပြင်ဦးလွင်ခရိုင်၊ မိတ္တီလာခရိုင်၊ မြင်းခြံ ခရိုင်တို့မှာ ပြောင်းဖူးစေ့ကို အဓိကထား စိုက်ပျိုးပါတယ်။ စစ်ကိုင်းတိုင်းဒေသကြီး၊ တန့်ဆည်မြို့နယ်၊ ရေဦး၊ ဒီပဲယင်းဒေသများ၊ ရှမ်းပြည်နယ်တောင်ပိုင်း၊ မြောက်ပိုင်း၊ နောင်ချို၊ ကျောက်မဲ၊ သီပေါမြို့နယ်များတွင်လည်း စိုက်ပျိုးမှုရှိပါတယ်။ မန္တလေးတိုင်း ဒေသကြီးအတွင်း မိတ္တီလာခရိုင်မှာ ဧက ၁၀၀၀၀ ကျော်၊ ပြင်ဦးလွင်မှာ ဧက ၆၀၀၀ ကျော်၊ ပျဉ်းမနားခရိုင်မှာ ဧက ၄၀၀၀ ကျော်၊ မြင်းခြံခရိုင်မှာ ဧက ၈၀၀၀ ကျော် စိုက်ပျိုးမှုရှိခဲ့ပါတယ်။

Thursday, 6 Feb 2014

တရုတ်ပြည်မှာ နှစ်သစ်ကူးပွဲတော်ချိန် ရောက်ပြီဖြစ်လို့ ၂၀၁၄ ခုနှစ် ဇန်နဝါရီ လနောက်ဆုံးပတ်မှာတော့ ကန်ဒေါ်လာ ၆ ဒသမ ၉၂၂ သန်းတန်ဖိုးရှိတဲ့ ပြောင်း တန်ချိန် ၂၄၁၂၄ တန်သာတင်ပို့နိုင်ခဲ့ပါတယ်။ ယခင်အပတ်က မူဆယ် ၊ လွယ်ဂျယ်၊ ချင်းရွှေဟော်နဲ့ ကန်ပိုက်တီးစခန်းစုံကပြောင်းဖူးစေ့ ၂၆၀၈၇ တန်ခွဲတင်ပို့ခဲ့လို့ ယခု အပတ်ပြောင်းတင်ပို့မှု ၁၉၆၃ တန်ခွဲလျော့နည်းသွားခဲ့တာတွေ့ရပါတယ်။ ယခု အပတ် စခန်းအလိုက်တင်ပို့ခဲ့တဲ့ ပြောင်းတန်ချိန်တွေကတော့ မူဆယ်မှ ၁၆၇၆၆ တန်နဲ့ချင်းရွှေဟော်မှ ၇၃၅၈ တန်ဖြစ်ပါတယ်။၂၀၁၄ခုနှစ် ဇန်နဝါရီလမှာ စခန်းစုံမှပြောင်းတန်ချိန် ၁ သိန်း ၂ သောင်းနီးပါးတင်ပို့နိုင်ခဲ့တယ်လို့သိရပါတယ်။ မူဆယ် ကုန်စည်ဒိုင်မှာလည်း ယခင်အပတ်က ပြောင်းတစ်တန် ၂၈၉၈၈၇ ကျပ်ရှိရာ မှ ယခုအပတ်မှတော့ ၂၈၈၄၈၆  ကျပ်သို့ဈေးအနည်းငယ်ကျဆင်းသွားခဲ့ပါတယ်။ နှစ်ကူးကာလဖြစ်တာမို့ ဝယ်လိုအားသိသိသာသာ အေးသွားတာကြောင့် အထွက် နှုန်းများစွာရရှိထားပေမဲ့ တောင်သူတွေ အဝယ်မလိုက်ဖြစ်နေကာ ပြောင်းများကို မိမိတို့ လယ်ယာမြေ၊ အိမ်များတွင် (စပါးကျီများကဲ့သို့) ပြောင်းဖူးကျီများ ပြုလုပ် သိုလှောင်ထားနေရကြောင်း လင်းခေးမှ အစေ့ထုတ်ပြောင်းတောင်သူအများစုက ပြောပါတယ်။မော်မော်အောင်၊MIRT (DCCA)

Monday, 27 Jan 2014

ယခုတစ်ပတ် ပြည်ချင်းဈေးကွက် ချင်းဈေးမှာ တစ်ပိဿာကို (ရှယ်) ၁၅၀၀ ကျပ်၊ (ဂျွန်) ၁၂၀၀ ကျပ်တို့နဲ့ အသီးသီး ရောင်းဝယ်လျက်ရှိပြီး၊ ယခင်နှစ်ကာလတူ အချိန်နဲ့ နှိုင်းယှဉ်ပါက ဈေးကောင်းရလျက်ရှိနေပါတယ်။ ယခုတစ်ပတ် တောင်ကြီး၊ အောင်ပန်းဘက်မှချင်းများ ပိဿာချိန် ၃၀ ဝင် အိတ် ၁၅၀ ခန့် ပုံမှန်အဝင်ရှိနေပါ တယ်။ ပြည်ချင်းပွဲရုံများမှတစ်ဆင့် ဧရာဝတီတိုင်းဒေသကြီး၊ ရခိုင်ပြည်နယ်ဘက်ကို စားသုံးမှုအဖြစ် တစ်နေ့ကို ပိဿာချိန် ၃၀၀ ခန့် အရောင်းအဝယ် ဖြစ်ပြီး၊ ယခင် ကာလများထက် အရောင်းအဝယ်ပါးကြောင်း သိရပါတယ်။ဝင်းဝင်းခိုင် - ပြည်

Monday, 27 Jan 2014

သီတင်းတစ်ပတ်ဖြစ်တဲ့ ဇန်နဝါရီလ ၁၂ ရက်မှ  ၁၈ ရက်နေ့တာကာလအတွင်း မန်ကျည်း ၄၈ ဒသမ ၇ တန်ကို ပင်လယ်ရေကြောင်းကုန်သွယ်မှုလမ်းမှ တင်ပို့ခဲ့ပါ တယ်။ တင်ပို့ခဲ့တဲ့နိုင်ငံမှာ စင်ကာပူနိုင်ငံဖြစ်ပါတယ်။ ဒီဇင်ဘာတတိယပတ်မှစပြီး တင်ပို့မှုပျောက်ခဲ့တဲ့မန်ကျည်းမှာ ဒီတစ်ပတ်မှ ပြန်လည်တင်ပို့နိုင်ခဲ့ခြင်းဖြစ်ပါတယ်။ မန်ကျည်းတင်ပို့မှုမှ ကန်ဒေါ်လာ တစ်သောင်းသုံးထောင်ကျော်ဝင်ငွေရရှိခဲ့တယ်လို့ သိရပါတယ်။                                             MIRT (DOT)

Monday, 27 Jan 2014

မုံရွာ ကုန်စည်ဒိုင်ကို နယ်စုံပဲစင်းငုံ သစ်များ ဇန်နဝါရီ တတိယပတ်အတွင်း နေ့စဉ် အိတ်ရေ ၂၅၀၀ မှ ၃၀၀၀ ကြား ပုံမှန် ဝင်နေပြီဖြစ်ပြီး၊ လက်ရှိ ပေါက် ဈေးမှာ ပဲစင်းငုံနီအသစ် တစ်တင်း ၁၈၄၀၀ ကျပ်၊ အဟောင်း တစ်တင်း ၁၇၁၀၀ ကျပ်ရှိနေပါတယ်။ လက်ရှိ ဈေးမှာ ရန်ကုန်ဝယ်လက် မကြိုက် သေး တဲ့ ဈေးဖြစ်နေလို့ ဝယ်ယူမှုမရှိဘဲ၊ အဝယ်တန့် နေပါတယ်။ ဈေးကွက် အတွင်း ဝင်ရောက်လာတဲ့ ပဲစင်းငုံများ ကို လှောင်လက်နဲ့ ဝယ်ရောင်းသမား များသာ အဝယ်သွက်နေပြီး၊ ရန်ကုန် ဝယ်လက်ကတော့ ဝယ်ယူမှု ရပ်ဆိုင်း နေကြောင်း သိရပါတယ်။အောင်မင်း - မုံရွာ

Monday, 27 Jan 2014

ရန်ကုန် FOB နဲ့ အိန္ဒိယဈေးကွက် ပဲမျိူးစုံဈေးနှုန်း အပြောင်းအလဲ
၂၄-၁-၂၀၁၄                                              ဒေါ်လာ/တန်

စဉ်
ပဲအမျိူးအမည်
တောင်အမေရိက
ဥရုဂွေး
အာဂျင်တီးနား

16/1
23/1
ပြောင်းလဲမှု
16/1
23/1
ပြောင်းလဲမှု
16/1
23/1
ပြောင်းလဲမှု

1
မတ်ပဲ
660
640

708

660

764
735

2
ပဲစင်းငုံ
640
640

666
641

691
664

3
ပဲတီရွှေဝါ
1050
1050

-
-

1186
1110

4
ကုလားပဲဖြူလုံးကြီး
550
550

488
469

496
465

 
*မှတ်ချက်။ ရန်ကုန် FOB ဈေးနှုန်းများမှာ အနိမ့်ဈေးများသာဖြစ်ပါသည်။
ဒေလီဈေးကွက်မှ အိန္ဒိယပြည်တွင်းပဲတီစိမ်းနှင့် မြန်မာမတ်ပဲ SQ ပေါက်ဈေးများဖြစ်ပါသည်။

Monday, 27 Jan 2014

ဇန်နဝါရီ တတိယပတ်အတွင်း ပြည် ပဲဈေးကွက်မှာ မတ်ပဲသစ်များ ဝင် ရောက်မှုများခဲ့တဲ့အတွက် တစ်ရက် အိတ် ၁၅၀ ကျော်ထိ ဝင်ရောက်ခဲ့ပါ တယ်။ ပန်းတောင်းမြို့နယ် အပြင် ကံမမြို့နယ်ဖက်မှလည်း ဝင်ရောက် လာခြင်းဖြစ်ပါတယ်။ ပဲဝင်ရောက်မှုများ လာလို့ ဈေးနှုန်းမှာလည်း ဈေးမြင့်တက် လာခြင်း မရှိဘဲ ယခင်တစ်ပတ်နဲ့ သိပ် ကွာခြားမှု မရှိတဲ့အတွက် တစ်တင်း ၁၈၉၀၀ ကျပ်၊ ၁၉၀၀၀ ကျပ်ဖြင့် ရန်ကုန်ဝယ်လက်မှ ဝယ်ယူနေကြသလို ပဲဟောင်းကိုလည်း တစ်တင်း ၁၈၂၀၀ ကျပ်ဖြင့် ဝယ်ယူခဲ့ကြပါတယ်။ တစ်ရက် ကို အဟောင်းအသစ် ၂ မျိုးပေါင်း အိတ် ၁၅၀ ကျော် အရောင်းအဝယ်ဖြစ် ခဲ့ ကြပါတယ်။ ခင်ဆွေဝင်း-ပြည်

Pages