Background
မြန်မာ - တရုတ်နယ်စပ်ရှိ မူဆယ် (၁၀၅)မိုင် ကုန်သွယ်ရေးဇုန်နဲ့ ချင်းရွှေဟော် စခန်း၊ ကန်ပိုက်တီးစခန်းနဲ့ မြန်မာ - ထိုင်း နယ်စပ်ရှိ မြဝတီနယ်စပ်စခန်းတို့မှ ကန်ဒေါ်လာ ၇ ဒသမ ၀၇၇ သန်းတန်ဖိုးရှိ ပြောင်းဖူးစေ့ ၂၅၅၆၈ တန်ကို ဒီဇင် ဘာလ ၁၄ ရက်မှ၂၀ရက်ထိကာလအတွင်းမှာ တင်ပို့နိုင်ခဲ့ပါတယ်။ ယခင်အပတ်က ထက်တန် ၁၅၀၀ ခန့် ပိုမိုတင်ပို့နိုင်ခဲ့ပါတယ်။ နယ်စပ်အလိုက် တင်ပို့မှုတွေ ကတော့ မူဆယ်မှ တန်ချိန် ၂၂၉၅၁၊ ချင်းရွှေဟော်မှ ၁၅၆၇ တန်၊ကန်ပိုက်တီးမှ တန် ၉၀၀ နဲ့ မြဝတီမှ တန် ၁၅၀ အသီးသီးတင်ပို့ခဲ့တာ ဖြစ်ပါတယ်။ မိမိဘက်(ကျပ်/တန်) တစ်ဘက်နိုင်ငံ(ဒေါ်လာ/တန်) ယခု ယခင် ပြောင်းလဲမှု % ယခု ယခင် ပြောင်းလဲမှု %ပြောင်းဖူးစေ့ ၂၂၅၄၃၅ ၂၃၉၅၃၇ ၁၄၁၀၂ ၆ .၂ ၃၀၈ ၃၀၃ ၅ ၁ .၆နံှစားပြောင်း ၂၃၇၀၄၅ ၂၁၉၇၁၃ ၁၇၃၃၂ ၇ .၃ ၃၃၂ ၃၃၁ ၁ ၀ .၃MIRT (DOBT)
ကမ္ဘာ့စီးပွားရေးအင်အားအကြီးဆုံးဖြစ်တဲ့ အမေရိကန်မှာ အိမ်ခြံမြေဈေးကွက်သတင်းတိုးတက်မှု ထုတ်ပြန် ချက်သတင်း အရ ကုန်ကြမ်းပစ္စည်းများ ဝယ်လိုအားမြင့်တက်မယ်မှန်းပြီး၊ ရော်ဘာဈေးနှုန်းမှာ တစ်ပတ်အတွင်း အမြင့်ဈေးဖြစ်လာခဲ့ပါတယ်။ တိုကျိုကုန်စည်ဒိုင်မှာ မေလကြိုရောင်းဈေးမှာ တစ်ကီလို ၂၇၇ ဒသမ ၉ ယန်းနဲ့ အရောင်းအဝယ်မဖြစ်မီ ၂၇၉ ဒသမ ၇ ယန်း (တစ်တန် ၃၅၉၇ ဒေါ်လာ )ဖြင့် ၃ ဒသမ ၁ ရာခိုင်နှုန်းဈေးတက်လာ ခဲ့ပါတယ်။
မြန်မာ-တရုတ်နယ်စပ်ရှိ မူဆယ် (၁၀၅)မိုင်နယ်စပ်ကုန်သွယ်ရေးဇုန်နဲ့ ချင်းရွှေဟော်နယ်စပ်ကနေ ဒီဇင်ဘာလ ၁၄ ရက်မှ ၂၀ ရက်ထိ ကာလအတွင်း ကန်ဒေါ်လာ ၅ ဒသမ ၀၅၇ သန်းတန်ဖိုးရှိ ရော်ဘာအဆင့်စုံ ၁၅၀၄ ဒသမ ၀၇၆ တန် တင်ပို့ခဲ့ပါတယ်။ ယခုအပတ်မူဆယ်နယ်စပ်မှ ရော်ဘာအဆင့်လိုက်တင်ပို့နိုင်မှုများကတော့ MSR-20 ၂၇၀ တန်၊ RSS-3 ၇၄၃ တန်နဲ့ MSR-50 တန် ၁၀၀ တို့ဖြစ်ပါတယ်။
လွန်ခဲ့တဲ့ ဒီဇင်ဘာလ အိန္ဒိယမှာ ပြည်တွင်းကြက်သွန်နီ ဈေးကြီးမြင့်ခဲ့တဲ့အတွက် စားသုံးသူတွေကို အကာအကွယ်ပေးဖို့ ဈေးကွက်တွေမှာ အစိုးရရဲ့ ကြားဖြတ်ဆောင်ရွက်မှုတွေလုပ်ပေးခဲ့ပြီး၊ ယခုနှစ်မှာတော့ ထွက်ရှိမှု များတဲ့အတွက် ဈေးနှုန်းနိမ့်ကျ နေတဲ့ တောင်သူတွေကို ကယ်တင်ဖို့ အစိုးရက ကြိုးစားနေရပြန်ပါတယ်။ ကြက်သွန်နီအများဆုံး စိုက်ပျိုးတဲ့ မဟာရှပ်ရှတရာမှာ တစ်ကီလို ၅ ရူပီး(ကန်ဒေါ်လာ သုညဒသမ ၀၉၅)အောက်ကိုကျဆင်းခဲ့လို့ ၄နှစ်အတွင်းပထမဆုံးအနေနဲ့ ဈေးကျဆင်းခဲ့ပါတယ်။
အိန္ဒိယနနွင်းဈေးကွက်များမှာ ပြည်တွင်းအမှာအော်ဒါများကို ဖြည့်ဆည်းဖို့ အဝယ်ရှိလို့ ဒီဇင်ဘာ ၂၂ ရက် နနွင်းဈေး အနည်းငယ်တိုးလာပါတယ်။ ပြည်တွင်းနနွင်းမှုန့်ကုန်သည်များနဲ့ မဆလာပြုလုပ်သူများမှ အမှာများများရရှိတဲ့အတွက် ကုန်သည် များဟာ ဈေးပိုပေးဝယ်ယူကြခြင်းဖြစ်တယ်လို့ အီရော့နနွင်းကုန်သည်များ အသင်း ဥက္ကဌ မစ္စတာအာကေဗွီရာဗီရှန်ကာက ပြောကြားပါတယ်။
ရှမ်းနနွင်းကလည်း လက်လီသမားတွေသာ ဝယ်ယူမှုရှိတာကြောင့် အနည်းအကျဉ်းသာ အရောင်းအဝယ် ဖြစ်နေပါတယ်။ ဟိုပုံးဈေးကွက်မှာ နနွင်း(စို)တစ်ပိဿာ ၇၀ ကျပ် - ၈၀ ကျပ်ဈေးသာရှိပါတယ်။ အခုလို ပေါ်ကာစ အစိုဓာတ်များချိန် နနွင်းခြောက်လုပ်ရင်လည်း ၇ ပိဿာပြုတ်မှ ၁ ပိဿာတင်ကျန်မှာဖြစ်တာကြောင့် ချင်းခြောက်ဈေးက တစ်ပိဿာကို ၇၀၀ ကျပ်ဈေးရှိနိုင်ပါတယ်။
ပင်လယ်ရေကြောင်းကုန်သွယ်မှုလမ်းမှ ဒီဇင်ဘာ ၁၁ ရက်မှ ၁၇ ရက်တာ ကာလအတွင်း နနွင်း ၄၃ ဒသမ ၅ တန် တင်ပို့နိုင်ခဲ့ပါတယ်။ တင်ပို့ခဲ့တာက ထိုင်းနိုင်ငံကို ၂၇ တန်နဲ့ စင်ကာပူနိုင်ငံကို ၁၆ ဒသမ ၅ တန်ဖြစ်ပါတယ်။ ယခင် တစ်ပတ်က အပို့ပျောက်ခဲ့တဲ့ နနွင်းက ဒီတစ်ပတ်မှ ပြန်လည် တင်ပို့နိုင်ခြင်းဖြစ်ပါတယ်။ တစ်တန်ကို အက်ဖ်အိုဘီ ဈေး ကန်ဒေါ်လာ ၁၅၀၀-၁၆၅၀ ရရှိခဲ့လို့ စုစုပေါင်း ပို့ကုန် ဝင်ငွေ ကန် ဒေါ်လာ ခြောက်သောင်း ကိုးထောင်ကျော် ရရှိခဲ့ပါ တယ်။MIRT (DOT)
ဒီဇင်ဘာ ၁၉ ရက် အိန္ဒိယနိုင်ငံ မြို့တော်ဒေလီရှိ ပဲမျိုးစုံဈေးကွက်အတွင်း မတ်ပဲအဝင်များသော်လည်း လှောင်လက်တွေရဲ့ ဝယ်လိုအားကြောင့် ဈေးနှုန်း ခိုင်မာလျက်ရှိတယ်။ ဒါ့အပြင် တင်သွင်းလာတဲ့ မတ်ပဲဈေးနှုန်းများ မြင့်မားခြင်း၊ ပဲခွဲစက်တွေရဲ့ ဝယ်လိုအားမြင့်မားခြင်းတို့ကြောင့် လက်ရှိ ရက်သတ္တပတ်အတွင်း မတ်ပဲတစ်ကွမ်တယ်လ်ကို ၁၀၀ ရူပီး ဈေးမြင့်နိုင်တယ်လိ့ု ခန့်မှန်းကြတယ်။
မြန်မာ - တရုတ်နယ်စပ်ရှိ မူဆယ် ၁၀၅ မိုင် ကုန်သွယ်ရေးဇုန်ကနေ တန်ဖိုး ကန်ဒေါ်လာ ၁ ဒသမ ၄၂၄ သန်းဖိုးရှိ ပရဆေးကုန်ကြမ်း ၂၈၇ တန်ကျော် တင်ပို့ခဲ့ပါတယ်။ ယခင်အပတ် တင်ပို့မှုထက် ထက်ဝက် ကျော်တင်ပို့မှု ကျဆင်းခဲ့ တာတွေ့ရပါတယ်။
ကျောက်ပန်းတောင်း မန်ကျည်းဈေးကွက်မှာ မန်ကျည်းလက်ကျန်နည်းသွားပြီး ပိဿာနှစ်သောင်းခန့်သာရှိကြောင်းနဲ့ ရန်ကုန်(ဘုရင့်နောင်)ကို နေ့စဉ်တင်ပို့မှုမရှိဘဲ ၄-၅ ရက်ခြားတစ်ခါ ပိဿာ ၂၀၀၀-၃၀၀၀ ခန့်သာ တင်ပို့ကြောင်းသိရပါတယ်။
