Main menu

Background

Sunday, 18 Dec 2011

    ပင်လယ်ရေကြောင်းက ကုလားပဲဖြူလုံးကြီး တင်ပို့မှုမှာ ယခုတစ်ပတ် (ဒီဇင် ဘာ ၅ ရက်မှ ၉ ရက်)အတွင်း တန်ချိန်၂၅၀ကျော်ရှိကြောင်း သိရပါတယ်။ ရန်ကုန် ၤဥြ ဈေးကွက်မှာ အရောင်းအဝယ်ဖြစ်မှုအနေနဲ့လည်း ဒီဇင်ဘာလ ၉ ရက်မှ ၁၅ ရက်အတွင်း တန် ၅၀ ခန့်သာရှိကြောင်း သိရပါတယ်။ ပြည်တွင်းမှာ ကုလားပဲ ဖြူလုံးကြီး အရည်အသွေးကောင်း လက်ကျန်နည်းလာပြီဖြစ်လို့ အရောင်း အဝယ် ဖြစ်မှုရော တင်ပို့မှုပါ လျော့လာခဲ့ပါတယ်။

Sunday, 18 Dec 2011

    အိန္ဒိယဆောင်းသီးနှံစိုက်ပျိုးမှုတွင် ဒီဇင်ဘာလ ၉ ရက်နေ့အထိ ဂျုံ၊ ဆီထွက်သီးနှံနှင့် အခြားနှံစားသီးနှံ စိုက်ဧရိယာသည် ယခင်နှစ်နှင့် နှိုင်းယှဉ်ပါက လျှော့ကျမှုရှိသော်လည်း ပဲစိုက်ပျိုးမှုမှာ ပိုမိုကြောင်း သိရပါသည်။ကုလားပဲစိုက်ဧရိယာ ပိုမိုခြင်း ကြောင့် စုစုပေါင်း ပဲမျိုးစုံ စိုက်ပျိုးမှုသည် ဟက်တာ ၁၂၀ ဒသမ ၆ သိန်းရှိပြီးဖြစ်ကြောင်း၊ ယခင်နှစ်စိုက်ဟက်တာ ၁၁၉ ဒသမ ၂၀  သိန်းနှင့် နှိုင်းယှဉ်ပါက ဟက်တာ ၁ ဒသမ ၃၉ သိန်း ပိုမိုစိုက်ပျိုးနိုင်ကြောင်းသိရပါသည်။

Sunday, 18 Dec 2011

    ပဲခူးတိုင်းဒေသကြီး အနောက်အတွင်း ပဲတီစိမ်းစိုက်ဧက ၀ ဒသမ ၂၃ သိန်းလျာထားပြီး၊ ယခုလအတွင်း စိုက်ဧက အားလုံးနီးပါး စိုက်ပျိုးပြီးဖြစ်ပါတယ်။ ယခုတစ်ပတ်အတွင်း ပဲတီစိမ်း ထိပ်စတစ်တင်း ၁၆၅၀၀ ကျပ်မှ ၁၇၀၀၀ ကျပ်၊ ရိုးရိုးစ တစ်တင်း ၁၅၅၀၀ ကျပ်ဖြင့် တစ်ရက်ကို အိတ် ၃၀၀ ကျော်အရောင်းအဝယ် ဖြစ်ခဲ့ပါတယ်။

Sunday, 18 Dec 2011

    အိန္ဒိယပြည်တွင်းဈေးကွက်အများစုမှာ အရည်အသွေးကောင်း ပဲတီစိမ်းဈေးပိုပြီး အခြားအရည်အသွေး ပဲတီစိမ်းကတော့ ဈေးငြိမ်နေတယ်လို့ သိရပါတယ်။ ပဲထုတ်လုပ်တဲ့ ကစ်ရှန်ကပ်နဲ့ ရှီခါဝတီစတဲ့ ဒေသတွေမှာ ဆောင်းအအေးလှိုင်းပြင်းထန်တဲ့ အတွက် ပဲဝင်ရောက်မှု ပါးတယ်လို့ သိရပါတယ်။

Sunday, 18 Dec 2011

    မြန်မာ-တရုတ်နယ်စပ်ရှိ မူဆယ် (၁၀၅)မိုင်ကုန်သွယ်ရေးဇုန်မှ ဒီဇင်ဘာလ ၇ ရက်မှ၁၃ ရက်ထိ ကာလအတွင်း တစ်ဖက် နိုင်ငံသို့ ကန်ဒေါ်လာ ၁ ဒသမ ၈၅၃ သန်းတန်ဖိုးရှိ ပဲတီစိမ်းလုံးပြည့် ၁၁၂၂ တန်ခန့်နဲ့ ကန်ဒေါ်လာ သုည ဒသမ ၀၉၇ သန်းတန်ဖိုးရှိ ပဲတီစိမ်းလုံးခြမ်းတန် ၁၀၀ ဝန်းကျင်အပို့ရှိခဲ့ပါတယ်။

Sunday, 18 Dec 2011

    ယခုတစ်ပတ်အတွင်း ရန်ကုန်တိုင်းဒေသကြီး ဘုရင့်နောင်ကုန်စည်ဒိုင်  FOB ဈေးကွက်မှာ ပဲတီစိမ်းကို နေ့စဉ်အဝယ်ရှိ ကြောင်း သိရပါတယ်။ ဒီဇင်ဘာလ ၉ ရက်မှ ၁၅ ရက်အတွင်း ပဲတီရွှေဝါ တန် ၃၁၂၄ နဲ့ ပဲတီစိမ်းတန် ၈၀၀ ကျော် စုစုပေါင်း တန်ချိန် ၄၀၀၀ ခန့်အရောင်းအဝယ်စာချုပ်ခဲ့ကြောင်း သိရပါတယ်။

Sunday, 18 Dec 2011

    ပင်လယ်ရေကြောင်းက ပဲတီစိမ်းတင်ပို့မှု လျော့ကျနေရာ ယခုတစ်ပတ် ဒီဇင်ဘာလ ၅ ရက်မှ ၉ ရက်အတွင်းမှာ တန်ချိန် ၁၈၀၀ ခန့်ကို လျော့ကျတင်ပို့တာ တွေ့ရပါတယ်။ လက်ရှိ ၂၀၁၁-၂၀၁၂ ဘဏ္ဍာနှစ်အတွင်း ဒီဇင်လာလ ၉ ရက် အထိ စုစုပေါင်း ပဲတီစိမ်းတင်ပို့မှု တန်ချိန် ၂၁၈၀၀၀ ကျော်ရှိပြီး ယခင်ဘဏ္ဍာနှစ် ကာလတူမှာ တန်ချိန်  ၁၆၇၀၀၀ သာ တင်ပို့မှုရှိခဲ့ကြောင်း သိရတဲ့အတွက် ယခင်နှစ် အလားတူကာလနဲ့ ယှဉ်ရင်တော့ ပမာဏ ပိုနေတာ တွေ့ရပါတယ်။ အိန္ဒိယ ဝယ်လက်များက အရည်အသွေးကောင်း ပဲတီစိမ်းများကိုသာ အဝယ်ရှိပြီး ယခုတလော အရောင်းအဝယ်ဖြစ်မှုအရ လာမယ့် သီတင်းပတ်မှာ တင်ပို့မှု အနည်းငယ်ပိုနိုင်တယ်လို့ ခန့်မှန်းရပါတယ်။                                               MIRT(MAPT)

Sunday, 18 Dec 2011

    ဟင်္သာတခရိုင်အတွင်း ကိုင်းမြေ များတွင် အဓိကထားစိုက်ပျိုးကြတဲ့ ပဲသီးနှံအုပ်စုတွင် ပထမဦးဆုံးထွက်လာ တဲ့ နတ်တော်ဖြူခေါ်လွန်းဖြူပဲသစ်များ ဟာ ဒီဇင်ဘာလဆန်းကစပြီး အနည်း ငယ်ဈေးကွက်သို့ဝင်ရောက်လာပါတယ်။ ဈေးကွက်အဖွင့် ပဲလွန်းဖြူ ပိဿာ ၂၀ တစ်တင်းကို ၁၈၀၀၀ ကျပ်ဖြင့် ရောင်း ဝယ်မှုဖြစ်ခဲ့ပါတယ်။ ယခင်နှစ် ပဲအဖွင့် ဈေးမှာ ၁၉၅၀၀ ကျပ် ဖြစ်တယ်လို့ သိရပါတယ်။ ဟင်္သာတပဲ ဈေးကွက်သို့ နေ့စဉ်ပိဿာ  ၃၀ ဝင် အိတ် ၅၀ ခန့် ဧရာဝတီမြစ်အရှေ့ဘက်ကမ်း ဒေသ များဖြစ်တဲ့ ခေါင်းဆေးကျွန်း ကျေးရွာ၊ စစ်ကုန်းကျေးရွာ၊ ခြင်ဘို့ကျေး ရွာများမှ ဝင်ရောက်လျက်ရှိတယ်လို့    သိရပါ တယ်။                အေးအေးခိုင်

Sunday, 18 Dec 2011

    ဒီဇင်ဘာလ ၇ ရက်မှ ၁၃ ရက် အထိကာလအတွင်း မူဆယ် ၁၀၅ မိုင် ကနေ ကန်ဒေါ်လာ သုည ဒသမ ၁၉၇ သန်းတန်ဖိုးရှိ ပဲလွန်းဖြူ ၂၄၃ တန် ကျော် အပို့ရှိခဲ့ပါတယ်။ နိုဝင်ဘာလ အတွင်းမှာ ပဲလွန်းဖြူ အပို့မရှိခဲ့သော် လည်း ဧပြီမှ နိုဝင်ဘာလထိ ပဲလွန်းဖြူ တန် ၁၁၇၀ ခန့် နယ်စပ်ကုန်သွယ်ရေး စခန်းမှ တင်ပို့ထားပြီးဖြစ်ပါတယ်။ ယခု အပတ်မိမိဘက်ပဲလွန်းဖြူမြေပြင်ပေါက် ဈေးမှာ တစ်တန်လျှင် ၅၆၀၉၅၄ ကျပ် ဖြစ်ပြီး ယခင်အပတ်ကထက် ၃၇၃၆၇ ကျပ်ဈေးပိုရခဲ့ပါတယ်။ တစ်ဖက်နိုင်ငံ ဈေးမှာ ကန်ဒေါ်လာ ၈၀၅ တန် ဈေး ပေါက်ပြီး ယခင်အပတ်ကထက် ၁၁၁ ဒေါ်လာ လျော့နည်းခဲ့ပါတယ်။         MIRT(DOBT)

Sunday, 18 Dec 2011

    ပင်လယ်ရေကြောင်းက ပဲလွန်းဖြူ တင်ပို့မှု ဆက်ရှိနေပေမဲ့ ယခုတစ်ပတ် တင်ပို့မှုလျော့ကျလာပါတယ်။ ယခင် သီတင်းပတ်က တန်ချိန် ၃၅၀ ကျော်ထိ တိုးတက်ခဲ့ပေမဲ့ ယခုတစ်ပတ် (ဒီဇင် ဘာ ၅-၉ ရက်) အတွင်းမှာတော့ တန် ချိန် ၁၃၀ ကျော်သာ တင်ပို့ခဲ့တာတွေ့ ရပါတယ်။ တင်ပို့တဲ့ နိုင်ငံတွေကတော့ အိန္ဒိယ၊ ကိုရီးယား၊ မလေးရှားနဲ့ ထိုင်းကို ဖြစ်ပါတယ်။

Pages