Background
ယခုတစ်ပတ် နိုဝင်ဘာလ ၂၁ ရက်မှ ၂၅ ရက်အတွင်းမှာ မတ်ပဲတန်ချိန် ၅၀၀၀ ခန့် ပြည်ပတင်ပို့ခဲ့ပါတယ်။ ယခင်သီတင်းပတ်အတွင်း တန်ချိန် ၆၅၀၀ ကျော်အထိ တင်ပို့ခဲ့လို့ ဒီတစ်ပတ်မှာ လျော့တင်လာပါတယ်။ ၂၀၁၁-၂၀၁၂ ဘဏ္ဍာ နှစ် အတွင်း နိုဝင်ဘာလ ၂၅ ရက်အထိ မတ်ပဲစုစုပေါင်း တင်ပို့ပြီးစီးမှုမှာ တန် ချိန် ၄၆၃၀၀၀ ကျော်ရှိပြီး ဝင်ငွေအားဖြင့် ကန်ဒေါ်လာ ၃၈၇ သန်းကျော်ရရှိ ထားကြောင်း သိရပါတယ်။ ယခင်ဘဏ္ဍာနှစ် ကာလတူအတွင်း မတ်ပဲ တန်ချိန် ၃၂၃၀၀၀ ကျော် တင်ပို့နိုင်ခဲ့ပြီး ဝင်ငွေအားဖြင့် ကန်ဒေါ်လာ ၃၃၂ သန်းကျော် ရရှိကြောင်း သိရပါတယ်။ လက်ရှိအရောင်းအဝယ်ဖြစ်တဲ့ အခြေအနေအရ လာမယ့် သီတင်းပတ်မှာလည်း တင်ပို့မှု လျော့ကျဖွယ်ရှိပါတယ်။ MIRT(MAPT)
ရန်ကုန်တိုင်းဒေသကြီး ဘုရင့်နောင်ကုန်စည်ဒိုင် FOB ဈေးကွက်မှာ မတ်ပဲ အရောင်းအဝယ်အေးနေပါတယ်။ နိုဝင်ဘာလ ၂၅ ရက်မှ ဒီဇင်ဘာလ ၁ ရက်အတွင်း မတ်ပဲ SQ၊ FAQ တန်ချိန် စုစုပေါင်း ၃၇၀၀ ခန့်သာ အရောင်းအဝယ် ဖြစ်ခဲ့ပါတယ်။ အိန္ဒိယပဲဈေးကွက်မှာ ကုမ္ပဏီတစ်ခုမှ ဒေဝါလီခံလိုက်တဲ့ ကိစ္စနဲ့ ပတ်သက်လို့ ဝယ်ယူမှုနည်းတဲ့အတွက် အရောင်းအဝယ်ဖြစ်မှုလည်းနည်းတာ ဖြစ်ခဲ့ပါတယ်။ အရောင်းအဝယ်နည်းသလို ဈေးပြောင်းလဲမှုလည်း ကွာခြားမှုကြီးမား ခဲ့ပါတယ်။ မတ်ပဲဈေးကွက်ပြန်ကောင်းလာဖို့ အချိန်ယူရအုံးမယ်လို့ ကုန်သည်များက ခန့်မှန်းကြပါတယ်။ FOB ဈေးကွက်မှာ သိသိသာသာ ဈေးပြောင်းလဲလာတဲ့ မတ်ပဲ ဈေးကို နှိုင်းယှဉ်ဖော်ပြလိုက်ပါတယ်။ ဒေါ်လာ/တန် မတ်ပဲ(FAQ) မတ်ပဲ(SQ)၂-၁၂-၁၁ ၅၇၀-၅၉၀ ၆၂၀-၆၄၀၂၅-၁၁-၁၁ ၆၀၀-၆၂၀ ၆၅၀-၆၇၀MIRT(MAPT)
အိန္ဒိယမွန်ဘိုင်းဈေးကွက် ၂၄-၁၁-၂၀၁၁ (ဒေါ်လာ/တန်) ၁၇-၁၁-၂၀၁၀ ၂၄-၁၁-၂၀၁၀ ပြောင်းလဲမှု မတ်ပဲ ၆၈၂ ၆၄၂ ပဲတီစိမ်းရိုးရိုး ၇၉၁ ၇၈၄ - ပဲစင်းငုံ ၆၄၇ ၆၂၃ ကုလားပဲဖြူလုံးကြီး ၆၆၂ ၆၄၅
ရန်ကုန် FOB ဈေးနှုန်း ၂၅-၁၁-၂၀၁၁ (ဒေါ်လာ/တန်) ယခင်အပတ် ယခုအပတ် ပြောင်းလဲမှု မတ်ပဲ (အက်ဖ်အေကြူ) 660 660 မတ်ပဲ (အက်စ်ကြူ) 700 650 ပဲတီစိမ်း (ပခုက္ကူ) 740 720 ပဲတီစိမ်း (ရွှေဝါ) 800 800 ပဲတီစိမ်း (အညာ) 720 700 ပဲစင်းငုံ (အနီ) (သစ်) 560 540 ပဲစင်းငုံ (ဖြူနီ) (သစ်) 460 440 ပဲစင်းငုံ (ဖြူ) (သစ်) 460 440 ကုလားပဲဖြူလုံးကြီး 950 960 ပဲလွန်းဖြူ (အက်ဖ်အေကြူ) 790 790 ပဲလွန်းဖြူ (အက်စ်ကြူ) 900 900 မြေထောက်ပဲ 740 740 ထောပတ်ပဲ 730 730 သက်ဆိုင်ရာ နေ့ရက်များတွင် ရန်ကုန်တိုင်းဒေသကြီးကုန်စည်ဒိုင်၌ အရောင်းအဝယ်ဖြစ်ခဲ့သည့် FOB အနိမ့်ဆုံး ဈေးနှုန်း ဖြစ်သည်။
လက်ရှိဈေးကွက်နှစ်အတွင်း တောင်အာရှနိုင်ငံဖြစ်တဲ့ အိန္ဒိယမှာ ပိုလျှံသကြား သိုလှောင်မှုအမြောက်အမြားရှိခြင်းနဲ့ သယ်ယူမှုအဆင်ပြေနိုင်ခြင်းတို့ကြောင့် တရုတ်နိုင်ငံဟာ ဈေးသက်သာတဲ့ အိန္ဒိယသကြား တင်သွင်းဖွယ်ရှိတယ်လို့ နိုင်ငံတကာ သကြားအဖွဲ့အစည်း (ISO) အမှုဆောင်ဒါရိုက်တာ Peter Baron မှ နိုဝင်ဘာလ ၂၁ ရက်မှာ ပြောကြားပါတယ်။ တရုတ်နိုင်ငံဟာ ဈေးသက်သာတဲ့ သကြားကိုရှာဖွေနေပြီး အိန္ဒိယက ဝယ်ယူနိုင်တယ်လို့ အိန္ဒိယသကြား နည်းပညာ ရှင်အသင်းမှကျင်းပတဲ့ ညီလာခံမှာ ပြောကြားခဲ့တာဖြစ်ပါတယ်။ အိန္ဒိယဝန်ကြီးများအဖွဲ့ဟာ အောက်တိုဘာ ၁ ရက်မှာ စတင်တဲ့ ဈေးကွက် နှစ်အတွင်း သကြား တင်ပို့ နိုင်ဖို့ ပမာဏကို နောက်တနင်္လာနေ့မှာ ဆုံးဖြတ်သွားဖွယ် ရှိတယ်လို့သိရပါတယ်။ISO ရဲ့ ခန့်မှန်းချက်အရ အိန္ဒိယ နိုင်ငံရဲ့ ယခုနှစ် သကြားပိုလျှံမှုဟာ တန်ချိန် ၄ သန်းထက် အနည်းငယ် ပိုမိုဖွယ်ရှိပေမဲ့ အစိုးရ ဝန်ကြီးများကတော့ တစ်ခါခွင့်ပြုရင် တန်ချိန် ၅ သိန်းစီထက်ပိုပြီး ခွင့်ပြုဖွယ် မရှိဘူးလို့ဆိုပါတယ်။ ကမ္ဘာမှာ ဒုတိယအများဆုံး သကြားထုတ်လုပ်တဲ့ အိန္ဒိယဟာ ၂၀၁၀-၂၀၁၁ အတွင်း အမြောက်အမြား ထွက်ရှိခဲ့လို့ တန်ချိန် ၂ ဒသမ ၆ သန်းတင်ပို့ခွင့်ပြု ခဲ့ပါတယ်။ နိုင်ငံရဲ့ထုတ်လုပ်မှုဟာ ယခင်နှစ်ကတန်ချိန် ၂၄ ဒသမ ၃ သန်းရှိရာမှ ယခုနှစ်မှာ တန်ချိန် ၂၅ ဒသမ ၈ သန်းအထိ မြင့်တက်ဖွယ်ရှိတယ်လို့ဆိုပါတယ်။ Mr.Baron မှ ပြောကြားချက်အရ တရုတ်နိုင်ငံရဲ့ သကြားတင်သွင်းမှုဟာ နှစ်စဉ်သတ်မှတ်ထားတဲ့ ကိုတာ ပမာဏတန်ချိန် ၁ ဒသမ ၉ သန်းထက် ကျော်လွန်ပြီး ယခင်နှစ်ကတန်ချိန် ၂ ဒသမ ၁ သန်းရှိခဲ့ရာမှ ၂၀၁၁-၂၀၁၂ မှာ တန်ချိန် ၂ ဒသမ ၇ သန်းအထိ မြင့်တက်ဖွယ်ရှိတယ်လို့ဆိုပါတယ်။ ယခုကာလ အတွင်း တရုတ်နိုင်ငံရဲ့ ထုတ်လုပ် မှုဟာ တန်ချိန် ၁၂ ဒသမ ၆ သန်းနီးပါးရှိ နိုင်တယ်လို့လည်းဆိုပါတယ်။ တရုတ်နိုင်ငံရဲ့ သကြားလက်ကျန်နည်းပါးလာပြီဖြစ်လို့ ထုတ်လုပ်မှုပြန်လည် ကောင်းမွန်လာပေမဲ့ လိုအပ်ချက် ဖြည့်ဆည်းဖို့ လုံလောက်နိုင်မှာမဟုတ်ဘူးလို့ဆိုပါတယ်။ နိုင်ငံရဲ့လူတစ်ဦးသကြားစားသုံးမှုဟာ လွန်ခဲ့တဲ့ ၁၀ စုနှစ် ကျော်ထက် ၂ ဆနီးပါးပိုပြီး ၁၂ ကီလိုရှိလာတယ်လို့လည်းဆိုပါတယ်။ အိန္ဒိယနိုင်ငံအနေနဲ့ တရုတ်နိုင်ငံသကြားပြတ်လပ်မှုအလားတူ အင်ဒိုနီးရှား လိုနိုင်ငံများမှ လိုအပ်ချက် ဖြည့်ဆည်းဖို့ အခွင့်အရေးရယူဖို့ ကြိုးစားနေပေမဲ့ စည်းကမ်း အဆင့်များနေခြင်းကြောင့် ဆုံးရှုံးမှုမဖြစ်သင့်ဘူးလို့လည်း Mr.Baron ကဆိုပါတယ်။ အိန္ဒိယအစိုးရက ပြည်တွင်းဈေးကွက်တွေကိုရောင်းချတဲ့ ပမာဏ အလားတူ ဈေးနှုန်း မြင့်တက်မှုကို ကာကွယ်ဖို့ ထောက်ပံ့ဈေးနဲ့ရောင်းချမှု ပမာဏ ကိုအခြေခံပြီး လစဉ်ဆုံးဖြတ်လျက်ရှိတဲ့အတွက် သကြား တင်ပို့ရာမှာ စည်းမျဉ်း စည်းကမ်း တင်းကျပ်တယ်လို့ဆိုပါတယ်။ ကမ္ဘာ့သကြားဈေးဟာ လက်ရှိအိန္ဒိယပြည်တွင်းဈေးထက် ပိုမိုနေပါတယ်။ ကမ္ဘာ့သကြားကြမ်းဈေးဟာ တစ်ပေါင်ကို ကန်ဒေါ်လာ ၂၄ ဆင့်နဲ့ ၂၅ ဆင့် (ကန်ဒေါ်လာ ၅၂၉-၅၅၁) ကြားမှာ တည်ငြိမ်ဖွယ်ရှိတယ်လို့ Mr.Baron က ဆိုပါတယ်။ ယမင်းခင်၊ Source: Reuters
မြန်မာတရုတ်နယ်စပ်ရှိ မူဆယ် ၁၀၅ မိုင်ကုန်သွယ်ရေးဇုန်နဲ့ ချင်းရွှေဟော် နယ်စပ် ကုန်သွယ်ရေး စခန်းများက ကန်ဒေါ်လာ ၅ ဒသမ ၇၉၁ သန်းတန်ဖိုးရှိ ပြောင်းဖူးစေ့ ၂၀၆၈၃ တန်ကျော်ကို နိုဝင်ဘာလ ၁၆ ရက်မှ ၂၂ ရက်ထိကာလ အတွင်း အပို့ရှိခဲ့ရာ ယခင်အပတ်တင်ပို့မှုထက် တန်ချိန် ၂၁၀၀ ကျော်ပိုမိုခဲ့တယ်လို့ သိရပါတယ်။ မူဆယ်မှ ကန်ဒေါ်လာ ၅ ဒသမ ၅၉၄ သန်းတန်ဖိုးရှိ ပြောင်းဖူးစေ့ ၁၉၉၇၉ တန်ခန့်နဲ့ ချင်းရွှေဟော်မှ ၇၀၅ တန်ခန့် တင်ပို့ခဲ့တာဖြစ်ပါတယ်။ ယခင် အပတ်က မူဆယ်မှ ၁၇၁၅၆ တန်၊ ချင်းရွှေဟော်မှ ၁၁၀၇ တန်နဲ့ ကန်ပိုက်တီးမှ တန် ၃၀၀ ၊ စုစုပေါင်း ၁၈၅၆၃ တန်ကျော်တင်ပို့ခဲ့ရာ ယခုအပတ် ကန်ပိုက်တီးမှအပို့မရှိတဲ့အပြင် ချင်းရွှေဟော်မှ အပို့လျော့ခဲ့သော်လည်း မူဆယ်မှ တန်ချိန် ၂၈၀၀ ကျော်အပို့ပိုမိုခဲ့တာ ဖြစ်ပါတယ်။ မိမိဘက်နဲ့ တစ်ဘက်နိုင်ငံပြောင်းဈေး များကိုဖော်ပြ ပေးလိုက်ရပါတယ် မိမိဘက်(ကျပ်/တန်) တစ်ဘက်နိုင်ငံ(ဒေါ်လာ/တန်) ယခု ယခင် ပြောင်းလဲမှု % ယခု ယခင် ပြောင်းလဲမှု %ပြောင်းဖူးစေ့ ၂၁၇၁၇၄ ၂၂၁၆၁၉ ၄၄၄၅ ၂ ၂၉၄ ၂၉၄ - -နံှစားပြောင်း ၂၁၀၆၀၉ ၂၀၉၃၈၄ ၁၂၂၅ ၀ .၆ ၃၄၇ ၃၆၄ ၂၀ ၅MIRT(DOBT)
နိုဝင်ဘာလ ၁၃ ရက်မှ ၁၉ ရက်အထိကာလအတွင်း ပင်လယ်ရေကြောင်းမှ ပြောင်း ၉၅၉ တန်၊ တန်ဖိုးအားဖြင့် ကန်ဒေါ်လာ သုည ဒသမ ၂၇၃ သန်းဖိုး တင်ပို့ခဲ့ပါတယ်။ တင်ပို့တဲ့နိုင်ငံတွေကတော့ စင်ကာပူတစ်နိုင်ငံတည်းကိုဖြစ်ပြီး ယခင်အပတ်ကလည်း တန် ၉၀၀ ကျော် တင်ပို့ခဲ့တာကြောင့် တင်ပို့မှုပုံမှန်ရှိနေ တယ်လို့ ဆိုရပါမယ်။ နယ်စပ်ကတော့ မူဆယ်နဲ့ ချင်းရွှေဟော်ဂိတ်တွေကနေ တန် ၂၀၀၀၀ ကျော်တင်ပို့ခဲ့တာတွေ့ရပါတယ်။ ပြောင်းလက်ကျန်ရှိပေမယ့် ဈေး အနည်းငယ်ကျဆင်းတာနဲ့ သီးနှံအစိုဓာတ်ရှိနေသေးတာကြောင့် တင်ပို့မှုနည်းနေ သေးတာလို့သိရပါတယ်။ FOB (ရန်ကုန်) ဈေးကတော့ ပြောင်းလဲမှုမရှိဘဲ တစ်တန် ကို ဒေါ်လာ ၂၇၅-၂၉၅ ကြား ဈေးပေါက်လျက်ရှိကြောင်း သိရပါတယ်။ KZW
သဘာဝရော်ဘာကို ဦးဆောင်သုံးစွဲသူတွေဖြစ်တဲ့ မော်တော်ကားတာယာ ထုတ်လုပ်သူများ အသင်း(ATMA) နဲ့ အိန္ဒိယရော်ဘာစက်မှုလုပ်ငန်းများအသင်း (AIRIA) တို့က လက်ငင်းဈေးကွက် ဖရိုဖရဲဖြစ်နေတာကြောင့် ရှေ့လာမယ့်ရော်ဘာ အရောင်းအဝယ်ဈေးကွက်အတွက် ဆိုင်းငံ့ထားသင့်ကြောင်း ပြောဆိုလိုက်တယ်လို့ သိရပါတယ်။(AIRIA) ရဲ့ ဥက္ကဌက ပြည်တွင်းဈေးကွက်မှာ ရောင်းလိုအားနဲ့ ဝယ်လိုအားက အခြေခံကျပြီး ပြည်တွင်းဈေးက ကမ္ဘာ့ဈေးထက် မြင့်နေခြင်းကလည်း ပုစ္ဆာဆန်ကြောင်း၊ထုတ်လုပ်မှုအမြင့်ဆုံးလတွေရှိခဲ့ပြီး ရော်ဘာအသင်းရဲ့ အကြံပြုချက်အတိုင်း တန်ချိန် ၂ ဒသမ ၅ သိန်း ကျော်ထုတ်လုပ်နိုင်ခဲ့ကြောင်း ပြောကြား တယ်လို့ သိရပါတယ်။ (ATMA) က ဈေးကွက်ကော်မရှင်ကို ပေးပို့တဲ့စာမှာတော့ အနာဂတ်ဈေးကွက်ကို ကျစ်ကျစ်လျစ်လျစ် ဖြစ်အောင် ဆောင်ရွက်သင့်ကြောင်း ရေသားထားပါတယ်။ မကြာခင်က နိုဝင်ဘာလစာချုပ်တွေ သက်တမ်း ကုန်ဆုံးခဲ့ပြီး နိုဝင်ဘာ ၁ ရက်နေ့ ဈေးကွက်အဖွင့်မှာ ၁၄၉၁ တန်ရှိပြီး သိုလှောင်ရုံတွေမှာ သိုလှောင်မှု တန် ၁၁၀ ရှိကြောင်း သိရပါတယ်။ တောင်သူတွေနဲ့ ကုန်သည်တွေကတော့ လောလောဆယ်ဘာလုပ်ရမှန်းမသိဘဲ လှောင်ကုန်တွေကို ကိုင်ထားပြီး တခြားတစ်ဖက်မှာတော့ သုံးစွဲသူတွေအနေနဲ့လည်း ရွေးချယ်ပိုင်ခွင့်မရှိပေမယ့် သွင်းကုန်စာချုပ်တွေ ချုပ်ဆိုနေကြပါတယ်။ ဒီလိုဆောင်ရွက်ရတာက ကုန်ပစ္စည်းလုံလောက်မှု ရရှိရုံမက ပြည်တွင်းဈေးတွေ ကြီးမြင့်တာကိုလဲ ကာမိစေကြောင်း သိရပါတယ်။ ဒါပေမယ့် စိုက်ပျိုးသူတွေနဲ့ ကုန်သည်တွေက သွင်းကုန် အသွင်းများပြီး အထွက်ကောင်းတဲ့လတွေမှာ စွန့်စားရမယ့်အခြေအနေနဲ့ ရင်ဆိုင်ရဖွယ်ရှိပါတယ်။ဈေးကွက် မငြိမ်မှုက ပုံမှန်ဆောင်ရွက်နေတဲ့ကုန်သည်တွေကို စိုက်ပျိုးသူများထံမှ ဝယ်ရင်းဈေးနဲ့ သုံးစွဲသူတွေကို ပြန်ရောင်းရတဲ့ အခြေအနေကို ရောက်စေပါတယ်။ အရောင်းအဝယ်သမားများက တောင်သူဆီကဝယ်တဲ့ ငွေပမာဏကို ရင်းနှီးမြှုပ်နှံထားရပြီး ဈေးကစားသူတွေက သဘာဝရော်ဘာရဲ့အနာဂတ်မှာ ဈေးတက်တာဖြစ်ဖြစ်၊ ဈေးဆွဲချတာ ဖြစ်ဖြစ် ၎င်းတို့ရဲ့အကျိုးအတွက် ဆောင်ရွက်နိုင်တာကြောင့် အနာဂတ်ဈေးကွက်မှာ ဈေးကစားမှုကို ကြုံတွေ့ရမှာ စိုးရိမ် နေကြကြောင်း သိရပါတယ်။ ှSource:business lineKZW
လွန်ခဲ့တဲ့ရက်သတ္တပတ်အထိ ကမ္ဘာ့ရော်ဘာဈေးနှုန်းတွေကျဆင်းပြီး တရုတ်ကိုတင်ပို့မှုမှာ အခက်အခဲ တွေနဲ့ ရင်ဆိုင်နေရကြောင်း Saigon Economic Times ရဲ့ အစီရင်ခံစာမှာ ဖော်ပြထားကြောင်း သိရပါတယ်။ လွန်ခဲ့တဲ့ ရက်သတ္တပတ်က နယ်စပ်ကုန်သွယ်မှု အလွန်အားနည်းခဲ့ပြီး လက်ရှိဈေးနှုန်းကို ဗီယက်နမ်ရော်ဘာ စီးပွားရေး လုပ်ငန်းတွေက စိတ်ဝင်စားမှု မရှိကြောင်း သိရပါတယ်။ တရုတ်ကုန်သည်တွေရဲ့ ဝယ်လိုအားတွေများနေပြီး ကုန်သည်တွေက ပမာဏတော်တော်များများ တင်သွင်းလိုပေမယ့် တရုတ်အာဏာပိုင်တွေကတော့ တစ်တန်ကို ၂၃၀၀၀ ယွမ်ထက် ဈေးပိုမပေးရန် သတ်မှတ်ထားကြောင်း သိရပါတယ်။ တကယ်လို့ တရုတ်အာဏာပိုင်တွေက သဘာဝရော်ဘာကို တရားဝင်ပို့ကုန်၊ သွင်းကုန်အဖြစ် သတ်မှတ်တယ်ဆိုရင် သူတို့အနေနဲ့ ကုန်သည်တွေအမြတ်ရနိုင်မယ့် သင့်တော်တဲ့ သွင်းကုန်အခွန်နှုန်း ထားနဲ့ ကောက်ခံသင့်ကြောင်း၊ ဒါမှသာဈေးကွက်လည်း အသက်ဝင်လာမှာဖြစ်ကြောင်း သိရပါတယ်။ လွန်ခဲ့တဲ့ ရက်သတ္တပတ်မှာMong Cai နယ်စပ်ဂိတ်မှာ ရော်ဘာတင်ပို့မှု ကျဆင်းခဲ့ကြောင်း သိရပါတယ်။ ၎င်းင်းနယ်စပ်ဂိတ်မှာ ဗီယက်နမ်ရော်ဘာSVR 3L ရဲ့ အခွန်မပါဈေးနှုန်းက တစ်တန်ကို ၂၂၁၀၀ ယွမ်ရှိကြောင်း သိရပါတယ်။ ရောင်းလိုအားကတော့ ကုန်ကျစရိတ်သက်သာတဲ့အတွက် အများအပြားရှိတယ်လို့ သတင်း ရရှိပါတယ်။ Source: vietnam business news KZW
ယခုအချိန်ကာလဟာ ဆောင်းကြက်သွန်နီစိုက်ပျိုးပြီးချိန်ဖြစ်လို့ မိုးကြက်သွန်နီ(အဟောင်း)များ အစို့ ပေါက်တဲ့ ကာလဖြစ် နေပါတယ်။ အလျှော့တွက်များတဲ့အတွက် ပြည်ဈေးကွက်ပွဲရုံများရဲ့ စီးဝင် မှုကို ရောင်းအား ရှိသလောက်သာ ချင့်ချိန်လက်ခံ လျက်ရှိကြောင်း သိရပါတယ်။ ပစ္စည်းအရည်အသွေးကြောင့် ကြက်သွန်နီဈေးနှုန်း များလည်း ယခင်အပတ်ကထက် ပွဲရုံဈေးမှာ ကျဆင်းလျက်ရှိနေပါတယ်။ ယခုတစ်ပတ် ပခုက္ကူ၊ ရေနံချောင်းနဲ့ ကျောက်ပန်းတောင်း ဘက်တို့မှ ၃၅ ပိဿာဝင် အိတ် ၁၅၀၀ ခန့် အဝင်ရှိလို့ လက်လီ၊ လက်ကားရောင်းဝယ်သူများ ဧရာဝတီတိုင်းဒေသကြီးနဲ့ ရခိုင်ပြည် နယ်တို့ကို စီးဆင်းမှုအဖြစ် ဈေးကွက်အတွင်းကို အိတ် ၁၃၅၀ ခန့် အရောင်းအဝယ်ဖြစ်ခဲ့ကြောင်း သိရပါတယ်။ ပြည်ပွဲရုံများရှိ ကြက်သွန်နီဈေးမှာ တစ်ပိဿာ (ရှယ်) ၇၀၀ ကျပ်၊ (ကြီး) ၆၅၀ ကျပ်၊ (လတ်) ၅၅၀ ကျပ်၊ (သေး) ၅၀၀ ကျပ်တို့နဲ့ အသီးသီး ရောင်းဝယ် လျက် ရှိနေပါတယ်။ ဝင်းလဲ့ဝါ