Main menu

Background

Sunday, 4 Dec 2011

                       အိန္ဒိယပြည်တွင်းဈေးကွက်များမှာ လတ်တလော ကုလားပဲဈေးကျဆင်းနေပေမယ့် နောက်လာမယ့် ရက်များမှာတော့ ပြန်လည်ခိုင်မာလာဖွယ်ရှိတယ်လို့ ခန့်မှန်းကြပါတယ်။ ရာဂျက်စသန်နဲ့ အခြားပဲထုတ်လုပ်ရာဒေသများမှာ ကုလားပဲလက်ကျန် နည်းနေပြီလို့ သိရပါတယ်။ ကုန်သည်များရဲ့ ခန့်မှန်းချက်အရ ယခင်နှစ် က ကုလားပဲတန်ချိန် ၅၈ သိန်းထွက်ရှိခဲ့ရာမှ ယခုနှစ်မှာ တန်ချိန် ၄၅ သိန်းသာ ထွက်ရှိခဲ့တယ်လို့ ခန့်မှန်းကြပါတယ်။ ဒါပေမဲ့ ယခုနှစ် ကုလားပဲစိုက်ဧရိယာ တိုးတက်တဲ့အတွက် လာမယ့်နှစ် ကုလားပဲတန်ချိန် ၆၀ သိန်းခန့် ထွက်ရှိနိုင်ပြီး အဓိကတော့ ရာသီဥတုအခြေအနေပေါ်မူတည်နေတယ်လို့ ဆိုပါတယ်။ ဈေးကွက် များမှာဖြစ်ပေါ်တဲ့ ဈေးနှုန်းများ နှိုင်းယှဉ်ဖော်ပြလိုက်ပါတယ်                              ဒေါ်လာ/ တန်                        ၃၀-၁၁-၁၁       ၂၉-၁၁-၁၁       ၂၈-၁၁-၁၁             ၂၆-၁၁-၁၁ဒေလီ                 ၆၁၀-၆၁၅            ၆၁၆            ၆၁၅-၆၃၄               ၆၂၄-၆၄၃ကန်ပါ                 ၆၂၀-၆၂၅         ၆၄၅-၆၄၇        ၆၄၄-၆၅၁             ၆၄၈-၆၅၃အာကိုလာ               ၆၆၇                 ၆၉၃                ၆၉၂                     ၇၀၁MIRT(MAPT)

Sunday, 4 Dec 2011

               ပင်လယ်ရေကြောင်းက ကုလားပဲတင်ပို့မှုမှာ လျော့ကျလက်ရှိရာ ယခုတစ်ပတ် (နိုဝင်ဘာလ ၂၁-၂၅ ရက်) အတွင်းမှာလည်း လက်ကျန်တန်ချိန် ၂၄၄ သာ တင်ပို့မှုရှိခဲ့ပါတယ်။ FOB  ဈေးကွက်မှာ အရောင်းအဝယ်ဖြစ်မှုမှာလည်း နိုဝင်ဘာ ၃၀ ရက်မှာ ၇၂ တန်သာ စာချုပ်ခဲ့ကြောင်း သိရပါတယ်။ အိန္ဒိယပြည်တွင်းဈေးကွက်မှာ ဈေးလျော့ကျပြီး ဝယ်လိုအားနည်းခြင်းနဲ့အတူ ပြည်တွင်းဈေးကွက်မှာလည်း ပဲခွဲစက်များအဝယ်ရှိလို့ လက်ကျန်နည်းလာပြီလို့ သိရပါတယ်။ ရန်ကုန် FOB ဈေးကွက်မှာ ပြောင်းလဲမှုမရှိဘဲ ဒီဇင်ဘာလ ၂ ရက်မှာ   FAQ တစ်တန် ကန်ဒေါ်လာ ၉၆၀-၉၈၀ ရှိကြောင်း သိရပါတယ်။ MIRT(MAPT)

Sunday, 4 Dec 2011

                  ယခုတစ်ပတ် ပြည်ဈေးကွက်သို့ ပဲတီစိမ်းများ နယ်စုံမှဝင်ရောက်လျက်ရှိပြီး၊ တစ်ရက်အိတ် ၃၀၀ ခန့် အဝင်ရှိခဲ့ပါတယ်။ ပဲတီစိမ်းဈေးနှုန်းမှာ တစ်တင်းထိပ်စ ၁၇၃၀၀ ကျပ်၊ ရိုးရိုးစတစ်တင်း ၁၅၀၀၀ ကျပ်ဖြင့်သာ အရောင်းအဝယ်ဖြစ်ခဲ့ပါတယ်။ ရန်ကုန်ဝယ်လက်ရော မန္တလေးဝယ်လက်ပါ အဝယ်ရှိတဲ့အတွက် အဝင်ရှိ သလောက် အရောင်းအဝယ်ဖြစ်ခဲ့တယ်လို့ သိရပါတယ်။ ယခုတစ်ပတ်အတွင်း ရန်ကုန်သို့ အိတ် ၅၀၀ ကျော် တင်ပို့နိုင်ခဲ့ကြောင်းသိရပါတယ်။ ခင်ဆွေဝင်း

Sunday, 4 Dec 2011

                 နိုဝင်ဘာလ ၂၈ ရက်မှာ မန္တလေးပဲဈေးကွက်မှာ ပဲတီစိမ်းထိပ်စကို ၃ တင်းတစ်အိတ် ၄၈၀၀၀ ကျပ်၊ တစ်ပိဿာ ၈၅၃ ကျပ်နဲ့ အရောင်းအဝယ်ဖြစ်ခဲ့ပါတယ်။ ပြည်၊ အောင်လံထွက် ပဲတီစိမ်းများ အရည်အသွေး ကောင်းတဲ့အတွက် နိုဝင်ဘာလ ၂၉ ရက်မှာ ပဲတီစိမ်းကြီးထိပ်စ ၃ တင်းတစ်အိတ် ၅၇၀၀၀ ကျပ်၊ တစ်ပိဿာ ၁၀၁၃ ကျပ် အမြင့်ဈေးနဲ့ အရောင်း အဝယ်ဖြစ်တာကို တွေ့ရပြီး၊ နိုဝင်ဘာလ ၃၀ ရက်မှာ ၃ တင်းတစ်အိတ် ၅၄၀၀၀ ကျပ်၊ တစ်ပိဿာ ၉၆၀ ကျပ်ဖြင့် အရောင်းအဝယ်ဖြစ်လို့ ဈေးအနည်းငယ် အေးသွားပါတယ်။ တရုတ်ဝယ်လက်မှ အမြင့်ဈေးရော၊ အနိမ့်ဈေးနဲ့ပါ ပုံမှန် အရောင်းအဝယ်ရှိတယ်လို့ ဈေးကွက်ကဆိုပါတယ်။ ပြီးခဲ့တဲ့ အောက်တိုဘာလက ၁၆ မိုင်စစ်ဆေးရေးဂိတ်မှ ပဲတီစိမ်း ၂၈၀၉ တန်ခန့် အထွက်ရှိလို့ တစ်ရက်ကို တန် ၉၀ ကျော် စီးထွက်သွားကြောင်း၊ ယခုနိုဝင်ဘာလ ၂၇ ရက်နေ့ထိ ၂၇၄၈ တန်ခန့် စီးထွက်သွားလို့ တစ်ရက်ကို တန် ၁၀၀ ကျော်အထွက်ရှိနေတာမို့ ယခုလ ပဲတီစိမ်းတင်ပို့မှု ပိုမိုကြောင်း၊ တစ်ရက်ကို ပျမ်းမျှ ၁၀ အိတ်ခန့် အထွက်ပိုကြောင်း သိရပါတယ်။ ဈေးအနိမ့်၊ အမြင့် မြန်ဆန်တာကြောင့် အရောင်းအဝယ်ကိုလည်း သွက်သွက် လက်လက် လုပ်ကိုင်ရ ကြောင်း၊ အချိန်နဲ့အမျှ ဈေးပြောင်းလဲမှုကြောင့် အမြတ်အစွန်းအနည်းငယ်ဖြင့်သာ ရောင်းဝယ်ရကြောင်း ပဲတီစိမ်း ဈေးကွက်က သိရပါတယ်။ စိုးအောင်

Sunday, 4 Dec 2011

                 အိန္ဒိယဈေးကွက်များကို ရာဂျက်စသန်ဘက်မှ ပဲတီစိမ်းများ တစ်ရက်အိတ် ၄၄၀၀၀-၄၅၀၀၀ ခန့်အဝင်ရှိလို့ ပဲတီစိမ်း ဈေးကျဆင်းခဲ့ပါတယ်။ ဒါ့အပြင် ပဲခွဲစက်များမှ ဝယ်လိုအားမရှိဘူးလို့ သိရပါတယ်။ ဈေးကွက်တွေမှာ သိုလှောင်ပဲများနေခြင်းနဲ့ ဝယ်ယူမှုနည်းခြင်းတို့ကြောင့် လာမယ့် ရက်တွေမှာလည်း ဈေးကျဆင်းနိုင်တယ်လို့ ခန့်မှန်းကြပါတယ်။ လက်ရှိဈေးနှုန်းဟာ ယခင်နှစ်နဲ့ နှိုင်းယှဉ်ရင် ၄၀ ရာခိုင်နှုန်းခန့်ကျဆင်းလာတယ်လို့ သိရပါတယ်။ ဈေးကွက်များမှာ ဖြစ်ပေါ်တဲ့ ဈေးနှုန်းများ နှိုင်းယှဉ် ဖော်ပြလိုက်ပါတယ်-                      ဒေါ်လာ/ တန်                                          ၃၀-၁၁-၁၁      ၂၉-၁၁-၁၁      ၂၈-၁၁-၁၁         ၂၆-၁၁-၁၁မွန်ဘိုင်း (တန်ဇန်းနီးယား)     ၇၇၉-၇၈၄            ၇၈၃           ၇၈၃-၇၈၈             ၇၈၀-၇၈၅ဒေလီ                                ၄၂၃-၆၃၅         ၄၀၄-၆၁၅         ၄၂၃-၆၃၄           ၄၂၁-၆၃၅အာကိုလာ                          ၆၇၃-၈၂၇         ၆၇၃-၈၀၇         ၇၃၀-၈၄၆          ၇၈၅-၈၄၂MIRT(MAPT)

Sunday, 4 Dec 2011

                မြန်မာ-တရုတ်နယ်စပ်ရှိ မူဆယ် ၁၀၅ မိုင်ကုန်သွယ်ရေးဇုန်နဲ့ မြန်မာ-ဘင်္ဂလားဒေ့ရှ်နယ်စပ်ရှိ စစ်တွေနယ်စပ်စခန်းတို့မှ နိုဝင်ဘာလ ၂၃ ရက်မှ ၂၉ ရက်ထိ ကာလအတွင်း ကန်ဒေါ်လာ ၀ ဒသမ ၇၂၅ သန်း တန်ဖိုးရှိ ပဲတီစိမ်း ၉၂၇ တန်ကျော် တင်ပို့ခဲ့ပါတယ်။ ယခင်အပတ်ကတန် ၁၁၀၀ ကျော် တင်ပို့ခဲ့တာကြောင့် တန် ၂၀၀ ခန့် လျော့နည်းတင်ပို့ခဲ့တာဖြစ်ပါတယ်။ ယခင် ကာလများက မူဆယ်နယ်စပ်တစ်ခုတည်းမှသာ တင်ပို့ခဲ့ပေမယ့် ယခုအပတ်မှာ တော့ စစ်တွေနယ်စပ်ကနေ တစ်ဖက် ဘင်္ဂလားဒေ့ရှ်နိုင်ငံကို တန် ၂၀ စတင် ပို့နိုင်တာတွေ့ရပါတယ်။ တစ်ဘက်နိုင်ငံ ဈေးနှုန်းအနည်းငယ်ကျဆင်းခဲ့ပေမယ့် မိမိဘက် ဈေးမှာ မြင့်တက်လျက်ရှိတာကို တွေ့ရပါတယ်။ ကုန်သယ်ယူခနှုန်း ထားကတော့ ပဲတီစိမ်း ၁ ပိသာကို ယခင် ရက်သတ္တပတ် ထက် ၄ ကျပ်ခန့် လျော့နည်းခဲ့တယ်လို့ သိရပါတယ်။                                 မိမိဘက်(ကျပ်/တန်)                     တစ်ဘက်နိုင်ငံ(ဒေါ်လာ/တန်)                 ယခု        ယခင်      ပြောင်းလဲမှု    %      ယခု     ယခင်  ပြောင်းလဲမှု   %ပဲတီစိမ်း ၆၉၉၀၆၅   ၆၅၇၉၆၇     ၄၁၀၉၈    ၅ .၈     ၈၅၀     ၈၅၂          ၂          ၀ .၂MIRT(DOBT)

Sunday, 4 Dec 2011

             ရန်ကုန် FOB ဈေးကွက်မှာ ယခုတစ်ပတ် (နိုဝင်ဘာလ ၂၅ ရက်မှ ဒီဇင်ဘာလ ၁ ရက်)အတွင်း ပဲတီစိမ်း တန်ချိန်၁၂၀၀ ခန့်သာ စာချုပ်ချုပ်ဆို အရောင်းအဝယ်ဖြစ်ခဲ့လို့ ယခင်တစ်ပတ်ထက်လျော့နည်းရောင်းဝယ်ခဲ့ပါတယ်။ အိန္ဒိယ ဝယ်လက်အချို့မှ အရည်အသွေးကောင်းတဲ့ ပခုက္ကူ၊ အောင်လံဘက်က ပဲတီစိမ်းအသစ်များ ဝယ်ယူမှုရှိတယ်လို့ သိရပါတယ်။လတ်တလောမှာ အိန္ဒိယဈေးကွက်တွေမှာ အိန္ဒိယထွက် ပဲတီစိမ်းအသစ်တွေ ဝင်ရောက်နေဆဲဖြစ်လို့ ဝယ်လိုအားနည်းနေပေမဲ့ လာမယ့်ရက်တွေမှာတော့ အရည်အသွေးကောင်းတဲ့ ပဲတီစိမ်းများ အဝယ်လိုက်လာနိုင်တယ်လို့ ခန့်မှန်းကြပါတယ်။ရန်ကုန် FOB ဈေးမှာ ပြောင်းလဲခြင်းမရှိဘဲ ဒီဇင်ဘာလ ၂ ရက်နေ့မှာလည်း FAQ(အညာ) တစ်တန် ကန်ဒေါ်လာ ၇၀၀-၇၂၀၊ ပခုက္ကူ တစ်တန် ကန်ဒေါ်လာ ၇၂၀-၇၄၀ နဲ့ ရွှေဝါအကြီး တစ်တန် ကန်ဒေါ်လာ ၈၆၀-၈၈၀ အသီးသီးရှိကြောင်းသိရပါတယ်။MIRT(MAPT)

Sunday, 4 Dec 2011

             ပင်လယ်ရေကြောင်းက ပဲတီစိမ်းတင်ပို့မှုမှာယခင်သီတင်းပတ်က တန်ချိန် ၁၆၀၀ ကျော်သာရှိရာမှ ယခုတစ်ပတ် (နိုဝင်ဘာလ၂၁ ရက်-၂၅ ရက်)အတွင်းမှာတော့ တန် ၃၀၀၀ အထိအနည်းငယ်ပိုတင်လာခဲ့ပါတယ်။ အရည်အသွေးကောင်းပဲတီစိမ်းများ အဝယ်ဆက်ရှိနေသေးလို့ တင်ပို့မှုပိုလာခြင်းဖြစ်ပါတယ်။            ၂၀၁၁-၂၀၁၂ ဘဏ္ဍာနှစ် နိုဝင်ဘာလ ၂၅ ရက်အထိ ပဲတီစိမ်း စုစုပေါင်းတန်ချိန် ၂၁၂၆၀၀ ခန့်ရှိပြီး ဝင်ငွေအားဖြင့်ကန် ဒေါ်လာ ၂၀၅ သန်းခန့် ရရှိထားကြောင်း သိရပါတယ်။ ယခင်ဘဏ္ဍာနှစ် ကာလတူအတွင်း တန်ချိန် ၁၆၁၂၀၀ ကျော်သာရှိပြီး ဝင်ငွေအားဖြင့် ကန်ဒေါ်လာ ၁၈၉ သန်းကျော်ရရှိခဲ့တယ်လို့ သိရပါတယ်။MIRT(MAPT)

Sunday, 4 Dec 2011

                  ပြည်ပွဲရုံများကို ရွှေတောင်မြို့နယ်မှ ပဲလွန်းဖြူအသစ်များ ဝင်စပြု နေပြီး၊ ပဲတစ်တင်း အဖွင့်ဈေးမှာ ၁၅၀၀၀ ကျပ်ဖြစ်ကြောင်းသိရပါတယ်။ အဝင် နည်းနေသေးသလို အရောင်း အဝယ်ကလည်း အေးနေလို့ မြို့တွင်း ဝယ်လက်အနည်းငယ်သာရှိတယ်လို့ သိရပါတယ်။ ယခင်နှစ်က နိုဝင်ဘာ လလယ်မှာ ပဲဟောင်းတစ်တင်း ၃၀၀၀၀ ကျပ်ဈေး ပိတ်ခဲ့ပြီး၊ ဒီဇင်ဘာ လလယ် ပဲသစ်ပေါ်ချိန်မှာတော့ တစ်တင်း ၂၃၀၀၀ ကျပ်ဈေးဖွင့်ခဲ့တယ် လို့ သိရပါတယ်။ မိမိအေး

Sunday, 4 Dec 2011

                ပင်လယ်ရေကြောင်းက ပဲလွန်းဖြူတင်ပို့ရာမှာ ယခင်သီတင်းပတ်က တန်ချိန် ၃၂၀ ကျော်ရှိခဲ့ရာမှ ယခု သီတင်းပတ် (နိုဝင်ဘာလ ၂၁ ရက်မှ ၂၅ ရက်)အတွင်းမှာတော့ တန်ချိန် ၁၆၀ ခန့် တင်ပို့မှုရှိခဲ့ပါတယ်။ တင်ပို့တဲ့ နိုင်ငံတွေကတော့ ထိုင်း၊ ဗီယက်နမ်နဲ့ စင်ကာပူတို့ဖြစ်ပါတယ်။ လက်ရှိ ဘဏ္ဍာနှစ် နိုဝင်ဘာလ ၂၅ ရက်အထိ စုစုပေါင်း ပြည်ပတင်ပို့မှုမှာ တန်ချိန် ၁၆၇၀၀ ခန့်ရှိပြီး ဝင်ငွေအားဖြင့် ကန်ဒေါ်လာ ၁၅ သန်းကျော်ရရှိလို့ ယခင် ၂၀၁၀-၂၀၁၁ ဘဏ္ဍာနှစ် ကာလတူ အတွင်း တင်ပို့ခဲ့တဲ့ ပမာဏနဲ့ ကွာခြားမှု မရှိပေမဲ့ ဝင်ငွေမှာ ကန်ဒေါ်လာ ၁၄ သန်းသာရရှိခဲ့လို့ ယခုနှစ်မှာ ၁ သန်း ကျော်ပိုမိုခဲ့ပါတယ်။                       ရန်ကုန် FOB ဈေးကွက်မှာ အရောင်းအဝယ်ဖြစ်မှုအနေနဲ့ ယခု တစ်ပတ်မှာ တန်ချိန် ၃၇၅ တန်ရှိခဲ့ပါတယ်။ နိုဝင်ဘာလ တစ်လလုံးအတွင်း အရောင်းအဝယ်စာချုပ်ချုပ်ဆိုမှု တန်ချိန် ၁၃၇၀ ခန့်ရှိတာ တွေ့ရပါတယ်။ရန်ကုန် FOB ဈေးအနေနဲ့ ယခင် သီတင်းပတ်ဈေးအတိုင်းပြောင်းလဲခြင်း မရှိဘဲ FAQ တစ်တန် ကန်ဒေါ်လာ ၇၉၀-၈၁၀ နဲ့ SQ တစ်တန် ကန် ဒေါ်လာ ၉၀၀-၉၂၀ ရှိကြောင်းသိရပါ တယ်။ MIRT(MAPT)

Pages