Main menu

Background

Monday, 31 Oct 2011

                                                                   ရန်ကုန် FOB ဈေးနှုန်း                                                  ၂၈-၁၀-၂၀၁၁                       (ဒေါ်လာ/တန်) ယခင်အပတ်  ယခုအပတ် ပြောင်းလဲမှု မတ်ပဲ (အက်ဖ်အေကြူ)   750  745  မတ်ပဲ (အက်စ်ကြူ)  810   810  ပဲတီစိမ်း (ပခုက္ကူ)   740  740  ပဲတီစိမ်း (ရွှေဝါ)   880   880  ပဲတီစိမ်း (အညာ)   720  720  ပဲစင်းငုံ (အနီ) (သစ်)   560   560  ပဲစင်းငုံ (ဖြူနီ) (သစ်)  460  460  ပဲစင်းငုံ (ဖြူ) (သစ်)   460  460   ကုလားပဲဖြူလုံးကြီး  1030 1000   ပဲလွန်းဖြူ (အက်ဖ်အေကြူ)    840  840  ပဲလွန်းဖြူ (အက်စ်ကြူ)   950 950  မြေထောက်ပဲ      740  740  ထောပတ်ပဲ  730   730          သက်ဆိုင်ရာ နေ့ရက်များတွင် ရန်ကုန်တိုင်းဒေသကြီးကုန်စည်ဒိုင်၌ အရောင်းအဝယ်ဖြစ်ခဲ့သည့် အနိမ့်ဆုံးဈေးနှုန်း ဖြစ်သည်။

Sunday, 30 Oct 2011

                မန်းဈေးကွက်တွင်းသို့ ရွှေဘို၊ ကန့်ဘလူ၊ မြစ်ကြီးနားဒေသများအပြင်၊ ရှမ်း ပြည်နယ်(မြောက်ပိုင်း)၊ နောင်ချို ဒေသများမှထွက်ရှိတဲ့ ပြောင်းဖူးစေ့များ လှိုင်လှိုင် ဝင်ရောက်နေပါတယ်။ တရုတ်ဝယ်လိုအားအပြင် ဒေသတွင်း အစာစပ် လုပ်ငန်း များမှလည်း ပုံမှန်ဝယ်ယူမှုရှိနေတာကြောင့် အရောင်းသွက်ကြောင်း သိရပါတယ်။ ယခင်လ မှာတော့ ပြောင်းဖူးစေ့ (ရှမ်း/ဗမာ)တစ်ပိဿာ ၃၄၃ ကျပ်၊ အထွက် တိုးပြောင်း ၃၇၇ ကျပ်၊ CP  ပြောင်း ၃၄၃ ကျပ်ဈေးနဲ့ ရောင်းဝယ်ခဲ့ကြပြီး၊ ယခုလ မှာတော့ ပြောင်းဖူးစေ့(ရှမ်း) တစ်ပိဿာ ၂၆၉ ကျပ်၊ ပြောင်း(ဗမာ) ၂၅၉ ကျပ်၊ အထွက်တိုးပြောင်း ၃၂၁ ကျပ်၊ CP ပြောင်း ၂၇၈ ကျပ်ဖြင့် အရောင်းအဝယ် ဖြစ်ကြောင်း သိရပါတယ်။ ပြောင်းဖူးစေ့အသစ်များ ဝင်ရောက်မှုရှိတာကြောင့် ပြောင်းဖူးဈေးအေးရခြင်းဖြစ်ပေမယ့် တရုတ်သို့ ပြောင်းဖူးစေ့ မျိုးစုံတန်ချိန် ၁၃၀ ခန့် နေ့စဉ်နီးပါးအထွက်ရှိတာကြောင့် ဆက်ပြီးတော့ အရောင်းအဝယ်သွက်ပြီး ဈေးငြိမ်နေဦးမယ်လို့ ကုန်သည်များက ခန့်မှန်းကြပါတယ်။ စိုးအောင်

Sunday, 30 Oct 2011

                မြန်မာတရုတ်နယ်စပ်ရှိ မူဆယ်နဲ့ ချင်းရွှေဟော်နယ်စပ်စခန်းများမှ ကန်ဒေါ်လာ ၃ ဒသမ ၀၅၄ သန်းတန်ဖိုးရှိ ပြောင်းဖူးစေ့ ၁၀၅၇၃ တန်ခန့်နဲ့ နှံစားပြောင်း ၃၂၂ တန်ကျော် အောက်တိုဘာလ ၁၉ ရက်မှ ၂၅ ရက်ထိ ကာလအတွင်း တင်ပို့မှု ရှိခဲ့ပါတယ်။ ယခုအပတ် မူဆယ်နယ်စပ်မှ အများဆုံးတင်ပို့ခဲ့တဲ့ လယ်ယာထွက်ကုန် ဟာ ပြောင်းဖူးစေ့ဖြစ်တယ်လို့ သိရပါတယ်။ တစ်နေ့ထဲကို ပြောင်းကားအစီး ၂၉၀ ကျော်ထိ အဝင်ရှိခဲ့တယ်လို့သိရပါတယ်။ ပြောင်းအဝင်များလို့ တစ်ဖက် ဝယ်လက်က ဈေးနှိမ်ဝယ်မှာစိုးတဲ့အတွက် မူဆယ်ပဲပြောင်းနှမ်း ကုန်စည်ဒိုင်က ဝင်သမျှပြောင်း ကားတိုင်း တရုတ်ဝယ်လက်ကို မပို့ဘဲ တစ်နေ့ကို ၁၇၅ စီးဝန်းကျင်သာ အောက်တိုဘာလ ၂၄ နဲ့ ၂၅ ရက်နေ့များမှာ ထိန်းလွှတ်လိုက်တဲ့အတွက် ပြောင်းအပို့လျော့ သွားတာသာ ဖြစ်တယ်လို့ သိရပါတယ်။ ပြောင်းဈေးမှာ မိမိဘက်မြေပြင် ဈေးကျသော်လည်း တစ်ဖက်နိုင်ငံဈေးကိုကြည့်လျှင် သိသိသာသာမပြောင်းတာ တွေ့ရပါ တယ်။ မိမိဘက်နဲ့ တစ်ဘက်နိုင်ငံပြောင်းဈေးများကို နှိုင်းယှဉ်ဖော်ပြ ပေးလိုက်ရပါတယ်                                             မိမိဘက်(ကျပ်/တန်)                     တစ်ဘက်နိုင်ငံ(ဒေါ်လာ/တန်)                              ယခု            ယခင်    ပြောင်းလဲမှု    %        ယခု    ယခင်   ပြောင်းလဲမှု     %ပြောင်းဖူးစေ့      ၂၁၉၉၄၀    ၂၂၃၀၀၂       ၃၀၆၂       ၁        ၂၉၉    ၂၉၂      ၇                 ၂နှံစားပြောင်း        ၂၁၄၉၃၀     ၂၄၁၁၁၀    ၂၆၁၇၁     ၁၁        ၃၆၁    ၃၆၁      -                   -MIRT(DOBT)

Sunday, 30 Oct 2011

                 အောက်တိုဘာ ၁၆ ရက်မှ ၂၂ ရက်အထိကာလအတွင်း ပင်လယ်ရေကြောင်းမှာ ပြောင်း ၄၈၀၄ တန်၊ ကန်ဒေါ်လာ ၁ ဒသမ ၃၇၁ သန်းဖိုး တင်ပို့ခဲ့ပါတယ်။ တင်ပို့တဲ့နိုင်ငံတွေကတော့ မလေးရှား၊ ဗီယက်နမ်၊ အင်ဒိုနီးရှားနဲ့ စင်္ကာပူတို့ ဖြစ်ပါတယ်။ ယခင်ရက်သတ္တပတ်က တန် ၁၇၀၀ ကျော် တင်ပို့ခဲ့တာကြောင့် ယခုတစ်ပတ် တင်ပို့မှု ၃ ဆခန့် မြင့်တက် သွားတာတွေ့ရပါတယ်။ မြန်မာ့ပြောင်း အထွက်ကောင်းတဲ့အပြင် ကမ္ဘာ့ပြောင်းလိုအပ်ချက် မြင့်တက်လာတာကြောင့် ယခုလိုတင်ပို့မှု မြင့်တက်ရခြင်းဖြစ်ပါတယ်။ ပင်လယ်ရေကြောင်းသာမက နယ်စပ် ကလည်း အပတ်စဉ် တန်ချိန် ၁၀၀၀၀ ကျော် တင်ပို့နေတာတွေ့ရပါတယ်။ FOB (ရန်ကုန်)ဈေးကတော့ ပြောင်းလဲမှုမရှိဘဲ တစ်တန်ကို ကန်ဒေါ်လာ ၂၉၀-၃၀၅ ကြား ဈေးပေါက်လျက်ရှိပါတယ်။ KZW

Sunday, 30 Oct 2011

                အိန္ဒိယတာယာထုတ်လုပ်ရေး MRF ကုန်ကြမ်းစရိတ်တွေ မြင့်တက်မှုကြောင့် ထိုင်း၊ ကမ္ဘောဒီးယားနဲ့ ဗီယက်နမ်တို့လို နိုင်ငံတွေမှာ ရော်ဘာစိုက်ပျိုးရေးလုပ်ကိုင်လိုပြီး နိုင်ငံရပ်ခြားမှာ စက်ရုံတည်ထောင်နိုင်ဖို့ ရှာဖွေနေ ကြောင်း ကုမ္ပဏီရဲ့ ပြောရေးဆိုခွင့်ရှိသူက ပြောကြားခဲ့ပါတယ်။ ကုမ္ပဏီက တမီနာဒူးပြည်နယ်မှာ ရင်းနှီးမြှုပ်နှံမှု ရူပီးသန်း ၈၀၀၀ ရှိပြီး ၂၀၁၂ ဇန်နဝါရီ ဖေဖော်ဝါရီမှာ စိုက်ပျိုးရေးလုပ်ငန်းစတင်မှာ ဖြစ်ပါတယ်။ ဒီလိုတိုးချဲ့ဆောင်ရွက်ခြင်းကြောင့် MRF ရဲ့ နှစ်စဉ်ရောင်းချ ရနှုန်း ၁၅ ရာခိုင်နှုန်း တိုးတက်မှာဖြစ်ကြောင်း သိရပါတယ်။ အိန္ဒိယရဲ့အပြင်ဘက်မှာ စက်ရုံတည်ထောင်လုပ် ကိုင်ဖို့ လိုအပ်နေ ကြောင်း MRF ရဲ့ဒုတိယဥက္ကဌ ကလည်းပြောကြားခဲ့ပါတယ်။ လွန်ခဲ့တဲ့ ၂ နှစ်ကတည်းက စိုက်ပျိုးရေးလုပ်ငန်း ၃၀ ရာခိုင်နှုန်းဆောင်ရွက်ခဲ့ပြီး ရူပီးသန်း (၁)သောင်းခန့် ရှိပြီဖြစ်ကြောင်း၊ ကုန်ကြမ်းစရိတ်တွေ တစ်ရှိန်ထိုးမြင့်တက်မှုကြောင့် ယခုဘဏ္ဍာနှစ်မှာ အခြေအနေမကောင်းနိုင်ကြောင်း ၎င်းင်းကပြောကြားခဲ့ပါတယ်။ ကုန်ကျစရိတ်လျှော့ချဖို့အတွက် နိုင်ငံရပ်ခြား ရော်ဘာ စိုက်ပျိုးမြေ ရှာဖွေရမှာဖြစ်ကြောင်း၊ ယနေ့ထိသုံးစွဲနေတဲ့ရော်ဘာက ပြည်တွင်းထွက်နဲ့ တင်သွင်းတာဖြစ်ပြီး နိုင်ငံရပ်ခြားမှာရော်ဘာစိုက်ပျိုးနိုင်ရင် မိမိတို့ အတွက် အကျိုးရှိမှာဖြစ်ကြောင်း MRF  ရဲ့ဒုတိယဥက္ကဌက ပြောကြားခဲ့ပါတယ်။              ရော်ဘာစိုက်ပျိုးနိုင်တဲ့နိုင်ငံ များများစားစားမရှိဘဲ ထိုင်း၊ ကမ္ဘောဒီးယားနဲ့ ဗီယက်နမ်တို့သာ ရှိကြောင်း၊ ရော်ဘာစိုက်ပျိုးမှုမှာ နေရာသာမကကာလနဲ့အသေးစိတ်အချက်အလက်တွေကို ထည့်သွင်းစဉ်းစား ရမှာ ဖြစ်ကြောင်းMRF  တာဝန်ရှိသူက ပြောကြားခဲ့ပါတယ်။ ပြည်တွင်းမှာ လုပ်ငန်းချဲ့ထွင်မှုအတွက် MRF  က တမီနာဒူးမှာ စက်ရုံ (၈) ခုမြောက် ဆောက်လုပ်လည် ပတ်နေပြီးလုပ်ငန်း ၁၅ ရာခိုင်နှုန်း တိုးချဲ့ဆောင်ရွက်နေကြောင်း သိရပါတယ်။ လက်ရှိမှာတော့ MRF ကုမ္ပဏီအနေနဲ့ တစ်နိုင်ငံလုံးမှာ စက်ရုံ (၇) ခုရှိကြောင်း သတင်းရရှိပါတယ်။ Source :Commodity online,KZW

Sunday, 30 Oct 2011

                 အီးယူဒေသ ကြွေးမြီပြဿနာကို ကယ်ဆယ်မဲ့နည်းလမ်းအပေါ် ပြင်သစ်နဲ့ဂျာမနီ သဘောထားကွဲလွဲ နေခြင်းနဲ့ ထိုင်းမှာ ရေကြီးပြီး ကားထုတ်လုပ်မှုလျော့ကျခြင်းတို့ကြောင့် ရော်ဘာဝယ်လိုအားလျော့ကျမယ် ခန့်မှန်းကြရာဈေးနှုန်း တွေလည်း ကျဆင်းသွားတယ်။ ထိုင်းနိုင်ငံမှာ ရေကြီးမှုကြောင့်  Honda Motor Co. နဲ့ Toyota Motor Corp. အပါအဝင် ကားကုမ္ပဏီ ၉ ခုတို့ရဲ့ ကားထုတ်လုပ်မှုကို ရပ်ဆိုင်းထားရပြီး တစ်နေ့ကို ကားအစီးရေ ၆၀၀၀ ထုတ်လုပ်မှု လျော့ကျကြောင်း သိရတယ်။                  ဒါကြောင့် ဂျပန်ရှိ တိုကျိုကုန်စည် ရောင်းဝယ်ရေးမှာ မတ်လအရောက်ပို့ရမယ့်ရော်ဘာက တစ်ကီလိုကို ၂၈၁ ဒသမ ၅ ယန်း (တစ်တန်ကို ၃၆၆၉ ဒေါ်လာ) အထိ ကျဆင်းသွားရာ ၂၀၁၀ သြဂုတ်လနောက်ပိုင်း အနိမ့်ဆုံးနှုန်း ဖြစ်လာကြောင်း၊ ရှန်ဟိုင်းမှာလည်း ဇန်နဝါရီလ အရောက်ပို့ရမယ့် ရော်ဘာက တစ်တန်ကို ၃၉၈၅ ဒေါ်လာ အထိ ရောက်ရှိသွားခဲ့ကြောင်း သိရတယ်။                     အီးယူဒေသက တရုတ်နိုင်ငံပြီးရင် ကမ္ဘာမှာ ဒုတိယမြောက်ရော်ဘာသုံးစွဲမှု အများဆုံးနိုင်ငံဖြစ်ပြီး ယခင်နှစ်က ရော်ဘာတန်ချိန် စုစုပေါင်း ၁ ဒသမ ၁ သန်းသုံးစွဲခဲ့တယ်လို့ စင်ကာပူအခြေစိုက် နိုင်ငံတကာ ရော်ဘာလေ့လာရေး အဖွဲ့က ပြောကြားပါတယ်။ ပပ၊Source:Bloomberg.com

Sunday, 30 Oct 2011

               မြန်မာ-တရုတ်နယ်စပ်ရှိ မူဆယ်နဲ့ ချင်းရွှေဟော်နယ်စပ်ကုန်သွယ်ရေးစခန်းများမှတစ်ဆင့် တစ်ဖက်တရုတ်နိုင်ငံသို့ ကန်ဒေါ်လာ ၂ ဒသမလ ၂၄၇ သန်းတန်ဖိုးရှိ ရော်ဘာအဆင့်စုံ ၅၃၂ တန်ကို အောက်တိုဘာလ ၁၉ ရက်မှ ၂၅ ရက်ထိ ကာလ အတွင်း အပို့ရှိခဲ့ပါတယ်။ ယခင်အပတ်က မူဆယ်နဲ့ မြိတ်နယ်စပ်များက အပို့ရှိခဲ့ပြီး ယခုအပတ်တင်ပို့မှုဟာ တန် ၂၀၀ ပိုမိုခဲ့တယ်လို့ သိရပါတယ်။ ယခုအပတ် နယ်စပ်စခန်းအလိုက် ရော်ဘာအဆင့်လိုက်တင်ပို့မှုများကတော့ မူဆယ်မှ RSS-3  ၂၇၈ တန်၊MSR -20  ၆၉ တန်၊MSR -50 ၆၉ တန်နဲ့ ချင်းရွှေဟော်မှRSS-3  ၁၁၆ တန် အသီးသီးဖြစ်ပါတယ်။ မူဆယ်နယ်စပ်မှ RSS-3  ၂၅၄ တန်နဲ့ MSR -50 ၂၅ တန်MSR -50 ၆၉ တင်ပို့မှုပိုမိုခဲ့ပြီး MSR -20 ၁၃၅ တန် တင်ပို့မှု လျော့နည်းခဲ့ပါတယ်။ မိမိဘက်ရော တစ်ဘက်နိုင်ငံရော်ဘာဈေးများ ကျလျက်ရှိပါတယ်။                                       မိမိဘက်(ကျပ်/တန်)                       တစ်ဘက်နိုင်ငံ(ဒေါ်လာ/တန်)                      ယခု                ယခင်         ပြောင်းလဲမှု   %        ယခု         ယခင်  ပြောင်းလဲမှု   %RSS - 3      ၃၁၈၄၂၀၁      ၃၄၂၅၈၆၀      ၂၄၁၆၅၉     ၇        ၃၉၂၉      ၄၁၅၇      ၂၂၈          ၅RSS - 5       ၂၉၁၅၄၀၂     ၃၃၁၂၃၇၉        ၃၉၆၉၇၈  ၁၂       ၃၇၇၂       ၄၀၀၁    ၂၂၉           ၆MIRT(DOBT)

Sunday, 30 Oct 2011

           မန္တလေးမှ လားရှိုးသို့ မီးရထားဖြင့် ရာသီကုန်များတွင် ငါးဆားနယ်များကို နေ့စဉ်ပိဿာချိန် ရာချီတင်ပို့ နေရကြောင်း သိရပါတယ်။          "ဒီလကစပြီး ကုန်လိုက်လာပြီ။ ရာသီကုန်တွေထွက်ရှိစပြုပြီဖြစ်တဲ့အတွက် ကုန်တင်ပို့မှုများနေတယ်။ ရာသီကုန်ထဲမှာ ငါးဆားနယ်နေ့စဉ်ဝင်နေတယ်။ ငါးဆားနယ် ခြင်းတစ်ခြင်းကို ကုန်ချိန် ၇၀ ဝန်းကျင်ပါ ခြင်းပေါင်း ၁၀၀ အနည်းဆုံး နေ့စဉ်ဝင်နေတာ။ ပဲမျိုးစုံ၊ သံတိုသံစ၊ အသားခြောက်၊ အုန်းသီး၊ ဂေါ်ဖီထုပ်တွေလည်း တင်ပို့ရ တယ်။ အပြန်ကုန်တွေထဲမှာ မြေဆီ၊ စက္ကူလိပ်၊ စားတော်ပဲတွေဝင်လာတယ် " ဟု ကုန်တွဲကုန်ပို့ကိုယ်စားလှယ် တစ်ဦးက ပြောပါတယ်။               ပွင့်လင်းရာသီတွင် ရာသီကုန်များ၊ စားသောက်ကုန်များ ပုံမှန်တင်ပို့မှုရှိရာ ယခုတစ်ပတ် ငါးဆားနယ် အများဆုံး တင်ပို့မှုရှိကြောင်း၊ ကုန်စိမ်းသီးနှံမျိုးစုံပိဿာချိန် နှစ်သောင်းဝန်းကျင်တင်ပို့မှုရှိကြောင်း သိရပါတယ်။ မန္တလေး-လားရှိုးသို့ မီးရထားဖြင့်သာမက ကားများဖြင့်လည်း ကုန်တင်ပို့လျက်ရှိပါတယ်။ မီးရထားဖြင့် ကုန်တင်ပို့ခမှာ တစ်ပိဿာ ၁၀ ကျပ်ရှိကြောင်း သိရပါတယ်။                  ဇူးဇူး

Sunday, 30 Oct 2011

                 ဒီပါဝလီပွဲတော်ပိတ်ရက် ၃ ရက်ရှိတာကြောင့် နနွင်းတောင်သူများဈေးကွက်အတွင်း အောက်တိုဘာလ ၂၄ ရက်နေ့မှာ အိတ်ပေါင်း ၁၇၀၀၀ ကျော်ထိ သယ်ဆောင်လာတဲ့အတွက် နနွင်းလက်ငင်းဈေး တစ်တန်ရူပီး ၂၀၀၀-၅၀၀၀ (ကန်ဒါ်လာ ၄၀ ဒသမ ၅၅ - ၁၀၁ ) ကျဆင်းခဲ့တယ်လို့သိရပါတယ်။ ဒါပေမဲ့ အရည်အသွေးကောင်း စပ်နနွင်းမျိုးကတော့ ဝယ်ယူမှုရှိတဲ့ အတွက် တစ်တန်ရူပီး ၂၀၀၀ (ကန်ဒေါ်လာ ၄၀-၅၅ ) မြင့်တက်ခဲ့တယ်လို့ သိရပါတယ်။ တောင်သူတွေလက်ထဲမှာ နနွင်းအိတ် ၁၀ သိန်းကျော်ရှိနေပြီး ပိတ်ရက်အပြီးမှာ ဈေးကွက်အတွင်း ဝင်လာဖွယ်ရှိတယ်လို့ အီရော့နနွင်းကုန်သည်များအသင်းဥက္ကဌ မစ္စတာ အာကေဗွီရာဗီရှန်ကာမှပြောကြားပါတယ်။ နနွင်းကြိုပွိုင့်ဈေးလည်း တစ်တန်ရူပီး ၁၅၀၀ (ကန်ဒေါ်လာ ၃၀) ကျဆင်းခဲ့တယ်လို့သိရပါတယ်။                    နိုင်ငံမြောက်ပိုင်းမှ အမှာအော်ဒါများ မရရှိတာကြောင့် နနွင်းဝင်ရောက်မှုရဲ့ ၄၅ ရာခိုင်နှုန်းခန့်သာ ရောင်းထွက်တယ်လို့ သိရပါတယ်။ ရောင်းထွက်မှုနည်းတာကြောင့် တောင်သူများ စိတ်ပျက်နေကြတယ်လို့ဆို ပါတယ်။ လွန်ခဲ့တဲ့သီတင်းပတ်ကျော် အတွင်း နနွင်းဈေးဟာ တစ်တန်ရူပီး ၄၅၀၀၀ နဲ့ ၅၅၀၀၀ (ကန်ဒေါ်လာ ၉၁၂-၁၁၁၅) အတွင်းဈေးမှာအတက်အကျ ဖြစ်နေပြီး နောက်လမှာ ထပ်ကျဆင်းနိုင်တယ်လို့ခန့်မှန်းထားပါတယ်။                     အကယ်လို့ နနွင်းဝင်ရာက်မှုများနေမယ်ဆိုရင် ဈေးသိသိသာသာကျနိုင်တယ်လို့ဆိုပါတယ်။ အီရော့နနွင်း ကုန်သည်များ အသင်းဈေးဝင်းမှာ နနွင်းလက်ငင်းဈေးတစ်တန် ရူပီး ၃၈၉၄၀-၅၄၈၆၀(ကန်ဒေါ်လာ ၇၉၀-၁၁၁၂)ရှိနေပြီး၊ နနွင်းဥဈေးက ရူပီး ၃၅၀၉၀-၄၈၅၉၀ (ကန်ဒေါ်လာ ၇၁၁-၉၈၅) ရှှိတယ်လို့သိရပါတယ်။ ယမင်းခင်၊Source: hindubusiness

Sunday, 30 Oct 2011

                   ရှမ်းနနွင်းကတော့ ပုံမှန်လောက်သာ အရောင်းအဝယ်ဖြစ်နေပါတယ်။ ၅ ရက်တစ်ဈေးကို ပိဿာချိန် ၁၀၀၀၊ ၂၀၀၀ လောက်သာ အရောင်းဖြစ်တယ်လို့သိရပါတယ်။ ပြည်တွင်းသုံးအတွက် ဈေးပတ်သမားတွေ ဝယ်ယူနေလို့ အရောင်းအဝယ် ကလည်း အသင့်အတင့်သာဖြစ်နေပါတယ်။ ဆင်တောင်နနွင်းကတော့ လက်ကား ဈေးက တစ်ပိဿာ ၂၇၀၀ ကျပ်၊ ၂၈၀၀ ကျပ်ရှိပြီး၊ လက်လီဈေးကတော့ တစ်ပိဿာ ၃၀၀၀ ကျပ်နဲ့ ရောင်းနေကြပါတယ်။ ပင်လောင်းနနွင်းကတော့ အနိမ့်ဆုံး ၅၀၀ ကျပ်မှ အမြင့်ဆုံး ၁၀၀၀ ကျပ်ဈေးရှိပြီး၊ ပင်းတယ (တောင်ပို့လ) နနွင်းက ၂၀၀၀ ကျပ်ဈေးရှိတယ်လို့ အောင်ပန်းပွဲရုံတွေ ကသိရပါတယ်။               ဟိုပုံးနနွင်းကတော့ ရန်ကုန်ဝယ်လက်နဲ့ မူဆယ်ဝယ်လက်တွေ အဝယ်နည်းနည်းလိုက်လာတာကြောင့် တစ်ပိဿာ ၁၂၀၀ ကျပ်ဈေးရှိနေပေမဲ့ ပစ္စည်းလက်ကျန်က သိပ်မကျန်တော့ဘူးလို့သိရပါတယ်။ ဧဧခိုင်

Pages