Main menu

Background

Monday, 17 Oct 2011

                         ပင်လယ်ရေကြောင်းက ကုလားပဲတင်ပို့မှုမှာ အောက်တိုဘာလ ပထမပတ် အတွင်း တန်ချိန် ၆၀၀ ခန့်သာရှိလို့ ယခင်သီတင်းပတ်များထက် သိသိသာသာ လျော့ကျလာတာတွေ့ရပါတယ်။ လက်ရှိဘဏ္ဍာနှစ် အောက်တိုဘာ ၇ ရက် အထိ စုစုပေါင်း ကုလားပဲတန်ချိန် ၆၃၀၀၀ ကျော်ရှိပြီး ယခင်ဘဏ္ဍာနှစ် ကာလတူမှာ တန်ချိန် ၃၄၀၀ ခန့်သာရှိလို့ ယခုနှစ်ကာလတူမှာ တန်ချိန် ၆ သောင်းခန့်ပိုပြီး တင်ပို့နိုင်ခဲ့ပါတယ်။                          FOB ဈေးကွက် ကုလားပဲအရောင်းအဝယ်ဖြစ်မှုမှာ ယခုအောက်တိုဘာလ ဒုတိယပတ်အတွင်းမှာ တန်ချိန် ၂၅ ခန့်သာ ရှိလို့ FOB အရောင်းအဝယ်လျော့ကျ လာပြီ ဖြစ်ပါတယ်။ လက်ကျန်နည်းလာသလို ယခုတစ်ပတ် ပြည်ပအဝယ်အေးလို့ အရောင်းအဝယ်ဖြစ်မှုနည်းတာကြောင့် ရန်ကုန် FOB ဈေးမှာ အနည်းငယ် လျော့လာခဲ့ပါတယ်။ အောက်တိုဘာလ ၁၄ ရက်မှာ ကုလားပဲဖြူလုံး FAQ တစ်တန် ကန်ဒေါ်လာ ၁၀၂၀-၁၀၄၀ ရှိပြီး အောက်တိုဘာလ ၇ ရက်နေ့မှာ ကန်ဒေါ် လာ ၁၀၈၀-၁၁၀၀ ဈေးရှိကြောင်း သိရပါတယ်။ MIRT-MAPT

Monday, 17 Oct 2011

                ပြည်ဈေးကွက်အတွင်း ပဲတီစိမ်းသီးနှံမှာ အဝင် မရှိတော့ သလို ပွဲရုံအချို့၌သာ လက်ကျန်ပဲများကို မျိုးသမားများ အဝယ် ရှိတဲ့အတွက် တစ်ရက်ကို အိတ် ၃၀ -၄၀ အထိ အရောင်း အဝယ်ဖြစ်ခဲ့ကြပါတယ်။ ယခုနှစ်ပဲတီစိမ်းဈေးမှာ ဇူလိုင်လဈေးစဖွင့်ချိန်မှာ တစ်တင်း ၁၅၆၀၀ ကျပ်ဖြင့် ဈေးဖွင့်ခဲ့ပြီး၊ ဇူလိုင်လကုန်တွင် တစ်တင်း ၁၇၅၀၀ ကျပ်ထိ ဈေးမြင့် ခဲ့ပါတယ်။ သြဂုတ်လ၊ စက်တင်ဘာလများအတွင်း တစ်တင်း ၁၄၀၀၀ ကျပ်ထိ ဈေးပြန်လျှော့သွားခဲ့ကာ စက်တင်ဘာ လကုန်မှစ၍ မျိုးသမားများ ဝယ်ယူမှုရှိလာတဲ့အတွက် တစ်တင်း ၁၈၀၀၀ ကျပ်ဖြင့် အရောင်းအဝယ်ဖြစ်ခဲ့တာ ကြောင့်၊ ယခုနှစ် ပဲစိုက် တောင်သူမှာ ဈေးကောင်းမရခဲ့ဘူးလို့ သိရပါတယ်။ ခင်ဆွေဝင်း

Monday, 17 Oct 2011

               အိန္ဒိယပြည်တွင်းဈေးကွက်များအတွင်း ပဲတီစိမ်းဈေး တည်ငြိမ်သလောက်ရှိနေပါတယ်။ ဒါပေမဲ့ အရည်အသွေးအလိုက် ဈေးကွာခြားမှုများကြောင်း သိရပါတယ်။ ရာဂျက်စသန်ရဲ့ အဓိက ထုတ်လုပ်ရာဒေသများမှ ရာသီဥတု မကောင်းခြင်းကြောင့် ပဲအရည်အသွေးပျက်စီးမှုရှိကြောင်း သိရပါတယ်။ ဒေလီဈေးကွက်မှာ ပဲတီစိမ်းအိတ် ၃ သိန်းဝန်းကျင်ခန့်ရှိပြီး သိုလှောင်မှု မြင့်တက်ခြင်းနဲ့ အရည်အသွေးကောင်း ပဲတီစိမ်းကို ပဲခွဲစက်များမှ အဝယ်နည်းခြင်းက ဈေးနှုန်းကျဆင်းနိုင်ကြောင်း ခန့်မှန်းကြပါ တယ်။ ဈေးကွက်အသီးသီးမှာ ဖြစ်ပေါ်တဲ့ ဈေးနှုန်းများ နှိုင်းယှဉ်ဖော်ပြလိုက်ပါတယ်                                                         ဒေါ်လာ/တန် ဈေးကွက်                           ၁၃-၁၀-၁၁       ၁၂-၁၀-၁၁        ၁၁-၁၀-၁၁             ၁၀-၁၀-၁၁မွန်ဘိုင်း (တန်ဇန်းနီးယား)        ၈၂၆                ၈၃၈                  ၈၃၉                        ၈၃၇ဒေလီ                                ၄၉၀-၆၈၄         ၄၉၀-၉၈၄          ၄၉၁-၆၇၅                ၄၉၀-၆၇၄အာကိုလာ                         ၆၇၃-၈၇၇          ၆၇၄-၈၇၈          ၆၇၅-၈၈၀                ၆၇၄-၈၇၀MIRT(MAPT)

Monday, 17 Oct 2011

            အောက်တိုဘာလ ၅ ရက်မှ ၁၁ ရက်ထိကာလအတွင်း မူဆယ်နယ်စပ်မှ ကန်ဒေါ်လာ ၀ ဒသမ ၈၂၀ သန်းတန်ဖိုးရှိ ပဲတီစိမ်း ၁၀၅၀တန်ခန့်အပို့ရှိခဲ့ပြီး ယခင်အပတ်တင်ပို့မှုထက် တန် ၂၀၀ ခန့် လျော့နည်းခဲ့ပါတယ်။ ယခုအပတ် ပဲတီစိမ်း ကုန်တက်လည်းနည်းတယ်လို့ ၁၀၅ မိုင်ရှိ ပဲ၊ ပြောင်း၊ နှမ်းကုန်စည်ဒိုင်နဲ့ နီးစပ်သူတစ်ဦးက ပြောပါတယ်။ မိမိဘက် မြေပြင် ဈေးအနည်းငယ်မြင့်သော်လည်း တစ်ဘက်နိုင်ငံဈေးကတော့ ပြောင်းလဲမှုမရှိပါဘူး။ ယခုအပတ် နှစ်နိုင်ငံ မြေပြင်ပေါက် ဈေးများကို ယခင်အပတ်ဈေးနဲ့ နှိုင်းယှဉ် ဖော်ပြပေးလိုက်ရပါတယ်                                        မိမိဘက်(ကျပ်/တန်)             တစ်ဘက်နိုင်ငံ(ဒေါ်လာ/တန်)                 ယခု           ယခင်     ပြောင်းလဲမှု    %    ယခု    ယခင်    ပြောင်းလဲမှု    %ပဲတီစိမ်း ၇၀၂၅၂၇    ၆၅၃၅၀၀       ၄၉၀၂၇      ၈    ၈၉၄     ၈၉၄            -            -MIRT (DOBT)

Monday, 17 Oct 2011

                   ရန်ကုန်တိုင်းဒေသကြီး ဘုရင့်နောင်ကုန်စည်ဒိုင် FOB ဈေးကွက်မှာ ပြည်ပဝယ်လိုအားနည်းတာကြောင့် ပဲတီစိမ်းတန် ၂၀၀၀ ခန့်၊ ပဲတီရွှေဝါတန် ၆၇၀ ကျော်နဲ့ ပဲတီစိမ်းခွဲခြမ်း ၁၃၀ ခန့် စုစုပေါင်း တန် ၁၀၀၀ ခန့်သာ အရောင်းအဝယ်ဖြစ်ခဲ့ပါတယ်။ အိန္ဒိယဈေးကွက်တွေမှာ ပဲတီစိမ်းအသစ်တွေ ဝင်ရောက်မှုရှိနေဆဲဖြစ်ပြီး ပဲတီစိမ်း အဝင်ရပ်မယ့် လာမယ့်လများမှာတော့ မြန်မာပဲတီစိမ်းကိုအဝယ်ပြန်လိုက်နိုင်တယ်လို့ ခန့်မှန်းကြပါတယ်။ ယခုတစ်ပတ် အတွင်း ပဲတီရွှေဝါကို အရောင်းအဝယ် ဖြစ်မှု များတာ တွေ့ရပါတယ်။                   အရောင်းအဝယ်ဖြစ်မှုနည်းပြီး ပို့ကုန်ဝင်ငွေ တစ်ဒေါ်လာ တန်ဖိုး လျော့ကျမှုကြောင့် FOB ဈေးလည်း အနည်းငယ် လျော့ကျခဲ့ပါတယ်။                                  ဒေါ်လာ/တန်                          ပဲတီစိမ်းအညာ       ပဲတီရွှေဝါအသေး            ပဲတီရွှေဝါအကြီး၁၄-၁၀-၁၁            ၇၅၀-၇၇၀              ၈၀၀-၈၂၀                  ၁၀၀၀-၁၀၂၀၇-၁၀-၁၁              ၇၈၀-၈၀၀              ၈၄၀-၈၆၀                   ၁၀၂၀-၁၀၄၀MIRT(MAPT)

Monday, 17 Oct 2011

                    ပင်လယ်ရေကြောင်းက ပဲတီစိမ်းတင်ပို့မှုမှာ ယခင်သီတင်းပတ်က တန်ချိန် ၁၅၀၀ ခန့်တင်ပို့ခဲ့ရာမှ ယခုအောက်တိုဘာလ ၂ ရက်မှ ၇ ရက်အတွင်းမှာ တန်ချိန် ၂၁၀၀ ကျော် တင်ပို့ခဲ့တာတွေ့ရပါတယ်။ ယခင်သီတင်းပတ်တင်ပို့မှု ထက် ပိုပေမဲ့ ပုံမှန် တင်ပို့မှုထက်တော့ လျော့နည်းနေဆဲဖြစ်တာ တွေ့ရပါတယ်။ လတ်တလောအိန္ဒိယမှာ ပဲတီစိမ်းသစ်များ ဈေးကွက်အတွင်း ဝင်ရောက်နေတာဖြစ်လို့ တင်ပို့မှုလျော့ကျနေခြင်းဖြစ်ပြီး လာမယ့်လများမှာတော့ အိန္ဒိယပဲအသစ်အဝင်ရပ်သွားရင် မြန်မာပဲတီစိမ်းများ ပြန်လည်တင်ပို့မှု အားကောင်းလာဖွယ်ရှိပါတယ်။                   လက်ရှိ ၂၀၁၁-၂၀၁၂ ဘဏ္ဍာနှစ် အောက်တိုဘာလ ၇ ရက်နေ့အထိ ပဲတီစိမ်း စုစုပေါင်းတင်ပို့ပြီးစီးမှု တန်ချိန် ၁၉၆၀၀၀ ကျော်ရှိပြီး ယခင်ဘဏ္ဍာနှစ် ကာလတူမှာ တန်ချိန် ၁၃၃၀၀၀ ခန့် ရှိလို့ ယခုနှစ်မှာ တန်ချိန် ၃၀၀၀၀ ကျော်ပိုတင်ပို့နိုင်တာ တွေ့ရပါတယ်။ MIRT-MAPT

Monday, 17 Oct 2011

                မူဆယ် ၁၀၅ မိုင် ကုန်သွယ်ရေးဇုန်မှ အောက်တိုဘာလ ၅ ရက်မှ ၁၁ ရက်ထိကာလအတွင်းကန်ဒေါ်လာသုည ဒသမ ၁၁၇၉ သန်းတန်ဖိုးရှိ ပဲယင်း ၂၃၄ တန်ခန့် အပို့ရှိခဲ့ပြီး ယခင် အပတ်ကထက် ၁၁ တန်ခန့် ပိုမို တင်ပို့ နိုင်ခဲ့ပါတယ်။ မြေပြင် ပဲယင်းဈေး ဟာ မိမိဘက်မှာ မြင့်တက်သော်လည်း တစ်ဘက်နိုင်ငံဈေးမှာ ပြောင်းလဲမှု မရှိဘူးလို့သိရပါတယ်           မိမိဘက် (ကျပ်/ တန်)     ယခု         ယခင်      ပြောင်းလဲမှု    %၃၇၈၀၀၀   ၃၅၈၀၀၀   ၂၀၀၀၀           ၆        တစ်ဘက်နိုင်ငံ (ဒေါ်လာ/တန်)    ယခု        ယခင်       ပြောင်းလဲမှု         %    ၄၈၆        ၄၈၆                -                -MIRT(MAPT)

Monday, 17 Oct 2011

             ပင်လယ်ရေကြောင်းက ပဲလွန်းဖြူ တင်ပို့မှုမှာ ယခင်သီတင်းပတ်က တန်ချိန် ၁၈၀ ခန့်သာရှိခဲ့ရာမှ ယခု အောက်တိုဘာလ ပထမပတ် (အောက်တိုဘာ ၂ ရက်မှ ၇ ရက်) အတွင်းမှာ တော့ တန်ချိန် ၄၁၀ ကျော်ထိ တင်ပို့မှု တိုးတက်ခဲ့ပါတယ်။ လက်ရှိဘဏ္ဍာနှစ် အတွင်း တင်ပို့မှုအနေနဲ့ တန်ချိန် ၁၅၂၀၀ ကျော်ရှိပြီး ယခင်ဘဏ္ဍာနှစ် ကာလတူအောက်တိုဘာ၇ ရက်အထိ မှာ တန်ချိန် ၁၅၇၀၀ ခန့်ရှိလို့ ယခုနှစ်မှာ အနည်းငယ်လျော့ကျတင်ပို့မှု ရှိခဲ့တာ တွေ့ရပါတယ်။                ရန်ကုန်တိုင်းဒေသကြီး FOB ဈေး ကွက်မှာ ယခုတစ်ပတ် (အောက်တို ဘာ ၇ ရက်မှ ၁၃ ရက်) အတွင်း တန် ချိန် ၁၃၀ ကျော် အရောင်းအဝယ် စာချုပ် ချုပ်နိုင်ခဲ့ပြီး အောက်တိုဘာလ ၁ ရက်မှ ၁၃ ရက်အထိမှာတော့ တန် ချိန် ၅၂၀ ကျော် အရောင်းအဝယ် ရှိခဲ့တယ်လို့ သိရပါတယ်။ အောက်တိုဘာ ၁၄ ရက် FOB ဈေးမှာ ယခင်သီတင်း ပတ် ဈေးအတိုင်း FAQ တစ်တန် ကန်ဒေါ်လာ ၈၄၀-၈၆၀ နဲ့ SQ တစ်တန် ကန်ဒေါ်လာ ၉၅၀-၉၇၀ နဲ့ ငြိမ်နေ ကြောင်း သိရပါတယ်။ MIRT-MAPT

Monday, 17 Oct 2011

                       ယခုတစ်ပတ် မုံရွာကုန်စည်ဒိုင် ပဲစင်းငုံနီဈေးကွက်မှာ FOB ဝယ်လက်မရှိလို့ အရောင်းအဝယ်မဖြစ်သလောက်ပါးခဲ့ကာဈေးလည်းတစ်ရက်ထက်တစ်ရက် ကျဆင်းသွားခဲ့တာတွေ့ရပါတယ်။ ယခုလထဲမှာ တစ်တင်း ၁၄၂၀၀ ကျပ်ထိ အမြင့် ဆုံးပေါက်ခဲ့ရာက ယခုတစ်ပတ်မှာ တစ်တင်း ၁၃၁၀၀ ကျပ်ထိ ကျဆင်းသွားခဲ့တာ ဖြစ်ပါတယ်။ မန္တလေးလက်အနည်းငယ်နဲ့ ပခုက္ကူလက်အဝယ် အနည်းငယ်ရှိခဲ့လို့ တစ်ရက်တင်း ၂၀၀၊ ၃၀၀ခန့် အရောင်းအဝယ်ဖြစ်ခဲ့တယ်လို့ဆိုပါတယ်။ မုံရွာ ကုန်စည်ဒိုင်ဈေးကွက်ထဲမှာ ဒေသခံကုန်သည် အချင်းချင်း ကြိုက်ရောင်း ကြိုက်ဝယ် အသင့်အတင့်သာ အရောင်းအဝယ်ဖြစ်ခဲ့တယ်လို့ သိရပါတယ်။ ဒီတစ်ပတ်အတွင်း စီးဆင်းမှု အနေနဲ့ မန္တလေးကို တင်း ၁၀၀၀ ခန့်နဲ့ ပခုက္ကူကို တင်း ၁၂၀၀ ခန့်ရှိခဲ့ ကြောင်း သိရပါတယ်။ ထွန်းလှိုင်

Monday, 17 Oct 2011

                        အိန္ဒိယပြည်တွင်းဈေးကွက်များမှာ ပဲစင်းငုံဈေးဆက်တိုက်ကျဆင်းခဲ့ရာမှ ယခုရက်ပိုင်းအတွင်း ပြန်လည်ခိုင်မာလာပါတယ်။ ဂျယ်ဂွန်နဲ့ အာကိုလာမှာ ပဲစင်းငုံ ၂ ရာခိုင်နှုန်းခန့် ပျက်စီးတဲ့ သတင်းများအရ ဈေးအနိမ့်မှာ ပဲခွဲစက်များက ဝယ်ယူမှု ရှိတာကြောင့် ဈေးပြန်မာလာတာဖြစ်ပါတယ်။ အတ္တရာပရာဒေ့ရှ်ရှိ ပဲထုတ် လုပ်ရာ ဒေသများမှာ ပဲစင်းငုံအရည်အသွေးကောင်းမွန်ကြောင်း သိရပါတယ်။ နောက် ၂ ရက်- ၃ ရက်ခန့်တွင် ပဲစင်းငုံဈေး အနည်းငယ်မြင့်တက်နိုင်ပြီး ပဲအသစ်များ နောက်၂၀-၂၅ ရက်ကျော်မှသာ ဝင်ရောက်ဖွယ်ရှိတာကြောင့် လာမယ့်ရက်များမှာ ဈေးငြိမ်နိုင်တယ်လို့ ခန့်မှန်းကြပါတယ်။ ဈေးကွက်အတွင်း ဖြစ်ပေါ်တဲ့ ဈေးနှုန်းများ နှိုင်းယှဉ် ဖော်ပြလိုက်ပါတယ်။                                                                                                                 ဒေါ်လာ/ တန်                        ၁၃-၁၀- ၁၁         ၁၂-၁၀-၁၁      ၁၁-၁၀-၁၁        ၁၀-၁၀-၁၁မွန်ဘိုင်း               ၆၃၃                  ၆၁၃-၆၁၈        ၆၁၄-၆၁၉       ၆၁၃-၆၁၈ဒေလီ              ၆၇၃-၆၇၅              ၆၅၉-၆၆၀         ၆၄၂-၆၄၄       ၆၅၁-၆၅၃ချန်နိုင်း                ၆၁၇                      ၆၁၃               ၆၁၄                ၆၁၃MIRT(MAPT)

Pages