Main menu

Background

Monday, 17 Oct 2011

                        ပြည်ပွဲရုံတွေရဲ့ မတ်ပဲဈေးမှာ ယခင်တစ်ပတ်ကဈေးအတိုင်း ငြိမ်နေပြီး၊ ပဲတစ်တင်း ၁၈၅၀၀ ကျပ်ဈေးရှိတယ်လို့ သိရပါတယ်။ သီတင်းကျွတ်ပွဲတော်ရက် ဖြစ်လို့အရောင်းအဝယ်အေးနေပြီး၊ ဈေးလည်းအေးနေပါတယ်။ မြို့ခံပဲကုန်သည် များမှ တစ်နေ့ ပဲအိတ် ၄၀၀-၅၀၀ ခန့် ရန်ကုန်ဝယ်လက်အဝယ်ရှိပြီး၊ ပဲခူးတိုင်း ဒေသကြီး၊ ပြည်၊ လက်ပံတန်း၊ အုတ်ဖို၊ ကြို့ပင်ကောက်ဘက်မှ ရန်ကုန် ဘုရင့်နောင် သို့ တစ်နေ့ကို ပဲအိတ် ၂၀၀၀ ခန့် တင်ပို့မှု ရှိတယ်လို့ သိရပါတယ်။                    မိမိအေး

Monday, 17 Oct 2011

                     အိန္ဒိယပြည်တွင်းဈေးကွက်များအတွင်း ယခင်ရက်များက မတ်ပဲဈေးအကျဘက်ဆင်းနေခဲ့ရာမှ ယခုသီတင်းပတ်နှောင်းပိုင်းမှာတော့ ဈေးအနိမ့်နဲ့ လှောင်လက် များဝယ်ယူလာတာကြောင့် အတက်ဘက် ဦးတည်လာခဲ့ပါတယ်။ မဒ္ဒရာပရာဒေ့ရှ် ဈေးကွက်များမှာ မတ်ပဲပျမ်းမျှ အရည်အသွေးလိုက်ပြီး တစ်တန်ကို ရူပီး ၅၀၀ - ၁၀၀၀(ကန်ဒေါ်လာ ၁၀ ဒသမ ၁၇ -၂၀ ဒသမ ၃၃) မြင့်တက်ခဲ့ပါတယ်။ ဒါပေမဲ့ မတ်ပဲဈေးမြင့်တက်မှုက နောက် ၂ ရက် ၃ ရက်အတွင်း ယာယီမျှသာဖြစ်နိုင်ပြီး မတ်ပဲအသစ်များ ရရှိနိုင်တာကြောင့် ကျဆင်းဖွယ်ရှိတယ်လို့ ခန့်မှန်းကြပါတယ်။ ဈေးကွက်များမှာဖြစ်ပေါ်တဲ့ ဈေးနှုန်းများ နှိုင်းယှဉ်ဖော်ပြလိုက်ပါတယ်                                       ဒေါ်လာ/ တန်                         ၁၃-၁၀-၁၁       ၁၂-၁၀-၁၁        ၁၁-၁၀-၁၁            ၁၀-၁၀-၁၁မွန်ဘိုင်း                ၇၆၅                  ၇၆၁                 ၇၆၂                      ၇၆၁ဒေလီ                ၅၅၁-၆၇၃         ၅၇၂-၆၈၄         ၅၇၃-၆၇၅              ၅၈၂-၆၇၄ချန်နိုင်း                ၈၂၆                   ၈၀၇             ၈၁၃-၈၁၈                 ၈၂၇MIRT(MAPT)

Monday, 17 Oct 2011

                ရန်ကုန်တိုင်းဒေသကြီး ဘုရင့်နောင်ကုန်စည်ဒိုင် FOB ဈေးကွက်မှာ မတ်ပဲအရောင်းအဝယ်ဖြစ်မှုကတော့ ယခင်သီတင်းပတ်ထက် ထက်ဝက်ခန့် လျော့ကျလာပါတယ်။ အိန္ဒိယဝယ်လက်များ အဝယ်နှေးတာကြောင့် ယခင်သီတင်း ပတ်က တန်ချိန် တစ်သောင်းကျော်အရောင်းအဝယ်စာချုပ်ခဲ့ရာမှ ယခုသီတင်းပတ် (အောက်တိုဘာ လ ၇ ရက်မှ ၁၃ ရက်) အတွင်းမှာတော့ သီတင်းကျွတ်ပိတ်ရက် ရှိခြင်းကြောင့် တန်ချိန် ၅၀၀၀ ကျော်သာ အရောင်းအဝယ်စာချုပ်နိုင်ခဲ့ပါတယ်။ လတ်တလော အိန္ဒိယဈေးကွက်တွေမှာ မတ်ပဲအသစ်တွေ ရောင်းချနေလို့ မြန်မာမတ်ပဲ အဝယ်အေးနေတာဖြစ်ပေမဲ့ လာမယ့်လများမှာ မတ်ပဲသစ် ဝင်ရောက် မှု ပြီးဆုံးသွားရင်တော့ မြန်မာမတ်ပဲ အဝယ်ပြန်လိုက်လာနိုင်တယ်လို့ ကုန်သည်ကြီး များက ခန့်မှန်းထားပါတယ်။ ပို့ကုန်ဝင်ငွေ တစ်ယူနစ်တန်ဖိုး အနည်းငယ်ကျဆင်း ခဲ့သလို ပြည်ပအဝယ်နှေးတာကြောင့် ရန်ကုန် FOB ဈေးလည်း အနည်းငယ်လျော့ ကျခဲ့ပါတယ်။                      ဒေါ်လာ/တန်                          မတ်ပဲ(FAQ)            မတ်ပဲ(SQ)၁၄-၁၀-၁၁           ၇၄၀-၇၆၀              ၈၁၅-၈၃၅၇-၁၀-၁၁             ၇၅၅-၇၇၅              ၈၃၀-၈၅၀MIRT(MAPT)

Monday, 17 Oct 2011

                 ပင်လယ်ရေကြောင်းက မတ်ပဲတင်ပို့မှုမှာ ယခင်သီတင်းပတ်များက တန်ချိန် နှစ်သောင်းကျော်ရှိခဲ့ရာမှ ယခုတစ်ပတ် (အောက်တိုဘာလ ၂ ရက်မှ ၇ ရက်) အတွင်းမှာတော့ တန်ချိန် ၁၆၀၀၀ ကျော်ကို လျော့ကျတင်ပို့ခဲ့ တာ တွေ့ရပါတယ်။ လတ်တလော အရောင်းအဝယ်ဖြစ်မှုနည်းတဲ့အတွက် ယခင်အရောင်းအဝယ် ဖြစ် ထားတဲ့ ပဲများတင်ပို့နေခြင်းဖြစ်တယ်လို့ သိရပါတယ်။                    လက်ရှိဘဏ္ဍာနှစ် အောက်တိုဘာလ ၇ ရက်အထိ မတ်ပဲစုစုပေါင်း တင်ပို့မှု ဟာ တန်ချိန် ၄၂၀၀၀၀ကျော်ရှိပြီး ယခင်ဘဏ္ဍာနှစ် ကာလတူမှာ တန်ချိန် ၂၇၅၀၀၀ ကျော်သာရှိတာ တွေ့ရပါတယ်။ အိန္ဒိယမှာ မတ်ပဲအသစ်ဝင်တဲ့ကာလဖြစ်လို့ ဝယ်လို အားနည်းပြီး တင်ပို့မှုနည်းခြင်းဖြစ်ပါတယ်။ လာမယ့်သီတင်းပတ်မှာလည်း တင်ပို့မှု လျော့ကျဖွယ်ရှိတယ်လို့ ကုန်သည်ကြီးများက ခန့်မှန်းထားပါတယ်။          MIRT-MAPT

Tuesday, 11 Oct 2011

                    တရုတ်နိုင်ငံရဲ့ ထိပ်တန်းစီးပွားရေး စီမံခန့်ခွဲတဲ့ နိုင်ငံတော်ဖွံ့ဖြိုးရေးနဲ့ ပြန်လည် ထူထောင်ရေး ကော်မရှင် NDRC ဟာ တောင်ပိုင်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ကွမ်ရှီးရှိ သကြားထုတ်လုပ်တဲ့ ကုမ္ပဏီကြီး ၂ ခုကို ဈေးနှုန်းမြင့်  တက်မှုကိုဖြစ်စေတဲ သကြားသိုလှောင်မှုကို ရပ်တန့်ဖို့ ထုတ်ပြန်ချက်ကို စက်တင်ဘာလ ၃၀ ရက်နေ့မှာ ကြေညာခဲ့ပါတယ်။ သကြားထုတ်လုပ်တဲ့ ကုမ္ပဏီ ၂ ခုဟာ ကွမ်ရှီးနန်ဟွနဲ့ ကွမ်ရှီး ဖောင်တန်ဖုန်တန်း တို့ဖြစ်ပြီး၊ နိုင်ငံရဲ့အဓိက သကြားထုတ်လုပ်တဲ့ဒေသရှိ သကြားကုမ္ပဏီ ၁၀ ခုကျော်ကို NDRC မှ စစ်ဆေးစဉ် ယင်းကုမ္ပဏီ ၂ ခုဟာ သကြား ပမာဏ အမြောက်အမြား သိုလှောင်ထားတာကို တွေ့ရှိခဲ့ခြင်းဖြစ်တယ်လို့ သိရပါတယ်။                     အဲဒီကုမ္ပဏီ ၂ ခု သိုလှောင်ထားတဲ့ သကြားပမာဏ တန်ချိန် ၁၇၀၀၀၀ ရှိတယ်လို့ ဆိုပါတယ်။ အဲဒီလို ပမာဏ ကြီးကြီးမားမား ကိုင်ဆောင်ထားတဲ့အတွက် ဈေးကွက်တွေမှာရောင်းအားနည်းလာပြီး၊ သကြားဈေး သိသိသာသာမြင့်တက်လာဖို့ ဦးတည်စေတာကြောင့် အဲဒီလိုလုပ်ဆောင်ခြင်းဟာ ဈေးနှုန်းဥပဒေနဲ့ စည်းမျဉ်းကို ချိုးဖောက်ခြင်း ဖြစ်တယ်လို့ NDRC က ၎င်းင်းရဲ့ ဝက်ဆိုဒ်မှာ ဖော်ပြထားပါတယ်။ တရုတ်နိုင်ငံအတွင်းမှာ ထုတ်လုပ်မှု လျော့ကျခြင်းနဲ့ ထုတ်လုပ်မှု ကုန်ကျစရိတ် မြင့်တက်ခြင်းတို့ကြောင့် ၂၀၀၉ ခုနှစ်ကထဲက သကြားဈေးဟာ မြန်ဆန်စွာ မြင့် တက်လာခဲ့ပါတယ်။ ဒါ့အပြင် တရားမဝင် သိုလှောင်ထိန်းသိမ်းခြင်းနဲ့ ဈေးနှုန်း ထိန်းချုပ်ခြင်းကလည်း ဈေးနှုန်းကို ကြီးမြင့်စေတယ်လို့ဆိုပါတယ်။NDRC က ယင်း ကုမ္ပဏီ ၂ ခုအနေနဲ့ ၎င်းင်းတို့ သိုလှောင်သကြားများကို အောက်တိုဘာ ၁၅ ရက် မတိုင်မီ ဈေးကွက်ထဲကို တစ်တန် ယွမ် ၇၀၀၀ (ကန်ဒေါ်လာ ၁၁၀၀)ထက် မပိုတဲ့ ဈေးနဲ့ ရောင်းချရမယ်လို့ အမိန့်ထုတ်ပြန်ခဲ့ပါတယ်။                     အကယ်လို့ အဲဒီကုမ္ပဏီ ၂ ခုဟာ ထုတ်ပြန်ထားတဲ့အတိုင်း ရောင်းချခြင်း မပြုပါက ဥပဒေအရ ဒဏ်ငွေ ပေးဆောင်ရမှာဖြစ်ပါတယ်။ ဒေသဆိုင်ရာ အဖွဲ့ အစည်းများအနေနဲ့ အဓိကသကြားထုတ်လုပ်တဲ့ ကုမ္ပဏီများကို လည်း ကြပ်ကြပ်မတ်မတ် စစ်ဆေးဖို့နဲ့ သိုလှောင်ထိန်းသိမ်းခြင်း၊ ဈေးနှုန်းထိန်းချုပ် ခြင်းတွေကို တားမြစ်ဖို့လည်း NDRC မှ အမိန့်ထုတ်ပြန်ထားတယ်လို့ သိရပါတယ်။ NDRC မှ ထုတ်ပြန်တဲ့ သတင်းအရ တရုတ်နိုင်ငံရဲ့ အဓိက သကြားထုတ်လုပ်တဲ့ ကွမ်ရှီး မြို့တော် နန်နင်းမှာ သကြားဈေးဟာ သြဂုတ်လ ၁၈ ရက်မှာ သကြား တစ်တန် ယွမ် ၇၇၂၁ (ကန်ဒေါ်လာ ၁၂၁၃)ရှိခဲ့ရာမှ သြဂုတ်လကုန်မှာ ယွမ် ၇၆၆၀ (ကန်ဒေါ်လာ ၁၂၀၄)ကို ကျဆင်းခဲ့တယ်လို့ သိရပါတယ်။ ယမင်းခင် Source: Xinhua

Tuesday, 11 Oct 2011

                        စက်တင်ဘာ ၂၈ ရက်မှ အောက်တိုဘာ ၄ ရက်ထိကာလအတွင်း ကန်ဒေါ်လာ ၃ ဒသမ ၉၈၈ သန်းတန်ဖိုးရှိ ပြောင်းဖူးစေ့ ၁၃၇၇၁ တန်နဲ့ နှံစားပြောင်း ၄၈၅ တန်ခန့် အပို့ရှိခဲ့ပြီး ယခုအပတ်မှာချင်းရွှေဟော် နယ်စပ်မှ ပြောင်း အပို့မရှိ ဘူးလို့ သိရပါတယ်။ ယခုအပတ် မူဆယ်မှ ပြောင်းတင်ပို့ မှုသည် ယခင်အပတ် ကထက် ပြောင်း ၂၆၅၃ တန် တင်ပို့မှု ပိုမိုခဲ့ပါတယ်။ စက်တင်ဘာလအတွင်း ပြောင်းတင်ပို့မှုမှာ ၃၃၂၄၈ တန်ဖြစ်ပြီး ဧပြီလမှ စက်တင်ဘာလထိ ပြောင်းတင်ပို့မှုမှာ တန် ၂၇၅၀၀၀ ကျော် ရှိပြီးဖြစ်ပါတယ်။ မိမိဘက် မြေပြင်ပေါက်ဈေးများ ယခုအပတ်အနည်းငယ်မြင့်တက်လျက်ရှိပါတယ်။မိမိဘက်နဲ့ တစ်ဘက်နိုင်ငံ မြေပြင် ပေါက်ဈေးများကို နှိုင်းယှဉ် ဖော်ပြပေးလိုက်ပါတယ်                                                မိမိဘက်(ကျပ်/တန်)                        တစ်ဘက်နိုင်ငံ(ဒေါ်လာ/တန်)                               ယခု               ယခင်       ပြောင်းလဲမှု   %           ယခု       ယခင်   ပြောင်းလဲမှု   %ပြောင်းဖူးစေ့         ၂၂၈၃၆၅       ၂၂၇၁၇၅       ၁၁၉၀       ၀ .၅        ၂၈၂         ၂၉၀        ၈            ၃နှံစားပြောင်း           ၂၅၃၀၀၀       ၂၄၆၀၉၁        ၆၉၀၉        ၃           ၃၆၇        ၃၄၅       ၂၂           ၆MIRT(DOBT)

Tuesday, 11 Oct 2011

                  စက်တင်ဘာ ၂၅ မှ အောက်တိုဘာ ၁ ရက်အထိကာလအတွင်း ပင်လယ်ရေကြောင်းမှ ပြောင်း ၁၄၆၇ တန်၊ ဒေါ်လာ ၀ ဒသမ ၄၂၃ သန်းဖိုးကို စင်္ကာပူနဲ့ ဗီယက်နမ်နှစ်နိုင်ငံကို တင်ပို့နိုင်ခဲ့ပါတယ်။ ယခင်အပတ်က တန် ၉၀၀ ကျော်သာ တင်ပို့ခဲ့တာကြောင့် ယခုတပတ်မှာ တန် ၅၀၀ ကျော်တင်ပို့မှုပိုမိုပါတယ်။ နယ်စပ် ကလည်း တန် ၁၀၀၀၀ ကျော်ပုံမှန်တင်ပို့နေရတာတွေ့ရပါတယ်။ FOB ရန်ကုန် ဈေးကတော့ ပြောင်းလဲမှုမရှိဘဲ ဒေါ်လာ (၂၉၀-၃၀၅) ကြားဈေးပေါက် လျက် ရှိကြောင်းသတင်းရရှိပါတယ်။ KZW

Tuesday, 11 Oct 2011

                 ရော်ဘာဈေးနှုန်းတွေ ကျဆင်းနေရာ ကမ္ဘာ့ရော်ဘာထုတ်လုပ်မှုအများဆုံး ထိုင်းနိုင်ငံက ယခုနှစ်အတွင်း ရော်ဘာထုတ် လုပ်မှု ၃ ဒသမ ၅ ရာခိုင်နှုန်းလျှော့ချဖို့ ရည်ရွယ်နေကြောင်း သိရတယ်။ ထိုင်းနိုင်ငံက ၎င်းကိုယ်တိုင် ရော်ဘာထုတ်လုပ်မှု လျှော့ချမယ့်အပြင် အင်ဒိုနီးရှားနဲ့ မလေးရှားနိုင်ငံတို့ကိုလည်း ရော်ဘာထုတ်လုပ်မှုလျှော့ချဖို့ တိုက်တွန်းသွားမှာဖြစ်ကြောင်း၊ ဒါမှသာ ရော်ဘာဈေးနှုန်းပြန်လည်ဦးမော့လာမှာဖြစ်ကြောင်း ထိုင်းနိုင်ငံရော်ဘာလုပ်ငန်းမှ အရာထမ်းတွေက အောက်တိုဘာလ ၄ ရက်နေ့မှာ ပြောကြားခဲ့တယ်။              ၂၀၁၁ ခုနှစ် ၊ ဖေဖော်ဝါရီလအတွင်း ကမ္ဘာ့ရော်ဘာဈေးနှုန်းတွေက တစ်တန်ကို ကန်ဒေါ်လာ ၆၅၀၀ အထက်ထိ ရောက်ရှိ စံချိန်တင်ခဲ့သော်လည်း နောက်ပိုင်းတဖြည်းဖြည်းအားနည်းလာရာအောက်တိုဘာလဆန်းပိုင်းမှာ (ထိုင်း RSS-1) ဆိုရင် တစ်တန်ကို ဒေါ်လာ ၄၁၀၀ ဝန်းကျင် အထိ ကျဆင်းလာတယ်။ ကမ္ဘာ့စီးပွားရေး အခြေအနေအပေါ် စိုးရိမ်ပူပန်မှု တွေက ကုန်ကြမ်းပစ္စည်းတွေ ဝယ်လိုအားကိုကျဆင်းစေပြီး ရေနံအပါအဝင် အခြားကုန်စည်တွေ ဈေးကျဆင်းမှုနဲ့ အတူ ရော်ဘာဈေးနှုန်း တွေလည်း ကျဆင်းသွားခြင်းဖြစ်တယ်။                  ဒါကြောင့် ထိုင်းအစိုးရသစ်က ပြည်တွင်းရှိ ရော်ဘာထုတ်လုပ်သူတွေကို အပင်အိုတွေကိုခုတ်ပြီး အပင်သစ် စိုက်ပျိုးခြင်းကို တွန်းအားပေးဖို့ စီစဉ်နေခြင်းဖြစ်တယ်။ ရော်ဘာအပင်သစ် တစ်ပင်စိုက်ပျိုးပြီး ၇ နှစ်ကြာမှ အစေးထုတ်ယူ နိုင်ကြောင်း ၊ ယခုနှစ်မှ စပြီး နှစ်စဉ်ရော်ဘာတန်ချိန် ၁၂၀၀၀၀ လျှော့ချထုတ်လုပ်သွားဖို့ စီမံနေကြောင်း သိရတယ်။                   ဒါပေမဲ့ ၂၀၁၁ ခုနှစ် ၊ ထိုင်းနိုင်ငံရဲ့ ရော်ဘာထုတ်လုပ်မှုကို တန်ချိန် ၃ ဒသမ ၃၅ သန်းလို့ ခန့်မှန်းထားရာ ယခင်နှစ်က ထုတ်လုပ်မှု တန်ချိန် ၃ ဒသမ ၂၅ သန်းထက် ပိုမိုနေတယ်လို့ သိရတယ်။ ၂၀၁၁ ခုနှစ် အတွင်း အင်ဒိုနီးရှားရဲ့ ရော်ဘာထုတ် လုပ်မှုကိုလည်း တန်ချိန် ၂ ဒသမ ၉ သန်း ဝန်းကျင်ဖြစ်မယ်လို့ ခန့်မှန်းထားရာ ယခင်နှစ်ထုတ်လုပ်မှု တန်ချိန် ၂ ဒသမ ၇၄ သန်းထက် ပိုမိုနေကြောင်း သတင်းရရှိတယ်။ ပပ၊Source:theedgemalaysia.com

Tuesday, 11 Oct 2011

              ယခုနှစ် ရော်ဘာထုတ်လုပ်နိုင်မှုဟာတရုတ်၊ အင်ဒိုနီးရှားနဲ့မလေးရှားတို့က အထွက်နှုန်းတက်တာကြောင့် ယခင် ခန့်မှန်းချက်ထက် ပိုမိုထုတ်လုပ်နိုင်ကြောင်း ရော်ဘာထုတ်လုပ်သောနိုင်ငံများအသင်း(ANRPC)ရဲ့ ပြောကြားချက်အရ သိရပါတယ်။ ANRPC အဖွဲ့ဝင်နိုင်ငံများက ကမ္ဘာ့ရောင်းလိုအားရဲ့ ၉၂ ရာခိုင်နှုန်းကို ထုတ်လုပ်ပြီး ၅ ဒသမ ၆ ရာခိုင်နှုန်း တိုးတက်ကာ တန်ချိန် ၁၀ သန်း ပိုမိုထုတ်လုပ်နိုင်မယ်လို့ လစဉ်အစီရင်ခံစာမှာ ဖော်ပြထားပါတယ်။ ကနဦး ခန့်မှန်းချက်အရ ထုတ်လုပ်မှု ၅ ရာခိုင်နှုန်း တိုးတက်ပြီး တန်ချိန် ၉ ဒသမ ၉၆ သန်းကို ရောက်ရှိနိုင်တယ်လို့ဆိုပါတယ်။              ရောင်းလိုအား တိုးတက်နိုင်ပေမဲ့ သဘာဝရော်ဘာရဲ့ အခြေအနေ တည်ငြိမ်မှုမရှိနိုင်သေးကြောင်း ကွာလာလမ်ပူအခြေစိုက် ရော်ဘာအသင်းရဲ့ စီးပွားရေးပညာရှင်ကပြောကြားခဲ့ပါတယ်။ ရော်ဘာရဲ့ အလားအလာက ယခုနှစ်မှာ အမေရိကန်စီးပွားရေး ကျဆင်းခြင်းနဲ့ ဥရောပကြွေးမြီအကြပ်အတည်းကြောင့် တာယာနဲ့လက်အိတ် ထုတ်လုပ်ရေးအတွက် ဝယ်လိုအားကျဆင်းပြီး ၂၇ ရာခိုင်နှုန်းခန့်ဆုံးရှုံးဖွယ်ရှိ ကြောင်း ၎င်းင်းကခန့်မှန်း ပြောကြားခဲ့ပါတယ်။ ရော်ဘာဈေးကွက်က ရေတိုမှာ ဆက်လက်ပြီး အပြောင်းအလဲမြန်နေဦးမှာဖြစ်ကာ ရောင်းလိုအားနဲ့ ဝယ်လိုအားအခြေနေက ဈေးနှုန်းကိုချုပ်ကိုင်သွားမှာဖြစ်ကြောင်း ၎င်းစီးပွားရေး ပညာရှင်က ပြောကြားခဲ့ပါတယ်။            တတိယ (၃) လပတ်မှာ အထွက်နှုန်း ၃ ဒသမ ၃ ရာခိုင်နှုန်းကနေ ၆ ဒသမ ၁ ရာခိုင်နှုန်းအထိမြင့်တက်ခဲ့ကြောင်း သိရပါတယ်။ တရုတ်၊ အိန္ဒိယနဲ့ မလေးရှားတို့ရဲ့ သုံးစွဲမှုက ကမ္ဘာ့ဝယ်လိုအားရဲ့ ၄၅ ရာခိုင်နှုန်းရှိပြီး တတိယ (၃) လပတ်မှာ ၂ ဒသမ ၇ ရာခိုင်နှုန်းတိုးတက်ခဲ့ပြီး ပထမနဲ့ ဒုတိယ (၃) လပတ်တွေမှာ ၁ ရာခိုင်နှုန်းနဲ့ ၄ ဒသမ ၂ ရာခိုင်နှုန်းတိုးတက်ခဲ့ကြောင်း သတင်းရရှိပါတယ်။ Source: Bloomberg .com,KZW

Pages