Main menu

Background

Tuesday, 27 Sep 2011

ပြည်ပဲတီစိမ်း အရောင်းအဝယ်အေးလာ                     ပြည်ဈေးကွက်တွင် ပဲတီစိမ်းသီးနှံမှာ အဝင်မရှိသလို လက်ကျန်နည်းလာခဲ့ပြီး အရောင်းအဝယ် အေးနေခဲ့ပါတယ်။ စက်တင်ဘာလလယ်မှစ၍ မျိုးပဲဝယ်ယူမှုများရှိလာ ခဲ့ပြီး တစ်တင်း ၁၇၀၀၀ ကျပ်မှ ၁၈၀၀၀ ကျပ်ထိ အရောင်းအဝယ် ဖြစ်ခဲ့ကြပါတယ်။ တစ်ရက်လျှင် အိတ် ၂၀ ကျော် မျိုးအတွက် ဝယ်ယူမှုများရှိခဲ့ပြီး၊ လိုင်းသမား အဝယ်ရှိတဲ့ ရက်မှာ အိတ် ၁၀၀ ကျော် ရောင်းဝယ်မှုများရှိခဲ့ကြပါတယ်။ ယခင်နှစ်က မျိုးပဲဈေးမှာ တစ်တင်း ၂၅၀၀၀ ကျပ် ရှိတယ် လို့ သိရပါတယ်။ ခင်ဆွေဝင်း 

Tuesday, 27 Sep 2011

အမြင့်ဆုံး ဈေးမထိန်းနိုင်သေးတဲ့ စိမ်းကြီးဈေးကွက်                နယ်ကပစ္စည်းအဝင်မရှိသလို ရှိတဲ့ပစ္စည်းကလည်း အရည်အသွေးမမီလို့ စက်တင်ဘာလ တတိယပတ် မုံရွာကုန်စည်ဒိုင်စိမ်းကြီး ဈေးကွက်မှာ အဝယ်အနည်းငယ်လေးသွားပြီး ဈေးလည်း အေးသွားခဲ့ပါတယ်။ ဝင်လာခဲ့တဲ့ ပဲတီစိမ်းကြီး အသစ် တွေမှာ မိုးမိလို့ အရောင်းမလှတဲ့ ပဲတွေပါဝင်နေပြီး တရုတ်လက်အဝယ်မကြိုက်ဘဲ ဒေသတွင်း ခွဲစက်သမားတွေရဲ့ အဝယ်သာ ရှိခဲ့တယ်လို့ ပွဲရုံရပ်ကွက်ကဆိုပါတယ်။ ယခုတစ်ပတ် ပေါက်ဈေးမှာတော့ တစ်တင်း ၁၉၅၀၀ ကျပ်ကနေ ၁၈၅၀၀ ကျပ်ကို ကျဆင်းသွားခဲ့ပါတယ်။ မုံရွာဈေးကွက်ကနေ မန္တလေးကို စီးဆင်းမှု အနေနဲ့ ပုံမှန်ထက် လျော့မသွားဘဲ ယခုတစ်ပတ်အတွင်း တင်း ၃၀၀၀ ခန့်ရှိတယ်လို သိရပါတယ်။ ထွန်းလှိုင် 

Tuesday, 27 Sep 2011

ပဲတီစိမ်းဈေး တည်ငြိမ်ရာမှ လျော့ကျ                  အိန္ဒိယပြည်တွင်းဈေးကွက်များမှာ ဝယ်လိုအားအနည်းအပါးသာရှိလို့ ပဲတီစိမ်းဈေးတည်ငြိမ်ရာမှ လျော့ကျခဲ့ပါတယ်။ အဓိကပဲစိုက်ပျိုးရာဒေသများအတွင်း ပဲအသစ်များ ဆက်တိုက်ဝင်ရောက်လာပြီး ယခု သီတင်းပတ်ကုန်ပိုင်းမှာ မုတ်သုံမိုး ဆုတ်ခွာဖွယ်ရှိလို့ ပဲရိတ်သိမ်းဖို့ အခြေအနေကောင်းမွန် လာတော့မှာ ဖြစ်ပါတယ်။ ဒါပေမဲ့ ဈေးကွက်အတွင်း ပဲစိုက်ဧရိယာ လျော့ကျခြင်းက လွှမ်းမိုးလျက်ရှိနေပါတယ်။ ပဲထွက်ရှိမှု ခန့်မှန်းချက် အရ ယခင်နှစ်ထက် ၂၁ ဒသမ ၀၅ ရာခိုင်နှုန်းလျော့ကျ ပြီး တန်ချိန် ၁ ဒသမ ၂ သန်း ဝန်းကျင်သာ ထွက်ရှိနိုင်မယ်လို့ ခန့်မှန်းထားပါတယ်။ ဈေးကွက်အတွင်းဖြစ်ပေါ်တဲ့ ဈေးနှုန်းများနှိုင်းယှဉ် ဖော်ပြလိုက်ပါတယ်            ဒေါ်လာ/တန်                                          ၂၁-၉-၁၁        ၂၀-၉-၁၁      ၁၉-၉-၁၁              ၁၇-၉-၁၁မွန်ဘိုင်း (တန်ဇန်းနီးယား)      ၉၄၁-၉၄၄        ၉၅၄-၉၅၉     ၉၅၂-၉၅၇               ၉၇၂ဒေလီ                                   ၆၂၇-၈၈၈        ၆၆၄-၉၁၂     ၇၁၁-၉၆၃          ၇၁၉-၉၇၂အာကိုလာ                             ၇၃၂-၉၄၁        ၇၂၆-၉၃၃     ၇၃၂-၉၀၀          ၇၄၀-၉၀၉MIRT(MAPT)

Tuesday, 27 Sep 2011

ပဲတီစိမ်း တင်ပို့မှု ဆက်လက်လျော့နည်းဆဲ                    မြန်မာ-တရုတ် နယ်စပ်ရှိ မူဆယ် ၁၀၅ မိုင် ကုန်သွယ်ရေးဇုန်မှ တစ်ဆင့်တစ်ဖက်နိုင်ငံသို့ တင်ပို့နေတဲ့ လယ်ယာထွက်ကုန်ထိပ်တန်းစာရင်းထဲမှာ ပါတဲ့ ပဲတီစိမ်း တင်ပို့မှုဟာ ယခုအပတ်မှာ နှမ်း၊ ရော်ဘာ ၊ ပြောင်းတို့ရဲ့ နောက် စတုတ္ထနေရာမှာ ရှိနေပါတယ်။စက်တင်ဘာလ၁၄ ရက်မှ ၂၀ ရက်ထိ ကာလတွင်းမှာ ကန်ဒေါ်လာ ၁ ဒသမ ၁၂၅ သန်းတန်ဖိုးရှိတဲ့ ပဲတီစိမ်း ၁၃၄၃ တန်အပို့ရှိခဲ့ပြီး ယခင်အပတ်ကထက် ၃၀၃ တန် တင်ပို့မှုလျော့နည်းခဲ့ပါတယ်။ မိမိဘက်မြေပြင်ဈေး ယခင် အပတ် ထက် မြင့်နေသော်လည်း တစ်ဖက်နိုင်ငံဈေးကတော့ လျော့နည်းသွားတာတွေ့ရပါတယ်။ မူဆယ်ကို ကုန်တက်လည်း နည်းတယ် လို့သိရပါတယ်။ မိမိဘက်နဲ့ တစ်ဘက်နိုင်ငံမြေပြင်ဈေးများကို နှိုင်းယှဉ်ဖော်ပြပေးလိုက်ရပါတယ်                                        မိမိဘက်(ကျပ်/တန်)                တစ်ဘက်နိုင်ငံ(ဒေါ်လာ/တန်)               ယခု              ယခင်        ပြောင်းလဲမှု    %     ယခု       ယခင်  ပြောင်းလဲမှု   %ပဲတီစိမ်း    ၆၅၈၀၄၃       ၆၀၉၃၁၄         ၄၈၇၂၉      ၈      ၈၉၃       ၉၀၉       ၁၆         ၂MIRT (DOBT)

Tuesday, 27 Sep 2011

 FOB ပဲတီစိမ်း အရောင်းအဝယ် တန် ၁၅၀၀ ခန့်သာရှိ                   ရန်ကုန်တိုင်းဒေသကြီး ဘုရင့်နောင်ကုန်စည်ဒိုင်မှာ ယခုတစ်ပတ် ပဲတီစိမ်း FOB အရောင်းအဝယ်တန် ၁၅၀၀ ခန့်သာရှိလို့ ယခင် သီတင်းပတ် အရောင်းအဝယ်ဖြစ်တဲ့ တန်ချိန် ၃၀၀၀ ထက် ထက်ဝက်လျော့ခဲ့ပါတယ်။ သင်္ဘောတင်ပို့မှု အခက်အခဲရှိတဲ့ အပြင် အိန္ဒိယဝယ်လက်များ အဝယ်နှေးသွားခဲ့တဲ့အတွက် အရောင်းအဝယ် လျော့လာတာဖြစ်ပါတယ်။ စက်တင်ဘာလအတွင်း ၂၂ ရက်နေ့အထိ FOB အရောင်းအဝယ်ဖြစ်မှုမှာ ပဲတီရွှေဝါ တန် ၆၆၀၀ ကျော်၊ ပဲတီစိမ်းတန် ၁၀၀၀ ကျော်နဲ့ ပဲတီစိမ်းခွဲခြမ်း တန် ၁၅၀၀၊ စုစုပေါင်း တန်ချိန် ၉၁၀၀ ကျော်ရှိတယ်လို့ သိရပါတယ်။ MIRT- MAPT

Tuesday, 27 Sep 2011

ပဲတီစိမ်းတင်ပို့မှု ပြန်နှေး                      ပင်လယ်ရေကြောင်းက ပဲတီစိမ်းတင်ပို့မှုဟာ ယခင်သီတင်းပတ်က တန်ချိန် ၄၅၀၀ ထိ တိုးတက်တင်ပို့ နိုင်ခဲ့ပေမဲ့ ယခုသီတင်းပတ် (စက်တင်ဘာ ၁၁ ရက်မှ ၁၇ ရက်)အတွင်းမှာတော့ တန်ချိန် ၂၄၀၀ ကျော်ကို ပြန်လည်လျော့ကျ တင်ပို့ လာတာ တွေ့ရပါတယ်။ အိန္ဒိယပြည်တွင်းမှာ ပဲတီစိမ်းအသစ်အချို့ ဈေးကွက်ထဲ ဝင်လာပြီဖြစ်လို့ မြန်မာနိုင်ငံက ပဲတီစိမ်း အဝယ်မသွက်ဘဲ ပုံမှန်သာ ဝယ်ယူမှုရှိပြီး တင်ပို့မှုလည်း နည်းနေတာ ဖြစ်ပါတယ်။ လက်ရှိဘဏ္ဍာနှစ် စက်တင်ဘာလ ၁၆ ရက်နေ့အထိ စုစုပေါင်း ပဲတီစိမ်းတင်ပို့ပြီးစီးမှု တန်ချိန် ၁၈၆၀၀၀ ခန့်ရှိပြီး ယခင်ဘဏ္ဍာနှစ် ကာလတူက တန်ချိန် ၁၂၀၀၀၀ ကျော်တင်ပို့မှုနဲ့ ယှဉ်ရင် တန်ချိန် ၆ သောင်း ကျော်ပိုတင်နိုင်တာ တွေ့ရပါတယ်။ MIRT- MAPT

Tuesday, 27 Sep 2011

ကုလားပဲတင်ပို့မှု တန် ၂၀၀၀ အောက်လျော့လာ                       ပင်လယ်ရေကြောင်းက ကုလားပဲတင်ပို့မှုဟာ ပြည်တွင်းအသုံးရှိခြင်းနဲ့အတူ ပြည်ပအဝယ်များဆက်တိုက် ရောင်းချနေတာကြောင့် လက်ကျန်နည်းလာပြီး တင်ပို့မှု တဖြည်းဖြည်းလျော့ကျလာခဲ့ပါတယ်။ ယခင်တစ်ပတ်က ကုလားပဲတန်ချိန် ၄၅၀၀ အထိ တင်ပို့မှုရှိခဲ့ပေမဲ့ ယခုသီတင်းပတ်(စက်တင်ဘာလ ၁၁ ရက်မှ ၁၇ ရက်)အတွင်းမှာတော့ တန် ၂၀၀၀ အောက်သာတင်ပို့နိုင်တာ တွေ့ရပါတယ်။ လက်ရှိဘဏ္ဍာနှစ်အတွင်း စက်တင်ဘာလ ၁၆ ရက်နေ့အထိ တင်ပို့ပြီးစီးမှုဟာ တန်ချိန် ၅၉၀၀၀ ခန့် ရှိတာတွေ့ရပါတယ်။ ယခုသီတင်းပတ်အတွင်း ရန်ကုန် FOB ဈေးကွက်မှာ ကုလားပဲအရောင်းအဝယ်ဖြစ်မှု မရှိတာကြောင့် လာမယ့် သီတင်းပတ်တွေမှာလည်း တင်ပို့မှုလျော့ကျလာဖွယ်ရှိပါတယ်။ MIRT-MAPT 

Tuesday, 27 Sep 2011

အိန္ဒိယကုလားပဲဈေးအနည်းငယ်ပြန်လျော့ကျ                         အိန္ဒိယပြည်တွင်းဈေးကွက်များအတွင်း ကုလားပဲလက်ငင်းဈေး တောက်လျှောက် မြင့်တက်ခဲ့ရာမှ ယခုသီတင်းပတ်နှောင်းပိုင်းမှာတော့ ဈေးအမြင့်မှာ ဝယ်လိုအားနည်သွားတဲ့အတွက် အနည်းငယ်ပြန်လျော့ ကျခဲ့ပါတယ်။ သြစတြေးလျ မှ တင်သွင်းပဲများရောက်ရှိတော့မှာဖြစ်ခြင်းက ဈေးကွက်ကို လွှမ်းမိုးထားပါတယ်။ အိန္ဒိယနိုင်ငံပိုင ်အေဂျင်စီ များကလည်း စက်တင်ဘာ ၁၅ ရက်မှ အောက်တိုဘာလ ၁၅ ရက်အတွင်း ဘင်္ဘောတင်ဖို့ ပဲအဝယ်တင်ဒါများ ခေါ်ယူထားတယ်လို့ သိရပါတယ်။ ဒါပေမဲ့ လက်ရှိအချိန်ထိ အဓိကတင်ပို့နိုင်ငံတွေမှာ ပဲရောင်းချမှုနည်းခြင်းက ဈေးနှုန်းကို ဆက်လက်အထောက်အပံ့ဖြစ်နိုင်တယ်လို့ ခန့်မှန်းထားပါတယ်။ လာမယ့်လမှာ ဆောင်းပဲစိုက်ပျိုးမှုအရှိန် ရလာတော့မှာဖြစ်ပြီး သီးနှံအတွက် အခြေအနေ ကောင်းမွန်ဖွယ်ရှိနေပါတယ်။ နှစ်ကုန်ပိုင်း ပွဲတော်များအတွက် ကုလားပဲ ခွဲခြမ်းနဲ့ ပြုပြင်ထုတ်လုပ်ထားတဲ့ ကုလားပဲဝယ်လိုအားရှိနိုင်ခြင်းက ဈေးနှုန်းကို ဆက်လက် အထောက်အပံ့ဖြစ်နိုင်မယ်လို့ ခန့်မှန်းထားပါတယ်။ ဈေးကွက်အတွင်း ဖြစ်ပေါ်တဲ့ ဈေးနှုန်းများ နှိုင်းယှဉ်ဖော်ပြလိုက်ပါတယ်                                                                                         ဒေါ်လာ/ တန်                    ၂၁-၉-၁၁        ၂၀-၉-၁၁       ၁၉-၉-၁၁             ၁၇-၉-၁၁ဒေလီ             ၇၅၃-၇၅၈       ၇၅၂-၇၅၇      ၇၆၉-၇၇၄           ၇၅၀-၇၅၅ကန်ပါ              ၈၂၁                ၈၁၉              ၈၄၁                     ၈၁၁အာကိုလာ        ၈၀၀                 ၈၁၄             ၈၃၇                     ၈၁၄ 

Tuesday, 27 Sep 2011

ပဲဟောင်းပေမယ့် ဈေးကောင်းအရောင်းအဝယ်သွက်တဲ့ V2                        လှောင်သက်ကာလကြာ၊ ဈေးလည်းမာလာပြီဖြစ်လို့ ဈေးဖြတ်ပစ္စည်းအပ်မဲ့ ပွဲစားတွေရဲ့အဝယ်နဲ့ မန္တလေး၊ ရန်ကုန် Export ပုံမှန်ဝယ်လက်တွေ အဝယ် သွက်ခဲ့လို့ စက်တင်ဘာ တတိယပတ် မုံရွာကုန်စည်ဒိုင် V2 ဈေးကွက်ဟာ အမြင့် ဈေးမှာ အရောင်းအဝယ်ကောင်းခဲ့တာ တွေ့ရပါတယ်။ V2 ဈေးနဲ့အတူ ကျန် ကုလားပဲတွေလည်း မျိုးအဝယ်လိုက်ခဲ့သလို စက်ပိုင်နဲ့ လက်လီသမားတွေ '' လိုဝယ် '' ရှိတဲ့အတွက် အရောင်းအဝယ်ဈေးတက်လာခဲ့ ပါတယ်။ ယခုတစ်ပတ်အတွင်း ဖြစ်ပေါ်ခဲ့တဲ့ ပေါက်ဈေးတွေကတော့ V2 တစ်တင်း ၂၆၅၀၀ ကျပ်မှ ၂၆၈၀၀ ကျပ် တိုင်ပေတစ်တင်း ၁၉၆၀၀ ကျပ်မှ ၂၀၂၀၀ ကျပ် ကုလားပဲရိုးရိုး ၁၈၀၀၀ ကျပ်မှ ၁၉၂၀၀ ကျပ် ၉၂၉ ကုလားပဲ ၁၉၃၀၀ ကျပ်မှ ၂၁၅၀၀ ကျပ် အသီးသီးဈေးမာနေခဲ့ကြပါတယ်။ ယခုတစ်ပတ်အတွင်း ကုလားပဲ စီးထွက်မှု အနေနဲ့ မုံရွာဈေးကွက်ကနေ မန္တလေးကို တင်း ၅၀၀၀ ကျော်နဲ့ ရန်ကုန်ကို တင်း ၆၀၀၀ ကျော်ရှိတယ်လို့ သိရပါတယ်။ ထွန်းလှိုင် 

Tuesday, 27 Sep 2011

ရန်ကုန်သွားနေတဲ့ မန်း V2                     ကုလားပဲဖြူကြီးကို ရန်ကုန်ဝယ်လက်ရဲ့ ဝယ်လိုအားကောင်းနေတဲ့အတွက် ဈေးကွက်အတွင်းမှာ ဈေးစွာနေပြီး ရောင်းဝယ်နေကြပါတယ်။ ပဲလက်ကျန်က လည်း တဖြည်းဖြည်းနည်းလာသလို ဒေသတွင်း စိုက်ပျိုးမယ့် တောင်သူများ ကလည်း မျိုးအတွက်ပါ အနည်းငယ်ဝယ်ယူလာနေတာကြောင့် ဈေးမြင့်ပြီး အရောင်းသွက်နေတာ ဖြစ်တယ်လို့ ကုန်သည်များက ပြောပါတယ်။ ယခင်တစ်ပတ် ကုလားပဲဖြူကြီး တစ်ပိဿာ ၁၃၄၅ ကျပ်၊ ကုလားပဲ(တိုင်ပေ) ၁၀၄၉ ကျပ်ဈေးရှိပြီး၊ ယခုတစ်ပတ်ကုလားပဲဖြူကြီး တစ်ပိဿာ ၁၃၉၇ ကျပ်၊ တစ်တန် ၈၅၅၅၀၀ ကျပ်၊ ကုလားပဲ(တိုင်ပေ) ၁၀၈၄ ကျပ်၊ တစ်တန် ၆၆၃၈၃၀ ကျပ်ဈေးဖြစ်လို့ ယခင်အပတ်ထက် တစ်ပိဿာ ၅၂ ကျပ်ခန့် မြင့်တက်လာကြောင်း တွေ့ရပါတယ်။ မန်းဈေးကွက်အတွင်းမှာ ကုလားပဲကို ဝယ်လိုအား ကောင်းတာကြောင့် စက်တင် ဘာလအတွင်းမှာလည်း ရောင်းဝယ်အားကောင်းနေဦးမယ်လို့ ကုန်သည်များက ပြောပါတယ်။ ကျော်ကျော်မိုး 

Pages