Main menu

Background

Monday, 26 Sep 2011

အိန္ဒိယနယ်စပ်စခန်းများမှ ကွမ်းသီးစို၊ ကွမ်းသီးခြောက်၊ ပန်းသီးနဲ့ အုန်းသီးများ အပို့ရှိ                     အိန္ဒိယနယ်စပ်စခန်းများဖြစ်တဲ့ တမူးနဲ့ ရိဒ်နယ်စပ်ကုန်သွယ်ရေးစခန်းများမှ စက်တင်ဘာလ ၁၄ ရက်မှ ၂၀ ရက်ထိကာလအတွင်း ကန်ဒေါ်လာ ၂၆၂၀၀ တန်ဖိုးရှိ ကွမ်းသီးခြောက် ၁၁ တန်ခန့်၊ ကွမ်းသီးစို ၁၂ တန်၊ အုန်းသီး ၆၀၀၈ လုံးနဲ့ ပန်းသီး ၂၃ တန်ခန့်အပို့ရှိခဲ့တယ်လို့သိရပါတယ်။ ရာသီချိန်ဖြစ်တာကြောင့် ရယ် ကုန်သွယ်မှု အခွင့်အရေးရှိတာကြောင့် ကွမ်းသီးများတင်ပို့နိုင်သလို ဘာသာ ရေး ပွဲတော်အတွက် အုန်းသီးများ တင်ပို့ခွင့်ရရှိခဲ့တာဖြစ်ပါတယ်။ MIRT (DOBT)

Monday, 26 Sep 2011

တရုတ်နိုင်ငံရဲ့ စုံစမ်းစစ်ဆေးမှုတွေကြောင့် ဗီယက်နမ်ရော်ဘာတင်ပို့မှု ရပ်ဆိုင်း                    တရုတ်ရဲ့ နယ်စပ်ကုန်သွယ်ရေးကတစ်ဆင့် ရော်ဘာတင်သွင်းရာမှာ တင်းကျပ်တဲ့ မူဝါဒတွေကြောင့် ဗီယက်နမ်ရဲ့ ရော်ဘာတင်ပို့မှု ရပ်ဆိုင်းလျက်ရှိကြောင်း သတင်းရရှိပါတယ်။ တရုတ်ဖက်မှ ကုန်သည်တွေက ရံဖန်ရံခါသာ ရော်ဘာကို ဝယ်ယူကြပြီး ဇူလိုင်လနောက်ပိုင်းကတည်းက ဗီယက်နမ် ရဲ့ရော်ဘာတင်ပို့မှုရပ်ဆိုင်းခဲ့ကြောင်း Sai Gon Marketing သတင်းစာ အရ သိရှိရပါတယ်။ နယ်စပ်စခန်းရှိ တရုတ်အကောက်ခွန်စစ်ဆေးရေး အရာရှိ တွေနဲ့ ရဲတွေက ဗီယက်နမ် ရော်ဘာတင်ပို့သူတွေဆီမှ တရုတ် ကုန်သည်တွေ ရော်ဘာဝယ်ယူခြင်းမှ ကာကွယ်ဖို့အတွက် အကောက်ခွန်ရှင်းလင်းခွင့် လိုင်စင်တွေကို ခွင့်ပြုမပေးကြောင်း ဗီယက်နမ် Binh Long Rubber Company  ရဲ့ ခေါင်း ဆောင် Le Van Xuong ကပြောကြားခဲ့ပါတယ်။                  တရုတ်က ရော်ဘာတင်သွင်းမှုကို ထိန်းချုပ်ထားနိုင်ဖို့အတွက် နယ်စပ်ဖြတ်ကျော်ကုန်သွယ်ရေးမှာ ၎င်းင်းမူဝါဒတွေ ရံဖန်ရံခါ ကျင့်သုံးလျက်ရှိရာ ဗီယက်နမ်ကုန်သည်တွေအနေနဲ့ ရိုးနေပြီဖြစ်ကြောင်း ဗီယက်နမ်ရော်ဘာအသင်း အထွေထွေအတွင်းရေးမှူး Tran Thi Thuy Hoa ကလဲ ပြောကြားပါတယ်။                     ၎င်းင်းမူဝါဒတွေက ရော်ဘာတင်ပို့မှုဈေးနှုန်းတွေလျှော့ချဖို့လည်း ရည်ရွယ်ကြောင်းနဲ့ ရော်ဘာဈေးနှုန်းတွေက ယခုနှစ် အစောပိုင်းကတည်းက အရှိန်အဟုန်နဲ့ မြင့်တက်ခဲ့ခြင်းကြောင့်ဖြစ်နိုင်ကြောင်း ၎င်းင်းက ဆိုပါတယ်။ ဒါကြောင့် သြဂုတ်လလယ်မှာ တရုတ်ရဲ့ ရော်ဘာတင်ပို့တဲ့ဈေးနှုန်းတွေက တစ်တန်ကို ကန်ဒေါ်လာ ၄၉၂၁ ကို လျော့ကျသွားခဲ့ကြောင်း သိရှိရပါတယ်။ မကြာသေးခင်နှစ်တွေက ဗီယက်နမ်ရော်ဘာတင်ပို့သူတွေက တရုတ်ကို တရားဝင်တင်ပို့မှုလမ်းကြောင်းမှ တင်ပို့ဖို့ ကြိုးစား ခဲ့ကြရာ ၎င်းင်းလမ်းကြောင်းက အခွန်နှုန်းထားကြီးမြင့်မှုကြောင့် ပမာဏများစွာ မတင်ပို့နိုင်ကြောင်း Tran Thi Thuy Hoa ရဲ့ ပြောကြားချက်အရ သိရှိရပါတယ်။                    တရုတ်မှ ရော်ဘာတင်သွင်းသူတွေက တရားဝင်လမ်းကြောင်းမှ တင်သွင်းရင် အခွန် ၂၅ ရာခိုင်နှုန်း ပေးဆောင်ရ သော် လည်း နယ်စပ်မှဖြတ်ကျော်တင်သွင်းရာမှာ အခွန်ပေးဆောင်စရာမလိုကြောင်းနဲ့ တရုတ်က ဗီယက်နမ်ရော်ဘာ တင်ပို့မှုရဲ့ ၆၀ ရာခိုင်နှုန်းနဲ့ ၆၅ ရာခိုင်နှုန်းကို နေရာရရှိထားပါတယ်။ယခုနှစ် သြဂုတ်လအထိ ဗီယက်နမ်က တရုတ်ကို ရော်ဘာတန်ချိန် ၄၄၉၀၀၀ ကိုတင်ပို့နိုင်ခဲ့ပြီး ကန် ဒေါ်လာ ၁ ဒသမ ၉ ဘီလီယံရရှိခဲ့ကြောင်း ဗီယက်နမ်ရော်ဘာအသင်းရဲ့ စာရင်းအရ သိရှိရပါတယ်။ အေးမွန်မွန်လှိုင်၊Source:rubbermarketnews.net 

Monday, 26 Sep 2011

ဥရောပကြွေးမြီ အကျပ်အတည်းက ရေနံစိမ်းအပါအဝင် ရော်ဘာဝယ်လိုအားအပေါ် ဖိအားဖြစ်စေ                     စက်တင်ဘာလ ၁၉ ရက်နေ့ အာရှရော်ဘာဈေးကွက်မှာ ဈေးနှုန်းတည်ငြိမ်နေပါတယ်။ ယခင် အပတ် စက်တင်ဘာလ ၁၂ ရက်နေ့က တစ်တန်ကို ၄၆၈၉ ဒသမ ၅၀ ဒေါ်လာရှိခဲ့တဲ့ ထိုင်း RSS-5 က စက်တင်ဘာ ၁၉ ရက်မှာ ၄၇၁၆ ဒေါ်လာ အထိသာ ရောက်ရှိခဲ့ရာ ယခင်အပတ်ကထက် ၂၆ ဒသမ ၅၀ ဒေါ်လာသာ ဈေးမြင့်လာခဲ့တယ်။ ကမ္ဘာ့ရေနံစိမ်း ဈေးနှုန်းများကျဆင်းခြင်း ၊ ဥရောပဒေသကြွေးမြီပြဿနာအပေါ် စိုးရိမ်ပူပန်မှု ပိုမို ဆိုးဝါးလာခြင်း ၊ ကမ္ဘာ့ စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှုနှေးကွေးနေခြင်းတို့က ကားထုတ်လုပ်မှုမှာ အဓိကကုန်ကြမ်း အဖြစ် အသုံးပြုတဲ့ ရော်ဘာ ဝယ်လိုအားလျော့မယ်ခန့်မှန်းကြရာ ဈေးနှုန်းကို ဖိအားဖြစ်စေတယ်လိ့ု သိရတယ်။ ဒါ့အပြင် ဂျပန်မှာ ရော်ဘာစိမ်းသိုလှောင် ထားရှိမှု ပမာဏမြင့်မားနေတဲ့သတင်းကလည်း ရော်ဘာဈေးနှုန်းကို ဖိအားဖြစ်စေတယ်။                                ဒါပေမဲ့ စက်တင်ဘာလလယ်ပိုင်းက ရော်ဘာထုတ်လုပ်တင်ပို့မှု အများဆုံး ထိုင်းနိုင်ငံမှာ ရေလျှံခြင်းက ရော်ဘာရောင်းလို အားအတွက် စိုးရိမ်မှုကိုဖြစ်စေပြီး ရော်ဘာဈေးနှုန်းကျဆင်းမှုကို ထိန်းချုပ်ထားကြောင်း သိရတယ်။ ပပ၊Source:rubberboard.org.in, Bloomberg.com 

Monday, 26 Sep 2011

နယ်စပ်မှ ရော်ဘာ ယခုအပတ် တင်ပို့မှုလျော့ နယ်စပ်မှ ပြောင်းဖူးစေ့သာမက နှံစားပြောင်းတင်ပို့မှုပါ ပိုမို                   မြန်မာ-တရုတ်နယ်စပ်ရှိ မူဆယ်နဲ့ ချင်းရွှေဟော် နယ်စပ်စခန်းများမှ စက်တင်ဘာလ ၁၄ ရက်မှ ၂၀ ရက်ထိကာလအတွင်း ကန်ဒေါ်လာ ၃ ဒသမ ၂၄၃ သန်း တန်ဖိုးရှိ ရော်ဘာ ၇၃၈ တန်တင်ပို့နိုင်ခဲ့ပြီး ယခင်အပတ် တင်ပို့မှုထက် ၈၄တန်လျော့နည်းခဲ့ပါတယ်။ နယ်စပ်အလိုက် ရော်ဘာတင်ပို့နိုင်မှုများကတော့ မူဆယ်မှRSS-1 ၃၄ တန်၊ RSS-3 ၂၃၉တန်၊ RSS-5 တန် ၂၁၀ ၊MSR-20 ၁၀၅ တန်၊ MSR-50  ၁၀ တန်နဲ့ ချင်းရွှေဟော်မှ RSS-3 တန် ၆၀ ၊ RSS-5 တန်၂၀ နဲ့MSR-20တန် ၆၀ အသီးသီးတင်ပို့ခဲ့ပါတယ်။ ရော်ဘာဈေးများကတော့ မိမိဘက်မှာ ပြောင်းလဲမှုမရှိပေမဲ့တစ်ဘက်နိုင်ငံမှာ ဈေးမြင့်နေတယ်လို့သိရပါတယ်။ မိမိဘက်နဲ့ တစ်ဘက်နိုင်ငံ မြေပြင်ပေါက်ဈေးများကို ယခင်အပတ်ဈေးများနဲ့ နှိုင်းယှဉ်ဖော်ပြပေးလိုက်ရပါတယ်                                    မိမိဘက်(ကျပ်/တန်)                             တစ်ဘက်နိုင်ငံ(ဒေါ်လာ/တန်)                        ယခု                ယခင်     ပြောင်းလဲမှု    %       ယခု        ယခင် ပြောင်းလဲမှု    %RSS - 3         ၃၄၁၃၈၀၀       ၃၄၁၃၈၀၀          -          -      ၄၅၄၄     ၄၄၆၄          ၈၀        ၂RSS - 5         ၃၃၀၀၃၁၉       ၃၃၀၀၃၁၉          -          -       ၄၃၈၇     ၄၃၀၈         ၇၉       ၂MIRT (DOBT)

Monday, 26 Sep 2011

ရော်ဘာတန် ၇၀၀ ကျော်အထိ တိုးတက်တင်ပို့နိုင်                စက်တင်ဘာ ၁၁ ရက်မှ ၁၇ ရက်ထိကာလအတွင်း ပင်လယ်ရေကြောင်းမှ ရော်ဘာ ၇၂၆ တန်၊ တန်ဖိုး ကန်ဒေါ်လာ ၃ ဒသမ ၁၈၆ သန်းဖိုးတင်ပို့ခဲ့ကြောင်းသိရပါတယ်။ ယခင်အပတ်က တန် ၁၀၀ ကျော်သာ တင်ပို့ ခဲ့တာကြောင့် တင်ပို့မှု သိသိသာသာပိုမိုခဲ့ပါတယ်။ တင်ပို့တဲ့နိုင်ငံတွေကတော့ စင်္ကာပူကို ၆၀၄ တန်နဲ့ မလေးရှားကို ၁၂၁ တန်အသီးသီး တင်ပို့ခဲ့တာ ဖြစ်ပါတယ်။ ယခုအပတ် နယ်စပ်ကလည်း ၇၃၈ တန်သာ တင်ပို့ခဲ့ပါတယ်။ လက်ရှိကာလမှာ ရော်ဘာမထွက်သေးတဲ့ ရာသီ ဖြစ်တဲ့အပြင် ကုန်ပစ္စည်းလက်ကျန်လည်း မရှိတာကြောင့် တင်ပို့မှုလျော့နည်းနေခြင်းဖြစ်တာတွေ့ရပါတယ်။ FOB ရန်ကုန် ဈေးနှုန်းကတော့ ပြောင်းလဲမှု မရှိဘဲ RSS-3, MSR-20တစ်တန်ကို ၄၄၀၀ ဒေါ်လာနဲ့ RSS-5 တစ်တန်ကို ၄၃၀၀ ဒေါ်လာဈေးပေါက်ကြောင်း သတင်းရရှိပါတယ်။ KZW 

Monday, 26 Sep 2011

နယ်စပ်မှ ပြောင်းဖူးစေ့သာမက နှံစားပြောင်းတင်ပို့မှုပါ ပိုမို                     မူဆယ် ၁၀၅ မိုင် ကုန်သွယ်ရေးဇုန်မှ စက်တင်ဘာလ ၁၄ ရက်မှ ၂၀ ရက်ထိ ကာလအတွင်း ကန်ဒေါ်လာ ၁ ဒသမ ၉၉၀ သန်းတန်ဖိုးရှိ ပြောင်းဖူးစေ့ ၇၂၄၅ တန်ကျော်နဲ့ ကန်ဒေါ်လာ ၀ ဒသမ ၂၁၅ သန်း တန်ဖိုးရှိ နှံစားပြောင်း ၇၀၄ တန် အပို့ရှိခဲ့တယ်။ မိမိဘက်မြေပြင်ဈေးများ မြင့်တက် နေသော်လည်း တစ်ဘက်နိုင်ငံတွင် ပြောင်းဖူးစေ့ ဈေး အနည်းငယ်မျှ မြင့်သော်လည်း နှံစားပြောင်းဈေး ပြောင်းလဲမှု မရှိဘူးလို့ သိရပါတယ်။ မိမိဘက်နဲ့ တစ်ဘက်နိုင်ငံမြေပြင် ပေါက်ဈေး များကို ယခင်အပတ်ဈေးများနဲ့ နှိုင်းယှဉ် ဖော်ပြပေးလိုက်ပါတယ်                                                 မိမိဘက်(ကျပ်/တန်)                     တစ်ဘက်နိုင်ငံ(ဒေါ်လာ/တန်)                              ယခု              ယခင်     ပြောင်းလဲမှု        %      ယခု     ယခင် ပြောင်းလဲမှု   %ပြောင်းဖူးစေ့       ၂၁၆၂၆၇       ၂၀၂၄၅၇        ၁၃၈၁၀        ၇      ၂၉၀      ၂၈၅       ၅            ၂နှံစားပြောင်း        ၂၂၂၂၆၉        ၂၀၀၁၇၁       ၂၂၀၉၈        ၁၁     ၃၂၉      ၃၂၉       -            -MIRT (DOBT)

Monday, 26 Sep 2011

အရောင်းသွက်တဲ့ မန်းပြောင်း                      မန်းဈေးကွက်သို့ ရွှေဘို၊ ကန့်ဘလူ၊ မြစ်ကြီးနားဒေသများအပြင် ရှမ်းပြည်နယ်(မြောက်ပိုင်း) နောင်ချို ဒေသများမှထွက်ရှိတဲ့ ပြောင်းဖူးစေ့ အသစ်များဝင်ရောက်နေပါတယ်။ ပြောင်းဖူးစေ့အသစ်အဝင်မလှိုင်သေး သော်လည်း လှောင်လက် သမားများမှလည်း ထုတ်ရောင်းနေကြပါတယ်။ တရုတ်ဝယ်လိုအားအပြင် ဒေသ တွင်း အစာစပ်လုပ်ငန်းရှင်များမှလည်း ပုံမှန်ဝယ်ယူမှုရှိနေတာကြောင့် အရောင်း သွက်ပြီး၊ ဈေးမြင့်လာပါတယ်။ ယခင်တစ်ပတ် ပြောင်းဖူစေ့(ရှမ်း)တစ်ပိဿာ ၃၀၆ ကျပ်၊ ပြောင်းဖူးစေ့(ဗမာ) ၂၀၇ ကျပ်၊ CP ပြောင်း ၃၁၅ ကျပ်၊ အထွက်တိုးပြောင်း ၃၂၁ ကျပ်ဈေးတို့ဖြင့် ရောင်းဝယ်ခဲ့ကြပြီး၊ ယခုတစ်ပတ်မှာတော့ ပြောင်းဖူးစေ့(ရှမ်း- ဗမာ) တစ်ပိဿာ ၃၄၃ ကျပ်၊ အထွက်တိုးပြောင်း ၃၇၇ ကျပ်၊ CP ပြောင်း ၃၄၃ ကျပ်ဈေးရှိပြီး၊ ယခင်အပတ်ထက်ဈေးမြင့် လာတာကိုတွေ့ရပါတယ်။ဈေးကွက် အတွင်းသို့ ပြောင်းဖူးစေ့အသစ်များ ဝင်ရောက်မှုရှိ နေသော်လည်း ပစ္စည်းအဝင် မလှိုင်သေးတာရယ်၊ ပစ္စည်း အဟောင်းလက်ကျန်ကလည်း နည်းလာပြီဖြစ်တဲ့ အ တွက် ပြောင်းဖူးစေ့ ဈေးကွက်ဟာ ဈေးအေးမသွားနိုင်ဘဲ ဆက်ပြီးတော့ အရောင်းသွက် ဈေးမြင့်နေဦးမယ်လို့ ကုန်သည်များက ပြောပါတယ်။ ကျော်ကျော်မိုး

Monday, 26 Sep 2011

တရုတ်ပြောင်းဝယ်ယူမှု မြင့်တက်ဖွယ်ရှိ                       သြဂုတ်လအတွင်း တရုတ်နိုင်ငံရဲ့ ပြောင်းတင်းသွင်းမှုဟာ ၁၀ လအတွင်း အများဆုံး ပမာဏကို ရောက်ရှိ ခဲ့ပြီး ယခင်လထက် ၄၂ ရာခိုင်နှုန်း မြင့်တက်ကာ တန်ချိန် ၂၄၄၅၀၂ တင်သွင်းခဲ့တယ်လို့ အကောက်ခွန် အထွေထွေအုပ်ချုပ်မှုဌာနမှ စက်တင်ဘာလ ၂၁ ရက်နေ့မှာ ပြောကြားခဲ့ပါတယ်။ နိုင်ငံရဲ့ မြင့်တက်နေတဲ့ တိရစ္ဆာန် အစာဝယ်လိုအားကို ဖြည့်တင်းဖို့ တရုတ်ပြောင်း တင်သွင်းမှု ဆက်လက် မြင့်တက်ဖွယ်ရှိတယ်လို့လည်း ဆိုပါတယ်။                        သြဂုတ်လ ၃၁ ရက်မှာ ကုန်ဆုံးတဲ့ ဈေးကွက်နှစ်အတွင်း တရုတ်နိုင်ငံက ပြောင်း တန်ချိန် ၁ ဒသမ ၃ သန်း တင်သွင်းခဲ့လို့ ယခင်နှစ်တင်သွင်းခဲ့တဲ့ တန်ချိန် ၇၁၅၆၇၈ ထက်ပိုမို ဝယ်ယူခဲ့ပါတယ်။ နိုင်ငံရဲ့ ရေရှည် ပြောင်းတင်သွင်းမှုကလည်း တဖြည်းဖြည်းမြင့်တက်လာနိုင်တယ်လို့ ပြည်တွင်းကောက်ပဲသီးနှံလေ့လာ ဆန်းစစ်သူ များကဆိုပါတယ်။                        ပြည်တွင်းပြောင်း ရောင်းချမှုနည်းတဲ့အတွက် နှစ်စဉ်တင်သွင်းမှုဟာ ပမာဏ အားဖြင့် တန်ချိန် ၉ သန်း၊ သို့မဟုတ် ၁၀ သန်းလောက်အထိ မြင့်တက်နိုင်တယ် လို့လည်း Shanghai JC Intelligence ကုမ္ပဏီမှ လေ့လာ ဆန်းစစ်သူ Xiao Jun  ကပြောကြားပါတယ်။ ပြောင်းသိုလှောင်မှုနည်းပြီး၊ ဝယ်လိုအားတက်တာ ကြောင့် အဓိက ပြုပြင်ထုတ်လုပ်တဲ့ ရှန်ဒေါင်းပြည်နယ်လက်ငင်းဈေးဟာ ပြက္ခဒိန်နှစ်စက စပြီး ၃၃ ရာခိုင်နှုန်း ခန့်မြင့်တက်ခဲ့ပါတယ်။                       ရိတ်သိမ်းကာလမရောက်မီ ဈေးကွက်ဝယ်လိုအား ဖြည့်ဆည်းဖို့ ဗဟိုအစိုးရ သိုလှောင်မှုထဲက ပြောင်း တန်ချိန် ၃ ဒသမ ၇ သန်း ထုတ်ရောင်းသွားမယ်လို့ ဘေဂျင်းပြည်နယ်ကောက်ပဲသီးနှံ အုပ်ချုပ်မှုက ပြောကြား ပါတယ်။ ယခုနှစ်သီးနှံ အထွက်တိုးမယ့် အလားအလာအရ ယခုလအတွင်း ကမ္ဘာ့ဈေးကျဆင်းခဲ့ရာမှ တရုတ်နိုင်ငံက ဝယ်လက်ပြန်ထွက်ရင် ဈေးနှုန်းကို အထောက်အပံ့ဖြစ်လာ နိုင်တယ် လို့လည်း လေ့လာဆန်းစစ်သူများက ဆိုပါတယ်။ တရုတ်အစိုးရက တောင်အမေရိက ပြောင်းကို စိတ်ဝင်စားနေပြီး အထူး သဖြင့် အာဂျင်တီးနားပြောင်းကို စိတ်ဝင်စားလျက်ရှိရာ နောင်နှစ်နောက်ဆုံး ၃ လအတွင်း အမြောက်အမြား တင်သွင်းနိုင်တယ်လို့ Xiao ကပြောကြားပါတယ်။ ယမင်းခင်၊Source: Dowjones.com

Pages