Background
ထောပတ်ပဲ ပုံမှန်တင်ပြီး မြေထောက်ပဲ တင်ပို့မှုလျော့ ပင်လယ်ရေကြောင်းက ထောပတ်ပဲနဲ့ မြေထောက်ပဲ တင်ပို့မှုဟာ ယခု သီတင်းပတ်မှာ မြေထောက်ပဲ ၂၅ တန်ကျော်နဲ့ ထောပတ်ပဲ တန် ၂၄ဝ ခန့်ရှိလို့ ယခင်သီတင်းပတ်တွေထက် မြေထောက်ပဲ တင်ပို့မှု သိသိသာသာ လျော့ကျခဲ့ပါတယ်။ လက်ကျန်နည်းလာပြီဖြစ်လို့ တင်ပို့မှု လျော့ကျလာတာဖြစ်ပါတယ်။ မြေ ထောက်ပဲကို ထိုင်း၊ စင်ကာပူနဲ့ အိန္ဒိယကိုတင်ပို့ပြီး၊ ထောပတ်ပဲကို အင်ဒိုနီးရှား၊ ဂျပန်၊ မလေးရှားနဲ့ စင်ကာပူတို့ကို တင်ပို့ပါတယ်။ ၂ဝ၁၁-၁၂ လက်ရှိဘဏ္ဍာနှစ် သြဂုတ်လ ၁၉ ရက်နေ့အထိ ပင်လယ်ရေ ကြောင်းက တင်ပို့ပြီးစီးမှုဟာ ထောပတ်ပဲတန် ၁၁ဝဝဝ ကျော်ပြီး၊ မြေထောက်ပဲ တန် ၆ဝဝဝ ကျော်ရှိလို့ ယခင်ဘဏ္ဍာနှစ်ကာလတူ တင်ပို့ခဲ့တဲ့ ထောပတ်ပဲတန် ၈၂ဝဝ ခန့်နဲ့ မြေထောက်ပဲတန် ၄၆ဝဝ ခန့်ထက် ပိုမိုတင်ပို့တာ တွေ့ရပါတယ်။ MIRT - MAPT
လှောင်လက်များဝယ်လိုအားတက်လို့ ကုလားပဲဈေး မြင့်တက် အိန္ဒိယပြည်တွင်း ကုလားပဲလက်ငင်းဈေးကွက်များမှာ ယခုရက်ပိုင်း ကြိုပွိုင့် ဈေး ပြန်ငြိမ်လာခြင်းကြောင့် လက်ငင်းဈေး အနည်းငယ်တိုးပါတယ်။ ပဲခွဲစက်များနဲ့ ကုန်သည်များအနေနဲ့ လာမယ့် ပွဲတော်များအတွက် ဝယ်လိုအားဆက်လက်ခိုင်မာ ဖွယ်ရှိပါတယ်။ ဈေးကွက်မှ ပြောကြားချက်အရ အဓိကဈေးကွက်များကို ကုလားပဲ ဝင်ရောက်မှုဟာ ယခင်သီတင်းပတ်အတွင်းက တစ်ရက်ကို စုစုပေါင်း ကုလားပဲအိတ် ၆ဝဝဝဝ ခန့် ဝင်ရောက်ခဲ့ရာမှ အိတ် ၄ဝဝဝဝ ကို ကျဆင်းခဲ့တယ်လို့ သိရပါတယ်။ ကုလားပဲဝင်ရောက်မှု အနည်းငယ်လျော့ကျလာတာကြောင့် ဒေလီဈေးကွက် မှာ သြဂုတ်လ ၂၆ ရက်က တစ်တန်ကို ရူပီး ၂ဝဝ (ကန်ဒေါ်လာ ၄ ဒသမ ၃၈) လျော့ကျပြီး ရူပီး ၃၁၅ဝဝ-၃၂၈ဝဝ ( ကန်ဒေါ်လာ ၆၉ဝ-၇၁၉) နဲ့ အရောင်း အဝယ်ဖြစ်ခဲ့တယ်လို့ သိရပါတယ်။ အလားတူ သြစတြေးလျနဲ့ တန်ဇန်းနီးယားက တင်သွင်းကုလားပဲ လက်ငင်း ဈေးများလည်း ဈေးအနည်းငယ်တိုးပြီး မွန်ဘိုင်းဈေးကွက်မှာ တစ်တန်ကို ရူပီး ၂၉ဝဝဝ (ကန်ဒေါ်လာ ၆၃၆) နဲ့ ရူပီး ၂၇၂၅ဝ (ကန်ဒေါ်လာ ၅၉၇) ဈေးဖြစ်ခဲ့ပါ တယ်။ ဒါ့အပြင် မိုးပဲမျိုးစုံ စိုက်ပျိုးမှု တိုးတက်ခြင်းမရှိခြင်းက ဈေးနှုန်းကို အထောက် အပံ့ဖြစ်စေပါတယ်။ NCDEX မှာ စက်တင်ဘာလအခြေခံစံနှုန်း ကုလားပဲ ကြိုပွိုင့်ဈေးလည်း တစ်တန်ကို ရူပီး ၄၂ဝ (ကန်ဒေါ်လာ ၉ ဒသမ၂) တိုးပြီး ရူပီး ၃၂၄၄ဝ (ကန်ဒေါ်လာ ၇၁၁) ဈေးဖြစ်ခဲ့တယ်လို့ သိရပါတယ်။ MIRT- MAPT
အိန္ဒိယ ကုလားပဲဈေးအနည်းငယ်တိုး အိန္ဒိယပြည်တွင်း ဈေးကွက်များမှာ ယခုတစ်ပတ်အတွင်း ဝယ်လိုအားကောင်း နေတာကြောင့် ကုလားပဲ ဈေးအနည်းငယ်တိုးလာပါတယ်။ ကနေဒါနဲ့ အမေရိကန် တို့မှာ ထုတ်လုပ်မှုကျဆင်းဖွယ်ရှိခြင်းကြောင့် နိုင်ငံတကာ ဈေးခိုင်မာနေခြင်းအပြင် ပြည်တွင်းဝယ်လိုအား ကောင်းမွန်နေခြင်းက ဈေးနှုန်းကို အထောက်အပံ့ ဖြစ်စေပါ တယ်။ မိုးပဲစိုက်ဧက ကျဆင်းခြင်းကြောင့် မိုးပဲအထွက်လျော့ကျဖွယ်ရှိခြင်းက ဈေးကွက်ကို လွှမ်းမိုးနေပါတယ်။ ကုလားပဲကို စက်တင်ဘာ-အောက်တိုဘာမှာ စတင် တော့မှာဖြစ်ပြီး၊ ရာသီဥတုအခြေအနေအရ စိုက်ပိုျးမှု တိုးတက်ဖွယ် ရှိတယ်လို့ ခန့်မှန်းကြပါတယ်။ လာမယ့်လများမှာ ဝယ်လိုအားက ဈေးနှုန်းကို ပြောင်းလဲစေနိုင် ပါတယ်။ ဈေးကွက် အသီးသီးမှာဖြစ်ပေါ်တဲ့ ဈေးနှုန်းများ၊ နှိုင်းယှဉ်ဖော်ပြ လိုက်ပါတယ်။ ဒေါ်လာ/ တန် ၂၅-၈-၁၁ ၂၄-၈-၁၁ ၂၃-၈-၁၁ ၂ဝ-၈-၁၁မွန်ဘိုင်း ၅၉၅ ၅၇၉ ၅၉၁ ၅၇၅-၅၈ဝဒေလီ - ၆၈၈-၆၉၄ ၆၈၉-၆၉၅ ၆၅၂-၆၅၇ကန်ပါ ၇ဝ၁ ၇ဝ၆ ၇၁၁ ၆၇၉MIRT(MAPT)
ရန်ကုန် FOB ကုလားပဲဖြူလုံးကြီး တန် ၃ဝဝဝ ခန့် အရောင်းအဝယ်ဖြစ် ရန်ကုန်တိုင်းဒေသကြီး ဘုရင့်နောင်ကုန်စည်ဒိုင်ရဲ့ FOB ဈေးကွက်မှာ ယခု တစ်ပတ် သြဂုတ် ၁၉ ရက်မှ ၂၅ ရက်အထိ တစ်ပတ်အတွင်း တန် ၃ဝဝဝ ခန့် ပြည်ပအရောင်းအဝယ်စာချုပ်နိုင်တာတွေ့ရပါတယ်။ အိန္ဒိယ၊ ပါကစ္စတန် ဝယ်လို အား အကောင်းဆုံးပဲဖြစ်ပါတယ်။ သြဂုတ်လအတွင်း ၂၅ ရက်နေ့အထိ အရောင်း အဝယ်ဖြစ်မှုမှာ တန်ချိန် ၁၂ဝဝဝ ကျော်ပြီလို့ သိရပါတယ်။ ပြည်ပဝယ်လိုအားရှိတဲ့ ပဲမို့ အခြားပဲဈေးတွေအေးနေပေမယ့် ကုလားပဲဖြူလုံးကြီး ဈေးကတော့ ဆက်လက် ခိုင်မာနေပါတယ်။ ယခင်သီတင်းပတ် သြဂုတ်လ ၁၈ ရက်က ကုလားပဲဖြူလုံးကြီး FAQ တစ်တန်ကို ကန်ဒေါ်လာ ၉၈ဝ-၁ဝဝဝ ရှိခဲ့ရာမှ သြဂုတ် ၂၆ ရက်မှာ ကန်ဒေါ်လာ ၁ဝ၂ဝ-၁ဝ၄ဝ ကို တိုးလာပါတယ်။ MIRT - MAPT
ကုလားပဲဖြူလုံးကြီး တင်ပို့မှု အားကောင်းဆဲ ပင်လယ်ရေကြောင်းက ကုလားပဲဖြူလုံးကြီး တင်ပို့မှုဟာ ယခုသီတင်းပတ်မှာ လည်း အားကောင်းနေဆဲပါ။ သြဂုတ်လ ၁၄ ရက်မှ ၂ဝ ရက်နေ့အထိ တန်ချိန် ၃၅ဝဝ ခန့် တင်ပို့မှု ရှိခဲ့ပါတယ်။ ဈေးကွက်ထဲမှာ လက်ကျန် နည်းပြီဖြစ်ပေမယ့် ပဲအားလုံးထဲမှာ ဝယ်လိုအားအကောင်းဆုံးနဲ့ ဈေးအခိုင်ဆုံးပဲဖြစ်ပါတယ်။ လက်ရှိ ၂ဝ၁၁-၁၂ ဘဏ္ဍာနှစ် သြဂုတ်လ ၁၉ ရက်နေ့အထိ ကုလားပဲဖြူ လုံးကြီးတင်ပို့မှုတန်ချိန် ၅ သောင်းခန့် ရှိပြီဖြစ်ပါတယ်။ လာမယ့် သီတင်းပတ် တွေမှာလည်း ပုံမှန်တင်ပို့မှုရှိဦးမယ်လို့ ခန့်မှန်းထားပါတယ်။ MIRT - MAPT
ဈေးစွာတဲ့ စိမ်း တရုတ်ဈေးကွက်ကို နှစ်စဉ်အားထားပို့နေတဲ့ ပဲတီစိမ်းဟာ ဒီတစ်ပတ်ထဲမှာ ဈေးစွာလာတာကို တွေ့ရ ပါတယ်။ ဈေးကွက် မှာ ရွှေဝါစ မရှိသလောက်ဖြစ်နေပေမယ့် အညာစတွေဟာ သူ့အရည်အသွေးနဲ့သူ အရောင်း ဖြစ်နေပါတယ်။ သုံးတင်းတစ်အိတ် ထိပ်စ ၅ဝဝဝဝ ကျပ်ဝန်းကျင်နဲ့ အညံ့စ ၃၅ဝဝဝ ကျပ်ထိ ဈေးပေါက်ပါတယ်။ ကုန်သွယ်ခွန်တွေ စလျှော့ပေးမယ်လို့ သတင်းတွေ ကြားနေတုန်းက ဇူလိုင်နောက်ဆုံးပတ်မှာ စိမ်းကြီးတစ်အိတ်-၄ဝဝဝဝ ကျပ်- ၅၇ဝဝဝ ကျပ်ထိ ပေါက်ဈေးရှိခဲ့ရာမှ အခွန် လျှော့ပေးတဲ့ကာလမှာ တရုတ်ငွေဈေးကျလာလို့ ပဲတီစိမ်းတစ်အိတ် ၃ဝဝဝဝ ကျပ်-၄၈ဝဝဝ ကျပ်ထိ ဈေးနိမ့်လာခဲ့ပါတယ်။ ဒါပေမယ့် အကောင်းဘက်က တွေးကြည့်ရင် ကုန်သွယ်ခွန်လျှော့ပေးလို့ အဲဒီကာလက ဒီဘက်မှာ ဈေးချမဝယ်ရတော့ဘူး။ ဈေးကွက်အသာ စီးမရပေမယ့် ဈေးဆစ်တဲ့ဒဏ်ကို ခံသာခဲ့တယ်လို့ ကုန်သည်များက ဆိုပါတယ်။ အခုတရုတ် ငွေ ဈေးမာလာလို့ ပဲဈေးမြင့်ဝယ်လာပြီး၊ ဈေးကွက်မှာလည်း ပဲတီစိမ်း ဈေးစွာလာခဲ့ပါတယ်။ ကုန်သွယ်ခွန်ကို နောက်ပဲသစ်ပေါ်မဲ့ အချိန်ကာလ အထိ လျှော့ပေးထားတာဆိုတော့ ပြည်ပဝယ်လိုအားအနေနဲ့ ငွေဈေးအပေါ်မှာ မူတည်ပြီး ပဲသမားများအတွက် မင်္ဂလာနေ့သစ် များကို ရောက်လာလိမ့်မယ်လို့ မျှော်လင့်မိပါတယ်။ သက်သက်နိုင်
အိန္ဒိယ ပဲတီစိမ်း ဈေးသိသိသာသာ မြင့်တက် အိန္ဒိယပြည်တွင်းဈေးကွက်အနံှ့အပြားမှာ ဝယ်လိုအား အဆက်မပြတ်ရှိနေတာကြောင့် ယခုတစ်ပတ် ပဲတီစိမ်းဈေးက သိသိသာသာမြင့်တက်လာခဲ့ပါတယ်။ နိုင်ငံအနံှ့အပြားက ပဲအသစ်တွေ သြဂုတ်လကုန်ပိုင်းမှာ စတင်ဝင်လာတော့မှာဖြစ်ပေမယ့် ကုန်သည်တွေကတော့ ပဲအရည်အသွေးပေါ် စိုးရိမ်နေကြပါတယ်။ နိုင်ငံအလယ် ပိုင်းနဲ့ တောင်ပိုင်းမှာ မိုးအဆက်မပြတ်ရွာသွန်း နေတာကြောင့် သီးနံှအတွက် နေရောင်လိုအပ်နေပါတယ်။ နိုင်ငံ တောင်ပိုင်းက ပဲတီစိမ်းစိုက်ပျိုးမှု သိသိသာသာ နှေးကွေး နေတယ်လို့ သိရပါတယ်။ ပဲအထွက် လျော့ကျဖွယ်ရှိခြင်းနဲ့ အရည်အသွေးပေါ် စိုးရိမ်မှုများကြောင့် ပဲတီစိမ်းဈေး ဆက်လက် ခိုင်မာဖွယ်ရှိတယ်လို့ ကုန်သည်များက သုံးသပ်ကြပါတယ်။ ဈေးကွက်အသီးသီးမှာ ဖြစ်ပေါ်တဲ့ဈေးနှုန်းများ နှိုင်းယှဉ်ဖော်ပြလိုက် ပါတယ်။ ဒေါ်လာ/ တန် ၂၅-၈-၁၁ ၂၄-၈-၁၁ ၂၃-၈-၁၁ ၂ဝ-၈-၁၁မွန်ဘိုင်း (ကင်ညာ) ၁ဝ၁၈-၁ဝ၃၉ ၉၃၉ ၉၅၂ ၉ဝ၉-၉၁၄ဒေလီ - ၇၆၅-၈ဝ၈ ၇၆၆-၈၁ဝ ၇၆၇-၈၁ဝအာကိုလာ ၇၅၈-၁ဝ၃၉ ၇၆၅-၁ဝ၄၉ ၇၆၆-၉၈ဝ ၇၆၇-၈၇၆MIRT(MAPT)
ယခုအပတ် စစ်တွေနယ်စပ်မှလည်း ပဲတီစိမ်းအပို့ရှိ သြဂုတ်လ ၁၇ ရက်မှ ၂၃ ရက် ထိကာလအတွင်းမှာ ပုံမှန်တင်ပို့လျက်ရှိသော မြန်မာ-တရုတ်နယ်စပ်ရှိ မူဆယ်မှသာမက မြန်မာ-ဘင်္ဂလားဒေ့ရှ် နယ်စပ်ရှိ စစ်တွေမှလည်း ဒေသထွက် ပဲတီစိမ်းအပို့ရှိတာတွေ့ရပါတယ်။ ယခုအပတ်မှာ မူဆယ်နယ်စပ်မှ ကန်ဒေါ်လာ ၂ ဒသမ ၃ဝ၄ သန်း တန်ဖိုးရှိ ပဲတီစိမ်း (အညာစ) ၂၉၂၂ တန် အပို့ရှိပြီး စစ်တွေနယ်စပ်မှ ကန်ဒေါ်လာသုည ဒသမ ဝ၁၆ သန်း တန်ဖိုးရှိ ပဲတီစိမ်း ၂၂ တန် တင်ပို့ခဲ့တာမို့ ယခုအပတ် နယ်စပ်မှ ကန်ဒေါ်လာ ၂ ဒသမ ၃၂ဝ သန်း တန်ဖိုးရှိ ပဲတီစိမ်း ၂၉၄၄ တန်ကျော် တင်ပို့နိုင်ခဲ့တာဖြစ်ပါတယ်။ စစ်တွေနယ်စပ်မှ အပို့ရှိလာသော်လည်း မူဆယ်မှ တင်ပို့မှု လျော့နည်းခဲ့တာကြောင့် နယ်စပ်မှ ပဲတီစိမ်း တင်ပို့မှုဟာ ၈၄၃ တန်ကျော် လျော့နည်းခဲ့ပါတယ်။ မြန်မာ-တရုတ် နယ်စပ် ပေါက်ဈေးများကတော့ နှစ်နိုင်ငံလုံးမှာ ဆက်လက်လျော့နည်းနေတာတွေ့ရပါတယ်။ မိမိဘက်နဲ့ တစ်ဘက်နိုင်ငံ မြေပြင် ပေါက်ဈေးများကိုနှိုင်းယှဉ် ဖော်ပြပေးလိုက်ရပါတယ်- မိမိဘက်(ကျပ်/တန်) တစ်ဘက်နိုင်ငံ(ဒေါ်လာ/တန်) ယခု ယခင် ပြောင်းလဲမှု % ယခု ယခင် ပြောင်းလဲမှု %ပဲတီစိမ်း ၅၇၄၇၅၃ ၆ဝ၇၄၅၃ ၃၂၇ဝဝ ၆ ၈ဝဝ ၈၁၅ ၁၅ ၂ MIRT (DOBT)
အိန္ဒိယဝယ်လက် ကြိုက်ဈေးရှိတဲ့ ပဲတီစိမ်း ပုံမှန်အရောင်းအဝယ်ဖြစ် ရန်ကုန်တိုင်းဒေသကြီး၊ ဘုရင့်နောင်ကုန်စည်ဒိုင် FOB ဈေးကွက်မှာ လက်ရှိဖြစ်နေတဲ့ ပဲတီစိမ်းဈေးက ပြည်ပဝယ်လက် ကြိုက်ဈေးဖြစ်နေလို့ အရောင်းအဝယ် ပုံမှန်ဖြစ်နေတယ်လို့ သိရပါတယ်။ သြဂုတ်လ ၁၉ ရက်မှ ၂၅ ရက်အထိ တစ်ပတ်အတွင်း FOB အရောင်းအဝယ်ဖြစ်မှုဟာ တန်ချိန် ၅ဝဝဝ ခန့်ရှိတယ်လို့ သိရပါတယ်။ ပင်လယ်ရေကြောင်းအပြင် တရုတ်နယ်စပ် ကလည်း အဆွဲရှိတာမို့ ပဲတီစိမ်းအရောင်းအဝယ်ကတော့ ပုံမှန်ရှိနေတယ်လို့ ဆိုပါတယ်။ သြဂုတ်လအတွင်း ၂၅ ရက်အထိ၊ FOB အရောင်းအဝယ်ဖြစ်မှုဟာ တန်ချိန် ၁၈ဝဝဝ ကျော်ပြီလို့ သိရပါတယ်။ ပြည်ပအဝယ် ပုံမှန်ရှိပေမယ့် ပြည်ပပို့ကုန် ဝင်ငွေလဲလှယ်နှုန်းအပြောင်းအလဲကြောင့် သြဂုတ်လ ၂၆ ရက်မှာ FOB ပဲတီစိမ်း ဈေး၊ အနည်းငယ်လျော့ကျခဲ့ပါတယ်။ ယခင်သီတင်းပတ်ဈေးနဲ့ နှိုင်းယှဉ်ဖော်ပြလိုက်ပါတယ်။ ဒေါ်လာ/ တန် ပဲတီစိမ်းအညာ ပဲတီရွှေဝါအသေး ပဲတီရွှေဝါအကြီး၂၆-၈-၁၁ ၇၁ဝ-၇၃ဝ ၉၂ဝ-၉၄ဝ ၁ဝဝဝ-၁ဝ၂ဝ၁၈-၈-၁၁ ၇၁ဝ-၇၃ဝ ၉၄ဝ-၉၆ဝ ၁ဝ၁ဝ-၁ဝ၃ဝMIRT(MAPT)
ပဲတီစိမ်းတင်ပို့မှု အနည်းငယ်တိုး ယခုတစ်ပတ် သြဂုတ်လ ၁၄ ရက်မှ ၂ဝ ရက်အထိ တစ်ပတ်အတွင်း ပဲတီစိမ်း ပြည်ပတင်ပို့မှု တန်ချိန် ၃၆ဝဝ ခန့်ရှိလို့ ယခင်သီတင်းပတ်တင်ပို့ခဲ့တဲ့ တန်ချိန် ၃၃ဝဝ ထက် အနည်းငယ်ပိုလာပါတယ်။ ဒါပေမယ့် ဇူလိုင်လ နောက်ဆုံးပတ် တင်ပို့ခဲ့တဲ့ တန်ချိန် ၄ဝဝဝ ကျော်ထက်တော့ လျော့ကျနေသေးတာတွေ့ရပါတယ်။ လက်ရှိဘဏ္ဍာနှစ် သြဂုတ် ၁၉ ရက်အထိ တင်ပို့ပြီးစီးမှုကို လေ့လာကြည့်ရင် ပဲတီစိမ်းတန်ချိန် ၃သိန်းကျော်ပြီဖြစ်ပြီး၊ ယခင်ဘဏ္ဍာနှစ်ကာလတူမှာ တန်ချိန် ၂ သိန်းနီးပါးရှိလို့ ယခုနှစ်မှာ တန်ချိန် ၁ သိန်းကျော် ပိုတင်ပြီးတာ တွေ့ရပါတယ်။ လက်ရှိဈေးကွက်တွေမှာ ပဲတီစိမ်း အရောင်းအဝယ်ဖြစ်မှုအရ လာမယ့်သီတင်းပတ်မှာလည်း ပုံမှန်တင်ပို့နိုင်မယ်လို့ ခန့်မှန်း ထားပါတယ်။ MIRT - MAPT
