Main menu

Background

Tuesday, 23 Aug 2011

ပြည်ပဲတီစိမ်းအရောင်းအေးသလို ဈေးလည်းအေးနေ                   သြဂုတ်လ ဒုတိယပတ်အတွင်း ပြည်ပဲဈေးကွက်သို့  ပဲတီစိမ်း ဝင်ရောက်မှု အဝင်ပါးလာခဲ့ပါတယ်။ ဇူလိုင်လ အတွင်း ပဲတီစိမ်းသီးနံှမှာ အဝင်များခဲ့ပြီး အရောင်းသွက်တယ် လို့ သိရပါတယ်။ သြဂုတ်လဆန်းမှစ၍ ယခုတစ်ပတ်အထိ အဝင်ပါးလာသလို အရောင်းအဝယ်လည်းအေးနေခဲ့ပါတယ်။ ပဲတီစိမ်းဈေးနှုန်းမှာ ထိပ်စတစ်တင်း ၁၅ဝဝဝ ကျပ်နဲ့ ရိုးရိုးစမှာ တစ်တင်း၁၄၅ဝဝ ကျပ်ဖြင့် ယခင်တစ်ပတ်ထက် ဈေးကျသွား ခဲ့ပါတယ်။ မန္တလေးဝယ်လက်နဲ့ ရနု်ကုန်ဝယ်လက်များ အဝယ် ရှိခဲ့ပြီး၊ ယခုတစ်ပတ်မှာ မန္တလေးဝယ်လက်အဝယ်အေးခဲ့ပြီး ရန်ကုန်သို့ အိတ် ၄ဝဝ ခန့်သာ တင်ပို့နိုင်ခဲ့ကာ ဒေသတွင်း အရောင်းအဝယ်ဖြစ်မှု ပမာဏအနေဖြင့် တစ်ရက်ကို အိတ် ၂ဝဝ ခန့်သာ အရောင်းအဝယ်ဖြစ်ခဲ့တယ်လို့ သိရပါတယ်။ ခင်ဆွေဝင်း 

Tuesday, 23 Aug 2011

တောင်သူများအား စိုက်ပျိုးစရိတ်ချေးငွေများ တစ်ဧက ကျပ်လေးသောင်းစီ ထုတ်ချေးလျက်ရှိ              နိုင်ငံတော်အစိုးရအနေဖြင့် တောင်သူလယ်သမားများအား စိုက်ပျိုးစရိတ်ချေးငွေအဖြစ် တစ်ဧကလျှင် ကျပ်လေးသောင်းစီ ထုတ်ချေးပေးလျက်ရှိကြောင်း သိရှိရသည်။ တောင်သူလယ်သမားများကို ယခင်က စိုက်ပျိုးစရိတ်ချေးငွေအဖြစ် တစ်ဧကလျှင် ကျပ်နှစ်သောင်းစီ ထုတ်ချေးပေးလျက်ရှိရာမှ အစိုးရအဖွဲ့သစ်တာဝန်ယူပြီးနောက်ပိုင်းတွင် တစ်ဧကလျှင် ကျပ်နှစ်သောင်းစီတိုး မြှင့်ပြီး ကျပ်လေးသောင်းစီ ထုတ်ချေးပေးလျက်ရှိကြောင်း သိရသည်။ နိုင်ငံတော်အစိုးရမှ စုစုပေါင်းစပါးစိုက်ဧက သန်း ၂ဝအတွက် ကျပ်နှစ်သောင်းစီ တိုးမြှင့်ထုတ်ချေးပေးခဲ့ပြီးဖြစ်ကြောင်း သိရှိရသည်။ ''စိုက်ပျိုးရေးနဲ့ပတ်သက်ပြီးတော့လည်း ယခင်က တစ်ဧကကို ကျပ်နှစ်သောင်းပဲပေးခဲ့ရာကနေ ယနေ့တစ်ဧကကို ကျပ် လေးသောင်း ပေးပါတယ်။ နှစ်ဆတိုးပြီးပေးပါတယ်။ နိုင်ငံတော်မှာ စပါးစိုက်ဧက စုစုပေါင်း သန်း ၂ဝအတွက် နောက်ထပ် နှစ်သောင်းစီ တိုးပြီးပေးထားပါတယ်'' ဟု ပြောရေးဆိုခွင့်နှင့်သတင်းထုတ်ပြန်ရေးအဖွဲ့အဖွဲ့ခေါင်းဆောင် ပြန်ကြားရေးဝန်ကြီး ဌာန ပြည်ထောင်စုဝန်ကြီး ဦးကျော်ဆန်းက ပြောကြားခဲ့သည်။ မယ်သီတာ

Tuesday, 23 Aug 2011

အက်ဖ်အီးစီများကို ရုပ်သိမ်းပြီး Exchange Rate  ကို တစ်ပြေးညီ သတ်မှတ်ပေးမည်               သြဂုတ် ၁၂ ရက်က နေပြည်တော်ရှိ ပြန်ကြားရေးဝန်ကြီးရုံး စုဝေးခန်းမတွင် ကျင်းပခဲ့သည့် သတင်းစာရှင်းလင်းပွဲတွင် နိုင်ငံခြားငွေလဲလှယ်နှုန်းကို တစ်ပြေးညီသတ်မှတ်ပေးပြီး အက်ဖ်အီးစီများကို ရုပ်သိမ်းမည်ဖြစ်ကြောင်း မြန်မာနိုင်ငံတော် ဗဟိုဘဏ်ဥက္ကဋ္ဌ ဦးသန်းညိမ်းက ရှင်းလင်းပြောကြားခဲ့ကြောင်းသိရသည်။            အဆိုပါကိစ္စနှင့်ပတ်သက်၍ ဦးသန်းငြိမ်းက ''Exchange Rate  က ကျွန်တော်တို့နိုင်ငံရဲ့ Monetary Policy မှာ အရေးကြီးတဲ့ ကိရိယာတစ်ခုဖြစ်တော့ ဒီကိစ္စကို ကျွန်တော်တို့ အထူးအလေးထားဆောင်ရွက်ဖို့ရှိပါတယ်။ ဒီလိုဆောင်ရွက်ရာမှာ နိုင်ငံနဲ့ပြည်သူ အကျိုးစီးပွားနဲ့နေ့စဉ်လူမှုစီးပွားဘဝတွေမှာ ထိခိုက်မှုမရှိစေဖို့ ဦးစားပေးပြီး အိုင်အမ်အက်ဖ်နဲ့ ပူးပေါင်းဆောင် ရွက်သွားမှာ ဖြစ်ပါတယ်။ Exchange Rate Unification ကိစ္စ ဆောင်ရွက်ရင် အက်ဖ်အီးစီရုပ်သိမ်းရေးကိစ္စကလည်း အလိုအလျောက်ပါသွားမှာ ဖြစ်ပါတယ်။ အဲဒီလိုရုပ်သိမ်းတဲ့အခါမှာ အက်ဖ်အီးစီလက်ဝယ် ရှိတဲ့ နိုင်ငံသားများအနေနဲ့ နစ်နာမှုမရှိစေဖို့ အက်ဖ်အီးစီ အစား သူနဲ့ညီမျှတဲ့ နိုင်ငံခြားငွေအမေရိကန်ဒေါ်လာဖြစ်စေ(ဒါမှမဟုတ်) အဲဒီအချိန်မှာ ရှိတဲ့ သတ်မှတ်ထား တဲ့ပေါက်ဈေး နဲ့ညီမျှတဲ့ ကျပ်ငွေဖြစ်စေ ရရှိမှာဖြစ်ပါတယ်။ နစ်နာမှုမရှိစေဖို့အတွက် တာဝန်ယူဆောင်ရွက်ပေး မှာဖြစ်ပါတယ်'' ဟု ရှင်းလင်းပြောကြားခဲ့ကြောင်း သတင်းရရှိသည်။ မယ်သီတာ

Tuesday, 23 Aug 2011

ရေကြီးနစ်မြုပ်ခဲ့သည့် လယ်ယာမြေများအတွက် ကူညီပံ့ပိုးမှုများဆောင်ရွက်ပေးမည်                 ယခုလအတွင်း မြန်မာနိုင်ငံတစ်ဝန်း ရေလွှမ်းမိုးမှုများဖြစ်ပွားလျက်ရှိရာ ယင်းကဲ့သို့ရေလွှမ်းမိုးမှုကြောင့် ရေကြီးနစ်မြုပ်ခဲ့ ရသည့်လယ်ယာမြေများအတွက် လယ်ယာစိုက်ပိုျးရေးနှင့်ဆည်မြောင်းဝန်ကြီးဌာနမှ တောင်သူလယ်သမားများအား ပံ့ပိုးကူညီမှု များ ပြုလုပ်ပေးသွားမည်ဖြစ်ကြောင်း သြဂုတ် ၁၂ရက်က ကျင်းပခဲ့သည့်သတင်းစာရှင်းလင်းပွဲတွင် လယ်ယာစိုက်ပိုျးရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးအုန်းသန်းက ရှင်းလင်းပြောကြားသွားခဲ့သည်။ ဒုတိယဝန်ကြီးဦးအုန်းသန်းက ''ရေကြီးနစ်မြုပ်မှုတွေနဲ့ပတ်သက်ပြီး ရေကျသွားတဲ့အခါမှာ လယ်ယာစိုက်ပျိုးရေးနှင့် ဆည်မြောင်းဝန်ကြီးဌာနအနေ နဲ့ တောင်သူလယ်သမားများ စပါးပြန်လည်စိုက်ပျိုးနိုင်အောင် လိုအပ်ချက်တွေဖြစ်တဲ့ မျိုးများကို ကြိုတင်ရှာဖွေစုဆောင်းထားပြီး မျိုးအပါအဝင် အခြားပံ့ပိုးမှုများကို လိုအပ်သလို ကူညီပံ့ပိုးဆောင်ရွက်သွားမှာဖြစ်ပါတယ်။ အလားတူပဲ နောင်နှစ်တွေ မှာ ရေလွှမ်းမိုးမှုမရှိအောင် နိုင်ငံတော်သမ္မတကြီးရဲ့လမ်းညွှန်ချက်နဲ့အညီ ဆည်မြောင်းဦးစီးဌာနက မိုးကုန်သွားတဲ့အခါ သက်ဆိုင်ရာကွင်းတွေကို တိုင်းတာပြီး လုပ်သင့်လုပ်ထိုက် တဲ့ ရေမြောင်းများ တူးဖော်ခြင်း၊ ရေတံခါးများ ဆောင်ရွက်ခြင်းတို့ကို ဆက်လက်ဆောင်ရွက်ပေးသွားမှာဖြစ်ပါတယ်။ ဒုတိယသမ္မတကြီးဦးစီးတဲ့ ကရင်ပြည်နယ်ခရီးစဉ်မှာလည်း အလားတူစီမံဆောင်ရွက်ပေးခဲ့ပါတယ်''ဟု ရှင်းလင်းပြောကြားခဲ့ကြောင်း သိရှိရသည်။ မယ်သီတာ

Tuesday, 23 Aug 2011

ယခုတစ်ပတ် မြေထောက်ပဲနဲ့ ထောပတ်ပဲ တင်ပို့မှုလျော့                   ပယ်လယ်ရေကြောင်းမှ ပြည်ပသင်္ဘောတင်ပို့နိုင်မှုဟာ ဇူလိုင် ၃၁ ရက်မှ သြဂုတ်လ ၆ ရက်အထိ မြေထောက်ပဲ တန် ၁၇ဝ နဲ့၊ ထောပတ်ပဲတန် ၁၇ဝ ရှိကြောင်း သိရပါတယ်။ မြေထောက်ပဲကို စင်္ကာပူ၊ ရုရှား၊ အိန္ဒိယနိုင်ငံများကို တင်ပို့ပြီး၊ ထောပတ်ပဲကို ဂျပန်နဲ့၊ စင်္ကာပူနိုင်ငံများကို တင်ပို့ခဲ့ကြောင်းသိရပါတယ်။ ယခင်အပတ် မြေထောက်ပဲတင်ပို့မှု တန်ချိန် ၃၃ဝ၊ ထောပတ်ပဲတင်ပို့မှုတန်ချိန် ၂၇ဝ ကျော်ရှိခဲ့တာကြောင့် ယခုအပတ် တင်ပို့မှု လျော့ခဲ့တယ်လို့ သိရပါတယ်။ ၂ဝ၁၁-၁၂ ဘဏ္ဍာနှစ် သြဂုတ်လ ၅ ရက်အထိ မြေထောက်ပဲတင်ပို့မှုမှာ တန်ချိန် ၅၇ဝဝ ကျော်၊ ထောပတ်ပဲ တင်ပို့မှုမှာ တန်ချိန် ၁ဝဝဝဝ ဝန်းကျင်ရှိခဲ့ပါတယ်။ ယခင်နှစ်ကာလတူ တင်ပို့မှုမှာ မြေထောက်ပဲတန်ချိန် ၄ဝဝဝ ကျော်၊ ထောပတ်ပဲတန်ချိန် ၈ဝဝဝ ကျော်နဲ့ နှိုင်းယှဉ်ရင် ယခုဘဏ္ဍာနှစ်က ပိုမိုတင်ပို့နိုင်ခဲ့ပါတယ်။ MIRT - MAPT 

Tuesday, 23 Aug 2011

ယခုတစ်ပတ် လက်ကျန်နည်းလာလို့ဈေးငြိမ်ပြီး မြေထောက်ပဲနဲ့ ထောပတ်ပဲ ရောင်းချနိုင်မှုလျော့                    ရန်ကုန်တိုင်းဒေသကြီး၊ဘုရင့်နောင်ကုန်စည်ဒိုင် FOB ဈေးကွက်မှာ မြေထောက်ပဲနဲ့ ထောပတ်ပဲ အရောင်းအဝယ်စာချုပ်နိုင်မှုဟာ သြဂုတ်လ ၅ ရက်မှ ၁၁ ရက်အတွင်း မြေထောက်ပဲ FAQ ၈၅ တန်၊ ထောပတ်ပဲ ၁၁ဝ တန်ကျော်၊ စာခုျပ်ရောင်းချနိုင်ခဲ့ပါတယ်။ ဈေးကွက်မှာ လက်ကျန်နည်းလာတာကြောင့် ယခင်အပတ်က မြေထောက်ပဲ တန် ၃ဝဝ ကျော်၊ ထောပတ်ပဲ တန် ၁၃ဝ ကျော် ထက် လျော့နည်းခဲ့ပါတယ်။                                           သြဂုတ် ၁၁ ရက်နေ့က မြေထောက်ပဲ FAQ တစ်တန် ကန်ဒေါ်လာ ၆၃ဝ- ၆၅ဝ၊ ထောပတ်ပဲ FAQ တစ်တန် ကန်ဒေါ်လာ ၇၅ဝ-၇၈ဝ ဖြစ်တာကြောင့် ယခင် အပတ်ဈေးအတိုင်း ဖြစ်နေတယ်လို့ သိရပါတယ်။ MIRT - MAPT 

Tuesday, 23 Aug 2011

ရန်ကုန်ဝယ်လက်အေးပေမဲ့ ဒေသတွင်း လက်လီသမားများ ဝယ်ယူမှုရှိတဲ့ ပြည်ထောပတ်ပဲ                 ပြည်ဈေးကွက်မှာ ပဲမျိုးစုံသီးနံှများ အဝင်အေးလာခဲ့ပြီး ဆီထွက်သီးနံှများသာ ဝင်ရောက်မှုများလာခဲ့ပါတယ်။ ဒါကြောင့် ထောပတ်ပဲသီးနံှမှာလည်း အဝင်မရှိ သလောက်ဖြစ်လာခဲ့ပါတယ်။ ပွဲရုံများမှ လက်ကျန်ပဲများသာ လက်လီသမားများဖြင့် နေ့စဉ်အရောင်းအဝယ်ဖြစ်ခဲ့ကြပါတယ်။ ရန်ကုန်ဝယ်လက်များလည်း အဝယ် အေးသွားခဲ့ပြီး ယခုသြဂုတ်လ ဒုတိယပတ်အတွင်း တစ်တင်းကို ၁၆၅ဝဝ ကျပ်ဖြင့် ဈေးအပြောင်းအလဲမရှိဘဲ တစ်ရက်ကို ၁၅ အိတ်ခန့်သာ လက်လီသမားများ ဝယ်ယူမှုရှိကြောင်း သိရပါတယ်။                             ခင်ဆွေဝင်း

Tuesday, 23 Aug 2011

ဈေးအေးသော်လည်း အရောင်းသွက်တဲ့ မုံရွာပဲတီစိမ်း                    သြဂုတ်လ ဒုတိယပတ် မုံရွာကုန်စည်ဒိုင် ပဲတီစိမ်းကြီး ဈေးကွက်မှာ နယ်စုံက ပဲသစ်တွေ ဝင်လာသလို အရောင်းလည်းသွက်ခဲ့ပါတယ်။ အဟောင်းသမားတွေလည်း ငွေလိုလို့ ထုတ်ရောင်းခဲ့ကြတဲ့အတွက် ယခုတစ်ပတ်အတွင်း ပဲတီအဟောင်း၊ အသစ်အရောင်းအဝယ်ဖြစ်ခဲ့ရာ မုံရွာကုန်စည်ဒိုင်မှာ တစ်ရက်လျှင် အိတ် ၅ဝဝ မှ ၁ဝဝဝ ကြားရှိခဲ့တယ်လို့သိရပါတယ်။ ပုံမှန်ဆွဲလက် မန္တလေးအပြင် ဈေးအချို ကြိုက်တဲ့ ရန်ကုန်ဝယ်လက်ပါဝယ်လို့ အခုလို အရောင်းအဝယ်သွက်ခြင်း ဖြစ်တယ် လို့ ကုန်သည်အသိုင်းအဝိုင်းက ဆိုပါတယ်။ ယခုအပတ်အတွင်း စိမ်းကြီး တစ်တင်း အမြင့်ဆုံး ၁၈၅ဝဝ ကျပ်မှ အနိမ့်ဆုံး ၁၆၅ဝဝ ကျပ်ထိ ပေါက်ခဲ့ပြီး စီးထွက်မှုအနေနဲ့ မန္တလေးကိုတင်း ၅ဝဝဝ ခန့်နဲ့ ရန်ကုန်ကို တင်း ၃ဝဝဝ ကျော်ရှိခဲ့တယ်လို့ ဈေးကွက် က ဆိုပါတယ်။ ထွန်းလှိုင်

Tuesday, 23 Aug 2011

ပဲယင်း (ချင်းပဲ)                သြဂုတ်လ ၃ ရက်မှ ၉ ရက်ထိကာလအတွင်း မြန်မာ-တရုတ် နယ်စပ်ရှိ မူဆယ်(၁ဝ၅) မိုင်ကုန်သွယ်ရေးဇုန်မှ ကန်ဒေါ်လာ ဝ ဒသမ ၄၃၄ သန်းတန်ဖိုးရှိ ပဲယင်း ၈၃၃ တန်ကျော်တင်ပို့မှုရှိခဲ့ပါတယ်။ယခင်အပတ်ကထက် ၄၆၇ တန် ပိုမို တင်ပို့ နိုင်ခဲ့တာတွေ့ရပါတယ်။ စစ်ကိုင်းနဲ့ မကွေးတိုင်း ဒေသကြီးများမှ ထွက်ရှိ သော ပဲယင်းများကို တင်ပို့နေခြင်းဖြစ်ပါတယ်။ မိမိဘက်မှာရော တဘက်နိုင်ငံများ မှာပါ ပဲယင်းဈေးများ ကျလျက်ရှိတာတွေ့ရပါတယ်။ မိမိဘက်နဲ့ တစ်ဘက်နိုင်ငံ ပဲယင်း ဈေးများကို နှိုင်းယှဉ်ဖော်ပြပေးလိုက်ရပါတယ်                                  မိမိဘက်(ကျပ်/တန်)            တစ်ဘက်နိုင်ငံ(ဒေါ်လာ/တန်)                 ယခု           ယခင်     ပြောင်းလဲမှု   %    ယခု       ယခင်   ပြောင်းလဲမှု    %ပဲယင်း     ၃၂၄၃၃၂     ၃၂၉၃၃၂     ၅ဝဝဝ     ၁ .၅     ၄၈၁     ၄၉၇         ၁၆         ၃ .၃MIRT (DOBT)

Tuesday, 23 Aug 2011

နနွင်းအပို့လျော့                 ပင်လယ်ရေကြောင်းကုန်သွယ်မှုလမ်းကနေ သြဂုတ်လ ပထမပတ်အတွင်း နနွင်းတန်ချိန် ၃ဝ ကို စင်ကာပူနိုင်ငံကို တင်ပို့ခဲ့ပါတယ်။ ယခင်သီတင်းပတ် ၇၅ တန်တင်ပို့နိုင်ခဲ့တဲ့ နနွင်းက ဒီတစ်ပတ်မှာ အပို့လျော့ခဲ့ပါတယ်။ တစ်တန်ကို အက်ဖ် အိုဘီဈေးကန်ဒေါ်လာ ၁၈၈ဝ ဝန်းကျင်နဲ့ တင်ပို့နိုင်ခဲ့လို့ စုစုပေါင်းပို့ကုန်ဝင်ငွေ ကန်ဒေါ်လာ ငါးသောင်းခြောက်ထောင်ကျော် ရရှိခဲ့ပါတယ်။ MIRT (DOT) 

Pages