Background
အိန္ဒိယ STC အေဂျင်စီမှ ကနေဒါ ပဲဝါလေးနဲ့ မြန်မာပဲစင်းငုံ တင်သွင်းဖို့ တင်ဒါခေါ် အိန္ဒိယနိုင်ငံပိုင် STC အေဂျင်စီဟာ ဇူလိုင်လအတွင်း တင်ပို့ရမယ့် ကနေဒါ ပဲဝါလေးတန်ချိန် ၂၅ဝဝဝ တင်သွင်းဖို့ တင်ဒါခေါ်ယူခဲ့ပါတယ်။ ဒါ့အပြင် ဇွန်လ အတွင်း တင်သွင်းရမယ့် ၂ဝ၁၁ ရာသီအတွက် မြန်မာ ပဲစင်းငုံတန်ချိန် ၂ဝဝဝ လည်း တင်သွင်းသွားမယ်လို့ သိရပါတယ်။ တင်ဒါကို ဇွန်လ ၃ ရက်နေ့မှာ ပိတ်မယ်လို့ သိရပါတယ်။ ယမင်းခင် Source: nns commodity news
အေးအေးနှေးနှေး အငုံဈေး မန္တလေးကုန်စည်ဒိုင်မှာ ပဲစင်းငုံကို ယခင်တစ်ပတ်က ရန်ကုန်ဝယ်လက်အချို့ဆွဲလို့ ဈေးအနည်းငယ် မာခဲ့ပါတယ်။ ဒါပေမဲ့ ဒီတစ်ပတ်မှာတော့ ဈေးက ခပ်အေး အေး ပြန်ဖြစ်သွားပါပြီ။ ယနေ့ပေါက်ဈေးက တစ်ပိဿာ ၇ဝဝ ကျပ်ဈေးပဲရှိပါတယ်။ မြင်းခြံ၊ မိတ္ထီလာစတဲ့ မြို့ကြီးတချို့မှာ လှောင်ထားသူတွေရှိပေမဲ့ ဈေးမကောင်းလို့ စောင့်ကြည့်နေကြပါတယ်။ ပဲအဓိကစိုက်တဲ့ဒေသ တောင်သူကြီးတွေ လက်ထဲမှာလည်း လက်ကျန်ပဲတွေ ရှိနေပါသေးတယ်။ ပဲစင်းငုံဈေးကျပေမဲ့ မစိုက်ပဲပစ်ထားလို့ မဖြစ်သေးတာကြောင့် စောစောရွာတဲ့မိုးနဲ့အတူ ပဲစင်းငုံတွေစိုက်နေကြပါပြီ။ တချို့ နေရာတွေမှာ တစ်ထွာကျော်ကျော်လောက် အပင်ဖြစ်ထွန်းနေပြီကို တွေ့နေရပါပြီ။ ယခုနှစ် မိုးဦးကောင်းနေတာကြောင့် ပဲစင်းငုံစိုက်ဧက မတိုးတောင် မလျော့လောက်ဘူးလို့ ခန့်မှန်းရပါတယ်။ မန္တလေးပဲအမျိုးမျိုးရဲ့ ဈေးနှုန်းတွေမှာတော့ ပဲစင်းငုံဈေးက ပဲတီစိမ်း၊ ကုလားပဲဖြူလုံးကြီးတို့ အောက်မှာပဲရှိပါတယ်။ မျိုးသူ
အိန္ဒိယပဲစင်းငုံဈေး အကျဘက်ဆက်ဆင်း အိန္ဒိယပြည်တွင်း ပဲစင်းငုံဈေးကွက်မှာ ယခုတစ်ပတ်လည်း အကျဘက်ဆင်း လာနေပါတယ်။ ဈေးကွက်တွေမှာ ဝယ်ယူမှု စိတ်ဝင်စားကြခြင်းမရှိတာကြောင့် အရောင်းအဝယ်ထိုင်းနေပါတယ်။ နိုင်ငံတောင်ပိုင်းမှာ မိုးဆက်လက်ရွာသွန်း နေခြင်း က ပဲအသစ်စိုက်ပျိုးဖို့ အခြေအနေပေးနေပြီး အခိုျ့ဒေသတွေမှာ ပဲစိုက်ပျိုးမှု စတင် နေပြီလို့ သိရပါတယ်။ ပြည်တွင်းရောင်းချမှုများခြင်းက ဈေးနှုန်းကို ဖိအားဖြစ်စေနိုင်ပေမဲ့ လာမယ့်ရက်များမှာ ပြန်လည်ရောင်းချသူများ အဝယ်ပြန်တက်လာနိုင်ခြင်းက ဈေးနှုန်းကို အထောက်အပံ့ဖြစ်စေနိုင်တယ်လို့ ခန့်မှန်းကြပါတယ်။ တစ်ပတ် အတွင်း ဖြစ်ပေါ်တဲ့ဈေးနှုန်းတွေကို ဖော်ပြလိုက်ပါတယ် ဒေါ်လာ/တန် ၂-၆-၁၁ ၁-၆-၁၁ ၃၁-၅-၁၁ ၃ဝ-၅-၁၁မွန်ဘိုင်း ၆၆၈-၆၉ဝ ၆၅၇-၆၇၉ ၆၅၅-၆၇၇ ၆၆၅-၆၉၃ဒေလီ ၇၂၃-၇၃၄ ၆၈၅ ၆၈၃ ၆၈၂ချန်နိုင်း ၆၆၈ ၆၅၇ ၆၅၅ ၆၆၅MIRT(MAPT
လင်းခေးပဲစင်းငုံ FOB အဝယ်ပိုများ ရန်ကုန်တိုင်းဒေသကြီး (ဘုရင့်နောင်) FOB ဈေးကွက်မှာ ပဲစင်းငုံက အဝယ် ပုံမှန် ခပ်အေးအေးဖြစ်နေပေမဲ့ ယခုတစ်ပတ်အတွင်း လင်းခေးပဲစင်းငုံကို ပြည်ပ အဝယ် ပိုဖြစ်တယ်လို့ ကုန်သည်တစ်ဦးက ဆိုပါတယ်။ မေလ ၂၈ ရက်မှ ဇွန်လ ၃ ရက်အထိ တစ်ပတ်အတွင်း ပဲစင်းငုံဖြူနီနဲ့ အနီ တန်ချိန် ၃၅ဝဝ ကျော်အရောင်း အဝယ်ဖြစ်ခဲ့ပြီး မေလ တစ်လလုံးမှာ စုစုပေါင်း တန်ချိန် ၂၅ဝဝဝ ကျော်ကို ပြည်ပ အဝယ်စာချုပ်ခဲ့တယ်လို့ သိရပါတယ်။ ပြည်ပအဝယ်ရှိနေပေမဲ့လည်း ပို့ကုန်ဝင်ငွေ တစ်ယူနစ်တန်ဘိုး လျော့ကျမှု ကြောင့် ပြည်တွင်းပဲဈေးရော FOB ပဲဈေးများလည်း ကျဆင်းခဲ့ပါတယ်။ ပြောင်းလဲ လာတဲ့ ၤဥြ ဈေးများ ဖော်ပြလိုက်ပါတယ် ဒေါ်လာ/တန် ပဲစင်းငုံနီ(FAQ) ပဲစင်းငုံဖြူနီ၊ အဖြူ(FAQ)၃-၆-၁၁ ၆၄၅-၆၆၅ ၅၄ဝ-၅၅ဝ၂၇-၅-၁၁ ၆၆ဝ-၆၈ဝ ၅၆ဝ-၅၈ဝMIRT(MAPT)
ပဲစင်းငုံ ပြည်ပသင်္ဘောတင် တန် ၅ဝဝဝ ရှိ ပင်လယ်ရေကြောင်းက ပဲစင်းငုံတင်ပို့မှုမှာ ယခင်သီတင်းပတ်က တန်ချိန် တစ်သောင်းနီးပါးအထိ တိုးတက်ခဲ့ပြီး ယခုသီတင်းပတ် (မေလ ၂၆ ရက်မှ ဇွန်လ ၁ ရက်) အတွင်းမှာတော့ တန် ၅ဝဝဝ တင်ပို့နိုင်တာ တွေ့ရပါတယ်။ တင်ပို့တဲ့ နိုင်ငံကတော့ အဓိကအိန္ဒိယဖြစ်ပြီး မလေးရှားနဲ့ စင်ကာပူကိုလည်း အနည်းငယ်စီ တင်ပို့တာ တွေ့ရပါတယ်။ ၂ဝ၁၁-၁၂ ဘဏ္ဍာနှစ် မေလ ၂၇ ရက်နေ့အထိ တင်ပို့ပြီးစီးမှုအနေနဲ့ ပဲစင်းငုံ တန်ချိန် ၂၅ဝဝဝ ခန့်ရှိပြီး ယခင်ဘဏ္ဍာနှစ် ကာလတူက တန်ချိန် ၈ဝဝဝ ခန့်သာ ရှိတာတွေ့ပါတယ်။ ယခုနှစ်မှာ တင်ပို့မှုပမာဏ တန်ချိန် တစ်သောင်းကျော် ပိုမို တင်ပို့နိုင်ခဲ့ပါတယ်။ အရောင်းအဝယ်ပုံမှန်လေးဖြစ်နေလို့ လာမယ့်သီတင်းပတ်မှ လည်း ပုံမှန်တင်ပို့နိုင်မယ်လို့ ခန့်မှန်းကြပါတယ်။ MIRT- MAPT
ယခုအပတ် မူဆယ်မှ အပို့ရှိတဲ့ မတ်ပဲ ကန်ဒေါ်လာ ၈၉ဝဝ တန်ဖိုးရှိ စစ်ကိုင်း၊ မန္တလေးနဲ့ ပဲခူးတိုင်းဒေသကြီးထွက် မတ်ပဲ ၁၁ တန်ကို မူဆယ် (၁ဝ၅) မိုင်ဇုန်မှ မေလ ၂၅ ရက်မှ ၃၁ ရက်ထိ ကာလ အတွင်း တင်ပို့နိုင်ခဲ့ပါတယ်။ ယခင်အပတ်ကထက် ၅ တန် လျော့နည်း တင်ပို့ခဲ့တာဖြစ်ပါတယ်။ မေလအတွင်းနယ်စပ်မှ မတ်ပဲ ၅၄ တန် တင်ပို့ခဲ့ပြီး ဧပြီလ တစ်လလုံး ၁၈ တန်သာ တင်ပို့မှုရှိခဲ့ပါတယ်။ မိမိဘက်နဲ့ တစ်ဘက်နိုင်ငံ မြေပြင်ပေါက်ဈေးများကို နှိုင်းယှဉ် ဖော်ပြပေးလိုက်ပါတယ် မိမိဘက်(ကျပ်/တန်) တစ်ဘက်နိုင်ငံ(ဒေါ်လာ/တန်) ယခု ယခင် ပြောင်းလဲမှု % ယခု ယခင် ပြောင်းလဲမှု %မတ်ပဲ ၅၂၇၃၅ဝ ၅၂၁၈၇၂ ၅၄၇၈ ၁ ၉၄၁ ၉၆၃ ၂၂ ၂MIRT (DOBT)
အိန္ဒိယမတ်ပဲဈေး ဆက်လက်လျော့ကျ အိန္ဒိယပြည်တွင်းလက်ငင်းဈေးကွက်တွေမှာ ယခုတစ်ပတ်လည်း မတ်ပဲဈေး ဆက်လက်လျော့ကျခဲ့ပါတယ်။ ဈေးကွက်တွေမှာ ပြုပြင်ပြီးမတ်ပဲကို ဝယ်လိုအား အကန့်အသတ်သာရှိတဲ့အပြင် နွေမတ်ပဲများဆက်လက် ဝင်ရောက်ခြင်းက ဈေးနှုန်း လျော့ကျဖို့ ဖိအားဖြစ်စေပါတယ်။ အိန္ဒိယနိုင်ငံ အချို့ဒေသတွေမှာ မိုးရွာသွန်း နေခြင်းက မိုးမတ်ပဲစိုက်ပျိုးဖို့ အကျိုးဖြစ်ထွန်းစေနိုင်တယ်လို့ ခန့်မှန်းကြပါတယ်။ ယခုလအတွင်း နွေပဲဝင်ရောက်မှု တိုးတက်ဖွယ်ရှိပြီး မြန်မာနိုင်ငံက ရောင်းအား ကောင်းနေခြင်းတို့က ဈေးနှုန်းထပ်မံကျဆင်းဖို့ ဖိအားဖြစ်စေနိုင်ပါတယ်။ ဒါပေမဲ့ ပြန်လည်ရောင်းချသူများမှ အဝယ်ပြန်တက်လာနိုင်ခြင်းက ဈေးနှုန်းကို အထောက် အပံ့ဖြစ်စေနိုင်တယ်လို့ ခန့်မှန်းကြပါတယ်။ တစ်ပတ်အတွင်းဖြစ်ပေါ်တဲ့ ဈေးနှုန်းများ ကို ဖော်ပြလိုက်ပါတယ် ဒေါ်လာ/တန် ၂-၆-၁၁ ၁-၆-၁၁ ၃၁-၅-၁၁ ၃ဝ-၅-၁၁မွန်ဘိုင်း ၈၅၇-၈၆၈ ၈၅၈-၈၆၉ ၈၅၅-၈၆၆ ၈၇၆ဒေလီ ၈၂၃-၈၉ဝ ၈၂၄-၈၉၁ ၈၂၂-၈၈၈ ၈၂ဝ-၈၈၇ချန်နိုင်း ၈၈၅-၁ဝ၁၂ ၈၈၅-၁ဝ၁၄ ၈၈၈-၁ဝ၁၆ ၈၉၈-၁ဝ၂ဝMIRT(MAPT)
ပြည်ပဝယ်လိုအားကောင်းနေပေမဲ့ အရည်အသွေးနိမ့် မတ်ပဲ FOB ဈေးအနည်းငယ်လျော့ ရန်ကုန်တိုင်းဒေသကြီး ကုန်စည်ဒိုင် (ဘုရင့်နောင်) FOB ဈေးကွက်မှာ ပြည်ပ ဝယ်လက်များ မတ်ပဲကို ဝယ်လိုအား ဆက်လက်ကောင်းနေတယ်လို့ သိရပါတယ်။ မိုးမိပဲရောနှောပါဝင်မှုကြောင့် အရည်အသွေးနိမ့်လို့ ဈေးကျမှုရှိတဲ့အပြင် ပို့ကုန် ဝင်ငွေ တစ်ဒေါ်လာတန်ဖိုး ကျဆင်းခြင်းတို့ကြောင့် ပြည်တွင်းအရောင်းအဝယ် ဈေးကျဆင်းခဲ့သလို FOB အရောင်းအဝယ်ဈေးကလည်း အနည်းငယ်အေးခဲ့ တယ် လို့ ဆိုပါတယ်။ မေလ ၂၈ ရက်မှ ဇွန်လ ၃ ရက်နေ့အထိ FOB အရောင်းအဝယ် စာချုပ်ချုပ် ဆိုမှုအနေနဲ့ မတ်ပဲ SQ ၊ FAQ တန်ချိန်၂၂၅ဝဝ ကျော်ရှိလို့ ယခင်သီတင်းပတ်ထက် အရောင်းအဝယ်ပိုမြင့်တာတွေ့ရပါတယ်။ မေလ တစ်လလုံး ပြည်ပအရောင်းအဝယ် ဖြစ်မှုအနေနဲ့ မတ်ပဲ SQ တန်ချိန် ၃၂ဝဝဝ ကျော်၊ FAQ တန်ချိန် ၆၂၃ဝဝ ခန့်နဲ့ မတ်ပဲအခွံချွတ်တန်ချိန် ၂၄ဝဝ ခန့် စုစုပေါင်း တန်ချိန် ၉၇ဝဝဝ ခန့်အထိ စာချုပ်ချုပ်နိုင်ခဲ့တယ်လို့ သိရပါတယ်။ ပြောင်းလဲဖြစ်ပေါ်တဲ့ ရန်ကုန် FOB ဈေးများ နှိုင်းယှဉ် ဖော်ပြလိုက်ပါတယ်။ ဒေါ်လာ/တန် မတ်ပဲ(FAQ) မတ်ပဲ(SQ) ၃-၆-၁၁ ၇၆ဝ-၇၈ဝ ၉၁ဝ-၉၃ဝ ၂၇-၅-၁၁ ၇၉ဝ-၈၁ဝ ၉၃ဝ-၉၅ဝ MIRT(MAPT)
မတ်ပဲသင်္ဘောတင်ပို့မှု ဆက်လက်အားကောင်းလျက်ရှိ ပင်လယ်ရေကြောင်းက ပဲမျိုးစုံတင်ပို့မှုအနက် မတ်ပဲတင်ပို့မှုကတော့ ဆက်လက် ကောင်းနေတာ တွေ့ရပါတယ်။ ယခင်သီတင်းပတ်က တန်ချိန် ၂၄ဝဝဝ ကျော်တင်ပို့မှုရှိခဲ့သလို ယခုသီတင်းပတ် (မေလ ၂၆ ရက်မှ ဇွန်လ ၁ ရက်)နေ့ အထိမှာလည်း တန်ချိန် ၂၁ဝဝဝ ခန့်အထိတင်ပို့နိုင်တာတွေ့ရပါတယ်။ တင်ပို့မှု အများ ဆုံး ကတော့ အိန္ဒိယနိုင်ငံကိုဖြစ်ပြီး ဂျပန်၊ မလေးရှား၊ ဆော်ဒီအာရေးဗီးယား၊ ထိုင်း၊ စင်ကာပူနဲ့ ဗီယက်နမ်တို့ကိုလည်း အနည်းငယ်စီ တင်ပို့မှုရှိတာ တွေ့ရပါတယ်။ ၂ဝ၁၁-၁၂ လက်ရှိဘဏ္ဍာနှစ်အတွင်း တင်ပို့ပြီးစီးမှုကို လေ့လာကြည့်မယ် ဆိုရင် မေလ ၂၇ ရက်နေ့အထိ မတ်ပဲတန်ချိန် တစ်သိန်းကျော်တင်ပို့မှုရှိတာ တွေ့ရပါတယ်။ ယခင်ဘဏ္ဍာနှစ် ကာလတူတင်ပို့မှုမှာ ၆၉ဝဝဝ ခန့်သာရှိလို့ ယခုနှစ် ကာလတူမှာ တန်ချိန် ၃ သောင်းကျော်ပိုမိုတင်ပို့နိုင်ခဲ့ပါတယ်။ လာမယ့်သီတင်းပတ် တွေမှာလည်း သင်္ဘောတင်ဆက်လက်များနေဦးမယ်လို့ ဝါရင့်ကုန်သည်တစ်ဦးက ဆိုပါတယ်။ MIRT- MAPT
ယခုနှစ်တွင် ကင်ညာနိုင်ငံ လက်ဖက်အထွက်ကျနိုင် အာဖရိကရဲ့ အကြီးဆုံးလက်ဖက်ထုတ်လုပ်သူဖြစ်တဲ့ ကင်ညာနိုင်ငံက ၂ဝ၁၁ မှာ ထုတ်လုပ်မှု ၁ဝ ရာခိုင်နှုန်း ကျဆင်းနိုင်ပြီး လွန်ခဲ့တဲ့လေးလလောက်ကတည်းက အထွက်နှုန်းကျဆင်းခဲ့တယ်လို့ သိရပါတယ်။ ပူပြင်းပြီး ခြောက်သွေ့တဲ့ ရာသီဥတုက ဇန်နဝါရီလကနေ မတ်လအထိတာရှည်ခဲ့ပြီး ဧပြီလမှာတော့ မိုးအနည်းငယ် ရွာခဲ့တာကြောင့် ၂ဝ၁၁ ပထမလေးလရဲ့ လက်ဖက်အထွက်နှုန်းက ကီလိုဂရမ် ၁၁၆ ဒသမ ၆ သန်း ထွက်ရှိပြီး ၂ဝ၁ဝ ပထမလေးလထက် ၂ဝ ဒသမ ၉ ရာခိုင်နှုန်း ကျဆင်းခဲ့ပါတယ်။ ပြီးခဲ့တဲ့နှစ်ကတော့ ကင်ညာနိုင်ငံရဲ့ လက်ဖက်အထွက်နှုန်းကောင်းပြီး ကီလိုဂရမ် (၃၉၉) သန်းရှိကြောင်း သိရပါတယ်။ ယခုနှစ်ဧပြီလမှာတော့ ယခင်နှစ်ထက် အထွက်နှုန်း ၁၂ ရာခိုင်နှုန်း ကျခဲ့ပြီး ကီလို ၃၁ ဒသမ ၄ သန်း ထွက်ရှိကာ ၂ဝ၁ဝ အလားတူ ကာလက ကီလို ၃၅ ဒသမ ၈သန်းထွက်ရှိခဲ့ကြောင်းသိရပါတယ်။ လက်ဖက်စိုက်ပျိုးတဲ့ ဧရိယာ ဖြစ်တဲ့ အနောက်ပိုင်း Rift တောင်ကြားဒေသရဲ့ အထွက်နှုန်းကို ယခင်နှစ်နဲ့ နှိုင်းယှဉ်ရင် ၁၃ ဒသမ ၉ ရာခိုင်နှုန်း ကျဆင်းခဲ့ပြီး ကီလို ၁၇ ဒသမ ၅ သန်းသာ ထွက်ရှိခဲ့ပါတယ်။ ဇန်နဝါရီကနေ ဧပြီလအထိ ပို့ကုန်တင်ပို့မှု ကီလို ၁၃၉ ဒသမ ၆ သန်းရှိပြီး ၂ဝ၁ဝ ပထမလေးလထက် လျော့နည်းခဲ့ကြောင်း သိရပါတယ်။ ကင်ညာလက်ဖက်ကို ပါကစ္စတန်သို့ အဓိကတင်ပို့ပြီး ကီလို ၆ ဒသမ ၄ သန်းလောက်တင်ပို့မှု ရှိကာ ကင်ညာရဲ့ လက်ဖက် တင်ပို့မှု စုစုပေါင်းရဲ့ ၂ဝ ရာခိုင်နှုန်းရှိကြောင်း သိရပါတယ်။ အခြားအဓိက တင်ပို့တဲ့ နိုင်ငံများကတော့ အာဖကန်နီစတန်ကို ကီလို ၅ ဒသမ ၈ သန်း၊ အီဂျစ်ကိုကီလို ၅ ဒသမ ၁ သန်း၊ ဥရောပကို ကီလို ၄ ဒသမ ၅ သန်းနဲ့ UAE ကို ကီလို ၁ ဒသမ ၈ သန်း အသီးသီးတင်ပို့တယ်လို့ သိရပါတယ်။ ဒီငါးနိုင်ငံကို တင်ပို့မှုက စုစုပေါင်း တင်ပို့မှုရဲ့ ၇၄ ရာခိုင်နှုန်း ရှိတယ်လို့ သိရပါတယ်။Source:Commodity online,KZW
