Background
ပြည်ပဲနီပြားဈေးငြိမ်ပြီး အရောင်းအဝယ်ဖြစ် ပြည်ဈေးကွက် ပဲနီပြားမှာ ဧပြီလအတွင်း၌ တစ်ရက်ကို အိတ် ၁၅ဝ-၂ဝဝ အထိအဝင်ရှိခဲ့ပြီး ယခုမေလမှစ၍ အဝင်ပါး လာခဲ့ပါတယ်။ တစ်ရက်ကိုအိတ် ၆ဝ အထိအဝင်ရှိခဲ့ပါတယ်။ ဈေးနှုန်းအနေနဲ့ တစ်တင်း ၁၆ဝဝဝ ကျပ်ဖြင့် မေလဆန်းမှစ၍ ဈေးငြိမ်နေတာကိုတွေ့ရပါတယ်။ ဒေသတွင်းလက်လီသမားများအပြင် နယ်မြို့နယ်များဖြစ်သည့် ကြို့ပင်ကောက်၊ ဇီးကုန်း၊ နတ်တလင်းမြို့နယ်များမှလည်း အဝယ်ရှိတဲ့အတွက် အဝင်ရှိသလောက် အရောင်းအဝယ်ဖြစ်နေတယ်လို့ သိရပါတယ်။ ခင်ဆွေဝင်း
ပြည် ပဲကြီးဈေးနှုန်းများ သိသိသာသာ ကျဆင်းနေ ပဲခူးတိုင်းဒေသကြီး ပြည်ဈေးကွက်မှာ ပဲကြီးဈေးနှုန်းများ သိသိသာသာ ကျဆင်းလာခဲ့ပါတယ်။ ဧပြီလအတွင်း ပဲကြီး (ရွှေကျွန်း) တစ်တင်း ၂ဝ၅ဝဝ ကျပ်၊ ပဲကြီးကမ်းနားတစ်တင်း ၁၈၅ဝဝ ကျပ်အထိ အရောင်းအဝယ်ဖြစ်ခဲ့ပြီး၊ မေလ ပထမ ပတ်တွင် ပဲကြီးရွှေကျွန်းတစ်တင်း ၁၈ဝဝဝ ကျပ်၊ ပဲကြီးကမ်းနားမှာ တစ်တင်း ၁၆၅ဝဝ ကျပ်၊ မေလဒုတိယပတ်တွင် ပဲကြီး ရွှေကျွန်းမှာ တစ်တင်း ၁၅၅ဝဝ ကျပ်နဲ့ ပဲကြီးကမ်းနားမှာ တစ်တင်း ၁၄၅ဝဝ ကျပ်ဖြင့် တစ်တင်း ၂ဝဝဝ ကျပ်ခန့် ဈေးနှုန်းများ သိသိသာသာ ကျဆင်းသွားခဲ့ပါတယ်။ ဝက်ထီးကန်၊ ပန်းတောင်းဖက်မှလည်း တစ်ရက်ကို အိတ် ၃ဝဝ ကျော် အထိ အဝင်ရှိခဲ့ပြီး ပဲကြော်ဖိုသမားများသာအဝယ်ရှိတဲ့ အတွက် အိတ် ၁၅ဝ ခန့် နေ့စဉ်အရောင်းအဝယ်ဖြစ်တယ်လို့ သိရပါတယ်။ ခင်ဆွေဝင်း
ဝယ်လက်များ အဝယ်ရှိလာတဲ့ ပြည်ပဲစင်းငုံ ယခုတစ်ပတ် ပြည်ဈေးကွက်တွင် ပဲစင်းငုံဈေးမှာ ပိဿာ ၂ဝ တစ်တင်းကို ၁၅၅ဝဝ ကျပ်ဖြင့် အရောင်းအဝယ်ဖြစ် ကြောင်း သိရပါတယ်။ ပြည်ဈေးကွက် ပဲစင်းငုံဈေးမှာ ဆက်တိုက်ကျဆင်းနေတဲ့အတွက် အရောင်းအဝယ် အေးနေတယ်လို့ သိရပါတယ်။ ယခုတစ်ပတ်မှာတော့ ရန်ကုန်ဝယ်လက်များ အဝယ်ရှိနေတာကြောင့် အိတ် ၁၆ဝဝ နီးပါး အရောင်းအဝယ် ဖြစ်ကြောင်းသိရပါတယ်။ တိုင်းအတွင်းတွင် ပဲလက်ကျန်နည်းနေတဲ့အပြင် အခြားတိုင်းမှလည်း အဝင်မရှိတာကြောင့် ဈေးကွက် တွင်း အရောင်းအဝယ်အေးပြီး လှောင်လက်များ တချို့ကလည်း ဈေးကောင်းမယ့် အချိန်ကို စောင့်နေတယ်လို့ သိရပါတယ်။ ဆုမွန်ဆွေ
ဒေသတွင်းအဝယ်အရောင်းနဲ့ ဈေးပြောင်းလဲနေတဲ့ မုံရွာငုံနီ မေလ ဒုတိယပတ်မုံရွာကုန်စည်ဒိုင် ပဲစင်းငုံနီဈေးကွက်ကတော့ ဧပြီလကုန်ပတ် အနိမ့်ဆုံးဈေး တစ်တင်း ၁၆၅ဝဝ ကျပ်နဲ့ မေလအနိမ့်ဆုံးတစ်တင်း ၁၄၈ဝဝ ကျပ်ကြားမှာ ဈေးပြောင်းလဲကာ ဒေသတွင်း ကုန်သည်တွေ အရောင်းအဝယ် ဖြစ်ခဲ့တယ်လို့ ပွဲရုံရပ်ကွက်က သိရပါတယ်။ ယနေ့ပဲစင်းငုံနီဈေးကွက်အနေနဲ့ တောင်သူ အရောင်း မရှိတော့ဘဲ ရန်ကုန်အိတ်စပို့ ဝယ်လက်ဈေးအတက်ကို မျှော်မှန်းပြီး ကုန်သည်အချို့ ပစ္စည်းဝယ်ယူထားရှိမှုသာရှိခဲ့လို့ မုံရွာကုန်စည်ဒိုင်မှာ တစ်ရက်အိတ် ၁ဝဝဝ ဝန်းကျင် ပုံမှန်အရောင်းအဝယ်ဖြစ်နေတယ်လို့ သိရပါတယ်။ ထွန်းလှိုင်
ပြည်ထောပတ်ပဲဈေးကျပြီး လက်လီသမားများဖြင့် အရောင်းအဝယ်ဖြစ် ယခုတစ်ပတ် ပြည်ဈေးကွက်မှာ ထောပတ်ပဲဈေးလည်း ကျဆင်းခဲ့ပါတယ်။ ထောပတ်ပဲဈေးမှာ ဧပြီလလယ်မှစ၍ တစ်တင်း ၁၅ဝဝဝ ကျပ်ဖြင့် ဈေးငြိမ်နေခဲ့ပြီး မေလပထမပတ်တွင် တစ်တင်း ၁၃၅ဝဝ ကျပ်၊ ယခုဒုတိယပတ်တွင် တစ်တင်း= ၁၃ဝဝဝ ကျပ်ဖြင့် တဖြည်းဖြည်း ဈေးကျလာခဲ့ပါတယ်။ ထောပတ်ပဲမှာ အဝင်ပါးလာခဲ့ပြီး လက်ကျန်ပဲများသာ အရောင်းအဝယ်ဖြစ်လျက်ရှိပါတယ်။ လိုင်းသမားများအဝယ်မရှိဘဲ ဒေသတွင်း လက်လီသမားများဖြင့် အရောင်းအဝယ်ဖြစ် တာကြောင့် တစ်ရက်ကို ၁ဝ အိတ်၊ ၁၅ အိတ်ခန့် ရောင်းဝယ်မှုရှိခဲ့ကြောင်း သိရပါတယ်။ ခင်ဆွေဝင်း
FOB အဝယ်တက်လို့ ထောပတ်ပဲနဲ့ မြေထောက်ပဲ ပင်လယ်ရေကြောင်းက ပိုမိုတိုးတင်လာ ယခင်သီတင်းပတ်များက တင်ပို့မှုအားကောင်းနေတဲ့ ထောပတ်ပဲနဲ့ မြေထောက်ပဲဟာ ယခုသီတင်းပတ် (မေလ ၅ ရက်မှ ၁၁ ရက်) အတွင်းမှာလည်း အရှိန်ရနေပါတယ်။ ယခုတစ်ပတ်မှာ ထောပတ်ပဲတန်ချိန် ၈ဝဝ ကျော်ပြီး မြေထောက်ပဲ တန် ၃ဝဝ ကျော် တင်ပို့ခဲ့ပါတယ်။ ၂ဝ၁ဝ-၁၁ ဘဏ္ဍာနှစ် မေလ ၆ ရက်နေ့အထိ တင်ပို့ပြီးစီးမှုအနေနဲ့ ထောပတ်ပဲတန်ချိန် ၃ဝဝဝ ကျော်နဲ့ မြေထောက်ပဲတန် ၁၅ဝဝ ကျော်ရှိပြီး ၂ဝ၁ဝ-၁၁ ဘဏ္ဍာနှစ်ကာလတူအတွင်း ထော ပတ်ပဲတန်ချိန် ၃၂ဝဝ နဲ့ မြေထောက်ပဲ တန်ချိန် ၁၄ဝဝ ကျော် တင်ပို့ခဲ့တာ တွေ့ရပါတယ်။ ရန်ကုန် FOB ဈေးကွက်မှာ အရောင်းအဝယ်ဖြစ်မှုအနေနဲ့ ပြည်ပအဝယ်တက် လာတယ်လို့ သိရပါတယ်။ဧပြီလ တစ်လလုံးအတွင်း ပြည်ပဝယ်လက်နဲ့ အရောင်း အဝယ် စာချုပ်ချုပ်ဆိုမှုဟာ ထောပတ်ပဲ တန် ၂၇ဝဝ နဲ့ မြေထောက်ပဲ တန် ၂၅ဝဝ အသီးသီးရှိတယ်လို့ သိရပါတယ်။ ယခုမေလ ၂ ရက်မှ ၁၁ ရက်အတွင်းမှာတော့ ထောပတ်ပဲ တန် ၁၈ဝဝ ကျော်နဲ့ မြေထောက်ပဲတန် ၈ဝဝ နီးပါးရှိတယ်လို့ သိရပါတယ်။ ပြည်ပအဝယ်ပုံမှန်ရှိတဲ့ ပဲဖြစ်လို့ လာမယ့်သီတင်းပတ်တွေမှာလည်း ပုံမှန်အရောင်းအဝယ်ဖြစ်မယ်လို့ ခန့်မှန်းကြပါတယ်။ FOB ဈေးအနေနဲ့ မြေထောက်ပဲ FAQ မှာ ယခင်သီတင်းပတ်အတိုင်း တစ် တန် ကန်ဒေါ်လာ ၆၂ဝ-၆၄ဝ နဲ့ ပြောင်းလဲမှုမရှိပေမဲ့ ထောပတ်ပဲကတော့ ယခင် သီတင်းပတ်က ကန်ဒေါ်လာ ၈ဝဝ-၈၃ဝ ရှိရာမှ မေလ ၁၃ ရက်မှာ ကန်ဒေါ်လာ ၇၇ဝ-၈ဝဝ ရှိကြောင်း သိရပါတယ်။MIRT - MAPT
ဈေးအနိမ့်မှာ အဝယ်တက်လို့ အိန္ဒိယကုလားပဲဈေး မြင့်လာ အိန္ဒိယဈေးကွက်များအတွင်း အနိမ့်ဈေးနဲ့ အဝယ်တက်လာလို့ ကုလားပဲ လက်ငင်းရော ကြိုပွိုင့်ပါ ဝ ဒသမ ၂၂ ရာခိုင်နှုန်းနဲ့ ဝ ဒသမ ၁၇ ရာခိုင်နှုန်းအသီးသီး ဈေးမြင့်လာတယ်လို့ သိရပါတယ်။ ရာဂျက်စသန်ရဲ့ အဓိက ဈေးကွက်တွေကို ပဲ ဝင်ရောက်မှု ကျဆင်းလာခြင်းက ဈေးသိသိသာသာ ကျမသွားအောင် ထိန်းခုျပ် ထားတယ်လို့ သိရပါတယ်။ အိန္ဒိယမှာ ကုလားပဲထုတ်လုပ်မှု ဒုတိယအများဆုံးဖြစ်တဲ့ ရာဂျက်စသန်မှာ ပဲရိတ်သိမ်းမှု အမြင့်ဆုံး ကာလကို ရောက်ရှိခဲ့ပြီး ဈေးကွက်အတွင်း ၆၅-၇ဝ ရာခိုင်နှုန်း နီးပါးဝင်ရောက်ခဲ့ပြီး ဖြစ်တယ်လို့ သိရပါတယ်။ လာမယ့်ရက်တွေမှာ ပဲဝင် ရောက်မှု တဖြည်းဖြည်း ကျဆင်းဖွယ်ရှိတယ်လို့ သိရပါတယ်။ အိန္ဒိယမိုးလေဝသဌာနက ၂ဝ၁၁ ခုနှစ် ဧပြီလ ၁၉ ရက်မှာ ထုတ်ပြန်ချက်အရ ယခုရာသီအတွင်း မိုးပုံမှန်ရွာသွန်းမယ့်အခြေအနေက မိုးပဲမျိုးစုံစိုက်ပျိုးဖို့ အခွင့် အလမ်းဖြစ်စေပါတယ်။ စီမံကိန်းကော်မရှင်က ၂ဝ၁၁-၁၂ အတွင်း နိုင်ငံရဲ့ ပဲမျိုးစုံ ဝယ်လိုအားက ၁၉ ဒသမ ၁၁ သန်းရှိမယ်လို့ ခန့်မှန်းထားပါတယ်။ ပြည်တွင်းဈေးကွက်အတွင်း အရောင်းအဝယ်အေးခြင်းကြောင့် ကုလားပဲ ဈေးလက်ရှိဈေးဝန်းကျင်နဲ့ အရောင်းအဝယ်ဖြစ်နိုင်ပေမဲ့ လာမယ့်သီတင်းပတ်များမှာ ရာဂျက်စသန်က ပဲရောင်းချမှု ကျဆင်းနိုင်ခြင်းကတော့ ကုလားပဲဈေးမကျအောင် ထိန်းထားနိုင်မယ်လို့ ခန့်မှန်းကြပါတယ်။ ယမင်းးခင်၊Source: commodityonline
အိန္ဒိယဈေးကွက်အချို့ ကုလားပဲဈေး အနည်းငယ်တက် အိန္ဒိယလက်ငင်းဈေးကွက်များမှာ ယခုတစ်ပတ် ကုလားပဲဈေး အနည်း ငယ်တက်လာပါတယ်။ ဈေးကွက် အချို့ကို ကုလားပဲဝင်ရောက်မှု လျော့ကျလာပြီး ဝယ်လိုအားတက်လာတာကြောင့် ဈေးအနည်းငယ် တက်လာတာ ဖြစ်ပါတယ်။ ယခင်လက်ကျန်များအပြင် ယခုနှစ် အိန္ဒိယက ကုလားပဲတန်ချိန် ၇ သန်းအထက် ထွက်ရှိပြီးတာကြောင့် လက်ကျန်ပမာဏ ဆက်လက်မြင့်တက်နေတယ်လို့ သိရပါတယ်။ ဒါပေမဲ့လည်း ဈေးအနိမ့်မှာ လှောင်လက်များ ဝယ်ယူခြင်းက ဈေးနှုန်းကို အထောက်အပံ့ဖြစ်စေနိုင်ပါတယ်။ နိုင်ငံတကာ အခြေအနေ ကတော့ ကနေဒါမှာ ရေလွှမ်းမိုးပြီး သြစတြေးလျမှာ အစိုဓာတ်မြင့်တက်နေခြင်းတို့ကြောင့် ပဲစိုက်နောက်ကျ နိုင်တယ်လို့ ခန့်မှန်းကြပါတယ်။ ကာလတိုအတွင်း လက်ရှိဈေးဝန်း ကျင်မှာ အရောင်းအဝယ်ဖြစ်နိုင်တယ်လို့ ခန့်မှန်းကြပါတယ်။ ဈေးကွက်တွေမှာ တစ်ပတ်အတွင်း ဖြစ်ပေါ်ခဲ့တဲ့ ကုလားပဲဖြူလုံးဈေးတွေကို ဖော်ပြလိုက်ပါတယ် တန်/ဒေါ်လာ ၁၂-၅-၁၁ ၁၁-၅-၁၁ ၁ဝ-၅-၁၁ ၉-၅-၁၁မွန်ဘိုင်း ၅ဝ၂ ၅ဝ၃ ၅ဝ၃ ၅ဝ၃ဒေလီ ၅ဝ၂-၅ဝ၈ ၄၉၈-၅ဝ၃ ၄၉၇-၅ဝ၃ ၄၉၈-၅ဝ၃ချန်နိုင်း ၅၆၃ ၅၅၃ ၅၄၈ ၅၄၈ MIRT(MAPT)
ကုလားပဲဖြူလုံးကြီး FOB နေ့စဉ်အရောင်းအဝယ်ရှိ ရန်ကုန်ဘုရင့်နောင်ကုန်စည်ဒိုင်မှာ ကုလားပဲဖြူလုံးကြီးကို ပမာဏနည်းပေမဲ့ FOB အရောင်းအဝယ် နေ့စဉ်ဖြစ်တာ တွေ့ရပါတယ်။ ယခုတစ်ပတ်အတွင်း ပါကစ္စတန်ဘက်က အဝယ်လိုက်လာတယ်လို့ ကုန်သည်ကြီး တစ်ဦးက ဆိုပါတယ်။ FOB အရောင်းအဝယ်ဖြစ်မှုအနေနဲ့ မေလ ၂ ရက်မှ ၁၁ ရက်အတွင်း တန်ချိန် ၄၃ဝဝ ခန့်ရှိပြီး ဧပြီလ တစ်လလုံးမှာ တန်ချိန် ၁၅ဝဝဝ ကျော်ဖြစ်တာ တွေ့ရပါတယ်။ ဒီနှစ်အတွက် ကုလားပဲဖြူလုံးကြီးက အရောင်းအဝယ်အခြေအနေကောင်း မွန်ဦးမယ်လို့ ခန့်မှန်းထားကြောင်း သိရပါတယ်။ MIRT - MAPT
ကုလားပဲဖြူလုံးကြီး တကျော့ပြန် ပြည်ပတင်ပို့မှုတက် ယခင်တစ်နှစ်၊ နှစ်နှစ်က ပြည်ပကို တင်ပို့မှု ကျဆင်းလာခဲ့တဲ့ ကုလားပဲဖြူလုံးကြီးဟာ ယခုနှစ်အတွင်းမှာတော့ တကျော့ပြန် တိုးတက်တင်ပို့လာနိုင်ခဲ့ပါပြီ။ ယခင်သီတင်းပတ်က တန်ချိန် ၄ဝဝဝ ကျော်တင်ပို့နိုင်ခဲ့သလို ယခု တစ်ပတ် (မေလ ၅ ရက်မှ ၁၁ ရက်) အတွင်းမှာလည်း တန်ချိန် ၄၅ဝဝ ခန့် အထိ တင်ပို့နိုင်ခဲ့ပါတယ်။ တင်ပို့တဲ့ နိုင်ငံတွေကတော့ အိန္ဒိယ၊ ပါကစ္စတန်နဲ့ ယူအေအီးတို့ဖြစ်ပါတယ်။ ယခု ၂ဝ၁၁-၁၂ ဘဏ္ဍာနှစ် အတွင်း ကုလားပဲဖြူလုံးကြီး ပြည်ပ တင်ပို့မှုကို လေ့လာကြည့်ရာမှာ မေလ ၆ ရက်နေ့အထိ တန်ချိန် ၁ဝဝဝဝ နီးပါး တင်ပို့နိုင်ခဲ့ပြီး ယခင်ဘဏ္ဍာနှစ် ကာလ တူအတွင်းမှာ တန် ၄ဝဝ ခန့်သာ တင်ပို့မှုရှိခဲ့ပါတယ်။ လက်ရှိဘဏ္ဍာနှစ် ယခု အချိန်ထိ တင်ပို့မှုဟာ ၂ဝ၁ဝ-၁၁ ဘဏ္ဍာနှစ် တစ်နှစ်လုံး တင်ပို့ခဲ့တဲ့ တန်ချိန် ၈၅ဝဝ ထက်ပိုမိုပြီး တင်ပို့မှုရှိလာခဲ့ပါတယ်။MIRT - MAPT
