Background
အိန္ဒိယရော်ဘာအထွက် ၃ ဒသမ ၇ ရာခိုင်နှုန်းတိုးတက် အိန္ဒိယနိုင်ငံရဲ့ ရော်ဘာထုတ်လုပ်မှုဟာ ၂ဝ၁ဝ-၂ဝ၁၁ ဘဏ္ဍာနှစ်မှာ ၃ ဒဿမ ၇ ရာခိုင်နှုန်း တိုးတက်ပြီး တန်ချိန် ၈၆၁၉၅ဝ ကို ရောက်ရှိခဲ့တယ်လို့ ရော်ဘာအသင်းကပြောကြားခဲ့ပါတယ်။ (၁၆၅) ကြိမ်မြောက်နှစ်ပတ်လည်အစည်းအဝေးမှာ ရော်ဘာအသင်းဥက္ကဌက ယခုလက်ရှိပြည်တွင်းထုတ်လုပ်မှုက ၈၃၁၄ဝဝ တန်ရှိနေပြီး လျာထားချက်က ၉ဝ၂ဝဝဝ တန်ရှိကာ သုံးစွဲမှုလျာထားချက် ၉၇၇ဝဝဝ တန်ရှိကြောင်း ပြောကြားခဲ့ပါတယ်။ ပြည်တွင်းသုံးစွဲမှုက ၂ဝ၁ဝ-၂ဝ၁၁ မှာ ၂ ရာခိုင်နှုန်းတိုးပြီး မော်တော်ယာဉ်ကဏ္ဍမှာ တာယာထုတ်လုပ်ရေးတွေရဲ့တိုးတက်မှုက ၂၃ ရာခိုင်နှုန်းရှိကြောင်း သိရပါတယ်။ တာယာတင်ပို့မှုက ၂ဝ ရာခိုင်နှုန်းတိုးခဲ့ပေမယ့် ထရပ်ကားနဲ့ဘက်စ်ကားတာယာတင်ပို့မှုက ၅ ရာခိုင်နှုန်းကျဆင်းခဲ့ကြောင်း သိရပါတယ်။ ၂ဝ၁ဝ-` ၂ဝ၁၁ ဘဏ္ဍာနှစ်မှာ ရော်ဘာတင်ပို့မှုတန်ချိန် ၂၈၄၂၄ ရှိပြီး ယခင်နှစ်ကတန်ချိန် ၂၅ဝ၉ဝ တန်ရှိခဲ့တယ်လို့ သိရပါတယ်။ သွင်းကုန်တင်သွင်းမှုက ၁၇၇၄၈၂ တန်ရှိပြီး ၇၃ ရာခိုင်နှုန်းက အခွန်လွတ်စနစ်နဲ့ တင်သွင်းခဲ့တာဖြစ်ပါတယ်။ ၂ဝ၁၁- ၂ဝ၁၂ မှာ သိုလှောင်မှု ၂၇၇ဝ၉၅ တန်နဲ့ စာရင်းဖွင့်ခဲ့တာကြောင့် ရော်ဘာအသင်းအနေနဲ့ ကုန်ပစ္စည်းပြတ်လပ်မှာကို စိုးရိမ်စရာမလိုကြောင်း သိရပါတယ်။ တာယာထုတ်လုပ်သူတွေ့ရဲ ကုန်ကြမ်းလိုအပ်ချက်အတွက် ရော်ဘာတွေတင်သွင်းမှုကို နှောင့်နှေး စေတဲ့စစ်ဆေးရေးအဆင့်တွေကို လျှော့ချပေးဖို့ ရော်ဘာအသင်းကိုမော်တော်ကားတာယာ ထုတ်လုပ် သူများအသင်း ATMA က တိုက်တွန်းခဲ့ပါတယ်။ တင်သွင်းလာတဲ့ရော်ဘာရဲ့ အရည်အသွေးကတာယာ ထုတ်လုပ်သူများနဲ့သာသက်ဆိုင်ပြီး အစိုးရနဲ့သက်ဆိုင်မှုမရှိကြောင်း ATMA က ပြောကြားခဲ့ပါတယ်။ တိုကိုျကုန်စည်ဒိုင်ရဲ့ စက်တင်ဘာလအတွက် စာခုျပ်ဈေးနှုန်းက တစ်ကီလိုဂရမ်ကို (၄၁၅ ယန်း) (၅ ဒေါ်လာ) ရှိပြီး ရှန်ဟိုင်းကုန်စည်ဒိုင်မှာတော့ တစ်တန်ကို ၃၄၉၆ဝ ယွမ် (၅၃၅၁ ဒေါ်လာ) ရှိကာ အိန္ဒိယကုန်စည်ဒိုင်ရဲ့ မေလအတွက် ရော်ဘာအလားအလာက တစ်တန်ကို ၂၃၈ဝဝဝ ရူပီး (၅၃၃၇ ဒေါ်လာ) ရှိကြောင်း သတင်းရရှိပါတယ်။ ှSource: commodity online ,KZW
မူဆယ်နဲ့ ချင်းရွှေဟော်က ပုံမှန်ပို့ မတ်လ ၃ဝ ရက်မှ ဧပြီလ ၅ ရက်ထိကာလအတွင်း မူဆယ်နဲ့ချင်းရွှေဟော်နယ်စပ်တို့မှ ရော်ဘာ အဆင့်စုံ ၈၄၁ ဒဿမ ၂၇၂ တန်၊ တန်ဖိုးအားဖြင့် ကန်ဒေါ်လာ ၃ ဒဿမ ၉၆၆ သန်းဖိုး တင်ပို့နိုင်ခဲ့ပါတယ်။ မြန်မာနှစ်သစ်ကူးကာလ ဧပြီလ ၆ ရက်မှ ၁၉ ရက်နေ့အထိမှာတော့ မူဆယ်နဲ့ ချင်းရွှေဟော်မှ ကန်ဒေါ်လာ ၇ ဒဿမ ၂၃၂ သန်းတန်ဖိုးရှိ ရော်ဘာအဆင့်စုံ ၁၂၇၇ တန် တင်ပို့ခဲ့တာတွေ့ရပါတယ်။ တင်ပို့ခဲ့တဲ့ အမိုျးအစားတွေကတော့ မူဆယ်မှ RSS-1 ၂၅ တန်၊ RSS-3 ၅၂၅ တန်၊ RSS-5 တန် ၆ဝ၊ MSR (20) ၁၅၉ တန်နဲ့ MSR (50) ၁၆၈ တန် အသီးသီးဖြစ်ပြီး ချင်းရွှေဟော်နယ်စပ်မှ RSS-3 တန် ၂၉ဝ နဲ့RSS-5 တန် ၅ဝ တင်ပို့ခဲ့တယ်လို့သိရပါတယ်။ မိမိဘက်နဲ့ တစ်ဘက်နိုင်ငံရော်ဘာဈေးများကို နှိုင်းယှဉ်ဖော်ပြပေးလိုက်ရပါတယ် - မိမိဘက်(ကျပ်/တန်) တစ်ဘက်နိုင်ငံ(ဒေါ်လာ/တန်) ယခု ယခင် ပြောင်းလဲမှု % ယခု ယခင် ပြောင်းလဲမှု %RSS - 3 ၄၁ဝ၂၆၈ဝ ၄ဝ၉၄၆၂၅ ၈ဝ၅၅ ဝ .၁ ၄၅၉၃ ၄၅၇၅ ၁၉ ဝ .၄RSS - 5 ၃၉၆၄၈၅ဝ ၃၉၅၈၅၈၅ ၆၂၆၅ ဝ .၁ ၄၄၄ဝ ၄၄၂၃ ၁၇ ဝ .၃MIRT (DOBT)
ပင်လယ်ရေကြောင်း မှန်မှန်တင်ပို့နေ ဧပြီလ ၁ ရက်မှ ၂ဝ ရက်ထိကာလအတွင်း ပင်လယ်ရေကြောင်းမှ ရော်ဘာတန်ချိန် ၄၁၆ တန်၊ တန်ဖိုးကန်ဒေါ်လာ ၁ ဒသမ ၉၉၁ သန်းဖိုး တင်ပို့ခဲ့ပါတယ်။ မတ်လကုန်ရက်သတ္တပတ်မှာလည်း တန်ချိန် ၄၂ဝ တင်ပို့ခဲ့တာကြောင့် တင်ပို့မှုပုံမှန်လို့ဆိုရပါမယ်။ တင်ပို့တဲ့နိုင်ငံများကတော့ မလေးရှားကိုRSS -3 ၇၅ တန်၊RSS -5 တန် ၁၄ဝ နဲ့ စင်္ကာပူကို MSR -20 ၂ဝ၁ တန် အသီးသီးတင်ပို့ခဲ့တာဖြစ်ပါတယ်။ FOB ဈေးနှုန်းတွေကတော့ RSS -3 တစ်တန်ကို ၅၁ဝဝ ဒေါ်လာ၊ RSS -5 တစ်တန်ကို ၅ဝဝဝ ဒေါ်လာနဲ့MSR -20 တစ်တန်ကို ၅၁ဝဝ ဒေါ်လာအသီးသီးတင်ပို့ခဲ့ကြောင်း သတင်းရရှိပါတယ်။ KZW
လာမယ့်ရာသီမှာ အိန္ဒိယပဲမျိုးးစုံစိုက်ဧက ဒီနှစ်အတိုင်းရှိနိုင် လာမယ့်မိုးရာသီအတွင်း အိန္ဒိယနိုင်ငံရဲ့ ဝါဂွမ်းနဲ့ ဟင်းသီးဟင်းရွက်သီးနံှ စိုက်ဧရိယာပိုမိုလာနိုင်ပြီး ပဲမျိုးစုံစိုက်ဧရိယာ ကတော့ ဒီနှစ်လိုဘဲ ပြောင်းလဲမှုမရှိနိုင်ဘူးလို့ သိရပါတယ်။ အိန္ဒိယပဲအများဆုံးထုတ်လုပ်တဲ့ မဟာရပ်ရှတရာ ပြည်နယ်မှာ ပဲမျိုးစုံအထွက်ရည်မှန်းချက်က ယခုနှစ်လိုဘဲ ရည်မှန်းထားကြောင်းလည်း သိရပါတယ်။ ဒါပေမဲ့ ပဲပုပ်စိုက်ပျိုးသူတွေက ဝါဂွမ်းကို ပြောင်းလဲစိုက်ပျိုးလာတဲ့အတွက် ပဲပုပ်စိုက်ဧက ကျဆင်းနိုင်တယ်လို့ သိရပါတယ်။ ၂ဝ၁ဝ-၁၁ အတွင်း မဟာရပ်ရှတရာ ပြည်နယ်ရဲ့မိုးပဲမျိုးစုံစိုက်ဧရိယာဟာ ဟက်တာ ၂၅ ဒသမ ၄၈ သိန်းရှိပြီး ဆောင်း ပဲမျိုးစုံစိုက်ဧရိယာကတော့ ဟက်တာ ၁၅ ဒသမ ၅၆ သိန်းရှိခဲ့တာကြောင့် ရည်မှန်းချက်ထက် ဟက်တာ ၁၃ ဒသမ ၇၉ သိန်းပိုမိုတယ်လို့ သိရပါတယ်။ ပုံမှန်မဟုတ်တဲ့ ဆောင်းရာသီမိုးရွာသွန်းမှုက မြေဆီလွှာအစိုဓါတ်ကို ကောင်းမွန်စေခဲ့ပြီး သီးနံှအထွက်ကို မြင့်တက်စေခဲ့ပါတယ်။ မဟာရပ်ရှတရာမှာ ကုလားပဲက အဓိကဆောင်းသီးနံှဖြစ်ပါတယ်။ မဒ္ဒရာပရာဒေ့ရှ်၊ ချတီဂရပ်၊ ရာဂျက်စသန်နဲ့ အင်ဒရာ ပရာဒေ့ရှ်တို့မှာ ပဲထုတ်လုပ်မှုက ယခုနှစ်လိုဘဲ ရှိနိုင်တယ်လို့ ဆိုပါတယ်။ ၂ဝ၁ဝ-၂ဝ၁၁ မိုးရာသီပဲမျိုးစုံ အထွက်ကတော့ အလွန် ကောင်းမွန်လျက်ရှိပြီး စုစုပေါင်း တန်ချိန် ၁၆ ဒသမ ၅ သန်းရှိမယ်လို့ ခန့်မှန်းထားကြောင်း သိရပါတယ်။ ယမင်းးခင်၊Source: commodityonline
ပဲမျိုးစုံနှင့် စားသုံးဆီအပေါ် အထောက်အပံ့ပေးမှု အစီအစဉ်ကို တစ်နှစ်ထပ်မံ၍ တိုးမြှင့် အိန္ဒိယနိုင်ငံ စားနပ်ရိက္ခာနဲ့ စားသုံးသူရေးရာ ဝန်ကြီးဌာနက ပဲမျိုးစုံနဲ့ စားသုံးဆီအပေါ် အထောက်အပံ့ ပေးမှု အစီအစဉ်ကို ၂ဝ၁၂ ခုနှစ် မတ်လ ၃၁ ရက်နေ့အထိ တစ်နှစ် ထပ်မံပြီး တိုးမြှင့်လိုက်ကြောင်း သိရပါတယ်။ လက်ရှိမှာ ပဲမျိုးစုံနဲ့ စားသုံးဆီအပေါ် အထောက်အပံ့ပေးမှုက ဧပြီလ ၁ ရက်နေ့မှာ သက်တမ်းကုန်ဆုံး မှာဖြစ်ကြောင်း၊ အစီအစဉ်အရ ပဲမျိုးစုံနဲ့ ဆီအား ဘယ်လောက်သိုလှောင်ထားရမှာကိုလည်း သတ်မှတ်ထားကြောင်း သိရပါတယ်။ အိန္ဒိယနိုင်ငံ စားနပ်ရိက္ခာနဲ့ စားသုံးသူရေးရာဝန်ကြီး ဌာနက ပြည်သူတွေကို စားနပ်ရိက္ခာဖြန့်ဝေမှု အစီအစဉ် (PDS) အရ ပဲမျိုးစုံနဲ့ စားသုံးဆီဖြန့်ဝေမှုအတွက် ပဲတစ်ကီလိုဂရမ်ကို ရူပီး ၁ဝ ကိုလည်းကောင်း၊ ဆီတစ်လီတာ အတွက် ၁၅ ရူပီးကိုလည်းကောင်း အသီးသီးအထောက်အပံ့ ပေးထားပါတယ်။ ဈေးကွက်ပေါက်ဈေး နှုန်းနဲ့ အစားအစာ ဖြန့်ဝေမှုအစီအစဉ် (PDS) ရဲ့ ဈေးနှုန်းအကြား ခြားနားမှုကို ဗဟိုအစိုးရက ပြည်နယ်တွေကို ပြန်လည်ပေးမယ်လို့ သိရပါတယ်။ ပဲမျိုးစုံနဲ့ စားသုံးဆီမှာ အိန္ဒိယနိုင်ငံရဲ့ အဓိကစားသောက် ကုန်ပစ္စည်းတွေဖြစ်ပြီး ၎င်းကုန်ပစ္စည်းတွေကို ပြည်ပမှလည်း အများအပြားတင်သွင်းနေရကြောင်း၊ မရှိမဖြစ်လိုအပ်တဲ့ စားသောက်ကုန်အက်ဥပဒေအရ ဗဟို အစိုးရက ပြည်နယ် တွေမှာ ၎င်းပစ္စည်းတွေကို သိုလှောင်ထားမှု ပမာဏကို သတ်မှတ်ဖို့ ဆုံးဖြတ်ခဲ့ကြောင်း သိရပါ တယ်။ ပဲမျိုးစုံထုတ်လုပ်မှုကောင်းမွန်မယ်လို့ ခန့်မှန်းထားသော်လည်း မလိုလားအပ်တဲ့ ဈေးနှုန်းမြင့်မားမှုကို ကာကွယ် ဖို့ PDS အစီအစဉ်ကို ဆက်လက်ဆောင်ရွက်မှာဖြစ်ကြောင်း သိရပါတယ်။ အိန္ဒိယက PDS စနစ်ကို ၂ဝဝ၈-၂ဝဝ၉ ခုနှစ် မှာ စတင်ခဲ့ပြီး ပဲမျိုးစုံနဲ့ စားသုံးဆီအတွက် အထောက်အပံ့ ပေးခဲ့ပါတယ်။ ပြည်တွင်းပဲမျိုးစုံလုံလောက် မှုရှိစေဖို့နဲ့ ဈေးနှုန်း မြင့်မားမှုဒဏ်မှ ကာကွယ်ဖို့ နိုင်ငံခြား ကုန်သွယ်ရေးဌာနက ပဲမျိုးစုံတင်ပို့ မှုကို ၂ဝ၁၂ ခုနှစ် မတ်လ ၃၁ ရက်နေ့အထိ တစ်နှစ်ထပ်မံပြီး တားမြစ်ထားပါ တယ်။ စန္ဒာထွန်း Source:business-standard.com
အိန္ဒိယနိုင်ငံ STC အေဂျင်စီက ပဲမျိုးစုံတန်ချိန် ၃၁ဝဝဝ တင်သွင်းဖို့ တင်ဒါခေါ် အိန္ဒိယနိုင်ငံ STC ကော်ပိုရေးရှင်းက ပြည်တွင်းဈေးကွက်အတွင်း ရောင်းချဖို့ ပြည်ပက ပဲမျိုးစုံတန်ချိန် ၃၁ဝဝဝ တင်သွင်းဖို့ တင်ဒါခေါ်ယူခဲ့တယ်လို့ သိရပါတယ်။ တင်သွင်းမယ့် ပဲများက ပဲဝါလေး တန်ချိန် ၂၅ဝဝဝ၊ ဒေစီကုလားပဲ မတ်ပဲနဲ့ ပဲစင်းငုံတွေကိုတန်ချိန် ၂ဝဝဝစီ တင်သွင်းသွားမှာဖြစ်ပြီး ကနေဒါ၊ သြစတြေးလျနဲ့ မြန်မာနိုင်ငံက ပဲများ တင်သွင်း သွားမယ်လို့ သိရပါတယ်။ မတ်ပဲနဲ့ ပဲစင်းငုံများကတော့ ယခုနှစ်ထွက်ပဲများဖြစ်ရမှာဖြစ်ပြီး မေနဲ့ ဇွန်လအတွင်း မွန်ဘိုင်းနဲ့ ချန်နိုင်းဆိပ်ကမ်းများကို တင်ပို့ရမယ်လို့ သိရပါတယ်။ ယမင်းခင် Source: commodityonline
မာလာဝီတောင်သူများ အိန္ဒိယအတွက် ပဲမျိုးစုံထုတ်လုပ်ဖို့ ကြိုးစားနေ အရှေ့တောင်အာဖရိကနိုင်ငံထဲက မာလာဝီတောင်သူများဟာ နိုင်ငံတကာဈေးကွက်အတွင်း တိုးတက်နေတဲ့ ဝယ်လိုအား၊ အထူးသဖြင့် အိန္ဒိယရဲ့ဝယ်လိုအားပြည့်မီဖို့ ၎င်းတို့ပုံမှန်စိုက်ပျိုးတဲ့ သီးနံှတွေကနေ ပဲမျိုးစုံပြောင်းလဲ စိုက်ပျိုး နေတယ်လို့သိရပါတယ်။ မာလာဝီအစိုးရက အိန္ဒိယလိုအပ်ချက်ဖြည့်ဆည်းရေး ပဲပိုမိုစိုက်ပျိုးဖို့ တောင်သူ တွေကို တွန်းအား ပေးနေတယ်လို့ မာလာဝီစီးပွားရေးလုပ်ငန်းရှင် Jimu Banda ကပြောကြားပါတယ်။ Banda ဟာ မတ်လ ၂၇-၂၉ ရက် အတွင်း အိန္ဒိယအာဖရိက စီးပွားရေးဆွေးနွေးပွဲတက်ရောက်ခဲ့အပြီးမှာ ပြောကြားခြင်းဖြစ်ပါ တယ်။ Banda ဟာ ဆွေးနွေးပွဲတက်ရောက်ခြင်းအပြင် အချို့ပစ္စည်းဝယ်ယူဖို့ သွားရောက်ခဲ့တာဖြစ်ပေမယ့် ပဲစင်းငုံနဲ့ ပဲစင်းငုံခွဲခြမ်းရောင်းချဖို့ အမှာစာများရရှိခဲ့တယ်လို့သိရပါတယ်။ အိန္ဒိယနိုင်ငံဟာ ပဲစင်းငုံဝယ်လိုအား ကြီးကြီးမားမား ရှိနေပြီး၊ ယခုကုမ္ပဏီ ၂ ခုက ပဲစင်းငုံတန် ၁ဝဝဝ ရောင်းချဖို့အော်ဒါရရှိတယ်လို့ ၎င်းကဆိုပါတယ်။ မာလာဝီမှ အိန္ဒိယကို ပဲမျိုးစုံတန်ချိန် ၅ဝဝဝဝ ခန့်တင်ပို့ပြီးဖြစ်ပေမယ့် ပမာဏများများတင်ပို့ဖို့အလားအလာ ရှိနေတယ်လို့ Banda ကဆိုပါတယ်။ အစိုးရအနေနဲ့ အိန္ဒိယဈေးကွက်အတွက် ပဲမျိုးစုံတိုးတက်စိုက်ပျိုးဖို့ အလေးထားဆောင်ရွက်လျက်ရှိပြီး၊ အိန္ဒိယနိုင်ငံအတွက်လည်း ပဲမျိုးစေ့အသစ်များ ထုတ်လုပ်ခြင်း၊ စောစီးစွာရင့်မှည့်ပြီး၊ အထွက်နှုန်းကောင်းတဲ့မျိုးစေ့များ စိုက်ပျိုးဖို့ သုတေသနနဲ့ လေ့ကျင့်သင်ကြားပေးခြင်းများ ကူညီလျက်ရှိပါတယ်။ အစောပိုင်းက မာလာဝီမှာ အဓိက အားဖြင့် ပြောင်း၊ လက်ဖက်နဲ့ ဆေးရွက်ကြီးစိုက်ပျိုးကြပေမယ့် ယခုအခါပဲမျိုးစုံကိုလည်း စိုက်ပျိုးလာကြပြီလို့ဆိုပါတယ်။ မာလာဝီရှိ တောင်သူများဟာ ပဲပုပ်၊ ပဲစင်းငုံ၊ ပဲတီစိမ်း၊ ဘိုကိတ်ပဲ၊ မြေထောက်ပဲတို့ကိုလည်း စိုက်ပျိုးလာကြပြီ ဖြစ်ပါတယ်။ မာလာဝီလုပ်ငန်းရှင်များဟာ ပဲပုပ်စေ့မှ ပဲပုပ်နို့ရေပြုလုပ်ဖို့ စက်ပစ္စည်းများကိုလည်း ဝယ်ယူဖို့ ကြိုးစားနေပြီလို့ ဆိုပါတယ်။ ယခင်းရွှေစင်၊Source:nyasatimes.com
ပြည်တွင်းကြာဆံလုပ်ငန်းကပဲ အဝယ်ရှိတဲ့ မြစ်ခြေ ပဲယင်း ယောနယ်ဘက်က ပဲယင်းတွေ အရောင်းအဝယ်ကုန်လုနီးပါးဖြစ်ချိန်မှာ ပခုက္ကူနယ်၊ မြစ်ခြေဘက်က ပဲယင်းတွေ ဈေးကွက်မှာ ပေါ်ထွက်နေပါတယ်။ ဈေးကတော့ တစ်တင်းကို ၁၃၆ဝဝ ကျပ်၊ ၁၃၇ဝဝ ကျပ်ဆိုတော့ တောင်သူတွေ အနေနဲ့ ဈေးကွက်ကိုတင်ပို့ရောင်းချဘို့ စိတ်ဝင်စားမှုနည်းနေပါတယ်။ ပြည်တွင်း ကြာဆံစက်လုပ်ငန်းရှင်တွေကပဲ ကုန်ကြမ်းအဖြစ် အရောင်းအဝယ် ရှိတယ်လို့ သိရပါတယ်။ မောင်မောင်အေး
ပဲယင်း ဆက်လက် တင်ပို့နေဆဲ မတ်လ ၃ဝ ရက်မှ ဧပြီလ ၅ ရက်ထိကာလအတွင်း စစ်ကိုင်းနဲ့ မကွေးတိုင်းဒေသကြီးထွက် ပဲယင်း ၄ဝ၃ တန်၊ တန်ဖိုးကန်ဒေါ်လာ ဝ ဒဿမ ၂၉ သန်းဖိုးကို မူဆယ် (၁ဝ၅) မိုင်မှ တင်ပို့ခဲ့ပါတယ်။ နှစ်သစ် ကူးကာလ ဧပြီလ ၆ ရက်မှ ၁၉ ရက်ထိကာလအတွင်းမှာလည်း ၅၂၇ တန်၊ တန်ဖိုးကန်ဒေါ်လာ ဝ ဒဿမ ၃၈ သန်းဖိုး မူဆယ်စခန်းမှ ပဲမပြတ် တင်ပို့နေခဲ့ပါတယ်။ မိမိဘက် မြေပြင်ပေါက်ဈေး ၅၁၇၈၂၁ ကျပ်နဲ့ တစ်ဖက်နိုင်ငံ ပေါက်ဈေးက ၆၇၇ မှ ၆၇၈ ဒေါ်လာကြား ဈေးရလျက်ရှိတယ်လို့သိရပါတယ်။ MIRT(DOBT)
ဈေးကျပြီး အရောင်းအဝယ်သွက်နေတဲ့ ပြည်ပဲကြီး ပြည်ဈေးကွက်တွင် ပဲကြီးဈေးနှုန်းမှာ ယခင်တစ်ပတ်ဈေးထက် အနည်းငယ် ထပ်မံကျဆင်းသွားတယ်လို့သိရပါတယ်။ ပဲကြီး (ရွှေကျွန်း)မှာ ၂ဝ၅ဝဝ ကျပ်နဲ့ ပဲကြီး (ကမ်းနား)မှာ တစ်တင်းကို ၁၈၅ဝဝ ကျပ်ဖြင့် အရောင်းအဝယ် ဖြစ်ကြောင်း သိရပါတယ်။ ဝင်ရောက်မှုအနေဖြင့် ယခုရက်ပိုင်းတွင် ပဲကြီး အဝင်နည်း နေပြီး အရောင်းအဝယ်နေ့တိုင်း ဖြစ်ကြောင်းသိရပါတယ်။ အရောင်းအဝယ်ပါးတဲ့ ရက်များမှာ အိတ် ၁၅ဝ ဝန်းကျင်အရောင်းအဝယ်ဖြစ်ပြီး၊ အရောင်းအဝယ် များတဲ့ရက်များမှာ အိတ် ၆ဝဝ ခန့်ထိ အရောင်းအဝယ် သွက်တယ်လို့ သိရပါတယ်။ ခင်ဆွေဝင်း