Background
တစ်လအတွင်း အိန္ဒိယမတ်ပဲဈေး ကန်ဒေါ်လာ ၇ဝ ခန့်လျော့ကျ အိန္ဒိယပြည်တွင်းဈေးကွက်အတွင်း မတ်ပဲဈေးက တစ်လအတွင်း တစ်တန်ကို ကန်ဒေါ်လာ ၇ဝ ခန့် လျော့ကျခဲ့ပါတယ်။ ဈေးကွက်တွေမှာ ပဲရောင်းချမှု အလုံအလောက်ရှိနေတဲ့အပြင် အချို့ပဲစိုက်ဒေသတွေက နွေမတ်ပဲတွေ ဝင်ရောက် လာတော့မှာဖြစ်လို့ မတ်ပဲဈေးက ဆက်တိုက်လျော့ကျနေတာ ဖြစ်ပါတယ်။ မွန်ဘိုင်း နဲ့ ချန်နိုင်းဈေးကွက်တွေမှာ တစ်လအတွင်း ပြောင်းလဲခဲ့တဲ့ မတ်ပဲ ဈေးနှုန်းများ နှိုင်းယှဉ်ဖော်ပြလိုက်ပါတယ် ဒေါ်လာ/တန် မွန်ဘိုင်း ချန်နိုင်း၂၈-၄-၁၁ ၈၉၁ ၉ဝ၈-၁ဝ၈၈၂၈-၃-၁၁ ၉၆ဝ ၉၇၇-၁၁၃၉ MIRT(MAPT)
ပဲမျိုးစုံအနက် မတ်ပဲကို ပြည်ပ FOB အဝယ်အများဆုံးဖြစ် ရန်ကုန်မြို့ဈေးကွက်အတွင်း ပဲမျိုးစုံပြည်ပအဝယ်များရှိတဲ့အနက် မတ်ပဲကိုတော့ ဝယ်လိုအား အများဆုံး ဖြစ်တယ်လို့ ကုန်သည်ကြီးများက ဆိုပါတယ်။ လက်ရှိဈေးမှာ ပြည်ပဝယ်လက်အကြိုက်တွေ့ပြီး အဝယ်သွက် နေတယ်လို့ သိရပါ တယ်။ ပဲအသင်းတာဝန်ရှိသူတစ်ဦး ပြောကြားချက်အရ ယခုနှစ်မှာ ပဲထွက်နောက်ကျခြင်း၊ ရိတ်သိမ်းချိန်မိုးတစ်ကြိမ် ရွာသွန်းမှုကြောင့် ပဲရိတ်သိမ်းမှုနှေးကွေးခြင်း တို့ကြောင့် ဈေးကွက်အတွင်း ဝင်ရောက်မှုဟာ ပုံမှန်ထက်နောက်ကျပြီး သြင်္ကန် နောက်ပိုင်းမှာ စုပြုံဝင်ရောက်လာတယ်လို့ သိရပါတယ်။ ပြည်ပဝယ်လက်များ အဝယ်သွက်နေတဲ့တိုင် ဝယ်လိုအားထက်ရောင်းလိုအား အဆမတန်များခြင်းနဲ့ ကုန်သည်ကြီးများ ငွေကြေးမနိုင်မနင်း ဖြစ်ခြင်းတို့ကြောင့် ဈေးကျဆင်းလာခြင်း ဖြစ်တယ်လို့ သိရပါတယ်။ ဒီရက်ပိုင်းအတွင်း မတ်ပဲ SQ အရောင်းအဝယ် ဖြစ်မှုများပေမဲ့ FAQ အရောင်းအဝယ်နည်းတာလေ့လာတွေ့ရှိရပါတယ်။ ဒါပေမဲ့ တစ်ပတ်အတွင်း (ဧပြီလ ၂၃ မှ ၂၈ )အရောင်းအဝယ်ဖြစ် မှုကတော့ မတ်ပဲ FAQ တန်ချိန် ၈ဝဝဝ ကျော်နဲ့ SQ တန်ချိန် ၆ဝဝဝ ခန့်ရှိတာ တွေ့ရပါတယ်။ ဧပြီလ ၁ ရက်မှ ၂၈ ရက်အတွင်း (ကုန်စည်ဒိုင်ဖွင့်ရက်များအတွင်း) အရောင်းအဝယ်ဖြစ်မှုအနေနဲ့ မတ်ပဲ SQ တန်ချိန် တစ်သောင်းကျော်နဲ့ FAQ တန်ချိန် ၃ဝဝဝဝ နီးပါးအရောင်းအဝယ်ဖြစ်တယ်လို့ သိရပါတယ်။ ရန်ကုန် FOB ဈေးများနှိုင်းယှဉ် ဖော်ပြလိုက်ပါတယ် ဒေါ်လာ/တန် မတ်ပဲ(FAQ) မတ်ပဲ(SQ)၂၉-၄-၁၁ ၈၅ဝ-၈၇ဝ ၁ဝဝဝ-၁ဝ၂ဝ၂၂-၄-၁၁ ၉၁ဝ-၉၃ဝ ၁ဝ၆ဝ-၁ဝ၈ဝ MIRT(MAPT)
ပင်လယ်ရေကြောင်း မတ်ပဲတင်ပို့မှု အားကောင်းနေဆဲ ပင်လယ်ရေကြောင်းက မတ်ပဲတင်ပို့မှုအနေနဲ့ သြင်္ကန်မတိုင်မီ သီတင်းပတ် အတွင်း တန်ချိန် တစ်သောင်းကျော်ထိ တင်ပို့ခဲ့ပြီး သြင်္ကန်အပြီး သီတင်းပတ် (ဧပြီလ ၂၂ ရက်မှ ၂၈ ရက်) အတွင်းမှာလည်း တန်ချိန် ၇၅ဝဝ ခန့်နဲ့ တင်ပို့မှုအား ကောင်းဆဲ ဖြစ်တာတွေ့ရပါတယ်။ မတ်ပဲတင်ပို့မှုနိုင်ငံအစုံရှိပေမဲ့ အဓိကပမာဏ များတာကတော့ အိန္ဒိယကို ဖြစ်ပါတယ်။ ယခင်ဘဏ္ဍာနှစ် မတ်ပဲတင်ပို့မှုကို လေ့လာကြည့်ရာမှာ တစ်နှစ်ပတ်လုံး တန်ချိန် ၅ သိန်းနီးပါး အပို့ရှိခဲ့ပြီး ၂ဝ၁ဝ ဧပြီ ၁ ရက်မှ ၂၂ ရက်အတွင်း တန်ချိန် နှစ်သောင်းကျော်တင်ပို့ခဲ့တာတွေ့ရပါတယ်။ ယခုဘဏ္ဍာနှစ် ဧပြီလ ၁ ရက်မှ ၂၂ ရက်အတွင်းမှာတော့ တန်ချိန် ၁၅ဝဝဝ ခန့်သာရှိလို့ ယခင်ဘဏ္ဍာနှစ် ကာလတူထက် တန်ချိန် ၅ဝဝဝ ခန့် လျော့ကျတင်ပို့နိုင်တာတွေ့ရပါတယ်။ လက်ရှိ အရောင်းအဝယ်ဖြစ်မှုတွေအရ လာမယ့် သီတင်းပတ်တွေမှာလည်း မတ်ပဲ တင်ပို့မှု အားကောင်းဖွယ်ရှိကြောင်း သိရပါတယ်။ MIRT - MAPT
အော်ဂဲနစ် မန်ကျည်းမှည့် ဈေးကွက် တကယ်လို့များ အော်ဂဲနစ်ပြိုင်ပွဲ ရှိရင် မန်ကျည်းပင်က ပထမရလိမ့်မယ် ထင်ပါတယ်။ ဓါတုဗေဒ သွင်းအားစု တွေ မတီထွင်မီကတည်းက ကြီးရင့် သီးပွင့်နေတဲ့ မန်ကျည်းပင်တွေဟာ အညာတစ်ခွင်မှာ အော်ဂဲနစ် သစ်ပင် အစစ်တွေပါပဲ။ နောက်ပိုင်းစိုက်တဲ့ ပင်ပျိုတွေကိုလည်း မြေဆီကြဲပက်စိုက် တယ်လို့မကြားမိပါဘူး။ ဒါကြောင့် ဈေး ကွက်ကလည်း ထင်ပေါ်လို့ စင်တော် ကောက်ပုံရပါတယ်။ အိမ်ရှင်မတွေရဲ့ စားဖိုဆောင်မှာလည်း မရှိမဖြစ်နီးပါး၊ စားသောက်ကုန်လုပ်ငန်းမှာ အသွင် အမျိုးမျိုး၊ တိုင်းရင်းဆေးဝါးတွေမှာ လည်း သူကမပါမဖြစ်၊ ဒါကြောင့် အခြား သီးနံှတွေ ဈေးအေးဈေးကျနေချိန်မှာ မန်ကျည်းအခွံခွာအစေ့ပါ တစ်ပိဿာကို ၁၂ဝဝ ကျပ်ထိ ဈေးတတ် နေပါတယ်။ ပခုက္ကူဈေးကွက်ကိုတော့ မြိုင်နယ်တစ်ကြောနဲ့ ပေါက်နယ်အစပ် တွေကဝင်ပါတယ်။ တစ်ဆယ်ကီလို အထုပ်ငယ်လေးတွေ ပလတ်စတစ် အိတ်ပါးနဲ့ ခွဲထုပ်ပိုးပြီး တရုတ်ကိုတင်ပို့ တယ်လို့သိရပါတယ်။ တရုတ်ဘက်မှာ မန်ကျည်းနှစ်ကို စားသောက်ကုန် သကြားလုံး၊ အလှကုန်ပစ္စည်း ကုန်ကြမ်း နဲ့ မန်ကျည်းစေ့ကိုတော့ အရည်ကြိုပြီး သင်္ဘောဆေးပြုလုပ်တဲ့ နေရာမှာ အသုံးပြုကြောင်း လေ့လာသိရှိရပါတယ်။ မောင်မောင်အေး
မန်ကျည်းမှည့် အစေ့ပါများ မူဆယ်မှ ပို့ မူဆယ် ၁ဝ၅ မိုင်ကုန်သွယ်ရေးဇုန်မှ မတ်လ ၃ဝ ရက်မှ ဧပြီလ ၅ ရက်အတွင်း ဒေါ်လာ ဝ ဒဿမ ၁၇၆ သန်းတန်ဖိုးရှိ မန်ကျည်းမှည့်အစေ့ပါ ၂၆၉ တန်ကျော် တင်ပို့နိုင်ခဲ့ပါတယ်။ ဒါအပြင်သြင်္ကန် ကာလနှစ်သစ်ကူး ကာလ ဧပြီ ၆ ရက်မှ ၁၉ ရက်ထိကာလ အတွင်းမှာတော့ ဒေါ်လာ ဝ ဒဿမ ၃၉၈ သန်း တန်ဖိုးရှိ မန်ကျည်းသီး ၅၁၅ တန်ကို တင်ပို့ခဲ့တာကြောင့် တင်ပို့မှုပိုမို ခဲ့တယ်လို့ ဆိုရပါမယ်။ MIRT(DOBT)
မတ်လမှာ မန်ကျည်းတန်ချိန် နှစ်ထောင့်နှစ်ရာနီးပါး တင်ပို့နိုင် ဧပြီလ ၁ရက်မှ ၇ ရက်တာကာလ အတွင်း မန်ကျည်းတန်ချိန် ၁၉၅ ဒသမ ၅ တန်၊ တန်ဖိုးအားဖြင့် ကန်ဒေါ်လာ ၇၅၅ဝဝ ဖိုးကို ပင်လယ်ရေကြောင်း ကုန်သွယ်မှုလမ်းကနေ တင်ပို့ခဲ့ပါတယ်။ တင်ပို့ခဲ့တဲ့နိုင်ငံမှာ စင်ကာပူနိုင်ငံ ကို ၁၂ဝ တန်၊ ပါကစ္စတန်ကို ၅ဝ တန်နဲ့ မလေးရှားကို ၂၅ ဒသမ ၅ တန်ပဲဖြစ်ပါတယ်။ မတ်လမှာ မန်ကျည်းသီးတန်ချိန် ၂၁၇၉ ဒသမ ၈၁ တန်တင်ပို့နိုင်ခဲ့ပြီး ဖေဖော်ဝါရီမှာ ၈၅၇ တန်တင်ပို့ခဲ့တာ ကြောင့် မတ်လမှ မန်ကျည်းတန်ချိန် ၃ ဆနီးပါးလောက် ပိုမိုတင် ပို့နိုင်တာတွေ့ရပါတယ်။ ပြီးခဲ့တဲ့ ၂ဝ၁ဝ မတ်လမှာ လည်း ၂၁၈၃ တန်တင်ပို့နိုင်ခဲ့ တာ ကြောင့် ယခင်နှစ်ပို့နိုင်ခဲ့တဲ့ စံချိန်ကို မီခဲ့တယ်လို့ ဆိုရပါမယ်။ MIRT (DOT)
ဈေးကွက်ကို အဝင်လှိုင်တဲ့ ရှမ်းကြက်သွန်ဖြူ ရှမ်းကြက်သွန်ဖြူတွေက ဈေးကွက်ကို အဝင်လှိုင်လာပါပြီ၊ တောင်ကြီးခရိုင်ရဲ့ မြောက်ဘက်ခြမ်းဖြစ်တဲ့ ရွှေညောင်၊ တောင်နီ၊ ဟက်ကက်စတဲ့နယ်တွေ တန်ဆောင်မုန်း စိုက်ကြက်သွန်တွေ ဈေးကွက်ကို ဝင်လာတာ ဖြစ်ပါတယ်။ တောင်ကြီးခရိုင် တောင်ဖက်ခြမ်းဖြစ်တဲ့ နောင်ကား၊ ကျောက်တလုံးကြီး၊ ဟမ်းဆီစတဲ့ နယ်တွေက သီတင်းကျွတ်စိုက် ကြက်သွန်ဖြူတွေက ဈေးကွက်ကို ဒီထက်စောပြီး ဝင်လာပါတယ်။ ရှမ်းပြည်နယ်တောင်ပိုင်းမှာ စိုက်တဲ့ ကြက်သွန်ဖြူတွေမှာလည်း တောင်ကြီး ခရိုင် တောင်ဖက်က ထွက်တဲ့မျိုးက ပိုကောင်းတယ်လို့ ဒေသခံတွေက ဆိုပါတယ်။ မြောက်ဖက်ခြမ်းကထွက်တဲ့မျိုးကတော့ ရေများတာကြောင့် အထားမခံဘဲ အနည်းငယ် ကြာရင် ပိန်သွားတယ်လို့ သိရပါတယ်။ ရှမ်းကြက်သွန်ဖြူက ပေါ်ကာစမှ အဝင်ကလည်းနည်းပြီး အစိုဓါတ်ကြောင့် လှောင်လက်သမားတွေ အဝယ်နည်းပေမဲ့ ပြည်တွင်းသုံး လက်လီသမားတွေ ဝယ်ယူ နေတာကြောင့် ဈေးတက်လာပါတယ်။ ဧပြီလဆန်းမှာ ငွေလိုတဲ့ တောင်သူတွေက ဖော်ပြီးရောင်းလာတာကြောင့် ဈေးကွက်ကို အဝင်များလာပါတယ်။ ဒီတစ်ပတ် တောင်ကြီး ဈေးကွက်မှာ ကြက်သွန်ဖြူ လတ်ခြား တစ်ပိဿာ ၈ဝဝ ကျပ်၊ (ထူး- ၁) ၉ဝဝ ကျပ်၊ (ထူး-၂) ၁ဝဝဝ ကျပ်၊ (ထူး-၃) ၁၄ဝဝ ကျပ်၊ (ထူး-၄) ၁၆ဝဝ ကျပ်ဈေးရှိပြီး အောင်ပန်းဈေးကွက်မှာ (လတ်ခြား) ၉ဝဝ ကျပ်၊ (ထူး -၁) ၁၂ဝဝ ကျပ်၊ (ထူး-၂) ၁၄ဝဝ ကျပ်၊ (ထူး-၃) ၁၆ဝဝ ကျပ်၊ (ထူး -၄) ၁၇ဝဝ ကျပ်ဈေးရှိတယ်လို့ တောင်ကြီးကုန်စည်ဒိုင်က သိရှိရပါတယ်။ ဧဧခိုင်
အိန္ဒိယဈေးကွက်မှာ နနွင်းဝင်ရောက်မှုများလာလို့ နနွင်းဈေးကျဆင်း အိန္ဒိယဈေးကွက်တွေအတွင်း နနွင်းအဝင်တိုးလာလို့ ကြိုပွိုင့်ဈေးကျဆင်းခဲ့ သလို လက်ငင်းဈေးလည်း အကျဘက်သွားနေတယ်လို့ သိရပါတယ်။ နေ့စဉ်ဝင်ရောက်မှုအနေနဲ့ အီရော့နဲ့ နီဇမ်မာဘတ်ဈေးကွက်တွေကို ၇ဝ ကီလိုပါအိတ် ၈ဝဝဝ နဲ့ ၁၆ဝဝဝ ခန့်အသီးသီးဝင်ရောက်မှုရှိနေတယ်လို့ သိရပါတယ်။ ကုန်သည်များရဲ့ ပြောကြားချက်အရ နနွင်းတောင်သူများဟာ တစ်တန် ရူပီး ၁ဝဝဝဝဝ (ကန်ဒေါ်လာ ၂၂၅၇)အထက်ဈေးနဲ့ ရောင်းချလိုတာကြောင့် ဈေးကွက်အတွင်း ရောင်းချမှုလည်း ကျဆင်းခဲ့တယ်လို့ သိရပါတယ်။ ဒါ့အပြင် နိုင်ငံအခြားဒေသတွေကလည်း ဝယ်လိုအားကျဆင်းတာကြောင့် ဈေးလည်းကျဆင်းခဲ့တယ်လို့ သိရပါတယ်။ ၂ဝ၁၁ အတွင်းနနွင်းထုတ်လုပ်မှုက အိတ် ၆၅ သိန်းဝန်းကျင်ရှိမယ်လို့ ခန့်မှန်းထားပါတယ်။ နနွင်းသစ်ရာသီဝင်ရောက်မှုမြင့်တက်နေတာကြောင့် ဈေးကွက်အတွင်း လက်ကျန်အလုံအလောက် ရှိနေ တဲ့အတွ့က်လည်း နနွင်းဈေးက အားပျော့နေခြင်းဖြစ်တယ်လို့ သိရပါတယ်။ NCDEX မှာ ဧပြီလပို့ရမယ့် နနွင်းဈေးက ၃ ဒသမ ၁၇ ရာခိုင်နှုန်းကျဆင်းပြီး တစ်တန်ကို ရူပီး ၉၅၂၂ဝ (ကန်ဒေါ်လာ ၂၁၄၉) ဖြစ်ပြီး မေလပို့ရမယ့် နနွင်းဈေးကလည်း ၂ ဒသမ ၇ ရာခိုင်နှုန်းကျဆင်းပြီး တစ်တန်ကို ရင်းဂစ် ၈၇၂၄ဝ (ကန်ဒေါ်လာ ၁၉၆၉) ဈေးဖြစ်တယ်လို့ သိရပါတယ်။ ယမင်းခင်၊Source: P T I
ပုံမှန်အရောင်းအဝယ်ဖြစ်တဲ့ ရှမ်းနနွင်းဈေးကွက် ဧပြီလ တတိယပတ်မှာ ရှမ်းနနွင်းကတော့ ပုံမှန်အရောင်းအဝယ်ဖြစ်နေပါတယ်။ မိုးမရွာတော့ပေမဲ့ သြင်္ကန်ပွဲတော်ကြောင့် နနွင်းအဝင်က များမလာသေးပါဘူး။ ဟိုပုံးနနွင်းကတော့ ဝယ်လက်တွေ အကြိုက်တွေ့ပြီး ဝယ်ယူနေတာကြောင့် ဈေးကွက်မှာ လက်ကျန်သိပ်မရှိတော့ဘူးလို့ သိရပါတယ်။ ရှမ်းပြည်နယ်တောင်ပိုင်း မှာ နနွင်းအထွက်အများဆုံးက ပင်လောင်းမြို့နယ်က ဖြစ်ပါတယ်။ ပင်လောင်း နနွင်းက မြေကြောင့် အဖြူစတွေသာ အထွက်များပါတယ်။ အဖြူစတွေက ဈေးကွက်မှာလည်း ရောင်းပန်းသိပ်မလှပါဘူး။ အောင်ပန်းဈေးကွက်မှာတော့ ပင်လောင်း နနွင်းစတွေက အဝင်များပါတယ်။ ဝယ်လက်တွေကတော့ ဒီလိုအချိန်မှာ အရည် အသွေးကောင်း၊ ပစ္စည်းကောင်းတွေကို ရွေးဝယ်ပေမဲ့ လက်ကျန်နည်းလာရင်တော့ ပင်လောင်းနနွင်းကိုပါ ဝယ်ယူလေ့ရှိပါတယ်။ ဒီတစ်ပတ် နနွင်းဈေးတွေကတော့ အောင်ပန်းဈေးကွက်မှာတော့ နနွင်းခြောက်အရည်အသွေးပေါ်မူတည်ပြီး တစ်ပိဿာ ၂၂ဝဝ ကျပ်မှ ၂၅ဝဝ ကျပ်ဈေးရှိပြီး တောင်ကြီးဈေးကွက်မှာတော့ တစ်ပိဿာ ၂၅ဝဝ ကျပ်ဈေးနဲ့ ဈေးငြိမ်နေပါတယ်။ ဧဧခိုင်
မတ်လမှာ နနွင်း ၂၆၅ တန် တင်ပို့နိုင်ခဲ့ ပင်လယ်ရေကြောင်းကုန်သွယ်မှုလမ်းကနေ ဧပြီလ ၁ ရက်မှ ၇ ရက်တာကာလ အတွင်းနနွင်းတန်ချိန် ၇၂ ဒသမ ၅ တန်၊ တန်ဖိုးအားဖြင့် ကန်ဒေါ်လာ ၁၃၆၅၆ဝ ဖိုးကို တင်ပို့ခဲ့ပါတယ်။ တင်ပို့ခဲ့တဲ့ ကုန်သွယ်ဖက်နိုင်ငံကတော့ ရီမန်နိုင်ငံကို တန် ၃ဝ၊ စင်ကာပူနိုင်ငံကို ၁၆ ဒသမ ၅ တန်နဲ့ ဂျပန်နိုင်ငံကို ၂၆ တန်အသီးသီးတင်ပို့ ခဲ့တာတွေ့ရပါတယ်။ မတ်လမှာ နနွင်းတန်ချိန် စုစုပေါင်း ၂၆၅ ဒသမ ၃၈ တန် တင်ပို့နိုင်ခဲ့ပြီး ဖေဖော်ဝါရီမှာ ၇၆ တန်သာတင်ပို့နိုင်ခဲ့တာကြောင့် မတ်လမှာ ၁၈၉ ဒသမ ၃၈ တန်ပိုမိုတင်ပို့နိုင်ခဲ့တာတွေ့ရပါတယ်။ အလားတူကာလဖြစ်တဲ့ ၂ဝ၁ဝ မတ်လမှာ နနွင်းတန်ချိန် ၄၅၇ ဒသမ ၈၆ တန်တင်ပို့နိုင်ခဲ့တာကြောင့် ဒီနှစ်မှာ တန်ချိန် ၁၉၂ ဒသမ ၄၈ တန်လျော့နည်းပြီး တင်ပို့ခဲ့တာတွေ့ရပါတယ်။ MIRT (DOT)