Main menu

Background

Sunday, 3 Apr 2011

ပဲအသစ်ဝင်ရောက်မှု တိုးလို့ အိန္ဒိယကုလားပဲဈေးလျော့ကျ                  အိန္ဒိယပြည်တွင်းဈေးကွက်များအတွင်း ပဲအသစ်ဝင်ရောက်မှု ပိုမိုလာတာ ကြောင့် လက်ငင်းဈေး ၃ ဒသမ ဝ၉ ရာခိုင်နှုန်းခန့် လျော့ကျခဲ့တယ်လို့ သိရပါတယ်။ ဒါပေမဲ့ ကြိုပွိုင့်ဈေးကတော့ ယခင်ရက်က ကျဆင်းခဲ့ရာမှ မတ်လ ၃ဝရက် မှာ ဈေးကွက်အဝယ်တက်လာလို့ ဝ ဒသမ ၅၉ ရာခိုင်နှုန်းပြန်တက်လာတယ်လို့ သိရပါတယ်။                  အိန္ဒိယနိုင်ငံမှာ ပဲစိုက်ပျိုးမှု အများဆုံးမဒ္ဒရာပရာဒေ့ရှ်ပြီးရင် ဒုတိယအများဆုံးစိုက်တဲ့ ရာဂျက်စသန်မှာ ပဲရိတ်သိမ်းထွက်ရှိနေပြီဖြစ်ပါတယ်။ ဘီကနာက ဈေးကွက်တွေကို ပဲဝင်ရောက်နေပြီဖြစ်ပြီး မကြာခင် ရာဂျက်စသန်က ပဲဝင်ရောက်မှု အမြင့်ဆုံးဖြစ်လာတော့မှာဖြစ်ပါတယ်။ မတ်လ ၂၉ ရက်နေ့မှာ ရာဂျက်စသန်က ပဲအိတ် ၃ဝဝဝဝ ဝန်းကျင်ဝင်ရောက်လာတယ်လို့ သိရပါတယ်။ ဖေဖော်ဝါရီလ ၉ ရက် ဒုတိယအကြိမ်ခန့်မှန်းချက်အရ ယခုနှစ်ကုလားပဲ ထုတ်လုပ်မှု တန်ချိန် ၇ ဒသမ ၃၇ သန်းဖြစ်လို့ ယခင်နှစ်ထွက်ရှိတဲ့ တန်ချိန် ၇ ဒသမ ၄၈ သန်းထက် ပိုမယ်လို့ ခန့်မှန်းထားပါတယ်။ အိန္ဒိယပဲမျိုးစုံထုတ်လုပ်မှုကို ၁၃ ဒသမ ၂ ရာခိုင်နှုန်းတိုးတက်ပြီး တန်ချိန် ၁၆ ဒသမ ၅၁ သန်းထွက်မယ်လို့ ခန့်မှန်းထားပြီး ကနေဒါ ကုလားပဲဖြူလုံးကြီး ထုတ်လုပ်မှုကတော့ ယခင်နှစ်က တန်ချိန် ဝ ဒသမ ၇၆ သိန်းရှိရာမှ ၂ဝ၁ဝ-၂ဝ၁၁ မှာ တန်ချိန် ၁ ဒသမ ၂၈ သိန်း ကို တိုးတက်ခန့်မှန်းထားပါတယ်။ လာမယ့် ရက်များမှာ ရာဂျက်စသန်က ပဲဝင်ရောက်မှု တိုးတက်လာတော့မှာ ဖြစ်လို့ ဈေးနှုန်းကျဆင်းဖို့ ဖိအားဖြစ်စေနိုင်ပေမဲ့ ဈေးအနိမ့်မှာ ဝယ်ယူမှုများခြင်း ကတော့ ဈေးတအားမကျအောင် ထိန်းထားနိုင်မယ်လို့ ဈေးကွက်က ခန့်မှန်းကြပါ တယ်။ ယမင်းးခင်၊Source: Angle Commodities

Sunday, 3 Apr 2011

အားမွေးနေတဲ့ မုံရွာနွေပဲတီ               မုံရွာကုန်စည်ဒိုင် မတ်ပဲ၊ ပဲတီစိမ်းဈေးကွက်မှာ ပဲဟောင်းလက်ကျန်ပြတ်နေသလို နွေပဲတီအများစု စိုက်ပျိုးဆဲဖြစ်လို့ ပစ္စည်းအဝင်မရှိဘဲ ဝယ်အားရောင်းအားပြတ်နေတာ တွေ့ရပါတယ်။ ပစ္စည်းလက်ကျန်ရှိတဲ့ ပွဲရုံတွေအနေနဲ့ နည်းပါးတဲ့ ဝယ်လိုအားကြောင့် တစ်တင်း ၂၃ဝဝဝ ကျပ် ဈေးဖြင့်ကာလကြာ ရောင်းဝယ်လျက်ရှိပြီး မုံရွာနယ်မှာ စိုက်ပျိုးလျက်ရှိတဲ့ နွေပဲတီတောင်သူတွေအနေနဲ့ အိတ်စ်ပို့ဈေးကွက်လိုအပ်ချက်အရဖြစ်ပေါ်လာမဲ့ အမြင့်ဈေးကို မျှော်လင့်ရင်း ပဲတီခင်းမှာ သွင်းအားစုပေးကာရင်းနှီးမြူပ်နံှ အားမွေးနေလျက်ရှိတယ်လို့ သိရပါတယ်။                    ထွန်းလှိုင် 

Sunday, 3 Apr 2011

နှစ်ကူးပိတ်ရက်နဲ့အတူ ဈေးအေးသွားတဲ့ ပဲခူး ပဲတီရွှေဝါဈေးကွက်                  ပဲခူးတိုင်းဒေသကြီးအရှေ့ပိုင်း ပဲခူးမြို့နယ်ရဲ့ ပဲတီရွှေဝါဈေးကွက်ကို ကဝမြို့နယ် သနပ်ပင်မြို့နယ်တို့မှ ပဲအများဆုံး ဝင်ပါတယ်။ မတ်လလယ်လောက်ကစပြီး ပိဿာ ၂ဝ ဝင်ပဲတစ်တင်းကို ၃၅ဝဝဝ ကျပ်နဲ့ အရောင်းအဝယ်ဖြစ်နေရာက မတ်လကုန်မှာ ပဲတစ်တင်းကို ၃ဝဝဝဝ ကျပ်ထိ ကျဆင်းသွားပါတယ်။ အချိန်အခါ မဟုတ်မိုးရွာသွန်းမှုကြောင့် ပဲများ အရည်အသွေးကျဆင်းသလို တရုတ်ဝယ်လက်မဆွဲလို့ ပဲဈေးကျဆင်းသွားရတယ်လို့ ဈေးကွက်က ဆိုပါတယ်။ တောင်သူများ ကတော့ နှစ်ကူးအပြီး ပဲဈေးကို စောင့်မျှော်နေကြတယ်လို့ သိရပါတယ်။                   အေးဝင်း 

Sunday, 3 Apr 2011

ဈေးဆက်မြင့်လာတဲ့ ဟင်္သာတပဲတီစိမ်း              ဟင်္သာတကုန်စည်ဒိုင်မှာ ၂ဝ၁၁ ခုမတ်လ စတုတ္ထပတ်အတွင်း ပဲတီစိမ်း ပိဿာ ၂ဝ ဝင်တစ်တင်းကို ၃၄၅ဝဝ ကျပ်ဈေးနဲ့ အရောင်းအဝယ်ဖြစ်နေပြီး ယခင်တစ်ပတ်ထက် တစ်တင်းကို ၁ဝဝဝ ကျပ်ပိုများလာခဲ့ကြောင်း သိရပါတယ်။ တောင်သူများအတွက် ပဲတီစိမ်းသီးနံှဟာ ဈေးကွက်ဝင်ပြီး ဈေးကောင်းရနေပါတယ်။ အရောင်းအဝယ်ဖြစ်မှုမှာလည်း ယခင် အပတ်ထက် ကုန်စည်ဒိုင်ဈေးကွက်သို့ အနည်းငယ်ပိုလာပြီးရန်ကုန် ဘုရင့်နောင်ပွဲရုံများသို့ တစ်တင်းခွဲဝင်အိတ် ၃ဝဝဝ ခန့် ယခုတစ်ပတ်အတွင်း တင်ပို့မှုရှိတယ်လို့ သိရပါတယ်။                                          အေးအေးခိုင် 

Sunday, 3 Apr 2011

ယခုအပတ်နယ်စပ်မှ ပဲလွန်းဖြူတန် ၁၈ဝ ကျော်တင်ပို့                   မတ်လ ၂၃ ရက်မှ ၂၉ ရက်ထိ ကာလအတွင်း မူဆယ်နယ်စပ်မှ ကန်ဒေါ်လာ ၁၆၉ဝဝဝ တန်ဖိုးရှိ ပဲလွန်းဖြူ ၁၈၇ တန်တင်ပို့နိုင်ခဲ့ပါတယ်။ယခင် အပတ်ကထက် ၅၉ တန် လျော့နည်း တင်ပို့ခဲ့ပါတယ်။ တစ်ဘက်နိုင်ငံ ဝယ်ဈေးပြောင်းလဲမှုမရှိသော်လည်း မိမိ ဘက် မြေပြင်ပေါက်ဈေးမှာကျပ် ၅၇ဝဝ ကျော်ဈေးမြင့်လျက်ရှိပါတယ်။ မတ်လ အတွင်း ပဲလွန်းဖြူ ၄၃၄ တန်တင်ပိုမှု ရှိပြီး ၂ဝ၁ဝ-၂ဝ၁၁ ဘဏ္ဍာနှစ်အတွင်း နယ်စပ်မှ ပဲလွန်းဖြူတန် ၄၃ဝဝ ကျော် တင်ပို့နိုင်ခဲ့ပါတယ်။ မိမိဘက်နဲ့တစ်ဘက်နိုင်ငံပဲလွန်းဖြူပေါက်ဈေးများကို နှိုင်းယှဉ်ဖော်ပြပေးလိုက်ပါတယ်။ မိမိ ဘက် ဈေးမြင့်တက်သော်လည်း တစ် ဘက်နိုင်ငံ ဝယ်ဈေးပြောင်းလဲမှုမရှိဘူး လို့ သိရပါတယ် မိမိဘက်(ကျပ်/တန်)    ယခု           ယခင်     ပြောင်းလဲမှု    %၈၁၄၈၆၇     ၈ဝ၉ဝ၈၄     ၅၇၈၃       ဝ .၇တစ်ဘက်နိုင်ငံ (ဒေါ်လာ/တန်)ယခု            ယခင်        ပြောင်းလဲမှု      %၁ဝ၁ဝ          ၁ဝ၁ဝ            -                -MIRT(DOBT)

Sunday, 3 Apr 2011

ပြည်ပဲလွန်းဖြူ ဈေးအေးနေ               ပြည်ပဲလွန်းဖြူဈေးကွက်မှာ ယခင် တစ်ပတ်ကဈေးအတိုင်း ပဲတစ်တင်းကို ၁၉ဝဝဝ ကျပ်နဲ့ ဈေးအေးနေပြီး၊ ပြည်ဈေးကွက်သို့ ပဲလွန်းဖြူအဝင်တစ်နေ့ကို အိတ် ၄ဝ၊ ၅ဝ ခန့် အဝင်ရှိ သော်လည်း အရောင်းအဝယ် နေ့တိုင်း  မရှိဘူးလို့သိရပါတယ်။ ရန်ကုန်ဝယ် လက်ရှိတဲ့ ရက်တွေမှသာ ထုတ်ရောင်း တာကြောင့် ဈေးအေးနေတယ်လို့သိရ ပါတယ်။ မိမိအေး 

Sunday, 3 Apr 2011

မတ်လအတွင်း နယ်စပ်မှ ပဲတီစိမ်း တန် ၂၅ဝဝ ခန့်တင်ပို့နိုင်               မတ်လအတွင်းမှာ မူဆယ်နယ်စပ်မှပဲတီစိမ်း တင်ပို့နိုင်မှုမှာ ၂၄၉၉ ဒသမ ဝ၈၂ တန်ဖြစ်ပါတယ်။၂ဝ၁ဝ-၂ဝ၁၁ ဘဏ္ဍာနှစ်မှာ နယ်စပ်မှ ပဲတီစိမ်း ၉၃၁၇၅ တန်နဲ့ပဲတီစိမ်းလုံးခြမ်း ၄၁၄၇ တန်ကျော် တင်ပို့နိုင်ခဲ့ပါတယ်။ မူဆယ်နယ်စပ်မှ တင်ပို့သော ပဲတီစိမ်းများမှာ စစ်ကိုင်းနဲ့ မန္တလေးတိုင်းဒေသကြီး ထွက်ကုန်များဖြစ်တယ်လို့သိရပါတယ်။မတ်လ ၂၃ ရက်မှ ၂၉ ရက်ထိ ကာလမှာ ကန်ဒေါ်လာ ဝ ဒသမ ၄၉၃၆သန်း တန်ဖိုးရှိ မတ်ပဲ ၅ဝ၂ တန်ကျော် တင်ပို့နိုင်ခဲ့ပါတယ်။ ယခင်အပတ်က ၃၆၇ တန်ကျော်တင်ပို့ခဲ့တာမို့ ယခုအပတ်မှ ၁၃၄ တန်ကျော် တင်ပို့မှုပိုမိုခဲ့ပါတယ်။ ကုန်သယ်ယူ စရိတ်များပုံမှန်ဖြစ်လာပြီး ရာသီဥတုပေါ်မူတည်ပြီး တစ်ဘက်နိုင်ငံ၏ ဝယ်လိုအား မြင့်လာတာ တွေ့ရပါတယ်။ နှစ်နိုင်ငံနယ်စပ်ဈေးများကို ကြည့်တဲ့အခါ ယခုအပတ်မှာ မိမိဘက်မှာရောတစ်ဘက်နိုင်ငံမှာပါ ပဲတီစိမ်း ဈေးများ ကျလျက်ရှိတာ တွေ့ရပါတယ်။ မိမိဘက်နဲ့တစ်ဘက်နိုင်ငံဈေးများကို နှိုင်းယှဉ်ဖော်ပြပေးလိုက်ရပါတယ်                                            မိမိဘက်(ကျပ်/တန်)              တစ်ဘက်နိုင်ငံ(ဒေါ်လာ/တန်)                      ယခု            ယခင်      ပြောင်းလဲမှု    %       ယခု       ယခင်    ပြောင်းလဲမှု     %ပဲတီစိမ်း     ၁ဝ၄၁၈၇၃     ၁ဝ၉၆၃၁      ၅၄၄၄၅       ၅      ၁၃၄၁     ၁၃၅၅        ၁၄            ၁MIRT (DOBT)

Sunday, 3 Apr 2011

အိန္ဒိယဒေလီဈေးကွက်မှာ ပြည်တွင်းပဲတီစိမ်းဈေးလျော့ကျ               အိန္ဒိယပြည်တွင်းဈေးကွက်များအတွင်း ပြည်ပက တင်သွင်းတဲ့ ပဲတီစိမ်းဈေးငြိမ်နေပေမဲ့ ဒေလီဈေးကွက်မှာ ပြည်တွင်းထွက်ပဲတီစိမ်းဈေးက တစ်လအတွင်း လျော့ကျခဲ့တာတွေ့ရပါတယ်။ ဒါပေမဲ့ အင်ဒိုရီဈေးကွက်မှာတော့ ပြည်တွင်း ပဲဈေးက တည်ငြိမ်နေတာတွေ့ရပါတယ်။ ဈေးကွက်တွေအတွင်း လက်ကျန်နည်းလာပြီဖြစ်ပေမဲ့ ပြည်တွင်းပဲအရည်အသွေးအရ ဈေးနှုန်းကွာခြားမှုရှိတာတွေ့ရပါတယ်။ ဒေလီနဲ့ အင်ဒိုရီဈေးကွက်အတွင်း ဖြစ်ပေါ်တဲ့ ပြည်တွင်းပဲတီစိမ်းဈေးများ နှိုင်းယှဉ် ဖော်ပြလိုက်ပါတယ်။                                        ကန်ဒေါ်လာ                ဒေလီ          အင်ဒိုရီ၃၁-၃-၁၁     ၈၂၉-၉၆၃        ၁၁၆၅၁-၃-၁၁         ၁၂၈၅           ၁၁၅၂MIRT (MAPT)

Sunday, 3 Apr 2011

ဖြည်းဖြည်းမှန်မှန်ဆွဲတဲ့ မန်းပဲတီစိမ်းဈေးကွက်               မန်းဈေးကွက်သို့ ရန်ကုန်ခရမ်းရွှေဝါ၊ ပဲခူးရွှေဝါများ အနည်းငယ်ဝင်ရောက်နေပါတယ်။ ပဲတီရွှေဝါကို တရုတ်ဝယ်လက် အဝယ်ရှိပေမဲ့ ဈေးအေးနေပါတယ်။ ဈေးကွက်ထဲမှာ ခရမ်းရွှေဝါသာမက အညာပဲတီစိမ်း များလည်း ဝင်ရောက်ရောင်းဝယ်နေပြီး၊ ယခုတစ်ပတ် ခရမ်းပဲတီရွှေဝါ ၃ တင်းတစ်အိတ်ကို ၁ဝ၂ဝဝဝ ကျပ်၊ ပဲခူးရွှေဝါတစ်အိတ် ၁ဝဝဝဝဝ ကျပ်၊ အညာပဲတီစိမ်းတစ်အိတ် ၈ဝဝဝဝ ကျပ်၊ မိုးပဲတီစိမ်းအညံ့စ တစ်အိတ် ၇ဝဝဝဝ ကျပ်ဈေးနဲ့ ရောင်းဝယ်နေကြပါတယ်။ အရည်အသွေးကောင်းတဲ့ ပဲတီစိမ်းရွှေဝါများကို တရုတ်ဝယ်လက်မှ ပုံမှန်ဝယ်ယူမှုရှိနေပြီး၊ အရည်အသွေးညံ့တဲ့ပစ္စည်းတွေကိုတော့ ဒေသတွင်း ပဲခွဲစက်လုပ်ငန်းရှင်များမှ ဝယ်ယူနေတာတွေ့ရပါတယ်။ မန်းဈေးကွက် အနေအထားမှာ ပဲတီစိမ်းဈေးကွက်ဟာ ဖြည်းဖြည်းမှန်မှန်ဘဲ ပုံမှန်အရောင်းအဝယ်ရှိနေကြောင်းသိရပါတယ်။                     ကျော်ကျော်မိုး 

Sunday, 3 Apr 2011

ပဲလွန်းဖြူ၊ နီ ယခင်တစ်ပတ်ထက် ပိုမိုတင်ပို့                  အခြားပဲများထဲမှာ ပင်လယ် ရေကြောင်းက တင်ပို့မှု အားကောင်းနေတဲ့ ပဲများဖြစ်တဲ့ ပဲလွန်းဖြူနဲ့ ပဲလွန်းနီ က တော့ ယခုတစ်ပတ် (မတ်လ ၂၅ ရက်မှ ၃ဝ ရက်) အတွင်းမှာလည်း တန်ချိန် ၁၇ဝဝ နဲ့ ၃ဝဝ ခန့် စုစုပေါင်း တန် ၂ဝဝဝ ခန့် တင်ပို့ခဲ့ပါတယ်။ အိန္ဒိယ၊ တောင်ကိုရီးယား၊ မလေးရှား၊ ပါကစ္စတန်၊ ဖိလစ်ပိုင်နဲ့ စင်ကာပူတို့ကို တင်ပို့တာဖြစ်ပါတယ်။ ပြည်ပအဝယ်ရှိပေမဲ့ ပြည်တွင်းဈေးကွက်တွေကို ပဲအသစ် လှိုင်လှိုင်ဝင်လာနေလို့ ပြည်တွင်းဈေး အနည်းငယ်လျော့ကျခဲ့တယ်လို့ သိရပါတယ်။ ရန်ကုန် FOB  ဈေးကတော့ ပြောင်းလဲမှုမရှိဘဲ ဧပြီလ ၁ ရက်မှာ ပဲလွန်းဖြူ FAQ  တစ်တန်ကို ကန်ဒေါ်လာ ၈၈ဝ-၉ဝဝ၊ SQ  တစ်တန်ကို ကန်ဒေါ်လာ ၉၈ဝ-၁ဝဝဝ အသီးသီးရှိ တယ်လို့ သိရပါတယ်။ MIRT - MAPT

Pages