Background
ပြည်ပဲတီစိမ်း အဝင်ပါးပြီးဈေးငြိမ် ပြည်ဈေးကွက်သို့ ပဲတီစိမ်းသီးနံှများ ၂ဝ၁ဝ နှစ်ကုန်အထိ အဝင်များခဲ့ပြီး အရောင်းအဝယ်လည်း သွက်ခဲ့ပါတယ်။ ၂ဝ၁၁ ဇန်နဝါရီလတွင် ပဲတီစိမ်းအဝင်နည်းလာခဲ့သလို ဈေးနှုန်းအနေဖြင့် တစ်တင်းလျှင် ကျပ် ၂၅ဝဝဝ မှ ၂၈ဝဝဝ ကျပ်ထိ ဈေးမြင့်လာခဲ့ပါတယ်။ ယခုတစ်ပတ်အတွင်း ပဲတီစိမ်းမှာ လက်ကျန်သမားများသာ လာရောက်ရောင်းချကြတဲ့အတွက် အဝင်ပါးလာခဲ့ပါတယ်။ ဈေးနှုန်းအနေဖြင့် တစ်တင်းလျှင် ၂၈၅ဝဝ ကျပ်ဖြင့် ရန်ကုန်ဝယ်လက်အဝယ်ရှိတဲ့ရက်မှာ တစ်ရက်လျှင် အိတ် ၁၅ဝ-၂ဝဝ အထိ အရောင်းအဝယ်ဖြစ်တယ်လို့သိရ ပါတယ်။ ဇန်နဝါရီလအတွင်း ပဲတီစိမ်းတင်ပို့မှုမှာ အိတ် ၇၂ဝဝ ခန့်ရှိခဲ့ပြီး၊ ရန်ကုန်သို့ ၆၄ဝဝ အိတ်၊ မန္တလေးသို့ အိတ် ၅ဝဝ နဲ့ မကွေးသို့ အိတ် ၃ဝဝ ခန့် တင်ပို့နိုင်ခဲ့ကြောင်းသိရပါတယ်။ ခင်ဆွေဝင်း
မုံရွာ ဈေးကွက်မှာ စိမ်းသေးအဝယ်သွက် မုံရွာကုန်စည်ဒိုင် ယခုတစ်ပတ် ပဲတီစိမ်းဈေးကွက်မှာ စိမ်းကြီးထက်စိမ်းသေးက ပစ္စည်းအဝင်ပိုသလို အရောင်း အဝယ်လည်း ပိုသွက်ခဲ့တယ်လို့ သိရပါတယ်။ ယခုတစ်ပတ်အတွင်း မန္တလေးနဲ့ ရန်ကုန်က ပုံမှန်ထက် အဝယ်ပိုသွက်ခဲ့ရာ ဈေးလည်းအနည်းငယ်မြောက်လာခဲ့ပါတယ်။ ယခုတစ်ပတ်မှာ စိမ်းကြီးတစ်တင်း ၃ဝဝဝဝ ကျပ်ထိ အမြင့်ဆုံးတက်ခဲ့ပြီး၊ စိမ်းသေးကတော့ တစ်တင်း ၂၃၅ဝဝ ကျပ်မှာ ဈေးမာနေပါတယ်။ မုံရွာကုန်စည်ဒိုင် ယခုအပတ် ပဲတီစိမ်းဈေးကွက်မှာ စိမ်းကြီး တစ်ရက် တင်း ၄ဝဝ ခန့်နဲ့ စိမ်းသေး တစ်ရက်တင်း ၁ဝဝဝ ခန့် အရောင်းအဝယ်ဖြစ်လျက်ရှိတယ်လို့ ပွဲရုံရပ်ကွက်က ဆိုပါ တယ်။ ပြီးခဲ့တဲ့ ဇန်နဝါရီလအတွင်း မုံရွာကုန်စည်ဒိုင် နယ်မြေကနေ ပဲတီစိမ်းတင်ပို့စီးထွက်မှုအနေနဲ့ မန္တလေးကို တင်း ၁၆ဝဝဝ ခန့်နဲ့ ရန်ကုန်ကို တင်း ၉ဝဝဝ ခန့်ရှိကြောင်း ဈေးကွက်ကဆိုပါတယ်။ ထွန်းလှိုင်
ဈေးမာနေတဲ့ မန်းပဲတီစိမ်း မန်းဈေးကွက်တွင် ပဲတီစိမ်းကို တရုတ်ဝယ်လက်အပြင် ရန်ကုန်ဝယ်လက်နှင့် ဒေသတွင်းပဲခွဲစက်လုပ်ငန်းရှင် များမှ ဝယ်လိုအား ရှိနေတဲ့အတွက် ဈေးမြင့်လာတာကိုတွေ့ရပါတယ်။ ယခုတစ်ပတ်ဈေးကွက်အတွင်းသို့ ပဲတီစိမ်းများ ဝင်ရောက်မှု နည်းလာပြီး ရွှေဘိုမြို့နယ်များမှ ပဲတီစိမ်းများသာ အနည်းငယ်ဝင်ရောက်နေတာကိုတွေ့ရပါတယ်။ ယခုတစ်ပတ် ပဲတီစိမ်း (ထိပ်စ) တစ်ပိဿာ ၁၆၅၃ ကျပ်၊ တစ်တန် ကျပ် ၁ဝ၁၂၂ဝဝ၊ လတ်စ ၁၃၃၃ ကျပ်၊ တစ်တန် ကျပ် ၈၁၆၃ဝဝ၊ အောက်စ ၁၁၅၆၊ တစ်တန် ၇ဝ၇၉ဝဝ ဈေးတို့ဖြင့် ရောင်းဝယ်နေကြပြီး၊ တင်ပို့မှုအနေဖြင့် တစ်ပတ်အတွင်း တရုတ်သို့ တန် ၇၆ဝ၊ ရန်ကုန်သို့ ၂၇ဝ တန် တင်ပို့မှုရှိခဲ့ကြောင်းသိရပါတယ်။ တရုတ်နှစ်သစ်ကူး ကာလ ဖြစ်ပေမဲ့လည်း ပစ္စည်းအဝင် နည်းသွားတာရယ်၊ ဈေးကွက်အတွင်း ရောင်းဝယ်အားကောင်းနေတာကြောင့် ဆက်လက်ပြီး ဈေးမာနေဦးမယ်လို့ ကုန်သည်များက ခန့်မှန်းပြောဆိုနေကြပါတယ်။ ကျော်ကျော်မိုး
နှစ်သစ်ကူးကာလနီး၍ ပဲတီစိမ်းတင်ပို့မှုလျော့ ဇန်နဝါရီလ ၂၆ ရက်မှ ဖေဖော်ဝါရီလ ၁ ရက်ထိ ကာလအတွင်း မူဆယ် (၁ဝ၅) မိုင်ကုန်သွယ်ရေးဇုန်မှ ကန်ဒေါ် လာ ဝ ဒသမ ၈၆ဝ သန်းတန်ဖိုးရှိ စစ်ကိုင်းနဲ့ မန္တလေးတိုင်းဒေသကြီးများက ထွက်ရှိတဲ့ ပဲတီစိမ်း ၉၃၂ တန်ကျော်နဲ့ ပဲတီစိမ်း လုံးခြမ်း ၁၄၉ တန် ကန်ဒေါ်လာ ဝ ဒသမ ဝ၈၅ သန်းဖိုးတင်ပို့နိုင်ခဲ့ပါတယ်။ယခင်အပတ် က ပဲတီစိမ်းခြမ်း တင်ပို့ခဲ့ခြင်းမရှိပေမဲ့ ယခုအပတ်မှာ တင်ပို့နိုင်ခဲ့ပါတယ်။ လုံးပြည့်မှာမူ ယခင်အပတ်ကထက် ၅၉၃ တန် တင်ပို့မှုလျော့နည်း ခဲ့ပါတယ်။ နှစ်သစ်ကူးကာလနီးပြီဖြစ်လို့ ပို့ကုန်လုပ်ငန်းရှင်များက လက်ဝယ်ရှိ ပို့ကုန်ပစ္စည်းများသာ တင်ပို့ခြင်း၊ ကုန်တင်ယာဉ်တင်ဆောင်ခွင့်ပြုသည့် တန်ချိန်ကို ဇန်နဝါရီလ ၂၂ ရက်နေ့က စပြီး ထပ်မံလျှော့ချလိုက်တဲ့အတွက် ယာဉ်တင်ခနှုန်းထားမှာ ၁ ပိဿာ ၁၄ဝ ကျပ်မှ ကျပ် ၁၇ဝ မြင့်တက်လာ ခြင်းတို့ကြောင့် ကုန်တင်ပို့မှုများလျော့ကျလျက်ရှိပါတယ်။ ပဲတီစိမ်းဈေးကွက်အနေနဲ့ တရုတ်မှ နှစ်ကူးကာလနီးတဲ့အတွက် အဝယ်လျော့နည်းခဲ့ကြောင်း၊ ပြည်တွင်း ပဲတီစိမ်းဈေးမှာ တစ်တန်ကျပ် ၈၇ဝဝဝဝ မှ ကျပ် ၁ဝ သိန်းကျော်ထိ မြင့်တက်ခဲ့ရာမှ ယခုရက်ပိုင်းအတွင်း တရုတ် ဝယ်လိုအားအရ ၅၆ ဒသမ ၂၅ ပိဿာဝင်တစ်အိတ်လျှင် ကျပ် ၃ဝဝဝ ထိ အတက်အကျဖြစ်ပေါ်လျက်ရှိပြီး တစ်ဖက်နိုင်ငံ ဝယ်ဈေးတစ်တန် ၈၅ဝဝ ယွမ်မှ ၁ဝ၅ဝဝ ယွမ်ထိရှိနေတယ်လို့ သိရပါတယ်။ MIRT (DOBT)
အိန္ဒိယမှာ ပဲတီစိမ်းဈေး တစ်လအတွင်း ကန်ဒေါ်လာ ၂ဝဝ ကျော်မြင့်တက် အိန္ဒိယပြည်တွင်းဈေးကွက်တွေမှာ ပဲတီစိမ်းဈေးက တစ်လအတွင်း ကန်ဒေါ်လာ ၂ဝဝ ကျော်မြင့်တက်လာခဲ့ပါ တယ်။ ပြည်တွင်းဈေးကွက်တွေမှာ အရည်အသွေးနိမ့်ပဲများသာ ကျန်ရှိပြီး အရည်အသွေးကောင်းကို အဝယ်ရှိနေ တာကြောင့် ဈေးမြင့်လာတာဖြစ်ပါတယ်။ နိုင်ငံတကာမှာလည်း တရုတ်က ဝယ်လိုအားကောင်းနေလို့ ဈေးဆက်လက် မြင့်တက် နေခြင်းက ပြည်တွင်းဈေးကို လွှမ်းမိုးလျက်ရှိတယ်လို့ သိရပါတယ်။ ချန်နိုင်းနဲ့ ဒေလီဈေးကွက်တွေမှာ ဖြစ်ပေါ်တဲ့ ကာလတူ ဈေးများ နှိုင်းယှဉ်ဖော်ပြလိုက်ပါတယ် ချန်နိုင်း (ပဲတီရွှေဝါ) ဒေလီပဲတီစိမ်း၃-၂-၁၁ ၁၃၃၇ ၁၂၇၁၃-၁-၁၁ ၁ဝ၇၅-၁ဝ၉၇ ၁ဝဝ၇-၁ဝ၄၁ MIRT (MAPT)
ပဲတီစိမ်း ပုံမှန်သာတင်ပို့နေ ပင်လယ်ရေကြောင်းက ပဲတီစိမ်းကတော့ တန်ချိန် ၃၄ဝဝ ကျော်နဲ့ ပုံမှန်သာတင်ပို့နေတာတွေ့ရပါတယ်။ ရန်ကုန် FOB ဈေးကွက်မှာလည်း ပြည်ပဝယ်လက်က ပုံမှန်လိုပဲ ခပ်ပါးပါးသာ အရောင်းအဝယ်ရှိတယ်လို့ သိရပါတယ်။ ဒါပေမဲ့ ပဲတီရွှေဝါတွေ ဈေးကွက်ထဲ လှိုင်လှိုင်ဝင်လာတော့မှာဖြစ်လို့ လာမယ့်သီတင်းပတ်တွေမှာ အရောင်းအဝယ်သွက်နိုင်တယ်လို့ ခန့်မှန်းကြပါတယ်။ ယခုနှစ် ဇန်နဝါရီလအတွင်း ပဲတီစိမ်းတင်ပို့မှုအနေနဲ့ တန်ချိန် ၁၂ဝဝဝ ခန့်ရှိပြီး ဒီဇင်ဘာလမှာ တန်ချိန် ၁၁ဝဝဝ ကျော်တင်ပို့ခဲ့ပါတယ်။ ၂ဝ၁ဝ ဇန်နဝါရီလမှာ တန်ချိန် ၁၃ဝဝဝ ကျော်တင်ပို့မှုရှိလို့ ကာလတူတင်ပို့မှုမှာ ပမာဏကွာခြားမှု အနည်းငယ်သာရှိတာတွေ့ရပါတယ်။ ယခင်တစ်ပတ်နဲ့ ယခုတစ်ပတ် ရန်ကုန် FOB ဈေးများ နှိုင်းယှဉ် ဖော်ပြလိုက်ပါတယ် ပဲတီစိမ်း(အညာ) ပဲတီစိမ်း (ပခုက္ကူ) ပဲတီရွှေဝါအသေး၄-၂-၁၁ ၉၅ဝ-၉၇ဝ ၉၄ဝ-၉၆ဝ ၁၃၃ဝ-၁၃၄ဝ၂၇-၁-၁၁ ၉ဝဝ-၉၂ဝ ၁၂၂ဝ ၁၂၄ဝ MIRT (MAPT)
ဈေးကောင်းရလာတဲ့ ပြည်ပဲလွန်းဖြူ ပဲလွန်းဖြူဈေးကွက်မှာ ယခင်တစ်ပတ်က ပဲတစ်တင်းကို ၂၅ဝဝဝ ကျပ်ဈေးရှိပြီး၊ ယခုတစ်ပတ်မှာ တော့ ပထမအသီးမှာ အဝင်အနည်းငယ် ရှိကာ ပဲတစ်တင်းကို ၂၆၅ဝဝ ကျပ်ဈေးအထိ ဈေးမြင့်လာတယ်လို့ သိရပါတယ်။ နတ်တလင်း တာပွန် ဘက်မှလည်း အဝင်ရှိတယ်လို့သိရပါတယ်။ ပဲလွန်းဖြူကို ရန်ကုန်ဝယ်လက် လည်း အဝယ်ရှိပြီး တစ်နေ့ကို အိတ် ၁ဝဝ-၁၅ဝ ခန့် အဝယ်ရှိတယ်လို့သိရပါ တယ်။ မိမိအေး
ပဲလွန်းဖြူပုံမှန်တင်ပို့ မူဆယ် ၁ဝ၅ မိုင်ကုန်သွယ်ရေးဇုန် မှ တဆင့် တစ်ဘက်နိုင်ငံသို့ ဇန်နဝါရီ လ ၂၆ ရက်မှ ဖေဖော်ဝါရီလ ၁ ရက်ထိ ကာလအတွင်း ကန်ဒေါ်လာ ဝ ဒသမ ၁၁၆ သန်းဖိုးတန်ဖိုးရှိ ပဲလွန်းဖြူ ၁၄၃ တန်ကျော် ခွဲတင်ပို့နိုင်ခဲ့ပါတယ်။ ဇန်န ဝါရီလ ၁၉ ရက်မှ ၂၅ ရက်ထိကာလ အတွင်းက ပဲလွန်းဖြူ ၁၃၆ တန်ခွဲ တင်ပို့နိုင်ခဲ့တာမို့ ၇ တန်တင်ပို့မှု ပိုမိုခဲ့ တယ်လို့ သိရပါတယ်။ ယခုအပတ်ဈေးဟာ ယခင်အပတ်ဈေးထက် ပိုမိုမြင့် တက်လျက်ရှိပါတယ်။မိမိဘက်နဲ့ တစ် ဘက်နိုင်ငံ မြေပြင်ပေါက်ဈေးများ ကို နှိုင်းယှဉ် ဖော်ပြပေးလိုက်ရပါတယ် - မိမိဘက် (ကျပ်/တန်) တစ်ဘက်နိုင်ငံ (ဒေါ်လာ/တန်) ယခု ယခင် ပြောင်းလဲမှု % ယခု ယခင် ပြောင်းလဲမှု % ၉၁၄၅၁၅ ၇၂၁ဝ၈၇ ၁၉၃၄၂၉ ၂၁ ၁ဝ၆၈ ၈၅၄ ၂၁၄ ၂ဝMIRT(DOBT)
ယခင်နှစ် ဇန်နဝါရီမှာ ပဲလွန်းဖြူတင်ပို့မှု ၂ ဆခန့်ပို ၂ဝ၁ဝ ဇန်နဝါရီလမှာ ပင်လယ် ရေကြောင်းက ပဲလွန်းဖြူတန်ချိန် ၁၅ဝဝ ကျော်တင်ပို့မှုရှိခဲ့ပြီး ယခုနှစ် ဇန်နဝါရီ လမှာ တန်ချိန် ၄၅ဝ ကျော်သာရှိလို့ ယခင်နှစ်က နှစ်ဆခန့် ပိုတင်လာတာ တွေ့ရပါတယ်။ ယခုသီတင်းပတ် (ဇန်နဝါရီလ ၂၇ ရက်မှ ဖေဖော်ဝါရီလ ၂ ရက်) အတွင်းမှာတော့ တန်ချိန် ၁၇၅ တင်ပို့နိုင်တာတွေ့ရပါတယ်။ ဈေးကွက်အသီးသီးကို ပဲလွန်းဖြူအဝင် တိုးတက်လာပြီး အရောင်းအဝယ် လည်း သွက်နေတယ်လို့ သိရပါတယ်။ ဖေဖော်ဝါရီလ ၄ ရက် ရန်ကုန် FOB ဈေးအနေနဲ့ FAQ တစ်တန်ကို ကန်ဒေါ်လာ ၈၃ဝ-၈၅ဝ၊ SQ တစ်တန်ကို ကန်ဒေါ်လာ ၉၃ဝ-၉၅ဝအသီးသီးရှိပြီး၊ အိန္ဒိယမွန်ဘိုင်းဈေးကွက်မှာ တစ်တန် ကို ကန်ဒေါ်လာ ၁ဝ၅၇ ရှိကြောင်း သိရပါတယ်။ MIRT- MAPT
ပြည်ပဲစင်းငုံ အဝင်များလာတာကြောင့် ဈေးအနည်းငယ်လျော့ ယခုတစ်ပတ် ပြည်ဈေးကွက်တွင် ပဲစင်းငုံဈေးမှာ ယခင်တစ်ပတ်ဈေး ထက် အနည်းငယ်လျော့နည်းခဲ့တယ်လို့ သိရပါတယ်။ ပိဿာ ၂ဝ တစ်တင်းကို ၅ဝဝ ကျပ်လျော့နည်းခဲ့ပြီး တစ်တင်းလျှင် ၂၂၅ဝဝ ကျပ်ဖြင့် အရောင်း သွက်နေ ကြောင်း သိရပါတယ်။ ပြည်ဈေးကွက်သို့ တိုင်းအတွင်း ပေါက်ခေါင်းမြို့နယ်မှ အဝင်များပြီး မကွေးတိုင်းဒေသကြီး အောင်လံမြို့နဲ့ ပြလို့မှလည်း အဝင်ရှိကြောင်း သိရပါတယ်။ တစ်နေ့လျှင် အိတ် ၆ဝဝ-၇ဝဝ ခန့် အဝင်ရှိတယ်လို့ သိရပါတယ်။ တိုင်းအတွင်းနဲ့ အခြားတိုင်းရှိမြို့နယ်များမှ အဝင်များလာခြင်းကြောင့် ဈေးအနည်း ငယ် လျော့နည်းသွားခြင်းဖြစ်ကြောင်း သိရပါတယ်။ ယခုတစ်ပတ်မှာလည်း ပြည် ဈေးကွက်အတွင်းသို့ အဝင်ရှိသလောက် အရောင်းအဝယ် ဖြစ်တယ်လို့သိရ ပါတယ်။ ဆုမွန်မွန်ဆွေ
