Background
အဝယ်မျိုးစုံ ရောင်းလက်အစုံနဲ့ မုံရွာပဲစင်းငုံဈေးကွက် မုံရွာကုန်စည်ဒိုင် နိုဝင်ဘာ ဒုတိယ ၁ဝ ရက်ပတ် ပဲစင်းငုံနီဈေးကွက်ဟာ တစ်တင်း ၁၆၅ဝဝ ကျပ်ဈေးမှာ ဆက်လက်ငြိမ်နေပြီး နယ်ဝယ်လက်ကတော့ လိုအပ်သလောက်သာ ဝယ်ယူမှုရှိတယ်လို့ ဆိုပါတယ်။ ဒေသတွင်း ခွဲစက်အချို့ ဝယ်ယူမှုရှိခဲ့ပြီး အချို့ကုန်သည်တွေကတော့ ယခုဈေးဟာ ပဲစင်းငုံပေါ်ပေးဈေးထက် အနည်းငယ်သာ ပိုလို့ပစ္စည်းရှိသူက ထုတ်မရောင်းလိုကြသလို ကုန်သည်တစ်ချို့ ဈေးကွက် မျှော်လင့်ချက်နဲ့ ဝယ်ယူမှုတွေရှိခဲ့တယ်လို့ ပွဲရုံရပ်ကွက်က ကြားသိရပါတယ်။ ရင်းနှီးတဲ့ ကုန်သည်အချင်းချင်း လက်ပြောင်း အရောင်းအဝယ် ဖြစ်သူတွေ လည်း ရှိလို့ မုံရွာကုန်စည်ဒိုင်မှာ နေ့စဉ် အိတ် ၃ဝဝ ဝန်းကျင် အရောင်းအဝယ် ရှိခဲ့တယ်လို့ သိရပါတယ်။ ထွန်းလှိုင်
အောက်တိုဘာနဲ့ နိုဝင်ဘာ တတိယပတ်ကာလတူ အိန္ဒိယပဲစင်းငုံဈေး အနည်းငယ်သာ ကွာခြား အိန္ဒိယလက်ငင်းဈေးကွက်တွေမှာ ပဲစင်းငုံလက်ကျန်တွေရှိနေပြီး အဝယ် သိပ်မရှိတာကြောင့် ဈေးကျဆင်းတယ်ဆိုပေမဲ့ အောက်တိုဘာလနဲ့ နိုဝင်ဘာလ ကာလတူတတိယပတ်ဈေးနှုန်းကတော့ အနည်းငယ်သာ လျော့နည်းကွာခြားတာ တွေ့ရပါတယ်။ ပြည်တွင်းမှာ တန်ဇန်းနီးယားက ဈေးအလျော့နဲ့ တင်သွင်းထားတာ ရယ်၊ ပြည်တွင်းလက်ကျန်ရှိနေတာရယ်ကြောင့် မြန်မာနိုင်ငံက တင်သွင်းမှုလျော့ကျ ခဲ့ပါတယ်။ လက်ရှိစိုက်ပျိုးထားတဲ့ ပဲစင်းငုံတွေကလည်း စိုက်ဧရိယာ ပိုလာသလို မိုးရွာသွန်းမှုကြောင့်လည်း သီးနံှပျက်စီးမှု မရှိတာကြောင့် အထွက်ပိုမယ်လို့ ခန့်မှန်း ထားပါတယ်။ ကာလတူဈေးနှုန်းများ နှုန်းယှဉ်ဖေါ်ပြလိုက်ပါတယ် ဒေါ်လာ/တန် မွန်ဘိုင်းဈေးကွက် မွန်ဘိုင်း((C&F) ၁၈-၁၁-၁ဝ ၆၉၃ ၇၃၅ ၁၈-၁ဝ-၁ဝ ၇၃၄ ၈ဝဝ-၈၁ဝ MIRT(MAPT)
ပဲစင်းငုံတင်ပို့မှု ဆက်လက်လျော့ကျ နိုဝင်ဘာလ ၁၁ ရက်မှ ၁၆ ရက်ထိ ဘက္ကရီးအစ်ဒ် ပွဲတော်ပိတ်ရက် အပါအဝင် တစ်ပတ်အတွင်း ပင်လယ်ရေကြောင်းက ပဲစင်းငုံ တန် ၃ဝဝ ခန့်သာ တင်ပို့ခဲ့ပါတယ်။ ပိတ်ရက်များကြောင့် တင်ပို့တဲ့ ရက်နည်းသလို ဈေးမကိုက်လို့ တင်ပို့မှုနည်းတာကြောင့်လည်း ပဲစင်းငုံတင်ပို့မှုက အရင်ကာလ တူတွေထက် သိသိသာသာကျဆင်း လာတာဖြစ်ပါတယ်။ ဒါပေမဲ့ ယခင်တစ်ပတ်က MMTC က ခေါ်ယူခဲ့တဲ့ တင်ဒါတွေအတွက်တော့ လာမယ့်ရက်တွေမှာ အရောင်း အဝယ် အနည်းငယ်ဖြစ်လာနိုင်လို့လာမယ့် သီတင်းပတ်တွေမှာတော့ ပဲစင်းငုံတင်ပို့မှု ပြန်တက်လာဖွယ်ရှိတယ်လို့ ကုန်သည်များက ဆိုပါတယ်။ ပြည်တွင်းအချို့ပဲစိုက်တဲ့ ဒေသတွေမှာ ပဲစင်းငုံအသစ် အနည်းငယ်တော့ ရိတ်သိမ်းနေပြီလို့ သိရပါတယ်။ ဒါပေမဲ့ ဈေးကွက်အတွင်းတော့ ဒီဇင်ဘာလကုန်လောက်မှ ဝင်ရောက်မယ်လို့ သိရပါ တယ်။ ရန်ကုန် FOB ဈေးကတော့ ယခင်တစ်ပတ်ဈေးဖြစ်တဲ့ ပဲစင်းငုံနီ တစ်တန်ကို ကန်ဒေါ်လာ ၆၆ဝ-၆၇ဝ နဲ့ ပဲစင်းငုံဖြူနီ၊ အဖြူတစ်တန်ကို ကန်ဒေါ်လာ ၅၇ဝ- ၅၈ဝ ဈေးနဲ့ ငြိမ်နေတယ်လို့ သိရပါတယ် MIRT - MAPT
စားတော်ပဲ (ကနေဒါ) ဈေးကွက် မုံရွာမှာ အရောင်းအဝယ်သွက် မုံရွာကုန်စည်ဒိုင် စားတော်ပဲဈေးကွက်မှာ ပစ္စည်းဟောင်းလက်ကျန်နည်းလို့ နေ့စဉ်ပေါက်ဈေးမဖွင့်နိုင်ခဲ့ဘဲ နယ်အဝင်ရှိတဲ့နေ့မှာသာ ဈေးဖွင့်အရောင်းအဝယ်ဖြစ်ခဲ့တာတွေ့ရပါတယ်။ နိုဝင်ဘာလထဲမှာ ဒေသစားတော်ပဲ တစ်တင်း ၂၅၅ဝဝ ကျပ်နဲ့ဈေးငြိမ်နေပြီး စားတော်ပဲ (ကနေဒါ) ကတော့ တစ်တင်း ၂၁၅ဝဝ ကျပ်နဲ့ ပစ္စည်းဝင် သလောက် အရောင်းအဝယ်ဖြစ်ခဲ့တယ်လို့ ပွဲရုံရပ်ကွက်က ကြားသိရပါတယ်။ ကုလားပဲဈေးတစ်တင်း ၂၅ဝဝဝ ကျပ် ဝန်းကျင်မှာရှိပြီး၊ စားတော်ပဲ (ကနေဒါ) မှာ ၂၁၅ဝဝ ကျပ်သာရှိတဲ့အတွက် ကြာဇံစက်နဲ့ ခွဲစက်သမားတွေက ဈေးသက်သာတဲ့စားတော်ပဲ (ကနေဒါ) ကို အစားထိုးအသုံးပြုဖို့ စိတ်ဝင်စားမှုရှိနေတယ်လို့ ဈေးကွက်ကဆိုပါတယ်။ ကုလားပဲတစ်တင်းကို အခြမ်းခွဲတဲ့အခါ ပဲခြမ်း ၁၉ ပိဿာခန့်သာရပေမဲ့ စားတော်ပဲ (ကနေဒါ) ကို အခြမ်းခွဲရင် ပိဿာ ၂ဝ ခန့်ထွက်လို့ ကုန်ချောတစ်ပိဿာပိုရတာကြောင့် ကြာဇံနဲ့ ခွဲစက်သမားတွေ တွက်ခြေကိုက်တဲ့အတွက် အခုလိုအဝယ်လိုက်ခြင်း ဖြစ်တယ်လို့ ပွဲရုံရပ်ကွက်က ကြားသိရပါတယ်။ ထွန်းလှိုင်
၂ဝ၁ဝ ခုနှစ် အောက်တိုဘာ ၁၈ ရက် နိုင်ငံတကာဈေးနှုန်းစဉ် အမျိုးအစား ဂျပန်ဈေးနှုန်း(ဒေါ်လာ/တန်) ညီမျှကျပ်ငွေ(ကျပ်/တန်) မြန်မာဈေးနှုန်း(ကျပ်/တန်) FOBဈေးနှုန်း(ဒေါ်လာ/တန်)တိရစ္ဆာန်အစားအစာ၁ ပြောင်း ၃၁၂ ၂၈၇၉၆ဝ ၁၈၃၇ဝဝ ၂၅ဝ-၂၇ဝပဲမျိုးစုံ၁ ထောပတ်ပဲ ၁၅၁၉ ၁၄ဝဝ၆၁၇ ၈၈၄၉ဝဝ ၈၅ဝ-၈၇ဝ မှတ်ချက်။ ငွေလဲနှုန်း 1USD = 81.19 Yen၂ဝ၁ဝ ခုနှစ် အောက်တိုဘာ ၂၂ ရက် နိုင်ငံတကာဈေးနှုန်းစဉ် အမျိုးအစား ဂျပန်ဈေးနှုန်း(ဒေါ်လာ/တန်) ညီမျှကျပ်ငွေ(ကျပ်/တန်) မြန်မာဈေးနှုန်း(ကျပ်/တန်)ဆန်၁ နီ၈ါတာ ဒေသ ၃၁ဝ၂-၃၁၈၆ ၂၈၄၁ ၂၆၇-၂၉၁၈ဝ၅၈၂ ချီဘာ ဒေသ ၂၅၃၆-၂၅၉၉ ၂၃၂၂၉ဝ၁-၂၃၈ဝ၅၂၁ (ယန်း/ဂါလန်) (ကျပ်/၈ါလန်) (ကျပ်/ဂါလန်)လောင်စာဆီ၁ ဓါတ်ဆီ ၅၁၃ .၇ဝ-၅၂၂ .၂၉ ၅၇၉၆-၅၈၉၈ ၂၅ဝဝ မှတ်ချက်။ ငွေလဲနှုန်း 1USD = 81.19 Yen MOC, Source :ဂျပန်နိုင်ငံ မြန်မာသံရုံး
ဈေးဆက်မြင့်လာတဲ့ ပြည်ပဲနီပြား ပြည်ဈေးကွက်အတွင်း လက်ကျန်နည်းလာပြီဖြစ်တဲ့ ပဲနီပြားဈေးနှုန်းမှာ ယခုနိုဝင်ဘာ ဒုတိယပတ်မှာ တစ်တင်းကို ၂၈ဝဝဝ ကျပ်ဖြင့် ဈေးမြင့်လာခဲ့တယ်လို့ သိရပါတယ်။ အောက်တိုဘာလကုန်တွင် တစ်တင်းကို ၂၆ဝဝဝ ကျပ်ဈေးဖြင့် ရောင်းဝယ်ခဲ့ကြပြီး နိုဝင်ဘာ ပထမပတ်တွင် ၂၇ဝဝဝ ကျပ်ဈေးသို့ မြင့်တက်လာကာ ယခုတစ်ပတ်တွင် တစ်တင်းကို ၂၈ဝဝဝ ကျပ်ထိ တဖြည်းဖြည်းဈေးမြင့်တက် လာခဲ့ပါတယ်။ လက်ကျန်နည်းလာတဲ့ အတွက် လက်ကားဝယ်ယူသူများရှိပေမယ့် လက်လီ သမားများဖြင့်သာ တစ်ရက်ကို ၁၄ အိတ် ၊ ၁၅ အိတ်ခန့် အရောင်း အဝယ်ဖြစ်နေတယ်လို့ သိရပါတယ်။ ခင်ဆွေဝင်း
ပြည်ပဲကြီးဈေးနှုန်း မြင့်တက်ပြီး အရောင်းအဝယ်သွက် ပဲခူးတိုင်းဒေသကြီးအနောက်ပိုင်းတွင် ပဲကြီးစိုက်ဧကအနေဖြင့် ယခုဆိုရင် ဧက ၃ဝဝဝ ကျော် စိုက်ပျိုးပြီးဖြစ်တယ်လို့ သိရပါတယ်။ ပဲကြီးဈေးနှုန်းအနေဖြင့် ယခင်အပတ်ကထက် ဈေးမြင့်လာခဲ့ပါတယ်။ ယခင်အပတ်က ပဲကြီး(ကမ်းနား) တစ်တင်းကို ၃ဝဝဝဝ ကျပ်မှ ၃ဝ၅ဝဝ ကျပ်အထိသာရှိခဲ့ပြီး ယခုနိုဝင်ဘာလ ဒုတိယပတ်အတွင်း ပဲကြီး (ကမ်းနား) တစ်တင်းကို ၃၁၅ဝဝ ကျပ်ထိ တစ်တင်းကို ၁ဝဝဝ ကျပ်ခန့် ဈေးမြင့် တက်လာခဲ့ကာ ပဲကြီး (ရွှေကျွန်း) အမျိုးအစားကတော့ တစ်တင်း ၃၂၅ဝဝ ကျပ်ထိ ဈေးမြင့်လာခဲ့တယ်လို့ သိရပါတယ်။ အရောင်းအဝယ် ဖြစ်မှု အနေဖြင့် ပဲကြီး (ကမ်းနား) မှာ တစ်ရက် အိတ် ၁၅ဝ -၂ဝဝ ပုံမှန်ရှိခဲ့သော် လည်း ပဲကြီး (ရွှေကျွန်း) ကတော့ အရောင်းအဝယ်ပုံမှန်မဖြစ်ပေမဲ့ အရောင်းအဝယ် ရှိသည့်ရက်ဆိုရင် တစ်ရက်ကို အိတ် ၁ဝဝ ခန့် ရှိခဲ့ကြောင်း သိရပါတယ်။ ခင်ဆွေဝင်း
ပုံမှန်အရောင်းအဝယ်ဖြစ်လာတဲ့ မိုးကောင်းမြေထောက် မိုးကောင်းဒေသထွက် မိုးမြေထောက်ပဲတို့ ပေါ်ဦးမှာ ဈေးအေးအဝယ်ပါး တာကြောင့် တောင်သူလက်မှာ လက်ကျန် များနေခဲ့ပေမဲ့ နိုဝင်ဘာလဆန်းပိုင်းက စပြီး တက်ရိပ်ပြလာပါတယ်။ ယခုအပတ်မှာတော့ တစ်တင်း ၁၄၂ဝဝ ကျပ်အထိ ဈေးရလာတာကြောင့် အရောင်းအဝယ်ပုံမှန်ဖြစ်ကာ မန္တလေးတိုင်းဒေသကြီးသို့ နေ့စဉ် ၄၅ ပိဿာဝင်အိတ် ၃ဝ ခန့် တင်ပို့နေကြောင်း သိရပါတယ်။ ကိုကိုစိုး
ပဲယင်းအနည်းငယ်ဆက်လက်တင်ပို့ အခြားပဲတွေထဲမှာ ပမာဏမများပေမဲ့ တင်ပို့မှုရှိနေသေးတာကတော့ ပဲယင်းဖြစ်ပါတယ်။ ယခုတစ်ပတ် နိုဝင်ဘာလ ၄ ရက်မှ ၁၁ ရက်အတွင်းမှာ ၇၂ တန် တင်ပို့တဲ့နိုင်ငံတွေကတော့ ကိုရီးယား၊ မလေးရှား၊ စင်ကာပူတို့ဖြစ်ပါတယ်။ အောက်တိုဘာလ တစ်လလုံး တင်ပို့မှုအနေနဲ့ တန်ချိန် ၃ဝဝ ကျော်သာရှိပြီး စက်တင်ဘာလမှာ တန်ချိန် ၆ဝဝ ကျော်တင်ပို့ခဲ့တာတွေ့ရပါတယ်။ ယခင်နှစ် အောက်တိုဘာလမှာ တန်ချိန် ၁၄ဝဝ ခန့်တင်ပို့နိုင်ခဲ့လို့ ယခုနှစ် ကာလတူမှာ သိသိသာသာလျော့ကျတာတွေ့ရပါတယ်။ ရန်ကုန် FOB ဈေးမှာ FAQ တစ်တန် ကို ကန်ဒေါ်လာ ၆၇၅-၆၈၅ ဖြစ်ကြောင်း သိရပါတယ်။ MIRT - MAPT
