Main menu

Background

Monday, 18 Oct 2010

ဗွီတူးအမြင့်ဈေးနဲ့ အရောင်းအဝယ်ဖြစ်နေ      မုံရွာပဲဈေးကွက်မှာ အောက်တိုဘာ ဒုတိယပတ်အတွင်း အဝယ် လိုက် လာပြီး ဈေးမြင့်လာတဲ့ ပဲကဗွီတူးလို့ သိရပါတယ်။ ဒေသတွင်းပဲခွဲစက်၊ ကြာဇံစက် များနဲ့အတူ ရန်ကုန်ဝယ်လက်အပြိုင်ဆွဲလာလို့ အောက်တိုဘာလ ၁၁ ရက်နေ့က ပုံမှန်ထက် အရောင်းအဝယ်ပိုကာ ဈေးမှာ တစ်တင်း ၂ဝဝ ကျပ်မြင့်တက်ခဲ့ပြီး တစ်တင်း ၂၁ဝဝဝ ကျပ်နဲ့ အိတ် ၁၅ဝဝ ခန့်အရောင်းအဝယ် ဖြစ်ခဲ့ကြောင်း သိရပါတယ်။အောင်မင်း 

Monday, 18 Oct 2010

ဈေးမာလာတဲ့ မန်းကုလားပဲဈေးကွက်        မန်းဈေးကွက်အတွင်း ကုလားပဲကို ဒေသတွင်း ပဲခွဲစက်လုပ်ငန်းရှင်များမှာ ဝယ်လိုအား ကောင်းနေတဲ့အတွက် ဈေးမြင့်လာတာကို တွေ့ရပါတယ်။ ဈေးကွက် အတွင်း ပစ္စည်းလက်ကျန်နည်းလာသလို ပဲခွဲစက်လုပ်ငန်း ရှင်များ ဆွဲအား ကောင်းနေတဲ့အတွက် ဈေးမြင့်လာတာဖြစ်ကြောင်း ပဲလက်ကျန်ကုန်သည်တို့က ပြောပါတယ်။ စက်တင်ဘာလ နောက်ဆုံး ပတ်မှာ ကုလားပဲဖြူကြီးတစ်ပိဿာ ၁၁ဝဝ ကျပ် တစ်တန် ၆၇၃၆ဝဝ ကျပ်၊ ကုလားပဲ(တိုင်ပေ) ၁ဝ၄၈ ကျပ်၊ တစ်တန် ၆၄၁၇ဝဝ ကျပ်ဈေးဖြင့်သာ ရောင်းဝယ်ခဲ့ကြပြီး ယခုတစ်ပတ်မှာတော့ ကုလားပဲဖြူလုံးကြီး တစ်ပိဿာ ၁၁၃၅ ကျပ်၊ တစ်တန် ၆၉၅ဝဝ ကျပ်၊ ကုလားပဲ(တိုင်ပေ) တစ်ပိဿာ ၁ဝ၈၄ ကျပ်၊ တစ်တန် ၆၆၃၈ဝဝ ကျပ်ဈေးဖြင့် ဈေးမြင့်ပြီး ဈေးကွက်အတွင်း အရောင်းသွက်ဈေးမာလျက်ရှိကြောင်း သိရပါတယ်။ကျော်ကျော်မိုး 

Monday, 18 Oct 2010

ဒေသတွင်းအရောင်းသွက် ဈေးကွက်မာတဲ့ မုံရွာကုလားပဲ      မုံရွာကုန်စည်ဒိုင် ပဲဈေးကွက်ရဲ့ အောက်တိုဘာဒုတိယပတ်မှာ အခြားပဲ များထက် ကုလားပဲမျိုးစုံ အရောင်း အဝယ်သွက်ခဲ့ပြီး ပေါက်ဈေးအနေနဲ့ ယခင် အပတ်ကထက် တစ်တင်းကို ၇ဝဝ ကျပ်မှ ၁ဝဝဝ ကျပ်ထိ ဈေးပိုရခဲ့ကာ ကုလားပဲ ရိုးရိုးတစ်တင်း ၁၉၇ဝဝ ကျပ်၊ ကုလားပဲ (တိုင်ပေ) တစ်တင်း ၂၁ဝဝဝ ကျပ်နဲ့ ဗွီတူး တစ်တင်း ၂၁၅ဝဝ ကျပ်အသီးသီး ဈေးမြောက်လာခဲ့ပါတယ်။ ယခုအပတ်ထဲမှာ ရန်ကုန်၊ မန္တလေး ဝယ်လက် အနည်းငယ်သာရှိခဲ့ပြီး ဒေသတွင်းခွဲစက်သမားတွေ အများဆုံးဝယ်ယူ ခဲ့တယ်လို့ ပွဲရုံရပ်ကွက်က ဆိုပါတယ်။ တစ်ရက်ကို တင်း ၃ဝဝမှ ၅ဝဝ ကြား နေ့စဉ် အရောင်းအဝယ်ဖြစ်ခဲ့ကာ အောက်တိုဘာလ ၁ ရက် နေ့မှ ၁ဝ ရက်နေ့အထိ မန္တလေးကို တင်း ၂ဝဝဝ ခန့်နဲ့ ရန်ကုန်ကို တင်း ၂၅ဝဝ ခန့်၊ မုံရွာဈေးကွက်မှ တင်ပို့စီးထွက်ခဲ့တယ်လို့ လေ့လာသိရှိရပါတယ်။ထွန်းလှိုင်

Monday, 18 Oct 2010

ပြည်ပဈေးကွက်အခြေအနေအရ အိန္ဒိယကုလားပဲဈေးမြင့်တက်      ပြည်ပလက်ငင်းဈေးကွက်များမှာ ကုလားပဲကိုတာ လျော့ကျခြင်းနဲ့ ပွဲတော်ကာလနီးလာပြီဖြစ်ခြင်းတို့ကြောင့် လွန်ခဲ့တဲ့သီတင်းပတ်များအတွင်း အိန္ဒိယ ပြည်တွင်းဈေးကွက်များမှာ ကုလားပဲဝယ်လိုအား မြင့်တက်ခဲ့တယ်လို့ သိရပါတယ်။ ဒါ့အပြင် ကုလားပဲအတွက် အနိမ့်ဆုံးထောက်ပံ့ဈေးနှုန်းကို ယခင်နှစ်က တစ်တန်ကို ရူပီး ၁၇၆ဝဝ (ကန်ဒေါ်လာ ၃၉၇ )ရှိရာမှ ရူပီး ၂၁ဝဝဝ (ကန်ဒေါ်လာ ၄၇၄) ကို မြှင့်တင်မယ်ဆိုတဲ့ သတင်းများက ကုလားပဲ ဈေးနှုန်းကို အထောက်အပံ့ဖြစ်စေပါ တယ်။ ကုလားပဲအတွက် အနိမ့်ဆုံး ထောက်ပံ့ဈေးနှုန်း တိုးမြင့်လိုက်ခြင်း ကြောင့် ပဲတောင်သူများဟာ ယင်းဈေးအောက်လျော့ချပြီး၊ ရောင်းချမှာမဟုတ်ဘူးလို့ ဆိုပါတယ်။     ပွဲတော်အတွက် အဝယ်ကောင်းလာမှာဖြစ်လို့ ကာလတိုအတွင်း ကုလားပဲတစ်တန်ကို ရူပီး ၇ဝဝ-၈ဝဝ (ကန်ဒေါ်လာ ၁၆-၁၈) မြင့်တက်နိုင်ပေမဲ့ ကာလပတ်အတွင်းမှာတော့ မိုးပဲအထွက်ကောင်းမယ့်ခန့်မှန်းချက်နဲ့ ကုလားပဲ လက်ကျန်ရှိ နေခြင်းတို့ကြောင့် ဈေးငြိမ်နိုင်တယ်လို့ ခန့်မှန်းကြပါတယ်။                                                                                                       ယမင်းခင်၊Source: commodityonline 

Monday, 18 Oct 2010

မုံရွာပဲတီစိမ်း အရည်အသွေးကောင်းလို့ ဈေးကောင်းရနေ         မုံရွာကုန်စည်ဒိုင် ပဲတီစိမ်းကြီးဈေးကွက်ဟာ ပြီးခဲ့တဲ့လကုန်ပတ်နဲ့ အောက်တိုဘာပထမပတ်အတွင်း တစ်တင်း၂၂၅ဝဝ ကျပ်ခန့်သာ အမြင့်ဆုံးပေါက်ခဲ့ရာမှ ယခုတစ်ပတ်မှာတော့ အသစ်ဝင်လာတဲ့ ပဲတီစိမ်းကြီးတွေ တစ်တင်း ၂၅ဝဝဝကျပ်ထိ ဈေးကောင်းရခဲ့တာတွေ့ရပါတယ်။ အရည်အသွေးကောင်းလို့ ဈေးကောင်းရခြင်းဖြစ်သလို ဈေးကောင်းရလို့လည်းနယ်အဝင် သွက်လာခဲ့ပါတယ်။ နယ်စုံကဝင်လာတဲ့ ပမာဏပေါ်မူတည်ပြီး၊ မန္တလေး ဝယ်လက်တွေ ဝယ်ယူမှုရှိလို့ တစ်ရက်ကို တင်း ၂ဝဝ မှ ၄ဝဝ ကြား ပုံမှန်အရောင်းအဝယ်ဖြစ်ခဲ့ပြီး၊ အောက်တိုဘာ ၁ ရက်မှ ၁ဝ ရက်ထိ မုံရွာ ဈေးကွက်ကနေ မန္တလေးကို ပဲတီစိမ်းကြီး တင်း ၃ဝဝဝ ခန့် တင်ပို့ခဲ့ကြကြောင်း လေ့လာ သိရှိရပါတယ်။ထွန်းလှိုင်

Monday, 18 Oct 2010

တရုတ်ဝယ်လက်အဆွဲသာတဲ့ မုံရွာပဲတီစိမ်းဈေးကွက်     မုံရွာပဲဈေးကွက်မှာ အောက်တိုဘာ ဒုတိယပတ်အတွင်း ပဲတီစိမ်းဈေးမှာ အနည်းငယ်မြင့်တက်ခဲ့ပါတယ်။ ဝယ်လက်မှာ မန္တလေး ရန်ကုန်အပြိုင်ဆွဲနေပြီး အောက်တိုဘာ ၁၁ ရက်နေ့က မန္တလေးဝယ်လက်က ရန်ကုန်ဝယ်လက်ထက်ဈေးပိုခဲ့ပြီး တစ်တင်း ၂၅ဝဝဝ ကျပ်ဈေးနဲ့ တင်း ၈ဝဝ ကျော်အရောင်းအဝယ်ဖြစ်ခဲ့ကြောင်း သိရပါတယ်။အောင်မင်း

Monday, 18 Oct 2010

ဈေးငြိမ်ပြီး ပုံမှန်အရောင်းအဝယ်ဖြစ်နေတဲ့ ပြည်ပဲတီစိမ်းဈေးကွက်        ပြည်ဈေးကွက်အတွင်း ပဲတီစိမ်းအဝင်မရှိတော့ပေမယ့် ဈေးကွက်လက်ကျန် အရောင်းအဝယ်ကတော့ ပုံမှန် ဖြစ်နေခဲ့ ပါတယ်။ အောက်တိုဘာ ပထမပတ်အတွင်း တစ်ရက်ကို အိတ် ၅ဝ ခန့် အရောင်းအဝယ်ဖြစ်ခဲ့ရာမှ အရောင်းသွက်တဲ့ရက်ဆိုပါက တစ်ရက်ကို အိတ် ၁ဝဝ ခန့်အထိ ရောင်းဝယ်ခဲ့ကြတယ်လို့သိရပါတယ်။ ယခုအောက်တိုဘာ ဒုတိယပတ်တွင် တစ်ရက်ကို အိတ် ၄ဝ မှ ၅ဝ အထိ အရောင်းအဝယ်ပုံမှန်ဖြစ်လျက်ရှိပါတယ်။ ဈေးနှုန်းအနေဖြင့် လက်လီတစ်တင်းကို ၂၃ဝဝဝ ကျပ်နဲ့ လက်ကားဈေးမှာ တစ်တင်း ၂၂၅ဝဝ ကျပ်ဖြင့် ဈေးငြိမ်နေကြောင်း သိရပါတယ်။                                                                                                                                  ခင်ဆွေဝင်း

Monday, 18 Oct 2010

အိန္ဒိယပဲတီစိမ်းဈေး တစ်လအတွင်း အနည်းငယ်သာလျော့      အိန္ဒိယပြည်တွင်းဈေးကွက်တွေမှာ ပဲအသစ်ဝင်ရောက်မှု ရှိလာပေမဲ့ အစိုဓါတ်ပါဝင်မှုများခြင်းကြောင့် ဈေးအနည်း ငယ်လျော့ကျပါတယ်။ ပွဲတော်ကာလအတွက် လက်ရှိပဲများကို ဈေးအနိမ့်နဲ့ ဝယ်လိုအားကောင်းနိုင်ပေမဲ့ ပြည်ပက တင်သွင်းပဲ များရောက်ရှိလာတာကြောင့် ရောင်းအားများပြီး ဈေးလျော့နိုင်တယ်လို့ ခန့်မှန်းကြပါတယ်။ တစ်လအတွင်း ချန်နိုင်းဈေးကွက်ပေါက်ဈေးနဲ့ C & F  ဈေးနှုန်းများ နှိုင်းယှဉ်ဖော်ပြလိုက်ပါတယ်                         ချန်နိုင်းဈေးကွက်                ချန်နိုင်း (C&F)                     ရူပီး                      ဒေါ်လာ                          ဒေါ်လာ၁၃-၁ဝ-၁ဝ    ၄၇ဝဝဝ                    ၁ဝ၅၆                          ၉၃၅၁၃-၉-၁ဝ       ၄၈ဝဝဝ                   ၁ဝ၃၆                          ၉၂ဝMIRT (MAPT)

Monday, 18 Oct 2010

ပဲတီစိမ်းတန် ၁ဝဝဝ ကျော်နယ်စပ်မှပို့      စစ်ကိုင်း၊ မန္တလေးနဲ့မကွေးတိုင်းဒေသကြီးများမှာ ထွက်ရှိတဲ့ ပဲတီစိမ်း ၇၃၆ တန်နီးပါးနဲ့ ပဲတီစိမ်းအခြမ်း ၁၉၅ တန်ခန့် စုစုပေါင်း တန်ချိန် ၉၃၁ ကန်ဒေါ်လာ ဝ ဒသမ ၈၈ သန်းဖိုးအောက်တိုဘာလ ၆ ရက်မှ ၁၂ ရက်အထိ ကာလအတွင်း တင်ပို့နိုင်ခဲ့ပါတယ်။ ယခင်အပတ်ကထက် တန်ချိန် ၃၂၉ ခန့်ပိုမိုတင်ပို့နိုင်ခဲ့တယ်လို့ သိရပါတယ်။ ယခင်အပတ်ဈးထက် တစ်တန်ကို ယွမ် ၄ဝဝ ခန့်မြင့်တက်ခဲ့တဲ့အတွက် တွက်ခြေကိုက်မှု ရှိတာကြောင့်မို့ ယခုအပတ်မှာ တင်ပို့မှု ပိုမိုခဲ့တာလို့သိရပါတယ်။ ယခုအပတ်နဲ့ယခင်အပတ်ဈေးများကို နှိုင်းယှဉ်ဖော်ပြပေးလိုက်ပါတယ်                              မိမိဘက်(ကျပ်/တန်)                           တစ်ဘက်နိုင်ငံ(ယွမ်/တန်)               ယခု         ယခင်    ပြောင်းလဲမှု   ရာခိုင်နှုန်း     ယခု       ယခင်   ပြောင်းလဲမှု     ရာခိုင်နှုန်းပဲတီစိမ်း    ၉၉၉၅၃၇ ၉၂ဝ၃၁၄      ၇၉၂၂၃      ၈           ၇၁၈ဝ     ၆၇၈ဝ      ၄ဝဝ               ၆                                                                                                                        MIRT (DOBT)

Monday, 18 Oct 2010

မလေးရှားနဲ့ တရုတ်တိုင်ပေကို ပဲတီစိမ်းတန်ချိန် ၂၅ဝဝ ကျော်တင်ပို့        ယခုတစ်ပတ်အတွင်း အိန္ဒိယက အဝယ်မရှိသလောက်ဖြစ်ပေမဲ့ ပင်လယ်ရေကြောင်းက မလေးရှားနဲ့ တရုတ်တိုင်ပေကို တန်ချိန် ၂၅ဝဝ ကျော်တင်ပို့မှုရှိခဲ့တာတွေ့ရပါတယ်။ မြန်မာနိုင်ငံအလယ်ပိုင်း မကွေးနဲ့ ကျောက်ပန်းတောင်းဘက်ကပဲတီစိမ်းများဈေးကွက်ကို အနည်းငယ်စီ စဝင်လာပြီလို့ သိရပါတယ်။ တရုတ်နိုင်ငံမှာလည်း ပဲတီစိမ်းသစ်တွေ ထွက်ပေါ်နေပြီဖြစ်လို့ လက်ရှိပြည်တွင်း ဈေးကွက်တွေမှာ တရုတ်ဝယ်လက် အဝယ်နည်းနည်းအေးတယ်လို့ သိရပါတယ်။ ရန်ကုန်FOB  ဈေးများကို ယခင်တစ်ပတ်နဲ့ ယခုတစ်ပတ်နှိုင်းယှဉ်ဖော်ပြလိုက်ပါတယ်                 ပဲတီစိမ်း(အညာ)               ပခုက္ကူ                   ပဲတီရွှေဝါအသေး၁၄-၁ဝ-၁ဝ     ၈၈ဝ-၈၉ဝ                  ၉၇ဝ-၉၈ဝ                  ၁၁၅ဝ-၁၁၈ဝ၇-၁ဝ-၁ဝ      ၈၆ဝ-၈၈ဝ                   ၉၅ဝ-၉၆ဝ                  ၁၁၂ဝ-၁၁၃ဝMIRT (MAPT)

Pages