Main menu

Background

Monday, 11 Oct 2010

မျိုးအတွက်အဝယ်ရှိလာတဲ့ မတ်ပဲ      ပဲခူးတိုင်းဒေသကြီး အနောက်မှာ ဆောင်းသီးနံှတစ်ခုဖြစ်တဲ့ မတ်ပဲကို ပဲစိုက်တောင်သူများအဓိကထားပြီး စိုက်ပျိုးတာကို တွေ့ရပြီး ၂ဝ၁ဝ-၂ဝ၁၁ အတွက် မတ်ပဲလျာထား စိုက်ဧက ၅၁၅၈၁၁ ဧကရှိတာကို တွေ့ရပါတယ်။ မတ်ပဲစိုက်တဲ့ ရာသီနီး လာပြီဖြစ်လို့ ပြည်မြို့ရဲ့ ပတ်ဝန်းကျင်ဒေသမှ ပဲစိုက်တောင်သူများ မတ်ပဲမျိူးများကို ဝယ်ယူ နေကြပြီဖြစ်ကြောင်း သိရပါတယ်။ ပဲမျိူး တစ်တင်းကို လက်ကားဝယ်ယူရင် ၂၆ဝဝဝ ကျပ်ဈေးရှိပြီး လက်လီ ဝယ်ယူသူများ ကတော့ ပဲတစ်တင်းကို ၂၇ဝဝဝ ကျပ်ဈေးနဲ့ ဝယ်ယူရတယ်လို့ သိရပါတယ်။ဝယ်ယူတဲ့ မျိုးတွေကတော့ အထွက်နှုန်းကောင်းစေတဲ့ ဒေသမျိးနဲ့ ရေဆင်း ၂၊ ရေဆင်း ၃ မျိုးတွေ ဖြစ်တယ်လို့ သိရပါတယ်။     တင်ပို့ဖို့ အရောင်းအဝယ်လုပ်တဲ့ မတ်ပဲဈေးကတော့ မိုးရာသီနဲ့အပြိုင် အေးနေတာကိုတွေ့ရပါတယ်။ စက်တင်ဘာလရဲ့ ဒုတိယပတ်မှာတော့ ပဲတစ်တင်း ကို ၂၅၂ဝဝ ကျပ်ဈေးနဲ့ ဈေးငြိမ်နေတာကို တွေ့ရပါတယ်။ ရန်ကုန် ဝယ်လက် ကလည်း အဝယ်အေးနေပြီး မြို့တွင်းပဲကုန်သည်များကလည်း တစ်နေ့ကို ပဲ တစ်တင်းခွဲအိတ် ၁၅ဝ-၂ဝဝ သာ အရောင်းအဝယ် ရှိတယ်လို့ သိရပါတယ်။ ရန်ကုန် ကို စီးဆင်းတဲ့ ပဲအိတ်အရေအတွက်ကတော့ တစ်နေ့ကို အိတ် ၈ဝဝ လောက်သာ တင်ပို့တယ်လို့ သိရပါတယ်။ မိမိအေး

Monday, 11 Oct 2010

လက်ကျန်နည်းပြီးဈေးအနည်းငယ်မြင့်လာတဲ့ ဟင်္သာတပဲဈေးကွက်       မတ်ပဲဈေးကတော့ ဟင်္သာတဈေးကွက်မှာ အနည်းငယ်မြင့်တက်လာ ပါတယ်။ ယခင်တစ်ပတ်က ပိဿာ ၂ဝ တစ်တင်းကို ၂၅၇ဝဝ ကျပ်နဲ့ အရောင်း အဝယ်ဖြစ်ခဲ့ပြီး ယခုအပတ်မှာတော့ မတ်ပဲဈေးမှာ ၂၅၈ဝဝ ကျပ်ဈေးသို့ အနည်း ငယ် မြင့်တက်လာပါတယ်။ ယခုအချိန်အခါဟာ ကုန်သည်များလက်မှာ ပဲလက်ကျန်နည်းသွားပြီး တောင်သူအချို့မှာလည်း မိုျးပဲလောက်သာ ကျန်ရှိပါတော့ တယ်။ ပဲရောင်းဝယ်မှုအနေနဲ့ နေ့စဉ်ဖြစ်ပေါ်နေတဲ့ ဈေးများဖြင့် တစ်ပတ်အတွင်း ပျမ်းမျှတစ်တင်းခွဲအိတ် ၅ဝဝဝ ခန့် တင်ပို့တယ်လို့ သိရပါတယ်။အေးအေးခိုင်

Monday, 11 Oct 2010

မတ်ပဲတင်ပို့မှု တန်တစ်သောင်းအောက် လျော့      အိန္ဒိယဈေးကွက်တွေကို မတ်ပဲအသစ်တွေ ဝင်ရောက်လာပြီဖြစ်လို့ မြန်မာနိုင်ငံက တင်သွင်းမှုလျော့ကျခဲ့တဲ့ အတွက် စက်တင်ဘာလ ၃ဝ ရက်မှ အောက်တိုဘာလ ၆ ရက်အထိ ယခုတစ်ပတ်အတွင်း မတ်ပဲတင်ပို့မှုဟာ တန်ချိန် တစ်သောင်းအောက်ကို လျော့ကျလာခဲ့ပါတယ်။ ပြည်ပဝယ်လက်တွေက စက်တင် ဘာလ လောက် အဝယ်မသွက်ပေမဲ့ နည်းနည်းနဲ့ မှန်မှန်တော့ အဝယ်ရှိတယ်လို့ သိရပါတယ်။ ပြည်ပကို စက်တင်ဘာအတွင်း တင်ပို့မှုဟာ တန်ချိန် ၄၈ဝဝဝ ခန့်ရှိပြီး သြဂုတ်လမှာ တန်ချိန် ၅၄ဝဝဝ ခန့်တင်ပို့ခဲ့တာတွေ့ရပါတယ်။ ယခင်နှစ် စက်တင်ဘာလ တင်ပို့မှုအနေနဲ့ တန်ချိန် ၄ဝဝဝဝ ကျော်သာရှိတဲ့အတွက် ယခုနှစ် ကာလတူ တင်ပို့မှု ပိုမိုခဲ့တာတွေ့ရပါတယ်။ ရန်ကုန် FOB ဈေးများ ယခင် တစ်ပတ်နဲ့ ယခုတစ်ပတ် နှိုင်းယှဉ်ဖော်ပြလိုက်ပါတယ်                                                                                                             ဒေါ်လာ/တန်               မတ်ပဲ(FAQ)        (SQ)၇-၁ဝ-၁ဝ  ၉၄ဝ-၉၅ဝ      ၁၁၁ဝ-၁၁၂ဝ၁-၁ဝ-၁ဝ  ၉၂ဝ-၉၃ဝ      ၁ဝ၉ဝ-၁၁ဝဝMIRT(MAPT)

Monday, 11 Oct 2010

စိုက်ဧရိယာမြင့်တက်ပြီး ပဲအဝင်များလာလို့ အိန္ဒိယ မတ်ပဲဈေးဆက်လက်ကျဆင်း             အိန္ဒိယ မဟာရပ်ရှတရာဒေသကို မတ်ပဲအသစ်များ ဝင်ရောက်မှု တိုးတက်လာပြီဖြစ်ပြီး ပဲစိုက်ဧရိယာက ယခင်နှစ်ထက် သိသိသာသာမြင့်တက်လို့ ဈေးကွက်များမှာ ဈေးဆက်လက်ကျဆင်းခဲ့တယ်လို့ သိရပါတယ်။ အိန္ဒိယ တောင်ပိုင်းမှာ မိုးကောင်း နေခြင်းက ပဲစင်းငုံနဲ့ မတ်ပဲထွက်ရှိမှု ပိုမိုကောင်းမွန် လာစေမှာဖြစ်ပါတယ်။ ဒါ့အပြင် ပြည်ပက တင်သွင်းမှုများခြင်းကလည်း ဈေးမတက်အောင် ထိန်းထားသလို့ ရှိနေပါတယ်။       ဒေလီလက်ငင်းဈေးကွက်မှာ မတ်ပဲ FAQ တစ်တန်ကို ရူပီး ၄၅ဝဝဝ (ကန်ဒေါ်လာ ၁ဝ၁ဝ) မှ ရူပီး ၄၄၅ဝဝ (ကန်ဒေါ်လာ ၉၉၉) ကို ကျဆင်းခဲ့တယ်လို့ သိရပါတယ်။ ယမင်းခင်၊Sources: P T I

Monday, 11 Oct 2010

ပဲစင်းငုံနီဈေးအငုတ် ဝယ်သူရှိခိုက်ထုတ်ရောင်းနေ       အောက်တိုဘာပထမပတ် မုံရွာပဲဈေးကွက်မှာ ပဲစင်းငုံနီ ဈေးဆက်လက် ကျဆင်းနေလျက်ရှိရာ တစ်တင်း ၁၈၆ဝဝ ကျပ်နဲ့ ရန်ကုန်အော်ဒါရှိတဲ့ ကုန်သည် အချို့ဝယ်ယူမှုရှိခဲ့တယ်လို့ ဈေးကွက်ကဆိုပါတယ်။ နောက် ၂ လကျော်ရင် ပဲစင်းငုံနီ အသစ် တွေပေါ်တော့မှာမို့ ကုန်သည်တွေအနေနဲ့ လက်ဝယ်သိမ်းထားဘို့ အခက် အခဲရှိလို့ ရန်ကုန်ဝယ်လက်ရှိတုန်း ထုတ်ရောင်း လျက်ရှိတယ်လို့ သိရပါတယ်။ နေ့စဉ် ပုံမှန်ရောင်းဝယ်မှုအနေနဲ့ တင်း ၃ဝဝ ဝန်းကျင်ရှိပြီး ရန်ကုန်၊ မန္တလေး၊ အဝယ် အော်ဒါ ရှိတဲ့နေ့မှာတော့ တင်း ၁ဝဝဝ မှ ၂ဝဝဝ ထိ အရောင်းအဝယ် ဖြစ်ခဲ့တယ်လို့ ပွဲရုံပိုင်ရှင်တစ်ဦးက ပြောပြပါတယ်။  ယခု  တစ်ပတ်အတွင်း မုံရွာကုန်စည်ဒိုင်နယ်မြေက ပဲစင်းငုံနီစီးထွက်မှု အခြေအနေကို လေ့လာတဲ့အခါ မန္တလေးကို တင်း ၂၅ဝဝ ခန့်နဲ့ ရန်ကုန်ကို တင်း ၃၅ဝဝ ခန့် တင်ပို့ခဲ့ကြကြောင်း သိရှိရပါတယ်။ထွန်းလှိုင်

Monday, 11 Oct 2010

ဈေးလျော့အဝယ်ရှိတဲ့ ပြည်ပဲစင်းငုံ         ယခုတစ်ပတ်ပြည်ဈေးကွက်မှာ ပဲစင်းငုံ ပိဿာ ၂ဝ တစ်တင်းကို ၁၉ဝဝဝ ကျပ်ဈေးဖြင့် အရောင်းအဝယ် ဖြစ်ခဲ့ကြတဲ့ အတွက် ယခင်အပတ်ထက် ကျပ် ၁ဝဝဝ ကျော်ခန့် ကျဆင်းသွားခဲ့ပါတယ်။ အိတ်စပို့သမားများ ဈေးလျှော့ အဝယ်ရှိခြင်း ကြောင့် ဈေးကျရခြင်းဖြစ်ကြောင်း သိရပါတယ်။ လက်ကျန်များပေမယ့် အချို့မှာ ကြိုက် ဈေးမရလို့ ထုတ်မရောင်းသလို ငွေလိုသူတစ်ချို့က ထုတ်ရောင်းနေတဲ့ အတွက် ပြည်ဈေးကွက်တွင် အရောင်းအဝယ် အသင့်အတင့်ဖြစ်ကြောင်း သိရပါတယ်။                                                                                                                  ဆုမွန်ဆွေ

Monday, 11 Oct 2010

အိန္ဒိယပဲစင်းငုံဈေး တစ်လအတွင်း အနည်းငယ်မာလာ       အိန္ဒိယပြည်တွင်းလက်ငင်းဈေးကွက်တွေမှာ တစ်လအတွင်း ပဲစင်းငုံ ဈေးအနည်းငယ်မာလာတာ တွေ့ရ ပါတယ်။ ပဲစင်းငုံစိုက်ဧရိယာ မနှစ်ကထက် အမြောက်အမြားပိုမိုပေမဲ့ အသစ်မထွက်သေးဘဲ လက်ကျန်များ ရောင်းချ နေတာ ဖြစ်လို့ ဈေးမကျသွားဘဲ အနည်းငယ်မာလာတာ ဖြစ်ပါတယ်။ ပြည်တွင်း ဈေးကွက် တွေမှာ လက်ကျန် အမြောက်အမြားရှိနေသေးတယ် ဆိုပေမဲ့လည်း တန်ဇန်းနီးယားနဲ့ မြန်မာနိုင်ငံတို့ကလည်း အနည်းငယ်စီ တင်သွင်းနေတာ တွေ့ရပါတယ်။ ပဲစင်းငုံအသစ် ဈေးကွက်ထဲမရောက်မီ အချိန်ထိတော့ ဈေးမာ နိုင်တယ်လို့ ခန့်မှန်းကြပါတယ်။ ယခင်လနဲ့ ယခုလ ကာလတူ ဈေးနှုန်းများ နှိုင်းယှဉ် ဖော်ပြလိုက်ပါတယ်                                                                                                                    ဒေါ်လာ/တန်               မွန်ဘိုင်း      ချန်နိုင်း၆-၁ဝ-၁ဝ    ၇၉၆          ၈ဝ၁၆-၉-၁ဝ    ၇၅၃-၇၅၈    ၇၅၃MIRT(MAPT)

Monday, 11 Oct 2010

မလေးရှားဆန်လက်ကျန်က ၆ လအတွက် အလုံအလောက်ရှိတယ် လို့ ဘားနပ်စ်ကဆို              မလေးရှားနိုင်ငံရဲ့ ပြည်တွင်းဆန်ဖူလုံမှုဟာ ၃ဝ ရာခိုင်နှုန်းသာ ရပ်တည် နိုင်သေးပေမဲ့ လက်ရှိအကျပ်အတည်း ကာလအတွင်း မလေးရှားနိုင်ငံမှာ ဆန်လက် ကျန် ပမာဏဟာ ၅ လ၊ ၆ လအတွက် လုံလောက်နိုင်တယ်လို့ဘားနပ် ( Bernas)  အကြီးတန်းမန်နေဂျာ အဇာဘင် အက်ဘ်ဒူလာ (Azhar bin Abdullah )  ပြော ကြားပါတယ်။ ကမ္ဘာ့ဆန် ဈေးကွက်အတွင်း ဆန်ရောင်းချမှု ငြိမ်သက်နေခြင်းက မလေးရှားနိုင်ငံအတွက် စိုးရိမ်စရာမဖြစ်နိုင်သေးပါဘူးလို့ ထပ်လောင်း ပြောကြား ပါတယ်။      မလေးရှားနိုင်ငံဟာ အခြားနိုင်ငံများမှ ၇ဝရာခိုင်နှုန်းဆန်တင်သွင်းမှုကို မှီခိုနေရ ပြီး အများစုကို ဗီယက်နမ်၊ ထိုင်းနဲ့ ပါကစ္စတန်တို့မှ တင်သွင်းနေရတယ်လို့ ဆိုပါတယ်။ နိုင်ငံရဲ့ ဆန်ထုတ်လုပ်နိုင်မှုဟာ မြေဆီလွှာရရှိနိုင်မှု၊ လယ်သမားဦးရေနဲ့ အခြားစီးပွားရေး အချက်အလက်များပေါ် မူတည်နေ ကြောင်း၊ ဘားနပ်အနေနဲ့ လယ်ကွင်း မရှိပေမဲ့ ထုတ်လုပ်မှုတိုးမြင့်ဖို့ လယ်သမားများကို အကူအညီ ပေးနိုင်ကြောင်း၊ ဒါပေမဲ့ လယ်သမားများနဲ့ အတူတကွ အလုပ်လုပ်နိုင်မယ့် ဆန်စက်များနဲ့ ချိတ်ဆက်မှုမရှိသေးဘူးလို့ ဆိုပါတယ်။ အမှန်တော့ ဆန် ထုတ်လုပ်မှုဟာ စားအုန်းဆီ၊ ရော်ဘာနဲ့ အခြား ငွေဖြစ်လွယ်တဲ့ သီးနံှများ ထုတ်လုပ်မှုရဲ့ ယှဉ်ပြိုင်မှုနဲ့ ရင်ဆိုင်နေရတယ်လို့ ဆိုပါတယ်။    ဒီလိုပြိုင်ဆိုင်မှုတွေရှိနေတဲ့တိုင် ဆန်ထုတ်လုပ်မှုမှာ နှစ်စဉ် ၂ ရာခိုင်နှုန်းမှ ၅ ရာခိုင်နှုန်းအတွင်း နှစ်စဉ်တိုးတက်မှုရှိတယ်လို့ ဆိုပါတယ်။ လမင်း၊ Sources: riceonline

Monday, 11 Oct 2010

အိန္ဒိယအဝယ်ထိုင်းသွားတဲ့ ပဲစင်းငုံတင်ပို့မှု လျော့ကျ      ယခင်တစ်ပတ်မှာ ပင်လယ်ရေကြောင်းက ပဲစင်းငုံတန်ချိန် ၄ဝဝဝ အထိ တိုးတက်တင်ပို့ခဲ့ပေမဲ့ ယခုတစ်ပတ် (စက်တင်ဘာလ ၃ဝ ရက်မှ အောက်တိုဘာလ ၆ ရက်) အတွင်းမှာတော့ တန်ချိန် ၁ဝဝဝ အေးအေးသာ တင်ပို့မှု ရှိခဲ့ပါတယ်။  အိန္ဒိယဝယ်လက်တွေ အဝယ်ထိုင်းသွားလို့ တင်ပို့မှု လျော့ကျလာခြင်းဖြစ်ပါတယ်။ ဒါပေမဲ့ အိန္ဒိယပဲအသစ် မထွက်မီစပ်ကြား ဒီလထဲမှာတော့ အဝယ် အနည်းငယ် ထပ်ထွက်လာနိုင်တယ်လို့ ကုန်သည်များက ခန့်မှန်းကြပါတယ်။ ယခုနှစ် စက်တင် ဘာလအတွင်း တင်ပို့မှုအနေနဲ့ တန်ချိန် ၈၈ဝဝ ခန့်ရှိပြီး ယခုနှစ် သြဂုတ်လမှာ တန်ချိန် ၁၃ဝဝဝ ခန့် တင်ပို့ခဲ့တာတွေ့ရပါတယ်။ ၂ဝဝ၉ ခုနှစ် စက်တင်ဘာလ တင်ပို့မှုမှာ တန်ချိန် ၃ဝဝဝ ကျော်သာရှိလို့ ကာလတူတင်ပို့မှု နှိုင်းယှဉ်ရာမှာ ယခုနှစ် စက်တင်ဘာလက တန်ချိန် ၅ဝဝဝ ကျော် ပိုမိုနေတာ တွေ့ရပါတယ်။ ဈေးကွက် တွေမှာ အရောင်းအဝယ်ဖြစ်မှုနည်းတာကြောင့် FOB  ဈေးလည်း လျော့ကျ လာတာကို ယခင်တစ်ပတ်နဲ့ နှိုင်းယှဉ် ဖော်ပြလိုက်ပါတယ်                                                                                                                                            ဒေါ်လာ/တန်                   ပဲစင်းငုံနီ              ပဲစင်းငုံဖြူနီ/ အဖြူ၇-၁ဝ-၁ဝ     ၇၅ဝ-၇၆ဝ                 ၆၃ဝ-၆၄ဝ၁-၁ဝ-၁ဝ     ၇၆ဝ-၇၇ဝ                 ၆၅ဝ-၆၆ဝMIRT(MAPT)

Monday, 11 Oct 2010

နိုက်ဂျီးရီးယား လယ်သမားများက ဆန်တင်သွင်းမှု ရပ်တန့်ဖို အစိုးရကို တောင်းဆို       ပြည်ပမှ ဆန်တင်သွင်းမှုများကြောင့် ဈေးကွက်အမြောက်အမြားမှာ လိုအပ်တာထက် ဆန်ပိုမို ရောင်းချမှုတွေနဲ့ရင်ဆိုင်နေရတဲ့ ပြည်တွင်းလယ်သမားများရဲ့ ထုတ်လုပ်မှုကို ကာကွယ်နိုင်စေဖို့ ပြည်ပက ဆန်တင်သွင်းမှုကို ရပ်တန့်ရေးအစိုးရကို နိုက်ဂျီးရီးယားလယ်သမားများအသင်း (RIFAN ) မှ တိုက်တွန်းထားတယ်လို့သိရပါတယ်။ နိုက်ဂျီးရီးယားနိုင်ငံအတွင်း ဆန်တိုးမြင့်ထုတ်လုပ်ဖို့၊ ဆန်ကြိတ်ခွဲမှု တိုးတက်ဖို့နဲ့ ဈေးကွက်ရရှိဖို့ အားပေးတဲ့အနေနဲ့ ဆန်တင်သွင်းမှုကိုပြန်လည် သုံးသပ်သင့်တယ်လို့လည်း RIFAN ဥက္ကဌ Alhaji Abubakar Wodi  မှ ပြောကြားပါတယ်။       အသေးစားဆန်စက်များအတွက် သုံးစွဲမှုကို ပြန်သုံးသပ်ပြီး နိုင်ငံအတွင်း အကြီးစားဆန်စက်များ ပေါ်ထွန်းလာစေဖို့အစိုးရအနေနဲ့ ပြန်လည်သုံးသပ်သင့်တယ်လို့လည်း 0x158င်းက ထပ်လောင်းပြောကြားပါတယ်။ယမင်းခင်၊ Sources: commodityonline

Pages