Main menu

Background

Tuesday, 12 Mar 2013

မန္တလေးတိုင်း ဒေသကြီးအတွင်း ပဲစင်းငုံစိုက်ပျိုးတဲ့ နွား ထိုးကြီး၊ မြင်းခြံ၊ မလှိုင်၊ ဝမ်းတွင်း၊ မြစ်သား၊ ကျောက်ဆည်၊ စဉ့်ကိုင်၊ တံတားဦးဒေသများမှ ပဲစင်းငုံနီများကို မန္တလေးကုန် စည်ဒိုင်မှာနေ့စဉ် အရောင်းအဝယ် ပြုလုပ်သလို ရွှေဘို ဒေသထွက် ပဲစင်းငုံကိုလည်း အရောင်းအဝယ်ပြုလုပ်ပါတယ်။ ယခင်လနောက် ဆုံးအပတ်မှာ ယခု ပဲစင်းငုံရာသီရဲ့ အမြင့် ဆုံးဈေးနဲ့ အရောင်းအဝယ်ဖြစ်ခဲ့ပေမယ့် ယခုအပတ်မှာ ဈေး အနည်းငယ်အေးသွားကြောင်း သိရပါတယ်။ ဈေးအေးပေ မယ့် အရောင်းအဝယ်ပုံမှန်ရှိတာကိုတွေ့ရပါတယ်။

Tuesday, 12 Mar 2013

မတ်လ ပထမပတ် မုံရွာကုန်စည် ဒိုင် ပဲဈေးကွက်မှာ ပဲစင်းငုံအသစ်တွေ နယ်ပစ္စည်း အဝင်မရှိသလောက် နည်း ခဲ့လို့ ဈေး ဆက်မာနေပါတယ်။ ယခု တစ်ပတ်အတွင်း တစ်တင်း ၁၉၈၀၀ ကျပ် - ၂၀၁၀၀ ကျပ်ဈေးများနဲ့ မြို့ပေါ် ကုန်သည် အချင်းချင်း ဈေးကြိုက်ရင် ဝယ်ကြရောင်းကြမှုသာရှိခဲ့သလိုရန်ကုန် လက်ပုံမှန်အဝယ်နဲ့ တစ်ရက်အိတ် ၁၅၀၀ - ၂၀၀၀  ခန့် အရောင်းအဝယ် ဖြစ်နေတယ်လို့ ဒိုင်ရပ်ကွက်က ဆိုပါ တယ်။ ကုလားပဲအုပ်စုဈေးကွက် မှာ ဈေးငြိမ်နေပြီး၊နယ်ဘက်ကပစ္စည်းအဝင် ရှိသလောက် ဒိုင်မှာ အရောင်းအဝယ် ဖြစ်ခဲ့တာတွေ့ရပါတယ်။ ပဲတစ်မျိုး ချင်း ဈေးကွက်အနေနဲ့ 929 ကုလားပဲမှာ ချောင်းဦးနယ်မှ အဝင်များလာပြီး၊ တစ် တင်း ၁၆၅၀၀ ကျပ်မှ ၁၇၁၀၀ ကျပ် အတွင်းပေါက်ဈေးဖြစ်ခဲ့ကာ တစ်ရက် ကို အိတ် ၁၀၀၀ ခန့် အရောင်းအဝယ် ဖြစ်ခဲ့ပါတယ်။ V2 ကတော့ နယ်စုံက ပစ္စည်းအဝင်ရှိခဲ့ပြီး၊ တစ်တင်း ၁၆၅၀၀ ကျပ်မှ ၁၇၁၀၀ ကျပ်အတွင်း ပေါက် ဈေး ဖြစ်ခဲ့ကာ တစ်ရက်အိတ် ၅၀၀ မှ ၁၀၀၀ ကြား အရောင်းအဝယ်ဖြစ်ခဲ့ တယ်လို့ ဆိုပါတယ်။ ထိုင်ဝမ်အနေနဲ့ ပစ္စည်းရှားနေပြီး ဒီတစ်ပတ်မှာတစ်တင်း ၁၆၇၀၀ကျပ်မှ၁၇၂၀၀ ကျပ်ဈေးပေါက် ခဲ့ပြီး၊ တစ်ရက် အိတ် ၅၀၀ ခန့်သာ အရောင်းအဝယ်ဖြစ်ခဲ့တယ်လို့ ဆိုပါ တယ်။ ယခုတစ်ပတ် ကုလားပဲမျိုးစုံ ဈေး ကွက်ရဲ့ အဓိက ဝယ်လက်မှာ ဒေသခံ ကုန်သည်လှောင်လက်နဲ့ ဒေသမှာ ပဲခွဲစက်အမှုန့်ကြိတ်စက် ကြာဇံစက်နဲ့ ပဲလက်လီသမားတွေသာဖြစ်ပြီး၊မန္တလေး နဲ့ ရန်ကုန်ဝယ်လက် မဆင်းသေးဘူးလို့ ဒိုင်ရပ်ကွက်က ဆိုပါတယ်။

Tuesday, 12 Mar 2013

ဖေဖော်ဝါရီလအတွင်းက စတင် အားနည်းလာခဲ့တဲ့ ရော်ဘာဈေးနှုန်းများက မတ်လဆန်းမှာ ဆက်လက် ကျဆင်း နေတယ်။ ကမ္ဘာ့ရော်ဘာသုံးစွဲမှုအများဆုံး တရုတ်နိုင်ငံရဲ့ ကုန်ထုတ်လုပ်မှု တိုးတက်နှုန်းနှေးကွေးခြင်းနဲ့ ကမ္ဘာ့ရော်ဘာ စံသတ်မှတ်ဈေးကွက်ဖြစ်တဲ့ ဂျပန်နိုင်ငံမှာ စားသုံးသူဈေးနှုန်း များ ကျဆင်းခြင်းတို့ကြောင့် ရော်ဘာကို ဝယ်လိုအားကျဆင်း သွားမယ်လို့ ခန့်မှန်းကြတယ်။ ဒါ့ကြောင့် ရော်ဘာဈေးနှုန်းများ ကျဆင်းလာခြင်းဖြစ်တယ်။

Tuesday, 12 Mar 2013

အင်ဒိုနီးရှား၊ ထိုင်းနဲ့မလေးရှားအပြည်ပြည်ဆိုင်ရာ သုံး ပါတီနဲ့ဖွဲ့စည်းထား တဲ့ ရော်ဘာကောင်စီ ဟာ ရော်ဘာ ဈေး နှုန်းကိုတစ်ကီလိုဂရမ်လျှင် ၃ ဒေါ်လာနှုန်းနဲ့ဆက်လက် တင်ပို့ သွားရန်သတ်မှတ်ထားပြီး ဆက်လက် ကျဆင်းသွားနိုင်တယ် လို့ ထုတ်ပြန်ထားပါတယ်။ နိုင်ငံတကာဈေးကွက်မှာဈေးနှုန်း တည်ငြိမ်မှုရှိစေရေး အတွက် အလေးထား ဆောင်ရွက်သွား ရမယ်လို့ ရော်ဘာကောင်စီကပြောပါတယ်။

Tuesday, 12 Mar 2013

ဖေဖော်ဝါရီလ ၂၇ ရက်မှ မတ်လ ၅ ရက်ထိကာလ အတွင်းမှာ မြန်မာ-တရုတ်နယ်စပ်ရှိ မူဆယ် ၁၀၅ မိုင်၊ ချင်းရွှေဟော်နဲ့ မြန်မာ-ထိုင်းနယ်စပ်ရှိ မြိတ်နယ်စပ်ကုန်သွယ် ရေး စခန်းများမှ ကန်ဒေါ်လာ ၅ ဒသမ ၁၆၇ သန်း တန်ဖိုးရှိ ရော်ဘာအဆင့်စုံ ၁၇၇၉ တန်ကျော်တင်ပို့နိုင်ခဲ့ပါတယ်။ ယခင်အပတ်က ၁၃၄၆ တန်ကျော်သာတင်ပို့နိုင်ခဲ့ လို့ ယခု အပတ်မှာ ၄၃၃ တန်ကျော် ပိုမိုတင်ပို့နိုင်ခဲ့တာကိုတွေ့ရှိရ ပါတယ်။ စခန်းအသီးသီးအလိုက် တင်ပို့မှုတွေကတော့ မူဆယ် ၁၀၅ မိုင်နယ်စပ်ကုန်သွယ်ရေးစခန်းမှ ကန်ဒေါ်လာ ၂ ဒသမ ၁၇၁ သန်းတန်ဖိုးရှိ  RSS-3  ၇၅၉ တန်ကျော်၊ကန်ဒေါ်လာ သုည ဒသမ ၀၉၆ သန်းတန်ဖိုးရှိ MSR-20  ၃၂ တန် ခန့်နဲ့ကန်ဒေါ်လာ သုည ဒသမ ၃ သန်းတန်ဖိုးရှိ  MSR-5ေ0 ၁၀၄ တန်ခန့်၊ချင်းရွှေဟော်နယ်စပ်ကုန်သွယ်ရေးစခန်းမှ ကန် ဒေါ်လာ ၁ ဒသမ ၂၄၃ သန်းတန်ဖိုးရှိ RSS-3    ၄၁၉ တန် ကျော်နဲ့ ကန်ဒေါ်လာ သုည ဒသမ ၉၂၉ သန်းတန်ဖိုးရှိ  MSR-20 ၃၁၅ တန်ခန့်၊ မြိတ်နယ်စပ်ကုန်သွယ်ရေးစခန်းမှ ကန်ဒေါ်လာ သုည ဒသမ ၁၄၃ သန်းတန်ဖိုးရှိ RSS-3  တန် ၅၀ ခန့်နဲ့ ကန်ဒေါ်လာ သုည ဒသမ ၂၈၅ သန်းတန်ဖိုးရှိ MSR-20 တန် ၁၀၀ ခန့်တို့ကိုတင်ပို့နိုင်ခဲ့ပါတယ်။ တရုတ်နိုင်ငံဟာ ကမ္ဘာမှာမော်တော်ကားတာယာထုတ်လုပ်မှု အကြီးဆုံးဈေးကွက်ကိုပိုင်ဆိုင်ထားပြီး ယခုအခါကမ္ဘာ့ မော် တော်ယာဉ် ထုတ်လုပ်မှု အရှိန်မြင့်လာသလိုတာယာ ထုတ် လုပ်မှုပါ မြင့်တက်လာသော်လည်း ကမ္ဘာ့ရော်ဘာ ဈေးကျ ဆင်းမှုနဲ့တရုတ်နိုင်ငံအတွင်း ရော်ဘာ ပိုမိုထွက်ရှိမှုတို့ကြောင့် ယခုနှစ်မှာဈေးကောင်းမရ ဘဲရှိနေပါတယ်။ ယခုအပတ် RSS-3   နဲ့ RSS-5 ရော်ဘာဈေးနှုန်းများ ကတော့ မိမိဘက်မှာ ပြောင်းလဲမှုမရှိပေမယ့် တစ်ဖက် တရုတ်နိုင်ငံမှာ မဆို သလောက်ဈေးတက်လျက်ရှိတာကိုတွေ့ရှိရပါတယ်။မိမိဘက် နဲ့ တစ်ဖ က်နိုင်ငံ မြေပြင်ပေါက်ေ ဈးများကို နှိုင်းယှဉ် ဖော်ပြ ပေးလိုက်ပါတယ် -
မိမိဘက်(ကျပ်/တန်)                            တစ်ဘက်နိုင်ငံ(ဒေါ်လာ/တန်)            ယခု           ယခင်     ပြောင်းလဲမှု    %     ယခု      ယခင်    ပြောင်းလဲမှု    %RSS - 3    ၂၅၅၀၀၄၀    ၂၅၅၀၄၄၀         -          -    ၂၉၇၄     ၂၉၆၉           ၅        ၀ .၂RSS - 5    ၂၅၀၂၄၀၀    ၂၅၀၂၄၀၀         -          -    ၂၇၃၃    ၂၇၂၉            ၄        ၀ .၂MIRT (DOBT)

Tuesday, 12 Mar 2013

မန္တလေးမြို့သကြားသကာရည်လုပ်ငန်းရှင်များ ကထိန်တော်အသင်း (မန္တလေး သကြားဒိုင်) မှာ နေ့စဉ် မြန်မာနိုင်ငံအတွင်း ဒေသအသီးသီးမှ သကြား၊ သကာပွက် ရည် ပုံမှန်ဝင်ရောက်လျက် အရောင်း အဝယ်ပြုလုပ်ရာမှာ ကုန်ကြမ်း(သကာပွက် ရည်)ဈေးနဲ့ ကုန်ချော (သကြား)ဈေးတည်ငြိမ်လျက်ရှိ တာကိုတွေ့ရပါ တယ်။ ဖေဖော် ဝါရီလ နောက်ဆုံးအပတ်မှာ အရောင်းအဝယ်ဖြစ်ခဲ့တဲ့ ဈေးနှုန်းများမှာသကာပွက် ရည်တစ်ပိဿာ ၅၅၀ ကျပ်ဖြစ်ပြီး၊သကြားတစ်ပိဿာ (ထိပ်စ) ၈၆၀ ကျပ်၊ အောက်စ ၈၂၀ ကျပ်နဲ့နေ့စဉ် (၃၀ ပိဿာဝင်အိတ်) ၃၅၀၀ အိတ်မှ ၄၅၀၀ အိတ်ခန့် အရောင်း အဝယ်ဖြစ်ခဲ့ပါတယ်။ ယခုမတ်လ ပထမပတ်မှာ သကာပွက်ရည် တစ်ပိဿာ ၅၁၀ ကျပ်၊ သကြား(ထိပ်စ) တစ်ပိဿာ ၈၅၀ ကျပ်၊ အောက်စ ၈၂၀ ကျပ်နဲ့ နေ့စဉ် သကြားအိတ် ၃၀၀၀ မှ ၄၅၀၀ ကြား အရောင်းအဝယ်ဖြစ်ကြောင်း သိရပါတယ်။

Tuesday, 12 Mar 2013

မြန်မာ-တရုတ်နယ်စပ်ရှိ မူဆယ် ၁၀၅ မိုင်ကုန်သွယ်ရေးဇုန်၊ ချင်းရွှေဟော် နယ်စပ် ကုန်သွယ်ရေးနဲ့ ကန်ပိုက်တီးစခန်းများမှ ဖေဖော်ဝါရီလ ၂၇ ရက်နေ့မှ မတ်လ ၅ ရက်အတွင်း ကန်ဒေါ်လာ ၃ ဒသမ ၀၆၄ သန်း တန်ဖိုးရှိ ပြောင်းဖူးစေ့ တန်ချိန် ၉၀၀၀ နီးပါး တင်ပို့နိုင်ခဲ့ပါတယ်။ ယခင်အပတ်က မူဆယ်၊ ချင်းရွှေဟော်နဲ့ ကန်ပိုက်တီးစခန်းများမှ ပြောင်းတန်ချိန် ၁၃၀၀၀ ကျော် တင်ပို့ခဲ့တာမို့ ယခုအပတ်မှာ တန်ချိန် ၄၀၀၀ လျော့နည်း ခဲ့တာ တွေ့ရပါတယ်။ ဖေဖော်ဝါရီလအတွင်း ပြောင်း တန်ချိန် ၂၆၃၉၆ တန်ကျော်တင်ပို့နိုင်ခဲ့ပြီး ယခင်နှစ် ကာလတူထက် တန် ၆၀၀ ကျော်ပိုမိုခဲ့တာတွေ့ရပါတယ်။တစ်ဖက်နိုင်ငံဝယ်ဈေးကိုကြည့်ပါက ပြောင်း တစ်တန် ကို ၂၃၀၀ ယွမ်ဈေးရှိပြီး ဇန်နဝါရီလနဲ့နှိုင်းယှဉ်ပါက ယွမ် ၈၀ ခန့်ဈေးမြင့်လာ ကြောင်း၊ မန္တလေးဈေးကွက် တွင် ပြောင်းဖူးစေ့ ဃဏ ၅၄ ပိဿာဝင် ၁ အိတ်လျှင် ၂၅၅၀၀-၂၅၈၀၀ ကျပ်ဈေးရှိပြီး ပြောင်းဖူးစေ့သယ်ယူခမှာ မန္တလေး-မူဆယ် ကားခ ၁ ပိဿာကို ၈၀ ကျပ်ဈေးရှိသဖြင့် ဈေးနှုန်း တည်ငြိမ်နေကြောင်း တွေ့ရပါ တယ်။ ပြောင်းဖူးစေ့အသစ်များထွက်နေပြီဖြစ်သော်လည်း တစ်ဖက်နိုင်ငံရဲ့ နှစ်သစ်ကူးပွဲမှာ အရောင်းအဝယ်တွေ ရပ်နားထားလို့ တင်ပို့မှုလျော့နည်းခဲ့တာ ပါ။ နှစ်ဖက်နိုင်ငံ ပြောင်းဈေးများကို နှိုင်းယှဉ်ဖော်ပြပေးလိုက်ရပါတယ်-
မိမိဘက်(ကျပ်/တန်)                      တစ်ဘက်နိုင်ငံ(ဒေါ်လာ/တန်)    ယခု          ယခင်     ပြောင်းလဲမှု    %     ယခု     ယခင်    ပြောင်းလဲမှု    % ၃၀၉၉၁၁    ၃၁၁၃၇၈       ၁၄၆၇       ၁     ၃၆၂     ၃၇၂              ၁၀      ၂MIRT (DOBT)

Tuesday, 12 Mar 2013

ဖေဖော်ဝါရီလ ၂၇ ရက်မှ မတ်လ ၂ ရက်ထိကာလအတွင်းမှာ ပင်လယ် ရေကြောင်းကုန်သွယ်ရေးမှ ဗီယက်နမ်နိုင်ငံ သို့ပြောင်းမျိုးစေ့ တန် ၂၄၀ တင်ပို့ နိုင်ခဲ့ပါတယ်။ တစ်တန်လျှင်ဒေါ်လာ ၁၇၀၀ ဈေးရရှိပါတယ်။ ယခင်အပတ် က ပြောင်းတင်ပို့မှုမရှိခဲ့ပါဘူး၊ ဖေဖော်ဝါရီတစ်လလုံးမှာ ပင်လယ်ရေကြောင်းမှကန်ဒေါ် လာ သုည ဒသမ ၅၅၄ သန်းတန်ဖိုးရှိ ပြောင်းဖူးစေ့ ၁၈၅၂ တန်ကိုတင်ပို့နိုင်ခဲ့ပါ တယ်။ နိုင်ငံအလိုက်တင်ပို့မှုတွေကတော့ ဖိလစ်ပိုင်နိုင်ငံသို့ ၁၈၀၄ တန်နဲ့ စင်္ကာပူ နိုင်ငံသို့  ၄၈ တန်ဖြစ်ပါတယ်။    MIRT (DOBT)

Wednesday, 6 Mar 2013

တရုတ်နိုင်ငံသို့ သီဟိုဠ်စေ့များ တင်ပို့ရာမှာ ထုပ်ပိုးမှုနည်း လမ်းတွေ ကောင်းမွန်ဖို့လိုကြောင်း သီဟိုဠ်စေ့ တင်ပို့သူများ ကို  ဗီယက်နမ်သီဟိုဠ်အသင်း (Vietnam Cashew Assoc-iation) က အကြံပြုပြောကြားလိုက်ပါတယ်။ တရုတ်နိုင်ငံသို့ သီဟိုဠ်စေ့များ တင်ပို့တဲ့အခါမှာ ရေငွေ့ ပျံ့နှံ့မှုနဲ့ ပိုးမွှားရောဂါကာကွယ်စေနိုင်ဖို့အတွက် အသုံးပြုတဲ့ ထုပ်ပိုးမှုနည်းလမ်းတွေကို အသုံးမပြုကြောင်း၊ အဲဒီနည်းလမ်း တွေကို ယခင် သီဟိုဠ်စေ့ တင်ပို့သူများ ကသာ အသုံးပြုခဲ့ကြ ကြောင်း၊ တရုတ်နိုင်ငံရဲ့ စားသောက်ကုန် တင်သွင်းမှုများ အပေါ် လုံခြုံရေးစနစ်တွေကို တိုးမြှင့်လုပ် ကိုင်တဲ့အခါမှသာ အဲဒီနည်းလမ်းတွေကို အသုံးပြုခဲ့ကြကြောင်း၊ ထုပ်ပိုးမှုနည်း လမ်းကောင်းတွေကိုသာ အသုံးပြုမှု မရှိခဲ့ပါက မိမိတို့လက် ဝယ်မှာရှိတဲ့ တရုတ်ဈေးကွက်ဝေစုကြီးကို  ဆုံးရှုံးရမှာဖြစ် ကြောင်း ဗီယက်နမ်သီဟိုဠ် အသင်းက ပြောကြားခဲ့တယ်လို့ ဆိုပါတယ်။

ယခုနှစ်အတွင်း ဗီယက်နမ်အနေနဲ့ တရုတ်နိုင်ငံသို့ သီဟိုဠ်စေ့ကွန်တိန်နာအလုံးပေါင်း ၃၀၀ တင်ပို့ဖို့ စာချုပ် ချုပ်ဆိုထားကြောင်း သိရပါတယ်။ ဗီယက်နမ်ဟာ တရုတ်၊ အမေရိကန်နဲ့ အီးယူနိုင်ငံများသို့ သီဟိုဠ်စေ့အဓိက တင်ပို့နေ တဲ့ နိုင်ငံဖြစ်ပါတယ်။ ဗီယက်နမ်နိုင်ငံအနေနဲ့ ယခုနှစ် ဇန်နဝါရီလအတွင်း အမေရိကန်ဒေါ်လာ ၂၄ ဒသမ ၃ သန်းတန်ဖိုးရှိ သီဟိုဠ်စေ့ ကုန်ကြမ်းတန်ချိန် ၂၅၄၃၀ ကို တင်သွင်းနိုင်ခဲ့တဲ့အတွက် ယခင်နှစ်ကာလတူထက် ၆၄ ဒသမ ၅ ရာခိုင် နှုန်းပိုမိုတင် သွင်းနိုင်ခဲ့ပါတယ်။ ဗီယက်နမ်နိုင်ငံအနေနဲ့ တရုတ်နိုင်ငံသို့ သီဟိုဠ်စေ့ကုန်ချောတွေကို တင်ပို့နိုင်ရန် ပြည်တွင်းမှ ထွက်ရှိတဲ့ ကုန်ကြမ်းများနဲ့ မလုံလောက်တဲ့အတွက် ကမ္ဘောဒီးယား၊ အိုင် ဗရီကို့စ်နဲ့ အာဖရိကနိုင်ငံတို့မှ တင်သွင်း ခဲ့ကြောင်း သိရပါ တယ်။ ယခုနှစ် ဇန်နဝါရီလအတွင်းမှာ ဗီယက်နမ်ဟာ အမေရိ ကန် ဒေါ်လာ ၁၀၉ ဒသမ ၇ သန်းတန်ဖိုးရှိ သီဟိုဠ်စေ့ တန်ချိန် ၁၈၄၇၉ ကို တင်ပို့နိုင်ခဲ့တယ်လို့ ဆိုပါတယ်။နှင်းပန်းဖြူ
 

Wednesday, 6 Mar 2013

ဖေဖော်ဝါရီလ ၂၀ ရက်မှ ၂၆ ရက်နေ့ထိကာလအတွင်း မှာ မြန်မာ-တရုတ်နယ်စပ်ရှိ မူဆယ် ၁၀၅ မိုင် ကုန်သွယ်ရေး ဇုန်မှ ကန်ဒေါ်လာ ၁ ဒသမ ၂၃၅ သန်းတန်ဖိုးရှိ ပရဆေးကုန် ကြမ်း ၄၄၄ တန်ကျော်တင်ပို့ခဲ့ပါတယ်။ ယခင်အပတ်ကထက် ဝဥခြောက်၊ ကွမ်းစားဂမုန်း၊ ကြောင်ပန်းစေ့၊ တောဂျူးမြစ်၊ ကြောင်လျှာစေ့၊ ချဉ်ပေါင်ဖာလာ (အခွံပါ)၊ နေလဲစေ့၊ ဇီးဆံနဲ့ တောဂျင်းတို့ ပိုမိုတင်ပို့နိုင်ခဲ့ပြီး ကြက်ဆူစေ့တစ်မျိုးတည်းသာ ယခင်အပတ်က ထက် လျော့နည်းတင်ပို့ခဲ့တာကို တွေ့ရပါ တယ်။ မြန်မာ-အိန္ဒိယနယ်စပ်ရှိ တမူးနယ်စပ်စခန်းမှ ကန် ဒေါ်လာ သုည ဒသမ ၀၀၃ သန်း တန်ဖိုးရှိ ကတ္တရာသင်္ချေ သုည ဒသမ ၆ တန်ခန့်၊ ကန်ဒေါ်လာ သုည ဒသမ ၀၀၁ သန်းတန်ဖိုးရှိ ဆူးပန်း သုည ဒသမ ၃ တန်ခန့်၊ ကန်ဒေါ်လာ သုည ဒသမ ၀၀၂ သန်းတန်ဖိုးရှိ ဆောင်းမေခါး သုည ဒသမ ၃ တန်ခန့်နဲ့ ကန်ဒေါ်လာ သုည ဒသမ ၀၀၄ သန်းတန်ဖိုးရှိ ဇာတိပ္ဖိုလ်သီး ၂ တန် ခန့် တင်သွင်းခဲ့ပါတယ်။ ဖေဖော်ဝါရီလ တစ်လလုံးမှာတော့ ကန်ဒေါ်လာ ၄ ဒသမ ၄၄ သန်းတန်ဖိုးရှိ ပရဆေး ကုန်ကြမ်း ၁၅၇၃ တန်ကျော်တင်ပို့နိုင်ခဲ့ပြီး ကန်ဒေါ် လာ ၁ သန်းတန်ဖိုးရှိ ပရဆေးကုန်ကြမ်း ၃ တန်ကျော် တင် သွင်းနိုင်ခဲ့ပါတယ်။MIRT (DOBT)

Pages