Background
အိန္ဒိယဈေးကွက်မှာ နနွင်းလက်ငင်းဈေးက တည်ငြိမ်နေ ဆဲဖြစ်ပေမယ့် လှောင်လက်များက အမြောက်အမြား သို လှောင်ဖို့ ဝယ်ယူနေပြီလို့ သိရပါတယ်။ ပြည်ပတင်ပို့သူများ ဟာ နိုင်ငံအထက်ပိုင်းမှ အမှာအော်ဒါအချို့ လက်ခံရရှိကြလို့ ၎င်းတို့ လိုအပ်ချက်အတွက် ဝယ်ယူနေကြပါတယ်။ ဒါပေမယ့် လှောင်လက်တွေ က ဖေဖော်ဝါရီ လ လောက်မှာ နနွင်းဈေးမြင့် တက်နိုင်တယ်အထင်နဲ့ သိုလှောင်မှုအတွက် စပြီးဝယ်ယူနေကြ ပြီလို့ အီရော့ နနွင်းကုန်သည်များအသင်းမှ အာကေဗွီရာ ဗွီရှန်ကာမှ ဆိုပါတယ်။
စပ်မျိုးနနွင်းမှာ အရည်အသွေးကောင်းမွန်မှုကြောင့် ဈေး မြင့်တက်လျက်ရှိပြီး၊ ပြည်ပတင်ပို့သူတွေက အမြင့်ဆုံး တစ် တန် ရူပီး ၆၃၂၉၀(ကန်ဒေါ်လာ ၁၁၆၉)ဈေးဖြင့် ဖော်ပြ ထားကြောင်း ကုန်သည်များမှ ဆိုပါ တယ်။ လှောင်လက် တွေ လက်ထဲမှာ နနွင်းအိတ် ၁၀ သိန်းကျော်ရှိနေပြီး၊ ဈေးအမြင့်မှန်း ကာ နောက်ထပ်လည်း ဝယ်ယူနေကြတယ်လို့ ဆိုပါတယ်။ အဓိကတင်သွင်းနိုင်ငံများနဲ့ ပြည်တွင်းဝယ်လက်တွေက ဇန်နဝါ ရီလမှာ ပုံမှန်ဝယ်လိုအားကောင်းလေ့ရှိလို့ ဈေးနှုန်းမြင့်တက် နိုင်ကြောင်း သုတေသနကုမ္ပဏီမှ ဆိုပါတယ်။ အီရော့နနွင်းကုန်သည်များအသင်း ရောင်းချတဲ့ဝင်းမှာ နနွင်းလက်ချောင်းတစ်တန် ရူပီး ၃၈၉၆၀-၅၃၇၄၀ (ကန်ဒေါ် လာ ၇၂၀-၉၉၃)ရှိပြီး၊ နနွင်းဥဈေးက ရူပီး ၃၆၉၆၀-၄၈၃၉၀ (ကန်ဒေါ်လာ ၆၈၃-၈၉၄)ရှိကြောင်း သိရပါတယ်။ တောင်သူ အချို့က အစိုးရမှ အနိမ့်ဆုံးထောက်ပံ့ဈေးနှုန်းသတ်မှတ် မယ်ဆိုတဲ့ သတင်းတွေ အရ ဈေးနှုန်းမြင့်တက် ဦးမယ်မှန်းပြီး၊ ၎င်းင်းတို့ သိုလှောင်နနွင်းများ ထုတ်ရောင်းခြင်း မရှိသေးဘူးလို့ သိရပါတယ်။ စပ်မျိုးနနွင်းထဲမှာ နနွင်းလက်ချောင်းဈေးက တစ်တန်ရူပီး ၄၇၀၉၀-၆၃၂၉၀ (ကန်ဒေါ်လာ ၈၇၀-၁၁၆၉) ရှိပြီး၊ နနွင်းဥဈေးက ရူပီး ၄၆၀၆၀-၅၁၈၉၀ (ကန် ဒေါ်လာ ၈၅၀-၉၅၈)ရှိတယ်လို့ Business Line သတင်းအရ သိရ ပါတယ်။ ယမင်းခင်
ပြည်ပကိုပင်လယ်ရေကြောင်းလမ်းမှ နိုဝင်ဘာလနောက်ဆုံးပတ်အတွင်း နနွင်း တင်ပို့မှုက စုစုပေါင်းတန်ချိန် ၁၂၈ တန်ရှိခဲ့တယ်လို့ သိရပါတယ်။ ပါကစ္စတန်နိုင်ငံကို ၈၅ တန်နဲ့ မလေးရှားကို ၄၃ တန်ဖြစ်ပါတယ်။ နိုဝင်ဘာလအတွင်း မှာ ယခုတစ် ပတ်နနွင်းတင်ပို့မှုက အများဆုံးဖြစ်ခဲ့ပါတယ်။ FOB ဈေးက တစ်တန်ကို ကန် ဒေါ်လာ ၅၃၀-၅၅၀ ရရှိခဲ့တယ်လို့ သိရပါတယ်။
နယ်စပ်စခန်းများမှ နိုဝင်ဘာလ ၂၈ ရက်မှ ဒီဇင်ဘာလ ၄ ရက်အတွင်း ကန်ဒေါ်လာသုညဒသမ ၅၉၃ သန်းဖိုးရှိ ငရုတ်သီးခြောက် တန် ၃၀၀ ကျော်ကို တင်ပို့နိုင်ခဲ့ပါတယ်။ မြန်မာ-တရုတ်နယ်စပ်မှ မူဆယ်၁၀၅ မိုင်မှ တန် ၂၄၀ ကျော်နဲ့ မြန်မာ-ထိုင်း နယ်စပ်မြဝတီစခန်း တန် ၆၀ ကျော် တင်ပို့နိုင်ခဲ့ပါတယ်။ မြန်မာ-ထိုင်းနယ်စပ်မှ ငရုတ်သီးခြောက်များကို တစ်ဖက်နိုင်ငံ မဲဆောက်မှ တစ်ဆင့် ဘန်ကောက်မြို့ထိတင်ပို့ပြီး ဟင်းချက်ရာမှာ အများဆုံး သုံးကြတယ်လို့သိရပါတယ်။MIRT (DOBT)
နိုဝင်ဘာလ ၂၈ ရက်မှ ဒီဇင်ဘာလ ၄ ရက်အတွင်း မြန်မာ-တရုတ်နယ်စပ်ရှိ မူဆယ် ၁၀၅ မိုင် ကုန်သွယ်ရေးဇုန်မှ ကန်ဒေါ်လာ ၁ ဒသမ ၃၉ သန်းကျော် တန်ဖိုးရှိ ပရဆေးကုန်ကြမ်း တန်ချိန် ၆၃၀ ကျော် တင်ပို့ခဲ့ပါတယ်။ ယခုအပတ် မူဆယ်နယ်စပ်မှသာ တင်ပို့ခဲ့တာတွေ့ရပါတယ်။ ယခင်အပတ်ကထက် ဇီးဆံ၊ တော ဂျူးမြစ်၊ မိကျောင်းကွမ်းဖတ်စေ့၊ စကားပန်းပွင့်ခြောက်၊ ဝဥခြောက်နဲ့ ကြောင်လျာစေ့ စတဲ့ပရဆေးကုန်ကြမ်းတို့ ပိုမိုတင်ပို့နိုင်ခဲ့ပါတယ်။ မြန်မာ-အိန္ဒိယနယ်စပ်ရှိ တမူး နယ်စပ်ကုန်သွယ်ရေးစခန်းမှာ ကန်ဒေါ်လာသုညဒသမ ၀၀၀၂ သန်းတန်ဖိုးရှိ တောင်လုံးကျော် ၁ တန်နဲ့ ကန်ဒေါ်လာ သုညဒသမ ၀၀၂ သန်း တန်ဖိုးရှိ ဟင်းရိုင်း ဖြူ တန်ဝက်နီးပါး တင်သွင်းရှိခဲ့ ပါတယ်။ နိုဝင်ဘာလအတွင်း ပရဆေးကုန်ကြမ်း ၃၈၅၇ တန်ကျော် တင်ပို့နိုင်ခဲ့ပြီး ၄ တန်နီးပါး တင်သွင်းမှုရှိခဲ့ပါတယ်။ MIRT(DOBT)
နိုဝင်ဘာလနောက်ဆုံးပတ်မှာတော့ မန်ကျည်းတင်ပို့မှုပါ ပျောက်ခဲ့ပါတယ်။ နိုဝင်ဘာလအတွင်းမှာ စင်ကာပူနိုင်ငံကိုသာ တင်ပို့ခဲ့တယ်လို့ သိရပါတယ်။ အောက် တိုဘာလအတွင်း မန်ကျည်းတင်ပို့မှုက ၁၃၃ တန်ရှိခဲ့ပြီး နိုဝင်ဘာလတင်ပို့မှုက တန်ချိန် ၂၀၀ ရှိခဲ့တာကြောင့် နိုဝင်ဘာလမှာ မန်ကျည်း တင်ပို့မှုပိုခဲ့ပါတယ်။ ကာလတူကာလဖြစ်တဲ့ ၂၀၁၁ ခုနှစ် နိုဝင်ဘာလမှ မန်ကျည်းတင်ပို့မှုပျောက်ခဲ့တာ ကြောင့် ဒီနှစ်နိုဝင်ဘာလမှာ မန်ကျည်းတင်ပို့မှု ပိုခဲ့ပါတယ်။ MIRT (DOT)
ဒီတစ်ပတ် အောင်ပန်းဈေးကွက်မှာ ချင်းအဝင်တွေပြန်များလာပါတယ်။ အဝင် လည်းများ၊ အထွက်ကလည်း များနေပါတယ်။ ပွဲတော်ရက်ဖြစ်တဲ့ ရက်သတ္တ နှစ်ပတ် ကတော့ အရောင်းအဝယ်က ခပ်အေးအေးသာဖြစ်ခဲ့ပြီး၊ ဒီတစ်ပတ်မှာ အရောင်း၊ အဝယ်ပြန်သွက်လာပါတယ်။ ချင်းထိုးသမားတွေနဲ့ ဈေးပတ်သမားတွေကလည်း အတော်များများ ဝယ်ယူမှုရှိနေပါတယ်။ အောင်ပန်းဈေးကွက်မှာ ချင်းအဝင်များနေ ပေမယ့် ဟိုပုံးဈေးကွက်မှာတော့ ချင်းအဝင်ကလုံးဝမရှိသေးပါဘူး။ အောင်ပန်းထက် ချင်းစိုက်တာ တစ်လ၊ နှစ်လနောက်ကျတာကြောင့် ဇန်နဝါရီလ မှာသာ ချင်းတက် သစ်တွေ ဈေးကွက်ကို ရောက်လာမှာဖြစ်တယ်လို့ သိရပါတယ်။
ပြည်ဈေးကွက်ကို အောင်ပန်းချင်းများ ယခုတစ်ပတ်မှာ ပိဿာ ၃၀ ဝင်အိတ် ၂၅၀ ခန့်နဲ့ အဝင်နည်းသွားပြီး အရောင်းအဝယ်မှာလည်း တစ်နေ့ကို ပိဿာချိန် ၂၀၀ ခန့်နဲ့ အရောင်းအဝယ်အေးနေပါတယ်။ ဈေးနှုန်းမှာ ယခင် အပတ်ဈေးအတိုင်း တစ်ပိဿာကို ချင်း(ရှယ်) ၆၀၀ ကျပ် (ဂျွန်) ၃၅၀-၄၀၀ ကျပ်တို့ဖြစ်ပြီး၊ ရခိုင်ပြည်နယ် ကို ပြည်ဈေးကွက်မှတစ်ဆင့် စားသုံးမှုအဖြစ် တစ်နေ့ကို ပိဿာချိန် ၁၈၀ ခန့် တင်ပို့တယ်လို့ သိရပါတယ်။ ဝင်းဝင်းခိုင် - ပြည်
အောင်ပန်း ကုန်စည်ဒိုင်ရဲ့ ၂၀၁၂ ခုနှစ် နိုဝင်ဘာလမှာ ဒေသထွက်ကုန်များ ဝင်သလောက် အရောင်းအဝယ်ဖြစ်ခဲ့ပြီး စုစုပေါင်း ကုန်ချိန် ၁၄၇၁၆၉၅ ပိဿာ (၂၄၀၃ ဒသမ ၂၀ ) တန် ရောင်းဝယ်နိုင်ခဲ့ တာကြောင့် အောက်တိုဘာလကထက် ၅၈၈ ဒသမ ၈၀ တန် ပိုမိုတင်ပို့ရောင်းချနိုင်ခဲ့ကြောင်း သိရပါတယ်။ အဆိုပါ ရောင်းချခဲ့တဲ့ ကုန်ပစ္စည်းများကတော့ ကြက်သွန်ဖြူ ၅၅၆ ဒသမ ၃၄ တန်၊ အစေ့ ထုတ်ပြောင်း ၄၂၂ ဒသမ ၇၇ တန်၊ ပဲပုပ်စေ့ ၉၆ ဒသမ ၂၄ တန်၊ ပန်းနှမ်း ၅၉ ဒသမ ၅၅ တန်၊ ချင်းအစို ၄၄၁ ဒသမ ၈၇ တန်၊ နနွင်း ၃၆ ဒသမ ၇၄ တန်၊ ချင်း ခြောက် ၅၁ ဒသမ ၇၆ တန်နဲ့ အာလူး ၇၃၇ ဒသမ ၉၃ တန်တို့ဖြစ်ကြောင်း သိရ ပါတယ်။
အိန္ဒိယ ပဲစင်းငုံအဓိကစိုက်ပျိုးရာ ကာနာတာကာ၊ မဟာရပ်ရှတရာနဲ့ အင်ဒရာ ပရာဒေ့ရှ်တို့မှာ ပဲစင်းငုံပုံမှန် အထွက်ရှိနိုင်လို့ ဖေဖော်ဝါရီလလယ်လောက်မှာ ဈေး နှုန်း ၂၀ ရာခိုင်နှုန်းခန့် ကျဆင်းနိုင်တယ်လို့ ခန့်မှန်းကြပါတယ်။ အဓိက ပဲစင်းငုံ စိုက်ပျိုးရာ ပြည်နယ်တွေမှာ ပုံမှန်ကာလအတိုင်း မိုးရွာသွန်းမှုရှိခဲ့တာကြောင့် ယခုနှစ် ပဲစင်းငုံက ပုံမှန်ထက် ပိုကောင်းလာပြီး၊ ပြီးခဲ့တဲ့နှစ် ထုတ်လုပ်မှုထက် ကောင်းမယ်လို့ ဘင်ဂလိုရီသီးနှံနဲ့ ပဲမျိုးစုံလက်ကား အသင်းဥက္ကဌ Ramesh Chandra Lahoti မှ Business Line ကို ပြောကြားကြောင်းသိရပါတယ်။
မြန်မာ-တရုတ်နယ်စပ်ရှိ မူဆယ် ၁၀၅ မိုင်မှ မတ်ပဲ ၁၀ တန်ကျော်ကို ကန် ဒေါ်လာ သုည ဒသမ ၀၀၇ သန်းဖိုး၊ မြန်မာ-အိန္ဒိယနယ်စပ်ရှိ တမူးမှ ကန်ဒေါ်လာ သုည ဒသမ ၀၀၈ သန်းဖိုးရှိတဲ့ မတ်ပဲ ၁၁ တန်ခွဲကို နိုဝင်ဘာလ ၂၈ ရက်မှ ဒီဇင်ဘာလ ၄ ရက်အတွင်း တင်ပို့ခဲ့တယ်လို့သိရပါတယ်။ ယခင်အပတ်က တမူး စခန်းတစ်ခုတည်းမှသာ မတ်ပဲ ၅ တန်ကျော်တင်ပို့ခဲ့တာမို့ ယခုအပတ် မတ်ပဲ တင်ပို့မှုအားကောင်းနေတာေ တွ့ရပါတယ်။ နှစ်ဖက်မြေပြင် ပေါက်ဈေးများကို ယှဉ် ကြည့်တဲ့အခါ မိမိဘက်ဈေးမြင့်လာတာ တွေ့ရပါတယ်-