Background
မြန်မာ-ထိုင်းနယ်စပ်ရှိ မြဝတီမှ ကန်ဒေါ်လာသုညဒသမ ၀၀၅ သန်းတန်ဖိုးရှိ နွယ်ချို ၆ တန်၊ကန်ဒေါ်လာသုညဒသမ ၀၀၆ သန်းတန်ဖိုးရှိ ကန့်ချုပ်နီ ၆ တန်ခန့် ကို နိုဝင်ဘာလ ၁၄ ရက်မှ ၂၀ ရက်အတွင်းမှာ တင်ပို့ခဲ့တယ်လို့ သိရပါတယ်။ ယခုအပတ်မှာ မြန်မာ-တရုတ်နယ်စပ်ရှိ ချင်းရွှေဟော်နယ်စပ်မှ ကန်ဒေါ်လာ သုည ဒသမ ၀၁၀ သန်းတန်ဖိုးရှိ မျောက်ဥခြောက်၊ တောချင်း၊ ချိတ်၊ အုံတုံခေါက်နဲ့ ဒရင်ကောက်မြစ်စတဲ့ ပရဆေးကုန်ကြမ်း ၂၃ တန်နဲ့ မူဆယ်နယ်စပ်မှ ကွမ်းစားဂမုန်း၊ ကြောင်ပန်းစေ့၊ မိကျောင်းကွမ်းဖတ်ေ စ့၊ ကြောင်လျာစေ့၊ စကားပန်းပွင့်ခြောက်၊ ဝဥခြောက်၊ ဒရင်ကောက်မြစ်၊ တောဂျူးမြစ်၊ ချဉ်ပေါင်ဖာလာ နဲ့ တောင်ထန်းတို့ကို တန်ချိန်ပေါင်း ၁၂၈၆ တန်ကျော် တန်ဖိုး ကန်ဒေါ်လာ ၂ ဒသမ ၈၃၁ သန်းဖိုး တင်ပို့ခဲ့ပါတယ်။ တမူးနယ်စပ်မှ ယခုအပတ်မှာကန်ဒေါ်လာသုညဒသမ ၀၀၈ သန်းတန်ဖိုးရှိ ပရဆေးကုန်ကြမ်း ၃ တန်ကျော်တင်သွင်း ခဲ့ပါတယ်။အေးအေးမြ၊MIRT(DOBT)
ဒီတစ်ပတ်ထဲမှာ အောင်ပန်းဈေးကွက်မှာ ချင်းအဝင်များနေပါတယ်။ ပင်း တယ၊ကလောမြို့နယ်တွေကချင်းသစ်ေ တွတစ်ပြိုင်တည်းဝင်လာတာကြောင့်တစ်ရက် ကို ပိဿာချိန် တစ်သောင်းခန့် အဝင်ရှိနေတယ်လို့ သိရပါတယ်။ ဒါပေမယ့် ရာသီ ဥတုကြောင့် ချင်းပင်တွေ ရက်မပြည့်ခင်မှာ ဝါသေ ညိုးလာတာကြောင့် အစပိုင်းမှာ အနုတွေ ကို ဖော်ပစ်ရလို့ ချင်းရင့်တွေမှာ အထွက်နှုန်းလျော့ကျသွားနိုင်တယ်လို့ ဆိုပါတယ်။အဝင်များနေ သလို ပြည်တွင်းေ ဈးပတ်သမားတွေဖြစ်တဲ့ မုံရွာ၊ မန္တ လေး၊ နေပြည်တော်၊ မော်လမြိုင်စတဲ့ မြို့တွေက အဝယ်များနေတာကြောင့် တစ်ရက်ကို ပိဿာချိန် ၁၃၀၀၀ ခန့် အရောင်းအဝယ်ဖြစ်နေတယ်လို့လည်း သိရပါတယ်။ ချင်း သစ်တွေက ဈေးထပ် တက်လာပြီး၊ တစ်ပိဿာကို ၂၅၀ ကျပ် - ၃၀၀ ကျပ်ဈေးရှိပါ တယ်။ ချင်းဥမဟောင်းတွေ ကတော့ တစ်ပိဿာ ၁၅၀ ကျပ် - ၂၀၀ ကျပ်ဈေးရှိတယ် လို့သိရပါတယ်။ ချင်းခြောက်ကတော့ ပြည်တွင်းသုံးအရောင်း အဝယ်အေးနေပေ မယ့်ဒီလရဲ့ ဒုတိယပတ်ထဲမှာ နယ်စပ်ကနေတစ်ဆင့်ပြည်ပကို တန် ၂၀ ခန့် ပမာဏ ပို့ကြည့်ခဲ့ပေမယ့်အကျိုးအမြတ်ကိုတော့မသိရသေးဘူးလို့ သိရပါတယ်။ ချင်းခြောက် က တော့ တစ်ပိဿာ ၁၃၀၀ ကျပ်ရှိတယ်လို့ အောင်ပန်းချင်းပွဲရုံက သိရပါတယ်။ဧဧခိုင် - တောင်ကြီး
ယခုတစ်ပတ် ပြည်ချင်းဈေးမှာ အပြောင်းအလဲမရှိဘဲ တစ်ပိဿာကို ချင်း (ရှယ်) ၆၀၀ ကျပ်၊ (ဂျွန်) ၃၅၀-၄၀၀ ကျပ်၊ ချင်းဓါးလှီး ၆၀၀ ကျပ်တို့နဲ့ ရောင်း ဝယ်လျက်ရှိနေပါတယ်။ အဝင်အားဖြင့် လည်း ပြည်ဈေးကွက် သို့ အောင်ပန်းချင်းများ ပိဿာ ၃၀ ဝင်အိတ် ၂၅၀ ခန့် ပုံမှန်အဝင်ရှိနေပြီး၊ တစ်နေ့ပိဿာချိန် ၂၀၀ ခန့် ပုံမှန်အရောင်း အဝယ်ဖြစ်နေပါတယ်။ ပြည်ဈေးကွက်မှတစ်ဆင့် ရခိုက်ဘက်သို့ စားသုံးမှုအဖြစ် တစ်နေ့ကို ပိဿာချိန် ၁၈၀ ခန့် တင်ပို့မှုရှိတယ်လို့ သိရပါတယ်။ ဝင်းဝင်းခိုင်-ပြည်
ဒီသီတင်းပတ်ဖြစ်တဲ့ နိုဝင်ဘာ ၁၁ ရက်မှ နိုဝင်ဘာ ၁၇ ရက်နေ့တာ ကာလ အတွင်းချင်း သုည ဒသမ ၁၁ တန်ကို ပင်လယ်ရေကြောင်းလမ်းမှ တင်ပို့ခဲ့ တယ် လို့ သိရပါတယ်။ တင်ပို့ခဲ့တဲ့ နိုင်ငံက ဂျပန်နိုင်ငံပဲ ဖြစ်ပါတယ်။ ချင်းကို အောက်တို ဘာ တတိယပတ်မှာ တစ်ကြိမ်တင်ပို့ပြီး နောက်နှစ်ပတ်ဆက်တိုက် အပို့ပျောက်ခဲ့ တာ ဒီတစ်ပတ်မှ ပြန်လည်တင်ပို့နိုင်ခဲ့ခြင်းဖြစ်ပါတယ်။ MIRT (DOT)
မြန်မာ-တရုတ်နယ်စပ်ရှိ မူဆယ် ၁၀၅မိုင်မှ ထောပတ်ပဲ ၃၉ တန်ခွဲ၊ တန်ဖိုး ကန်ဒေါ်လာ သုည ဒသမ ၀၂၃ သန်း၊ မြန်မာ-အိန္ဒိယနယ်စပ်ရှိ တမူးနယ်စပ်မှ မတ်ပဲ ၅ တန်ခွဲ၊ တန်ဖိုးကန်ဒေါ်လာ သုည ဒသမ ၀၀၄ သန်းဖိုးတို့ကို နိုဝင်ဘာလ ၁၄ ရက်မှ ၂၀ ရက် အတွင်းတင်ပို့ခဲ့တာ တွေ့ရပါတယ်။ ယခုအပတ်မှာ စွန်တာနီ၊ စွန်တာပြာတင်ပို့မှုမရှိခဲ့ပါဘူး။ မော်မော်အောင်၊ MIRT (DOBT)
ပြည်အနောက်ဘက်ကမ်းရှိ ကံမနဲ့ပန်းတောင်းမြို့နယ်များမှ ပြည်ဈေး ကွက်သို့ ဘိုကိတ်ပဲ နေ့စဉ် အိတ် ၄၀-၅၀ ခန့် အဝင်ရှိပါတယ်။ နေ့စဉ်အဝင် ရှိနေတာကြောင့် ဘိုကိတ်ပဲ ပိဿာ ၂၀ တစ်တင်းမှာ ကျပ် ၁၇၀၀၀ ဖြင့် ဈေးငြိမ်ပြီး အရောင်းအဝယ်မှာလည်း ရန်ကုန်ဝယ်လက်များရှိနေတာကြောင့် အဝယ်သွက်နေတယ်လို့ ဆိုနိုင်ပါတယ်။ ရန်ကုန်သို့ ဘိုကိတ်ပဲများကို ရထား ဖြင့်တင်ပို့ကြောင်းနဲ့ အဝင်ရှိသလောက် အဝယ်ရှိကြောင်းသိရပါတယ်။ ဆုမွန်ဆွေ-ပြည်
ရှမ်းပြည်နယ်တောင်ပိုင်း လဲချားကုန်စည်ဒိုင်ရဲ့ ၂၀၁၂ ခုနှစ်၊ နိုဝင်ဘာလ၁ ရက်မှ ၁၅ ရက်ထိ ဒေသထွက် ကုန် ၃ မျိုးဖြစ်တဲ့ ကြက်သွန်ဖြူအမြတ်ပါ၊ နှမ်းဖြူ နဲ့မြေပဲဆန်ကုန်ချိန် ၂၈၉၀၀၀ ပိဿာ (၄၇၁ ဒသမ ၉၂ တန်) အရောင်းအဝယ် ဖြစ်ကြောင်း သိရပါတယ်။ အဆိုပါ ဒေသထွက်ကုန်များမှ ကြက်သွန်ဖြူ အမြိတ်ပါ ၁၄၈၀၀၀ ပိဿာ (၂၄၁ ဒသမ ၆၇ တန်)၊ မြေပဲဆန် စက်ကျ ၁၁၅၀၀၀ ပိဿာ (၁၈၇၅ ဒသမ ၇၈ တန်)နဲ့ နှမ်းဖြူ ၂၆၀၀၀ ပိဿာ (၄၂ ဒသမ ၄၅ တန်) တို့ ဖြစ်ကြောင်း သိရပါတယ်။ လဲချားကုန်စည်ဒိုင်ရဲ့ နိုဝင်ဘာလ ၁ ရက်မှ ၁၅ ရက်အထိ သီးနှံအမျိုးအစားအလိုက် ဖြစ်ပေါ်ခဲ့တဲ့ ဈေးနှုန်းများကတော့ ကြက် သွန်ဖြူအမြိတ်ပါတစ်ပိဿာအနိမ့်ဆုံး ၃၀၀ ကျပ်မှ အမြင့်ဆုံး ၃၅၀ ကျပ်၊ မြေပဲ ဆန်စက်ကျတစ်ပိဿာ အနိမ့်ဆုံး ၁၂၅၀ ကျပ်မှ အမြင့်ဆုံး ၁၄၀၀ ကျပ်နဲ့ နှမ်းဖြူ တစ်ပိဿာ အနိမ့်ဆုံး ၁၉၃၀ ကျပ်မှ အမြင့်ဆုံး ၁၉၅၀ ကျပ်တို့ဖြစ်ပြီး မြေပဲဆန် စက်ကျဈေးနှုန်း မှာ အောက်တိုဘာလထက် ပိုမိုဈေးမာလာကြောင်းနဲ့ ပဲပုပ်စေ့မှာ လက်ကျန်နည်းပါးနေပြီဖြစ်ကြောင်း သိရပါတယ်။ မင်းအောင် - တောင်ကြီး
အောင်ပန်းကုန်စည်ဒိုင်ရဲ့ ၂၀၁၂ ခုနှစ်၊ နိုဝင်ဘာ ၁၅ ရက်မှ ၂၁ ရက်ထိ တစ်ပတ်အတွင်း ဒေသထွက်ကုန် ၃၄၃၃၅၀ ပိဿာ (၅၆၀ ဒသမ ၆၇ တန်) အရောင်းအဝယ်ဖြစ်ခဲ့ပါတယ်။ အဆိုပါ ဒေသထွက်ကုန်များမှာ ကြက်သွန်ဖြူ ၈၆၀၀၀ ပိဿာ (၁၄၀ ဒသမ ၄၃ တန်)၊ ပြောင်း ၅၇၅၀၀ ပိဿာ (၉၃ ဒသမ ၈၉ တန်)၊ ပဲပုပ်စေ့ ၁၀၅၀၀ ပိဿာ (၁၇ ဒသမ ၁၄ တန်)၊ ပန်းနှမ်း ၇၂၅၀ ပိဿာ (၁၁ ဒသမ ၈၃ တန်)၊ ချင်းအစို ၅၈၀၀၀ ပိဿာ (၉၄ ဒသမ ၇၁ တန်)၊ နနွင်း ၅၅၀၀ ပိဿာ (၈ ဒသမ ၉၈ တန်)၊ ချင်းခြောက် ၁၃၆၀၀ ပိဿာ (၂၂ ဒသမ ၂၀ တန်)နဲ့ အာလူး ၁၀၅၀၀၀ ပိဿာ (၁၇၁ ဒသမ ၄၅ တန်)ကို တင်ပို့ခဲ့ပါတယ်။ အောင်ပန်းကုန်စည်ဒိုင်မှာ တစ်ပတ် အတွင်း ဖြစ်ပေါ်ခဲ့တဲ့ ဈေးနှုန်းများကတော့ ကြက်သွန်ဖြူ တစ်ပိဿာ အနိမ့်ဆုံး ၄၀၀ ကျပ်၊ အမြင့်ဆုံး ၁၃၀၀ ကျပ်၊ အစေ့ထုတ်ပြောင်း တစ်ပိဿာ အနိမ့်ဆုံး ၃၂၀ ကျပ်၊ အမြင့်ဆုံး ၃၄၀ ကျပ်၊ ပဲပုပ်စေ့တစ်ပိဿာ အနိမ့်ဆုံး ၁၀၀၀ ကျပ်၊ အမြင့်ဆုံး ၁၁၅၀ ကျပ်၊ ပန်းနှမ်းတစ်ပိဿာ အနိမ့်ဆုံး ၁၀၀၀ ကျပ်၊ အမြင့်ဆုံး ၁၁၀၀ ကျပ်၊ ချင်းစို တစ်ပိဿာအနိမ့်ဆုံး ၂၀၀ ကျပ်၊ အမြင့်ဆုံး ၃၀၀ ကျပ်၊ နနွင်း တစ်ပိဿာ အနိမ့် ဆုံး ၉၀၀ ကျပ်၊ အမြင့်ဆုံး ၁၂၀၀ ကျပ်၊ ချင်းခြောက် တစ်ပိဿာ ၁၃၀၀ ကျပ်နဲ့ အာလူး တစ်ပိဿာ အနိမ့်ဆုံး ၃၀၀ ကျပ်၊ အမြင့်ဆုံး ၇၅၀ ကျပ်တို့ဖြစ်ကြောင်း သိရပါတယ်။ မင်းအောင် - တောင်ကြီး
ပဲခူတိုင်းဒေသကြီး၊ ပြည်ပဲဈေးကွက်မှာ ယခုနိုဝင်ဘာ စတုတ္ထပတ်အတွင်း မတ်ပဲနဲ့ ပဲတီစိမ်းသီးနှံများမှာ တစ်တင်း ၁၀၀၀ ကျပ်ခန့် ဈေးပြန်လျော့သွားခဲ့ပြီး၊ ပဲစင်းငုံနဲ့ ကုလားပဲ အမျိုးအစားများကတော့ တစ်တင်း ၅၀၀ ခန့် ဈေးလျော့သွား ခဲ့ပါတယ်။ မတ်ပဲကိုမျိုးသမားများက တစ်တင်း ၁၆၀၀၀ ကျပ် နဲ့ အရည်အသွေးကောင်းပဲများ ဝယ်ယူခဲ့ကြသလို ရန်ကုန် ဝယ်လက်ကတော့ တစ်တင်း ၁၃၈၀၀ ကျပ်နဲ့သာ ဈေးလျော့ အဝယ်ရှိပြီး၊ တစ်ရက်အိတ် ၂၅၀ ခန့် ပုံမှန်အရောင်းအဝယ် ဖြစ်ခဲ့ပါတယ်။
မုံရွာကုန်စည်ဒိုင် နိုဝင်ဘာတတိယပတ် ပဲဈေးကွက်မှာ ကထိန်အလှူနဲ့ ဝယ်သူရောင်းသူတွေနှေးကွေးပြီး ဈေးအေး ခဲ့ရပါတယ်။ ကုလားပဲဈေးကွက်တော့ ဒီရာသီ ဒီလတွေဖြစ် တတ်တဲ့ သဘာဝအတိုင်း V2 လိုင်းမှာ ဈေးအတက်စောင့်တဲ့ ကုန်သည်တွေ အထုတ်နှေးခဲ့ပြီး မျိုးပိုလို့ ရောင်းတဲ့သူတွေနဲ့ ဒေသတွင်းက စက်သမားတွေ အဝယ်ညီလို့ ထုံးစံမပျက် တစ်ရက်ကို အိတ် ၃၀၀ ဝန်းကျင် အရောင်းအဝယ်ဖြစ်ခဲ့တယ် လို့ ဆိုပါတယ်။
