Main menu

Background

Wednesday, 18 Jan 2017

ဇန်နဝါရီ ၁ ရက်မှ ၇ရက်အထိ  သီတင်းပတ်အတွင်း ပြည်တွင်းသို့ ရေလမ်းမှ မြေသြဇာတန်ချိန် ၃၆၅၀ကျော် အဝင်ရှိခဲ့ပြီး ယခင် သီတင်းပတ်က  တန်ချိန် ၅၀၂၀ ကျော်ဝင်ခဲ့တာကြောင့် ဒီတစ်ပတ်မှာ တန်ချိန် ၁၃၇၀ ကျော် တင်သွင်းမှုလျော့ကျ ခဲ့တယ်လို့ သိရပါတယ်။ နယ်စပ်လမ်းမှ ယခု တစ်ပတ် မြေသြဇာအဝင်မှာ တန်ချိန် ၁၃၈၄၀ ကျော်ရှိခဲ့ပြီး   ယခင်တစ်ပတ်အဝင်မှာ တန်ချိန် ၁၄၀၂၀ ကျော်ရှိခဲ့တာ ကြောင့် ဒီတစ်ပတ်မှာ တန်ချိန် ၁၇၀ ကျော် အဝင်လျော့ ကျခဲ့တယ်လို့သိရပါတယ်။ ဒါကြောင့် ဒီတစ်ပတ်မှာ ရေကြောင်းရော နယ်စပ်လမ်းမှပါ မြေသြဇာ အဝင်လျော့ ခဲ့ပါတယ်။

Wednesday, 18 Jan 2017

ဒီဇင်ဘာလအတွင်း မြန်မာ- အိန္ဒိယနယ်စပ်ရှိ တမူးကုန်သွယ်ရေး စခန်းမှ အမေရိကန်ဒေါ်လာ သုည ဒသမ ၀၁၅ သန်းတန်ဖိုးရှိ ကွမ်းသီး ၁၆ ဒသမ ၄ တန်ကို    တင်ပို့ခဲ့ပါတယ်။ ကွမ်းသီးကို   ယခင်နှစ်ကာလတူက ၁၉၃၅ တန်နဲ့ အနီးစပ်ဆုံးကာလဖြစ်တဲ့ နိုဝင်ဘာလက တန် ၁၂၀ တင်ပို့ခဲ့တာ ကြောင့် ယခင်နှစ် ကာလတူအောက် ၁၉၁၈ တန်နဲ့ နိုဝင်ဘာလအောက် ၁၀၃ တန်လျော့နည်းတင်ပို့ခဲ့တာ တွေ့ ရပါတယ်။

Wednesday, 18 Jan 2017

မြန်မာ-တရုတ်နယ်စပ်ရှိ မူဆယ် (၁၀၅) မိုင်ကုန်သွယ် ရေးဇုန်မှ၂၀၁၆ ဒီဇင်ဘာအတွင်း ပို့ကုန်အမေရိကန်ဒေါ်လာ ၃၃၆ ဒသမ ၆၂၃ သန်း၊ သွင်းကုန်အမေရိကန်ဒေါ်လာ ၁၄၆ ဒသမ ၂၂၄ သန်း ဆောင်ရွက်နိုင်ခဲ့သည့်အတွက် ကုန်သွယ်မှုပမာဏ အမေရိကန်ဒေါ်လာ ၄၈၂ ဒသမ ၈၄၇ သန်း ဆောင်ရွက်ခဲ့ပြီး လျာထားချက်မှာ အမေရိကန်ဒေါ်လာ ၆၁၂ သန်းဖြစ်သဖြင့် လျာထားချက်အပေါ် ၇၈ ဒသမ ၉၀ ရာခိုင် နှုန်း ဆောင်ရွက်နိုင်ခဲ့ပါသည်။အနီးစပ် ဆုံးနိုဝင်ဘာနှင့် နှိုင်းယှဉ်ပါက ပို့ကုန်တွင် အမေရိကန်ဒေါ်လာ ၂၁၆ ဒသမ ၀၃၀ သန်း၊ သွင်းကုန်တွင် အမေရိကန်ဒေါ်လာ ၃၉ ဒသမ ၈၇၅ သန်း ပိုမိုဆောင်ရွက် နိုင်သဖြင့် ကုန်သွယ်မှုပမာဏတွင်လည်း အမေရိကန်ဒေါ်လာ ၂၅၅ ဒသမ ၉၀၅ သန်း ပိုမိုခဲ့ကြောင်း တွ

Wednesday, 18 Jan 2017

၂၀၁၇ ဇန်နဝါရီလ ပထမပတ်တွင် မြန်မာ-တရုတ် နယ်စပ်ရှိ မူဆယ်၊ လွယ်ဂျယ်နဲ့ ချင်းရွှေဟော်ကုန်သွယ်ရေးစခန်းသုံးခုမှ အမေရိကန်ဒေါ်လာ ၈ ဒသမ ၅၀၂ သန်း တန်ဖိုးရှိ ပြောင်းတန်ချိန် ၄၆၀၈၉ တန်ကျော် တင်ပို့ခဲ့ပါတယ်။ စခန်းအလိုက်တင်ပို့မှုမှာ မူဆယ် ၄၀၆၃၂ တန်ကျော်၊ လွယ်ဂျယ်မှ ၆၆၄တန်နီးပါးနဲ့ ချင်းရွှေဟော်မှ ၄၇၉၂ တန်ခန့်ဖြစ်ပါတယ်။ ယခင်တစ်ပတ်က မူဆယ်၊ လွယ်ဂျယ်၊ ချင်းရွှေဟော်နဲ့ ကန်ပိုက်တီးစခန်းစုံမှ ပြောင်းတန်ချိန် ၄၉၃၂၀ ကျော်အထိ တင်ပို့ခဲ့လို့ ယခုတစ်ပတ်မှာ ပြောင်းတန်ချိန် သုံးထောင်ကျော် လျော့နည်းတင်ပို့ခဲ့တာ တွေ့ရပါတယ်။ မူဆယ်ကုန်စည်ဒိုင်မှာ ဒီဇင်ဘာ ၃၁ရက်မှ ဇန်နဝါရီ ၆ရက် အထိ သီတင်းပတ်တွင် ပြောင်းတစ်တန်ရဲ့ မိမိဘက်ဈေးမ

Tuesday, 17 Jan 2017

   မြန်မာ-ထိုင်းနယ်စပ်ရှိ တာချီလိတ်ကုန်သွယ်ရေးစခန်းမှ ဇန်နဝါရီပထမပတ်တွင် အမေရိကန်ဒေါ်လာ ၁၄၉၂၁ တန်ဖိုးရှိ လက်ဖက်ခြောက် ၃၉တန်နီးပါး တင်ပို့ခဲ့ပါတယ်။ နိုဝင်ဘာလဆန်းပိုင်းက ၁၅တန် တင်ပို့ခဲ့ပြီး ယခုသီတင်း ပတ်မှာမှ ပြန်လည်တင်ပို့ခဲ့တာဖြစ်ပါတယ်။လက်ဖက်ကို ရှမ်းပြည်နယ်အရှေ့ပိုင်း ကျိုင်းတုံမြို့နဲ့ တာချီလိတ်မြို့တွေရဲ့ တောင်ကြော၊ တောင်တန်းများပေါ်မှာ စိုက်ပျိုးကြတယ်လို့ သိရပါတယ်။
မော်မော်အောင်

Friday, 13 Jan 2017

မူဆယ် (၁၀၅) မိုင်ကုန်သွယ်ရေး ဇုန်မှတစ်ဆင့် တရုတ်နိုင်ငံသို့ ဒီဇင်ဘာ နောက်ဆုံးပတ်တွင် အမေရိကန် ဒေါ်လာ သုညဒသမ ၁၂၃ သန်း တန်ဖိုး ရှိ အင်ကြင်းကျောက် ၂၇ တန်ကျော် တင်ပို့ခဲ့ပါတယ်။ ယခင်သီတင်းပတ်က တင်ပို့ခဲ့ခြင်းမရှိဘဲ ဒီဇင်ဘာဒုတိယပတ် မှာ ၁၄ တန်ခွဲ တင်ပို့ခဲ့ကြောင်း၊ ဒီဇင် ဘာတစ်လလုံးမှာတော့ ၄၃ တန်နီးပါး တင်ပို့နိုင်ခဲ့ကြောင်း သိရပါတယ်။အင်းကြင်းကျောက်သားဖြင့် ပုတီး၊ ဆွဲကြိုး၊ ဆွဲပြား၊ ဆွဲသီး၊ လက် စွပ်၊ လက်ကောက်နဲ့ တိရစ္ဆာန်အရုပ်များ ထုလုပ်ပြီး ဈေးကွက်တင်ရောင်းချခဲ့ရာ ယခုအခါ နိုင်ငံခြား သားများအတွက် ဟိုတယ်၊ မိုတယ်၊ အင်းတွေမှာ ကောင် တာဖွင့်ပြီး ရောင်းချပေးနေကြောင်း၊ အင်ကြင်းကျောက် အလှဆင် ပစ္စည်း တွေကို

Thursday, 12 Jan 2017

မူဆယ် (၁၀၅)မိုင်ကုန်သွယ်ရေးဇုန်မှ ၂၀၁၆ခုနှစ် ဒီဇင်ဘာလအတွင်း အမေ ရိကန်ဒေါ်လာ ၃၈၅၀၀ တန်ဖိုးရှိ ပျားရည် ၅၅တန် တင်ပို့ခဲ့ပါတယ်။အနီးစပ်ဆုံး နိုဝင်ဘာလမှာ တန် ၈၀ ကျော်တင်ပို့နိုင်ခဲ့တယ်လို့ သိရပါတယ်။
ပျားရည်ကို ပြည်တွင်းမှာဆေးဝါးအဖြစ်သာ အသုံးပြုကြပြီး ပြည်ပနိုင်ငံ များတွင် သကြားအစား ပျားရည်စားသုံးခြင်းနှင့် အအေးပိုင်းနိုင်ငံများမှာ ပျားရည် ကို အဓိကထား၍ အများအပြားသုံးစွဲနေတာကြောင့် ယခု လို ပြည်ပဈေးကွက်သို့ တင်ပို့နေတာ ဖြစ်ပါတယ်။                                      
မော်မော်အောင်

 

Monday, 9 Jan 2017

ဇန်နဝါရီလဆန်းရက်သတ္တပတ်အတွင်း  မုံရွာပွဲရုံစားဖိုဆောင်သီးနှံရောင်းဝယ် ရေးဈေးကွက်တွင် ကြက်သွန်နီများ ဈေးကွက်အတွင်းသို့ ဝင်ရောက်မှုနည်းသွား၍ ကြက်သွန်နီဈေးနှုန်း မြင့်တက်လာခြင်းဖြစ်ကြောင်းသိရပါတယ်။  ပွဲရုံသို့ ကြက်သွန်နီ ဝင်ရောက်မှုမှာ တစ်ရက်လျှင် ပိသာချိန် ၅၀၀၀ ခန့်သာ အဝင်ရှိပြီး အရောင်းအဝယ် ဖြစ်မှုမှာလည်း  ရန်ကုန်၊ မန္တလေးဝယ်လက် အဆွဲများအတွက် မလုံလောက်၍ လက်လီ အနေနဲ့သာ အရောင်းအဝယ်ဖြစ်လျက် ရှိကြောင်းသိရပါတယ်။ ယခုတစ်ပတ် ကြက် သွန်နီတစ်ပိသာဈေးနှုန်းမှာ ပွဲရုံဈေး (ကြီး) ၁၀၀၀ ကျပ်၊ (လတ်) ၉၀၀ ကျပ်၊ (သေး) ၈၀၀ ကျပ်၊ လက်လီတစ်ပိသာဈေးနှုန်းမှာ (ကြီး)၁၂၀၀ကျပ်၊ (လတ်) ၁၁၀၀ကျပ်၊ (သေး) ၁၀၀၀ ကျပ်ဖြစ်ပြီး ယခင်တ

Monday, 9 Jan 2017

အောင်ပန်းဈေးကွက်မှာ ရှမ်း^ချင်းအဝင်များပေမယ့် အရောင်းအဝယ်က တော့ အေးနေပါတယ်၊ အောင်ပန်းချင်းကို ပြည်တွင်းသုံးအတွက် ရန်ကုန်၊တပ်ကုန်း၊ ပြည်၊မုံရွာ စတဲ့မြို့တွေကသာ ချင်းထိုးဖို့အတွက်အဝယ်ရှိ သ လို၊ ဒေသ တွင်းသုံးဖို့ အတွက်လည်း ဝယ်ယူတယ်လို့သိရပါတယ်။ ရှမ်းပြည်နယ် တောင်ပိုင်းရှိ မြို့တွေ မှာတော့ချင်းကို ဟင်းခတ်အမွှေးအကြိုင်အတွက်သာဝယ်ယူပြီး ချင်းသေးကိုပိုပြီး အသုံးများကြပါတယ်။ အတက်ကြီး^/လှတွေထက် ချင်းသေးကပိုပြီး အနံ့မွှေးလို့ အသုံးများတယ်လို့သိရပါတယ်။ ရှမ်းချင်းကိုတော့ပုံမှန်အဝယ်ရှိနေတာကြောင့် ၂၀၁၆ခုနှစ် ဒီဇင်ဘာလအတွင်း ပိသာချိန်ပေါင်း ၉ ဒသမ ၂ သိန်းခန့် အရောင်း အဝယ်ဖြစ်ခဲ့ပါတယ်။ဟိုပုံးချင်းကတော့ အောင်ပ

Monday, 9 Jan 2017

ရှမ်းနနွင်းကတော့ ဈေးကွက်ကို အသစ်မဝင်လာသေးပါဘူး။ဟိုပုံးနနွင်း ရော၊ အောင်ပန်းနနွင်းပါ  ဖေဖော်ဝါရီ လမှာ အသစ်တွေဝင်လာနိုင်တယ်လို့သိရပါတယ်၊   ပြီးခဲ့တဲ့ တစ်ပတ်ကတော့ ဟိုပုံးနနွင်းတွေကို  တရုတ်နိုင်ငံပို့ဖို့ အတွက် မူဆယ်ဝယ်လက်တွေကဝယ်ယူမှုရှိနေပြီး၊  ပိဿာချိန်ပေါင်းတစ်သိန်း ကျော်ခန့် ဝယ်ယူသွားတယ်လို့ သိရပါ တယ်။အဟောင်းလက်ကျန်တွေလည်းနည်းသွားပါပြီ။ ဒီနှစ်မှာ နနွင်းက ချင်း လိုပဲ ခပ်မှန်မှန်သာအရောင်းအဝယ်ဖြစ် နေပါတယ်။တစ်နှစ်ပတ်လုံးဝယ်လက် တွေရှိနေပေမယ့် ပြည်ပဝယ်လက်တွေ ကတော့ ဝယ်လိုက်^နားလိုက်ကြောင့် ပုံမှန်သာ အရောင်းအဝယ်ဖြစ်တယ်လို့ သိရပါတယ်။ ဒီနှစ်နနွင်းကိုတော့ အစို အတိုင်းဝယ်ယူမှုများပြီး  ဒါးလှီးခြောက် အ

Pages