Main menu

Background

Tuesday, 3 Jan 2023

ဒီဇင်ဘာ ၁၇ ရက်မှ ၂၃ ရက်အထိ ကာလအတွင်း ပင်လယ်ရေကြောင်း ကုန်သွယ်မှုမှ အမေရိကန်ဒေါ်လာ သုည ဒသမ ၄၉၀ သန်း တန်ဖိုးရှိ နို့ဆီတန်ချိန် ၃၆၀ ကျော် တင်သွင်း ခဲ့သည်။ ယခုတစ်ပတ်အတွင်း စင်ကာပူနိုင်ငံမှ တန်ချိန် ၂၂၀ ကျော်နှင့် မလေးရှားနိုင်ငံမှ တန်ချိန် ၁၅၀ ခန့်  တင်သွင်းခဲ့ သည်။ အနီးစပ်ဆုံးကာလနှင့်  နှိုင်းယှဉ်ပါက နို့ဆီတန်ချိန် ၂၀ဝ  ခန့် ပိုမိုတင်သွင်းခဲ့ကြောင်း သိရသည်။
ဒီဇင်ဘာ ၁၇ ရက်မှ ၂၃ ရက်အထိ  ကာလအတွင်း ပင်လယ်ရေကြောင်း ကုန်သွယ်မှုမှ အမေရိကန်ဒေါ်လာ သုည ဒသမ ၆၉၃ သန်းတန်ဖိုးရှိ နို့မှုန့် တန်ချိန် ၁၈၀ ကျော် လစ်သူ ရေးနီးယားနိုင်ငံမှ တင်သွင်းခဲ့သည်။ 

Tuesday, 3 Jan 2023

မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ စလင်းမြို့နယ်၊ ရွှေဘုံသာကျေးရွာအုပ်စု၊ သာစည်ကျေးရွာတွင် ထန်းပင်မြစ် စိုက်ပျိုးရောင်းချခြင်းဖြင့် မိသားစုစီးပွားရေးအဆင်ပြေလျက်ရှိကြောင်း၊ တောင်သူများသည် လယ်ယာလုပ်ငန်းကို အဓိက လုပ်ကိုင်ကြပြီး အပိုဝင်ငွေရရှိစေရန် ထန်းမြစ် စိုက်ပျိုးခြင်းကိုလည်း တစ်ဖက်တစ်လမ်းမှ လုပ်ကိုင်ကြကြောင်းသိရသည်။

Tuesday, 3 Jan 2023

ပဲခူးတိုင်းဒေသကြီး သာယာဝတီခရိုင်တွင် ဆောင်းသီးနှံဖြစ်သောမတ်ပဲကို လျာထားဧက ၄၇၇၅၀၉ ဧက၊ ပဲတီစိမ်း လျာထားဧက ၃၆၂၄၂ ဧက ၊ ပဲလွမ်း လျာထားဧက ၁၅၃၉၆ ဧက၊ ဗိုလ်ကိတ် လျာထားဧက ၄၈၈၉ ဧက၊  ပဲပုပ်လျာထားဧက ၁၇၄၉၇ ဧက၊ ပဲကြီး လျာထားဧက ၃၈၁၈ ဧက၊ ပဲယဉ်း ၁၈၅၆ ဧက၊ စားတော်ပဲ၊ စွန်တာနီ၊ ပဲနောက်၊ ထောပတ်ပဲ၊ ပဲဖြူကလေး နှင့်အခြားပဲမျိုးစုံများကိုလည်း အနည်းငယ်စီ လျာထား စိုက် ပျိုးလျက်ရှိကြောင်း သိရှိရသည်။ 

Monday, 26 Dec 2022

ကိုဗစ်(၁၉)ကပ်ရောဂါကြောင့်  နှစ်နှစ်ကျော်ကြာ ဈေးကွက်ပျက်ခဲ့ပြီး ပြည်ပတင်ပို့ရပ်ဆိုင်းထားသည့် ဧရာဝတီတိုင်းဒေသကြီးထွက် ငါးရံ့ခြောက်မှာ လက်ရှိတွင် ဈေးကွက်ပြန်လည်ရရှိနေပြီဖြစ်ကြောင်း  ပုသိမ်မြို့ရှိ ငါးခြောက်ရောင်းဝယ်ရေး လုပ်ငန်းရှင်များထံမှ သိရသည်။

Wednesday, 21 Dec 2022

ကွမ်းသီးနှင့်သီဟိုဠ်စေ့များသည်  မြန်မာနိုင်ငံတောင်ပိုင်း တနင်္သာရီတိုင်းဒေသကြီးနှင့် မွန်ပြည်နယ်တို့တွင် အများဆုံးစိုက်ပျိုး လျက်ရှိသည်။ကွမ်းသီးတွင် ကွမ်းသီးအလုံးဈေးနှင့် ကွမ်းသီးခွဲခြမ်းဈေးဟူ၍ ဈေးနှုန်းနှစ်မျိုးရှိပြီး သီဟိုဠ်စေ့တွင်  အခွံမချွတ်ရသေးသောအပင်မှ  ဆွတ်ခူးသော  အသီးအကြမ်းဈေးနှင့် အခြောက်လှန်းသန့်စင်ပြီး အချောဈေးဟူ၍ ဈေးနှုန်း နှစ်မျိုးရှိကြောင်းသိရှိရသည်။ 

Wednesday, 21 Dec 2022

၂၀၂၂ခုနှစ် ဒီဇင်ဘာ ဒုတိယပတ်အတွင်း မုံရွာမြို့နယ် တွက် အခြေခံစားကုန်များဖြစ်သော  ရွှေဘိုပေါ်ဆန်းဆန် တစ်ပြည် ၃၅၀ဝ ကျပ်၊ ဧရာမင်းဆန်တစ်ပြည်အဟောင်း ၂၅၀ဝကျပ်နှင့် ဧရာမင်း ဆန်တစ်ပြည်အသစ် ၂၀ဝ၀ ကျပ် ဖြင့် အရောင်းအဝယ်ဖြစ်လျက်ရှိသည်။   စားအုန်းဆီ တစ် ပိဿာလျှင် ၅၅၅၀ ကျပ်၊ မြေပဲဆီ   တစ်ပိဿာလျှင် ၉၅၀ဝ ကျပ်၊ နှမ်းဆီတစ်ပိဿာလျှင် ၉၅၀ဝ ကျပ်တို့ဖြင့် အရောင်း အဝယ်ဖြစ်လျက်ရှိသည်။ ကြက်သွန်နီ  လက်လီတစ်ပိဿာ လျှင် ၄၀ဝ၀ ကျပ်မှ ၄၅၀ဝ ကျပ်ထိ၊ ကြက်သွန်ဖြူ လက်လီ (ဗမာ)တစ်ပိဿာလျှင် ၅၅၀ဝ ကျပ်မှ  ၆၀ဝ၀ ကျပ်ထိ၊ ကြက် သွန်ဖြူ (ရှမ်း)တစ်ပိဿာလျှင် ၅၀ဝ၀ ကျပ်မှ ၅၅၀ဝ ကျပ်ထိ၊ ကြက်သွန်ဖြူ (ကြူကုတ်)တစ်ပိဿာလျှင်   ၄၅၀ဝ

Wednesday, 21 Dec 2022

သနပ်ခါးဆိုတာ မြန်မာလူမျိုးများနဲ့ခွဲခြားဖို့ မဖြစ်နိုင်တဲ့ အသုံးအဆောင်တစ်မျိုးဖြစ်ပါတယ်။နွေရာသီလိုမျိုး ပူပြင်းတဲ့အခါ သနပ်ခါးရည်ကျဲလေး လူးပေးတာက အသားအေးသွားစေတယ်ဆိုတာနဲ့ နေရောင်ခြည်ကြောင့်  အသားအရေ နေလောင်တာတွေကိုလည်း  သနပ်ခါးလူးပေးရင် သက်သာစေတယ် ဆိုတဲ့ သနပ်ခါးရဲ့ ကောင်းကျိုးတွေကို   မသိသူမရှိလောက်ပါဘူး။ သနပ်ခါးက အရေပြားကို ခရမ်းလွန် ရောင်ခြည်ဒဏ်က  ကာကွယ်ပေးနိုင်တဲ့ သဘာဝဆေး တစ်မျိုးလို့ ဆိုနိုင်ပါတယ်။  သနပ်ခါးမှာ  ဓာတ်တိုးဆန့်ကျင် အာနိသင်တွေ များစွာပါဝင်နေပါတယ်။ သနပ်ခါး အခေါက်(အပွေး)က ရောင်ရမ်းမှုကို  လျော့ပါးသက်သာစေနိုင်တဲ့  အစွမ်းရှိတာကြောင့်   မျက်နှာအသားအရေကို နုပျိုစ

Wednesday, 21 Dec 2022

မန္တလေးတိုင်းဒေသကြီး ကျောက်ဆည်ခရိုင်သည် စပါး၊ ပဲ၊ ပြောင်း နှင့်  ဆီထွက်သီးနှံများအား အဓိကစိုက်ပျိုးလျက်ရှိပြီး ၎င်းသီးနှံများထဲမှ ဆီထွက်သီးနှံတစ်မျိုးဖြစ်သည့် မြေပဲသီးနှံကို စိုက်ပျိုးလျက်ရှိသည်။ ကျောက်ဆည်ခရိုင်အနေဖြင့်  မိုးမြေပဲကို  ၁၂၁၃ ဧက စိုက်ပျိုးနိုင်ခဲ့ပြီး ၁၂၁၃ ဧက အားလုံး ရိတ်သိမ်းပြီးဖြစ်ရာ တစ်ဧက အထွက်နှုန်းအနေဖြင့် ၄၉ ဒသမ ၄၈ တင်း၊ အထွက် စုစုပေါင်း ၆၀ဝ၁၉ တင်း ထွက်ရှိကြောင်း သိရှိရသည်။

Wednesday, 21 Dec 2022

ကရင်ပြည်နယ်တွင် စိုက်ပျိုးသည့် ပဲပုပ်များထွက်ရှိကာ ပြည်တွင်းသို့ သယ်ယူပို့ဆောင်ရောင်းချလျက်ရှိပြီး ယမန်နှစ်ထက် ဈေးကောင်းရရှိလျက် ရှိကြောင်း ပဲ၊ ပြောင်း၊ နှမ်း ရောင်းဝယ်ရေးလုပ်ကိုင်နေသူ ကုန်သည်များထံမှ သိရသည်။

          ပဲပုပ်ကုန်သည်များအနေဖြင့် အလုပ်သမားခ၊ ကားခ၊ အိတ်ခွံဖိုးနှင့် အထွေထွေကုန်ကျစရိတ် တစ်ပိဿာလျှင် ကျပ် ၆၀ နှုန်းရှိသောကြောင့် တစ်ပိဿာအရင်း ကျပ် ၂၃၁၀ ဖြစ်ပြီး ရန်ကုန်အထိုင်ဈေး တစ်ပိဿာလျှင် ကျပ် ၂၃၈၀ ဖြင့် ရောင်းချရသောကြောင့် တစ်ပိဿာအမြတ် ကျပ် ၇၀ ရှိကာ အကျိုးအမြတ်ရလျက်ရှိကြောင်း သိရသည်။

Tuesday, 20 Dec 2022

မကွေးတိုင်းဒေသကြီး တောင်တွင်းကြီးမြို့နယ် တရုတ် ကောအုပ်စု သဖန်းကုန်းကျေးရွာတွင် မိသားစုတစ်နိုင်တစ်ပိုင် ရာသီပေါ်ဆီးဖြူသီးအမှုန့်လုပ်ငန်းလုပ်ကိုင်ကြသူများ အဆင် ပြေ လျက်ရှိသည်။ ဆီးဖြူသီးအမှုန့်လုပ်ငန်း  လုပ်ကိုင်ကြသူ များမှာ ဆီးဖြူသီးပေါ်ချိန်ဖြစ်သော   သီတင်းကျွတ်လဆန်းမှ တပေါင်းလအထိ ဆီးဖြူသီးအမှုန့်ဖြန့်ဖြူးရောင်းချရေးလုပ်ငန်း ကို လုပ်ကိုင်ကြသည်။တစ်နိုင်တစ်ပိုင်ဖြစ်သော်လည်း မိသားစု ဝင်ငွေအတွက် များစွာအဆင်ပြေလျက်ရှိသည်။ 

Pages