Main menu

Background

Thursday, 7 Jan 2021

ဒီဇင်ဘာ ၁၂ ရက်မှ ၁၈ ရက်ထိကာလအတွင်း နယ်စပ် ကုန်သွယ်ရေးစခန်းများမှ  အမေရိကန်ဒေါ်လာ၄ဒသမ ၅၉၅ သန်းတန်ဖိုးရှိ ဆန်တန်ချိန်၁၁၄၉၀ခန့် တင်ပို့ခဲ့ကြောင်း သိရ သည်။ တင်ပို့မှုများအနေဖြင့်  မြန်မာ-တရုတ်နယ်စပ်များဖြစ် သော မူဆယ်(၁၀၅ ) မိုင်ကုန်သွယ်ရေးဇုန်မှ ဆန်တန်ချိန် ၄၃၀ဝ ခန့်၊ ချင်းရွှေဟော်ကုန်သွယ်ရေးစခန်းမှ  ဆန် တန်ချိန် ၄၃၉၅ခန့်နှင့် လွယ်ဂျယ်ကုန်သွယ်ရေးစခန်းမှ  ဆန် တန်ချိန် ၂၇၉၅ခန့်တင်ပို့နိုင်သဖြင့် ယခင်တစ်ပတ် ကုန် သွယ်မှုနှင့်နှိုင်း ယှဉ်လျှင်ဆန်တန်ချိန်၁၄၀ဝကျော်လျော့နည်း တင်ပို့နိုင်ခဲ့သည်။ 

Wednesday, 12 Aug 2020

မကွေးတိုင်းဒေသကြီး  ရေနံချောင်းမြို့၌ ပုပ္ပားဒေသ ထွက်နဂါးမောက်သီးများလှိုင်လှိုင်ဝင်ရောက်နေရာတစ်ဆင့် ပြန်လည်ရောင်းချသည့်ဈေးသည်များ     ဝင်ငွေရနေကြ ကြောင်း သိရှိရသည်။“ယခင်တစ်ပတ်ကထက် နဂါးမောက်သီး ဝင်ရောက်မှု ပိုများတယ်။ ဈေးကွက်မှာက နဂါးမောက်ခြံတွေ   တစ်ပြိုင် တည်း ခူးကြတာကြောင့်လို့ သိရပါတယ်။အရောင်းအဝယ်က တော့ကျေးရွာတွေကိုအဓိကထားရောင်းရတာလည်းရှိတယ်။ အရောင်းသွက်တယ်”ဟု ရေနံချောင်း မြို့မှ နဂါးမောက်ရောင်း သူ အမျိုးသမီးတစ်ဦးက ပြောသည်။ရေနံချောင်းမြို့နယ်တွင် နဂါးမောက်စိုက်သူနည်းပါး၍        ကျောက်ပန်းတောင်းမြို့နယ်နှင့်   ပုပ္ပားဝန်းကျင်ထွက်   နဂါး မောက်သီးများကို အဓိကရောင်းချနေရ သည်။ ဈေးကွက်တွင် နဂ

Wednesday, 12 Aug 2020

 

တောင်ငူမြို့နယ်အတွင်းသို့  ကရင်ပြည်နယ် သံတောင်ကြီး၊ ဘောဂလိ၊ လိပ်သိုဘက်မှ ရာသီအလိုက်သီးနှံများ ဝင်ရောက် ရောင်းချလျက်ရှိရာ သံတောင်နာနတ်သီးအသေးမျိုးတစ်လုံးလျှင် ၄၀ဝ ကျပ်မှ၅၀ဝ ကျပ်အထိ ဈေးရရှိပြီး ရှမ်းပြည်နယ် သီပေါ၊ ကျောက်မဲဘက်မှ ဝင်ရောက်လာသောနာနတ်သီးမှာ သံတောင်ဘက်က အသီးထက်အလုံးလှသလို အရသာမှာလည်း ကွာ သဖြင့် နာနတ်သီးတစ်လုံးလျှင် ၈၀ဝ ကျပ်မှ ၁၀ဝ၀ ကျပ်အထိ ဈေးရရှိကြောင်းနှင့်အရောင်းသွက်လျက်ရှိကြောင်း နာနတ်သီး ရောင်းချသူများထံမှ သိရသည်။                                                                                                သင်းသင်းအေး(တောင်ငူ)

Wednesday, 12 Aug 2020

ယခုနှစ်အတွင်း ပြည်ပသို့ ကော်ဖီတင်ပို့မှု ယခင်နှစ်ထက် လျော့နည်းနေကြောင်း မြန်မာ နိုင်ငံ ကော်ဖီအသင်းမှ သိရသည်။ပြည်ပသို့     မြန်မာ့ကော်ဖီ တင်ပို့မှုမှာ နှစ်စဉ်တန် ၄၀ဝ ခန့်ရှိကာ   ပြီးခဲ့သည့် ၂၀၁၉ ခုနှစ်တွင် တန် ၅၀ဝ အထိ တိုးတက်တင်ပို့နိုင်ခဲ့ သော်လည်း ယခု ၂၀၂၀ ပြည့်နှစ်တွင်   ကမ္ဘာ့ နိုင်ငံအနှံ့ ဖြစ်ပွားလျက်ရှိသည့်  COVID-19  ကပ်ရောဂါအခြေအနေကြောင့်    ပုံမှန်ထက် တင်ပို့မှု လျော့နည်းနေခြင်းဖြစ်ကြောင်း  ယင်း အသင်းအတွင်းရေးမှူး ဦးသီဟက    သြဂုတ်၄ ရက်တွင် ပြောသည်။“ကျွန်တော်တို့ နိုင်ငံရဲ့     အခုလက်ရှိ ကော်ဖီဈေးကွက်က   ပုံမှန်နှစ်တွေထက် နည်း နည်းလေးပါးတယ်။ ပြည်ပ တင်ပို့မှုတွေရှိတယ်။ ဒါပေမဲ့   ပုံမှ

Thursday, 30 Jul 2020

လက်ရှိ ပြည်တွင်း အခေါက်ရွှေဈေးမှာ တစ်ကျပ်သားလျှင် ကျပ် ၁၃သိန်းနီးပါး အထိ မြင့်တက်လာကြောင်း ဈေးကွက်အတွင်းမှ သိရသည်။ကမ္ဘာ့ရွှေဈေးသည် လက်ရှိတွင်  တစ်အောင်စလျှင်  အမေရိကန်ဒေါ်လာ ၁၈၈၀အထိ အတက် ပြနေပြီး ကိုးနှစ်တာအတွင်း အမြင့်ဆုံးဈေးနှုန်းသို့ ရောက်ရှိနေ သည့်အတွက် ယခုကဲ့သို့ ပြည်တွင်းရွှေ‌ဈေးလိုက်ပါ   မြင့်တက်နေခြင်းဖြစ်ကြောင်း ရွှေလုပ်ငန်းရှင်တစ်ဦးက ပြောသည်။''ကမ္ဘာ့ရွှေဈေး ဆွဲချလိုက်မယ်ဆိုရင်တော့ တစ်မျိုး၊ ဒီအတိုင်းဆိုရင် အတက်ပဲ ဦးစားပေးရမှာပဲ။ အတက်ပဲ မြင်နေတယ်။ နောက်ဆုံးတစ်ကျပ်သား ကျပ် ၁၃ သိန်း ပြန်ဖြစ်ရင် ဖြစ်သွားမှာ''ဟု ၎င်းက သုံးသပ်ပြောဆိုသည်။ဇူလိုင် ၂၃ ရက် နံနက် အဖွင့်ဈေးတွင် ပြည်တွင်း အခေါက

Thursday, 30 Jul 2020

ယခုတစ်ပတ်အတွင်း ပြည်ပွဲရုံများတွင် ကြက်သွန်ဖြူများ အရောင်းအဝယ်အေးပြီး  ဈေးအနည်းငယ်ကျနေသည်ကို တွေ့ရသည်။ အဝင်ပုံမှန်ဝင်ရောက်နေပြီး ခရိုင်တွင်း အရောင်းအဝယ်သာရှိနေသည်။ ယခုတစ်ပတ် ကြက်သွန်ဖြူဈေး နှုန်းမှာ တစ်ပိဿာလျှင် (ပွဲရုံဈေး)ရှမ်းစမှာ ကျပ် ၁၇၀ဝ၊ ၂၀ဝ၀၊ ၂၂၀ဝ ဈေးတို့နှင့် (ကြူကုတ်စ)မှာကျပ် ၁၆၀ဝ ဈေးတို့ဖြင့် ရောင်းဝယ် လျက်ရှိနေသည်။ ဒေသတွင်းလက်လီဈေး များတွင် (ရှမ်းစ) ကျပ် ၂၅၀ဝ၊ ၃၀ဝ၀၊ ၃၅၀ဝ ဈေးနှင့် (ကြူကုတ်စ) ဈေးမှာ  ကျပ် ၁၈၀ဝ၊ ၂၀ဝ၀ ဈေးတို့ဖြင့် ရောင်းချနေတာတွေ့ရသည်။ တစ်ပတ်တွင်း ကြက်သွန်ဖြူအိတ် ၈၀ နီးပါးခန့်သာ အရောင်းအဝယ်ဖြစ်ကြောင်းလည်း သိရသည်။                                              

Thursday, 30 Jul 2020

ပဲခူးတိုင်းဒေသကြီး ပြည်ပဲမျိုးစုံဈေးကွက်တွင် ပြည်တွင်း ဝယ်လက်ပဲများနှင့် ပြည်ပဝယ်လိုအားရှိသော ပဲများအားလုံးလိုလို ဈေးအတက်အကျသိပ်မဖြစ်ဘဲ ဈေးငြိမ်နေသည်။မတ်ပဲနှင့် ပဲတီစိမ်းသီးနှံများ မှာ တစ်တင်းကျပ်သုံးသောင်း အထက်မှာ ဆက်ရှိနေပြီး ပဲကြီး၊ ဗိုလ်ကိတ်၊ ပဲနီပြားသီးနှံများ ကျပ် သုံးသောင်း အောက်ရောင်းဝယ်နေခဲ့ကာ ပဲလွမ်းဖြူနှင့် စားတော် ပဲသီးနှံမှာ လက်လီပဲဈေးကွက်အတွင်း ဈေးအမြင့်များဖြင့်  ရောင်း ဝယ်နေခဲ့ကြကြောင်း သိရသည်။
မတ်ပဲ

Thursday, 30 Jul 2020

ပြည်မြေပဲဆန်ဈေးမှာ ယခုတစ်ပတ်တွင် ဈေးပြန်လည်မြင့်တက်လာ သည်။ ရန်ကုန်ဝယ်လက်များက လုံးဆန်များကို ပြန်လည်အဝယ်ရှိပြီး ဒေသ တွင်း ဆီစက်များကလည်း ဆီဆန်ကိုအဝယ်ရှိသည့်အတွက် ယခင်တစ်ပတ် ထက် စာ လျှင် ယခုတစ်ပတ်မှာ ဈေးမြင့်လာသည်။ယခင်နှစ်ဇူလိုင်လတွင် မြေပဲဆန်ဈေးမှာ   ဆီဆန် (အဖြူ) တစ် ပိဿာလျှင် ကျပ် ၃၅၀ဝ၊ (အနီ)တစ်ပိဿာလျှင်  ကျပ် ၃၆၀ဝ နှင့် လုံးဆန် (အဖြူ)တစ်ပိဿာလျှင်  ကျပ်  ၃၇၀ဝ နှင့် (အနီ) တစ်ပိဿာလျှင် ကျပ်  ၄၀ဝ၀ အထိ ဈေးမြင့်လာခဲ့သည်။ယခုအပတ် မြေပဲဆန်ဈေးများမှာ   ဆီဆန်(အဖြူ)တစ်ပိဿာလျှင် ကျပ် ၂၅၀ဝ၊ (အနီ)တစ်ပိဿာလျှင် ကျပ် ၂၅၅၀ နှင့် လုံးဆန်(အဖြူ)တစ် ပိဿာလျှင် ကျပ် ၂၉၅၀၊ (အနီ) တစ်ပိဿာလျှင် ကျပ် ၃၀ဝ၀ ဖြင့်   ပြည်

Pages