Main menu

Background

Friday, 4 Mar 2022

မန္တလေးဈေးကွက်သို့  စစ်ကိုင်း တိုင်းဒေသကြီး ရွှေဘိုနှင့် မြင်းမူနယ်မှ  မြေပဲဆန်အသစ်များ  ဝင်ရောက်မှုရှိပြီး မကွေးနှင့် ရေနံချောင်းနယ်တို့မှလည်း အညာဆီဆန်များ  ဝင်ရောက်လျက်ရှိ သည်။ အဆိုပါ   မြေပဲလုံးဆန်များကို ဒေသတွင်း  ရောင်းဝယ်သူများအနေ ဖြင့် မန္တလေးမှတစ်ဆင့်  တရုတ်ဝယ် လက်များမှ အဝယ်ရှိသလို ရန်ကုန်သို့ လည်း တင်ပို့မှုရှိကြောင်းနှင့် မန္တလေး မြို့တွင်းရှိ  ဆီစက်များမှလည်း  စက် ကြိတ်များကောင်းမွန်သဖြင့် ဆီကြိတ်ခွဲ မှုရှိကာ  အဝယ်လိုက်ကြောင်း  သိရ သည်။

Wednesday, 16 Feb 2022

မြန်မာနိုင်ငံသည်  သစ်တောထွက်  သယံ ဇာတများစွာ ထွက်ရှိသောနိုင်ငံဖြစ်သည်။အဖိုး တန် သစ်အမျိုးမျိုး၊ ဝါးအမျိုးမျိုး၊ သစ်ခွများ ထွက်ရှိ သကဲ့သို့ လူတို့၏ပတ်ဝန်းကျင်သန့်ရှင်းရေး၊  အိမ် သန့်ရှင်းရေးအတွက် အသုံးပြုကြသော  တံမြက် စည်းမှာလည်း မြန်မာ့သစ်တောများမှ    ထွက်ရှိ သည်။ တံမြက်စည်းပင်များကို မြန်မာနိုင်ငံ အရှေ့ ပိုင်းဒေသများဖြစ်သော   မိုင်းဖြတ်၊  မိုင်းယောင်း၊ မိုင်းဆတ်၊ တာချီလိတ်၊ တာလေမြို့နယ်များရှိ သစ် တောများတွင် နေရာကွက် ကျားအလေ့ကျ ပေါက် နေကြသည်ကို တွေ့ရှိရသည်။

Wednesday, 16 Feb 2022

မန္တလေးတိုင်း‌ဒေသကြီး၊   မိတ္ထီလာခရိုင်ဦးစီးမှူးရုံး၊ စားသုံးသူရေးရာဦးစီးဌာနမှ  ဒု-ဦးစီးမှူး ဦးဖြိုးဓနလင်းသည် ဝမ်းတွင်းမြို့ စိုက်ကွင်း(၁)ကျေးရွာသို့ ကွင်းဆင်း၍ အိန္ဒိယဒန့်သလွန် စိုက်ပျိုးသော တောင်သူ ဦးမြအေးနှင့် စိုက်ပျိုးထုတ်လုပ်မှု အခြေအနေများကို တွေ့ဆုံမေးမြန်းခဲ့သည်။ဒန့်သလွန်ပင်သည် အပူပိုင်းသီးနှံဖြစ်သော်လည်း တောင်ပေါ် မြေပြန့်မရွေး ဖြစ်ထွန်းသဖြင့် ရာသီဥတုမရွေးသော အပင်ဟု ဆိုနိုင်ကြောင်း၊ ဒန့်သလွန်ပင်သည် သဲဆန်လွန်းသောမြေနှင့် ကျောက်စရစ်မြေများမှလွဲ၍  မြေမ‌ရွေးဖြစ်ထွန်းသော အပင်ဖြစ်ကြောင်း၊ ဒန့်သလွန် စိုက်ပျိုးရန် ရေမဝပ်သော နုန်းမြေ၊ သဲနုန်းမြေ၊ နုန်းမြေစေးများတွင် အကောင်းဆုံးဖြစ်ကြောင်း၊

Wednesday, 16 Feb 2022

သိုးမွေးထိုးခြင်း လက်မှုပညာဟာ လွန်ခဲ့တဲ့ ရှေးနှစ်ပေါင်းများ စွာက ထွန်းကားလာတဲ့ လက်မှုပညာတစ်ခုဖြစ်ပြီး မြန်မာနိုင်ငံအပါ အဝင် ကမ္ဘာပေါ်ရှိ နိုင်ငံတိုင်းမှာလည်း  ထင်ရှားတဲ့ လက်မှုပညာ (ံညေိ ြေိန) တစ်ခုဖြစ်ပါတယ်။ သိုးမွေးထိုးခြင်း လက်မှုပညာကို အမျိုးသမီးမှမဟုတ်ဘဲ အချို့အမျိုးသားများပါ စိတ်ပါဝင်စားစွာလုပ် ကိုင်ကြတာကိုလည်း တွေ့ရှိရပါတယ်။ သိုးမွေးထိုးခြင်းဆိုတာ အရမ်း လှပတဲ့ လက်မှုပညာတစ်ခုလည်းဖြစ်ပါတယ်။ ၎င်းလက်မှု ပညာဟာ ဘယ်တော့မှ တိမ်ကောသွားခြင်းမရှိတဲ့ လက်မှုပညာတစ်ခု ဖြစ်ပါ တယ်။ ကမ္ဘာ့အနောက်ခြမ်း နိုင်ငံတွေမှာရှိတဲ့ လူတော်တော်များများ ဟာ လက်တစ်စုံနဲ့ ဖန်တီးပြုလုပ်ထားတဲ့ သိုးမွေးထည် (ံညေိ ြေိန) များ

Wednesday, 16 Feb 2022

အညာဒေသထွက် ဆောင်းရာသီပေါ် သီးနှံစိမ်းစားဥ ဖြိုင်ဖြိုင် ပေါ်နေပြီး ယခင်နှစ်ထက် ဈေးကောင်းမွန်သောကြောင့် ရောင်းချ သူများ အဆင်ပြေလျက်ရှိကြောင်း မကွေးတိုင်းဒေသကြီး ရေနံချောင်း မြို့နယ်က ရောင်းဝယ်သူများထံမှ သိရသည်။ စိမ်းစားဥ ဈေးကွက်အနေအထားမှာ  ယခင်နှစ်က စိမ်းစားဥ ငါးလုံးပါ တစ်တွဲလျှင် ကျပ် ၅၀ဝ၊ သုံးလုံးပါ  တစ်တွဲလျှင်  ကျပ် ၃၅၀၊ စိမ်းစားဥ အသေးတစ်တွဲလျှင် ကျပ် ၂၅၀ ရောင်းခဲ့ရပြီး ယခုနှစ်တွင် စိမ်းစားဥတစ်တွဲလျှင် အမြင့်ဆုံး ကျပ် ၈၀ဝ မှ အနိမ့်ဆုံး ကျပ်၅၀ဝ အသေးစများမှာ တစ်တွဲလျှင် ကျပ် ၄၀ဝ ရှိသောကြောင့် ယခုနှစ် ဈေး ကောင်းရကြောင်း မကွေးတိုင်းဒေသကြီးမှ ရောင်းဝယ်သူ အမျိုးသား တစ်ဦးက ပြောသည်။ အညာဒေသ၌ စိမ်း

Wednesday, 16 Feb 2022

ပြောင်းဖူးကို မြန်မာနိုင်ငံအလယ် ပိုင်းဒေသ စစ်ကိုင်းတိုင်းဒေသကြီး မုံရွာ မြို့နယ်ရှိ  ကျေးရွာများတွင် စီးပွားဖြစ် စိုက်ပျိုးလျက်ရှိသည်ကို တွေ့ရှိရသည်။ မြေတစ်ဧကကို  ပြောင်းဖူးစေ့  မျိုးစေ့ တစ်ထုပ် စိုက်ပျိုးရပြီး  ပြောင်းမျိုးစေ့ အများအပြားရှိသော်လည်း ၆၂၁၊ ၆၂၅၊ ၃၃၉ မျိုးများကိုသာ အများဆုံးစိုက်ပျိုး လျက်ရှိသည်။ မျိုးစေ့တစ်ထုပ်ကို  ကျပ် ၄၆၀ဝ၀ မှ ၅၈၀ဝ၀ ထိ  ပေးဝယ်ရပြီး ယခင်က မြေတစ်ဧကလျှင် ထွန်ယက်ခ တစ်မနက်  ကျပ် ၇၅၀ဝ နှုန်းဖြင့် ၁၀ ရက်  ထွန်ယက်ရကြောင်း၊ ယခုအခါ ထွန်စက်ကြီးများဖြင့်  တစ်နာရီလျှင်  ကျပ် ၃၀ဝ၀ဝ နှုန်းဖြင့်  ထွန်ယက်နေ ကြောင်း၊ စိုက်ပျိုးပြီး  တစ်လကျော်လျှင် လူငှား ၁၀ ယောက်ဖြင့် တစ်မနက်

Wednesday, 16 Feb 2022

ဧရာဝတီတိုင်းဒေသကြီး ပုသိမ်ခရိုင် ရေကြည်မြို့နယ် တွင် စားသုံးသူရေးရာဦးစီးဌာနအနေဖြင့်  ပြည်တွင်းကုန်သွယ် မှု  ဖွံ့ဖြိုးတိုးတက်စေရန်အတွက် ဧရာဝတီပေါ်ဆန်းခေတ် ပြန်လည်ဆန်းသစ် ပေါ်ထွန်းလာစေရန်တိုင်းဒေသကြီး အစိုးရ အဖွဲ့၏ လမ်းညွှန်ချက်ဖြင့် သက်ဆိုင်ရာ  ဌာနဆိုင်ရာများ ပေါင်းစပ်၍ ရေကြည်ပေါ်ဆန်းစပါး  စိုက်ပျိုးထုတ်လုပ်တင်ပို့ ရောင်းချလျက်ရှိသော တောင်သူများ၊ ကုန်သည်များ၊ စက်ပိုင် များနှင့် ပေါင်းစည်းဆောင်ရွက်လျက်ရှိသည်။ရေကြည်မြို့နယ်အတွင်းရှိ   ပေါ်ဆန်းစိုက်ပျိုးသော တောင်သူ များအနေဖြင့်  ယခင်ကာလက မိရိုးဖလာနည်းဖြင့် သာ စိုက်ပျိုးခဲ့ခြင်းဖြင့် သူတစ်ကွက်ငါတစ်ကွက် စိုက်ပျိုးခြင်း နှင့် အရည်အသွေး  မမီသော ဒေသ

Wednesday, 2 Feb 2022

ယင်းမာပင်ခရိုင်သည်   ပဲမျိုးစုံနှင့်ဆီထွက် သီးနှံများ အဓိကစိုက်ပျိုးထုတ်လုပ်သည့်   ခရိုင် တစ်ခုဖြစ်သည်။ နှစ်စဉ်ပဲမျိုးစုံ စိုက်ဧက သုံးသိန်း ကျော်နှင့် ဆီထွက်သီးနှံစိုက်ဧက  လေးသိန်းခန့် စိုက်ပျိုးထွက်ရှိကြောင်း    သက်ဆိုင်ရာ ဌာနများ၏ စာရင်းဇယားအရ  သိရှိရသည်။   ဆီထွက်သီးနှံ များအနက် နှမ်း၊ မြေပဲနှင့်   နေကြာသီးနှံများကို အဓိကစိုက်ပျိုးကြပြီး   နေကြာသီးနှံမှာ ဆီထွက် သီးနှံ စုစုပေါင်း စိုက်ဧက၏  ၂၀ ရာခိုင်နှုန်းကျော် ခန့်ရှိကြောင်း လေ့လာသိရှိရသည်။ယင်းမာပင်ခရိုင်အတွင်းရှိ     မြို့နယ်  လေး မြို့နယ်၌ နေကြာသီးနှံ စိုက်ဧက ကိုးသောင်းကျော် စိုက်ပျိုးထွက်ရှိပြီး   မိုးနေကြာနှင့်ဆောင်းနေကြာ ဟူ၍ စိုက်ပျိ

Wednesday, 2 Feb 2022

၂၀၂၁-၂၀၂၂ခုနှစ် နွေစပါးစိုက်ရာသီတွင် ပြည် ထောင်စုနယ်မြေရှိ  ဥတ္တရခရိုင် လေးမြို့ နယ်တွင် ၈၂၉၀ ဧက၊ ဒက္ခိဏခရိုင် လေးမြို့နယ်တွင် ၁၈၀၉၀  ဧက စိုက်ပျိုးရန် လျာ ထားသတ်မှတ်ထားပြီး ပြည်ထောင်စုနယ်မြေအတွင်း နွေစပါး စိုက်ဧက စုစုပေါင်း ၂၆၃၈၀ ဧက စိုက်ပျိုးရန် လျာထားသတ် မှတ်ထားသည်။ဆည်ရေပေးဝေနိုင်မှုနှင့် ရေရရှိမှုအပေါ်မူတည်၍ နွေ စပါး စိုက်ပျိုးနိုင်မည်ဖြစ်ပြီး ဆည်မြောင်းဦးစီးဌာနအနေဖြင့် ၂၀၂၂ ခုနှစ်  ဇန်နဝါရီ ၁၅ ရက်မှစတင်၍ ငလိုက်ဆည်ရေ သောက်ဧရိယာ ရေပေးနိုင်မှုရှိပြီး ဇန်နဝါရီလကုန်နှင့် ဖေဖော် ဝါရီလဆန်းပိုင်းတို့တွင် စိုက်ပျိုးရန်အတွက် တောင်သူများ အနေဖြင့် မြေယာပြင်ဆင်ခြင်း၊ ထွန်ယက်ခြင်းလုပ်ငန်းများ စတင် ဆေ

Wednesday, 2 Feb 2022

လိမ္မော်သီးသည် အေးမြသောရာသီဥတုတွင် စိုက်ပျိုးဖြစ်ထွန်း သည့်အတွက် ရှမ်းပြည်နယ်(တောင်ပိုင်း)ရှိ မြို့နယ်များ၌ အများ အပြားစိုက်ပျိုးလျက်ရှိကြောင်း သိရှိရသည်။ရှမ်းပြည်နယ် (တောင်ပိုင်း) တွင်  လိမ္မော်သီး တစ်နှစ်စိုက်ပျိုး သည့်ဧက ၁၀၉၉၆ဧက၊ ထွက်ရှိသည့်နှုန်းမှာ တန် ၂၁၀၇၈၀ စိုက်ပျိုး ထွက်ရှိပြီး ရွာငံမြို့နယ်၊ ရပ်စောက်မြို့နယ်၊  ပင်းတယမြို့နယ်နှင့် မိုင်းကိုင်မြို့နယ်တို့မှ အများအပြား စိုက်ပျိုးထွက်ရှိကြောင်း သိရှိရ သည်။ လိမ္မော်သီးတစ်ပင်လျှင် တစ်နှစ်  အသီးထွက်ရှိမှုနှုန်းမှာ ၁၀ ပိဿာမှ  ၁၂ ပိဿာခန့်အထိ ထွက်ရှိကြောင်းလည်း တောင်သူများ ထံမှ သိရှိရသည်။ လိမ္မော်သီးကို ဒေသတွင်း စားသုံးမှုဖူလုံသည့်အပြင် မြန

Pages