Background
ပြည်တွင်းအထည်ချုပ်လုပ်ငန်းများ ၌ ကုန်ကြမ်းပြတ် လပ်မှုများဖြစ်ပေါ်နေသည့်အတွက် အခက်အခဲများ ကြုံ တွေ့နေရကြောင်း မြန်မာနိုင်ငံ အထည်ချုပ်လုပ်ငန်းရှင်များ အသင်းမှ သိရသည်။ အထည်ချုပ်လုပ်ငန်းရှင်များ၏ လက်ရှိအခြေအနေ နှင့် ပတ်သက်သည့် သတင်းစာရှင်းလင်းပွဲကို ဖေဖော်ဝါရီ ၂၁ ရက်တွင် ရန်ကုန်မြို့ရှိ UMFCCI ၌ ကျင်းပခဲ့ခြင်း ဖြစ်သည်။ အဆိုပါဆွေးနွေးပွဲအရ ပြည်တွင်း အထည်ချုပ်လုပ် ငန်းများ၌ ကုန်ကြမ်းရရှိမှု ခက်ခဲနေသည့်အတွက် လုပ်သား အင်အားလျှော့ချခြင်း သို့မဟုတ် လစာမဲ့ ပိတ်ရက်ရှည်ပေး ခြင်း စသည့် အခြေအနေမျိုးများ လုပ်ဆောင်လာနိုင်ဖွယ် ရှိ ကြောင်း သိရသည်။
စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ မြန်မာကုန်သွယ်မှုမြှင့်တင်ရေးအဖွဲ့မှ ညွှန်ကြားရေးမှူး ဦးသန်းမြင့်ဦး ဦးဆောင်၍ ပြည်ပငါးနိုင်ငံသို့ သွားရောက် တာဝန်ထမ်းဆောင်မည့် စီးပွားရေးသံမှူး ငါးဦးနှင့်အဖွဲ့သည် ဖေဖော်ဝါရီ ၁၆ ရက်တွင် မြန်မာနိုင်ငံငါးလုပ်ငန်းအဖွဲ့ချုပ်က ထူထောင်ထားသည့် Global Earth Agro & Aqua Public Co;Ltd မှ ဦးစီးဆောင်ရွက်နေသော Ayeyarwady Integrade Food Industry Complex စီမံကိန်းသို့ မြန်မာနိုင်ငံ ကုန် သွယ်မှုလုပ်ငန်းများ မြှင့်တင်ဆောင်ရွက်နိုင်ရန်အတွက် သွား ရောက်လေ့လာခဲ့ကြသည်။ အဆိုပါစီမံကိန်းသည် ဧရာဝတီတိုင်းဒေသကြီး၊ ပန်းတနော်မြို့နယ် ဝါးခယ်မ-ရွှေလောင်း လမ်းမကြ
ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများညွှန်ကြားမှု ဦးစီးဌာနမှ စာရင်းဝင်ကုမ္ပဏီများနှင့် အစုရှယ်ယာရှင် ၁၀ဝ နှင့်အထက်ရှိသည့် အများနှင့် သက်ဆိုင်သည့် ကုမ္ပဏီများ လိုက်နာရန် ကော်ပိုရိတ် စီမံအုပ်ချုပ်မှု အမိန့်ကြော်ငြာစာကို ယခုနှစ် ဧပြီလတွင် ထုတ်ပြန်ရန် စီစဉ်ထားကြောင်းသိရသည်။ ယင်း အမိန့်ကြော်ငြာစာအရ မြန်မာနိုင်ငံ အရင်းအနှီးဈေးကွက်တွင် ရင်းနှီးမြှုပ်နှံသူများ၏ ယုံကြည်မှု နှင့် စီးပွားရေး အကျိုးဖြစ်ထွန်းမှုများ တိုးမြှင့်လာနိုင် မည်ဖြစ်ကာ အကြံပေးကော်မတီအနေဖြင့် ကော်ပိုရိတ် စီမံအုပ်ချုပ်မှု တိုးတက်ရန် ဆက်လက်ကြိုးပမ်း ဆောင် ရွက်မည်ဖြစ်ကြောင်း ခေတ္တအကြံပေး ကော်မတီဥက္ကဋ္ဌ၊ ရင်းနှီးမြှုပ်နှံမှုန
ဖေဖော်ဝါရီလ ပထမပတ်တွင် အနည်းငယ်ကျဆင်းခဲ့သည့် ရွှေဈေးနှုန်းမှာ ယခုအခါ အနည်းငယ်လှုပ်ခတ်လာပြီဖြစ်သည်။ ဈေးအနည်းငယ် လှုပ်ခတ်သည် ဆိုရာတွင် ပြီးခဲ့သည့်အပတ်နှင့် ယှဉ်ပါက အနည်းငယ်မြင့်လာသယောင် ရှိသော်လည်း ယခုတစ်ပတ်အတွင်း ပြန်လည်ကျဆင်းသွားကြောင်း သိရသည်။ "ရွှေဈေးကတော့ ဒီရက်ပိုင်းထဲပြန်ကျသွားတယ်။ ပြီးခဲ့တဲ့တစ်ပတ်ထက်တော့ မဆိုသလောက်လေး တက်လာတယ်။ အရောင်းအဝယ်ကလည်း ပုံမှန်လိုပဲဖြစ်နေတယ်။ ဈေးအတက်အကျ ရှိနေပေမယ့် ၁၂ သိန်းအောက်တော့ မဆင်းသေးဘူး။ ထပ်ကျမယ့် အလားအလာရှိသေးတယ်လို့လည်း သုံးသပ်ကြတယ်။ ပြီးခဲ့တဲ့နှစ်ကုန် ခါနီးလို ၁၁ သိန်းကျော်နဲ့ကျမလား၊ ၁၂ သိန်းပတ်ချာလည်မှာ အတက်အကျဖြစ် မလားကတော့ စောင့်ကြည့်ရမ
မအူပင်မြို့နယ်တွင် ကျေးရွာအုပ်စု ၇၆ အုပ်စုနှင့် ရပ်ကွက် ၁၂ ရပ်ကွက်ရှိပြီး ကျေးရွာအုပ်စုများရှိနွေစပါးနှင့် မိုးစပါးစိုက်ဧကစုစုပေါင်းမှာ ၁၈၄၇၀၆ ဧကရှိသည်။ ဒေသ ဝမ်းစာဖူလုံသည့်အပြင် ပိုလျှံစပါးများကို ကျိုက်လတ်၊ ဝါးခယ်မ၊ မော်လမြိုင်ကျွန်း၊ ညောင်တုန်း၊ တွံတေးစသည့် မြို့များမှ အိမ်တိုင်ရာရောက်ဝယ်ယူခဲ့သည်။ မအူပင်မြို့နယ်အတွက် ယခုနှစ်တွင် မိုးစပါး တင်ဒါအောင်မြင်သူ ဦးကျော်ကျော်လင်းက အခြေခံဈေးကျပ် ငါးသိန်းဖြင့် စပါးတင်းငါးသောင်းဝယ်ယူမှု အောင်မြင်စွာ ဆောင် ရွက်နိုင်ပြီး တောင်သူများအတွက် ရေကျနောက်စိုက် စပါးများပေါ်ထွက်လာသော ယခုအချိန်တွင် ရေကျနောက် စိုက်သီးထပ်ရင်စပါးတင်း ၁၀ဝ လျှင် ကျပ်ငါးသိန်း
ပြည်ပသို့ကုန်ပစ္စည်းတင်ပို့ရန် ကြိုးပမ်းခြင်းသည် မည်သည့်ပို့ကုန်လုပ်ငန်းအတွက်မဆို အဓိကကျသော လုပ်ငန်းတစ်ခုဖြစ်သည်။ တစ်ဦးချင်းလုပ်ငန်းဖြစ်စေ၊ အစုအဖွဲ့လုပ်ငန်းဖြစ်စေ ပြည်ပမှ Export order ရရှိရေးအတွက် နည်းဗျူဟာရှိသင့်သည်။ Export order မရရှိဘဲ မည်သည့်ကုမ္ပဏီမှ ရပ်တည်ရန်မဖြစ်နိုင်ချေ။ ပြည်ပပို့ကုန်လုပ်ငန်းကြီးတစ်ခု၏ ဦးစားပေးအလုပ်တစ်ခုအနေဖြင့် ၎င်း၏ထုတ်ကုန် ပစ္စည်းများကို ရောင်းချရန် Export order ရရှိရေး မဟာဗျူဟာအပေါ် အာရုံစိုက်သင့်သည်။
Export order ဘယ်လိုရမလဲ
ပြည်တွင်းငွေလဲနှုန်းဈေးကွက်သည် နှစ်စကတည်းက ကျဆင်းနေခြင်းဖြစ် ပြီး အကျဘက်ကိုဆက်လက် ဦးတည်နေနိုင်ကြောင်း ဈေးကွက်ကျွမ်းကျင်သူအချို့က သုံးသပ်ပြောသည်။ လက်ရှိတွင် မြန်မာနိုင်ငံတော်ဗဟိုဘဏ်၏ ဖေဖော်ဝါရီ ၆ ရက်အတွက် ရည်ညွှန်းငွေလဲနှုန်းကို အမေရိကန်တစ်ဒေါ်လာလျှင် ၁၄၅၃ ကျပ် သတ်မှတ်ထားပြီး ဈေးကွက်အနေအထားအရ အနည်းငယ်ကျဆင်းမှုသာရှိခဲ့ ကြောင်း သိရသည်။'ငွေလဲနှုန်းက တအိအိနဲ့ကျနေတယ်။ ဈေးကလည်း တစ်ပတ်နဲတစ်ပတ်ကို တအားကြီး ကွာခြားမှုမရှိဘူး။ ဒီတစ်ပတ်အတွင်း အနေအထားနဲ့ပြောမယ်ဆိုရင်တောင် သုံးကျပ်လောက်က တက်လိုက်ကျလိုက်ဖြစ်နေတယ်။ ဘာပဲဖြစ်ဖြစ် ကိုရိုနာ ဗိုင်းရပ်စ် မငြိမ်သရွေ့ကတော့ ဈေးကျနေဦးမယ်လို့သုံးသပ်ရတာပဲ။
၂၀၂၀ ပြည့်နှစ် ဇန်နဝါရီ ၂၅ ရက်မှ ၃၁ ရက်တာကာလ အတွင်း မြန်မာ-တရုတ်နယ်စပ်နှင့်မြန်မာ-အိန္ဒိယနယ်စပ်ရှိ ကုန်သွယ်ရေးစခန်းများမှ အမေရိကန်ဒေါ်လာ သုည ဒသမ ၆၉၆တန်ဖိုးရှိ ဆန်တန်ချိန် ၂၅၀ဝ ကျော်တင်ပို့ခဲ့ကြောင်း သိရသည်။ မြန်မာ-တရုတ်နယ်စပ်ရှိ မူဆယ်(၁၀၅)မိုင်ကုန်သွယ် ရေးဇုန်မှ ဆန်တန်ချိန် ၂၀ဝ၀၊ ချင်းရွှေဟော်ကုန်သွယ်ရေး စခန်းမှ ဆန်တန်ချိန် ၂၀ဝ ခန့်၊ လွယ်ဂျယ်ကုန်သွယ်ရေးစခန်း မှ ဆန်တန်ချိန် ၂၅၀ နှင့် မြန်မာ-အိန္ဒိယနယ်စပ် တမူးကုန် သွယ်ရေးစခန်းမှ ဆန်တန်ချိန် ၅၀ တင်ပို့ခဲ့ကြောင်း သိရ သည်။ ယခင်တစ်ပတ် တင်ပို့မှုနှင့်နှိုင်းယှဉ်လျှင် တန်ချိန် ၃၅၀ဝ နီးပါးလျော့နည်းတင်ပို့ခဲ့သည်။
အမျိုးသားပို့ကုန်မဟာဗျူဟာ ၂၀၂၀-၂၀၂၅ ဒီဇိုင်းရေးဆွဲခြင်းနှင့် အကောင်အထည်ဖော်ခြင်းဆိုင်ရာ သတင်းစာရှင်းလင်းပွဲကို ဇန်နဝါရီ ၃၁ ရက် မွန်းလွဲ ၂ နာရီတွင် ရန်ကုန်မြို့ Sedona Hotel တွင် ကျင်းပပြုလုပ်ခဲ့သည်။ သတင်းစာရှင်းလင်းပွဲတွင် စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးအောင်ထူး၊ အမြဲတမ်းအတွင်းဝန် ဦးအောင်စိုးနှင့် ပြည်ထောင်စုမြန်မာနိုင်ငံ ကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များ အသင်းချုပ် (UMFCCI) ဒုတိယ ဥက္ကဋ္ဌ ဒေါက်တာမောင်မောင်လေးတို့ တက်ရောက်၍ အမျိုးသားပို့ကုန်မဟာဗျူဟာ ၂၀၂၀-၂၀၂၅ အကောင်အထည်ဖော်ခြင်း၊ ဆက်လက်ဆောင်ရွက်မည့်အစီအစဉ်များနှင့် ပုဂ္ဂလိကကဏ္ဍမှ ပူးပေါင်း ဆော
မြန်မာနိုင်ငံသည် ကီလိုမီတာ ၂၈၀ဝ ကျော် ရှည်လျားသည့် ကမ်းရိုးတန်းကို ပိုင်ဆိုင်ထားရှိပြီး အိန္ဒိယသမုဒ္ဒရာနှင့် ဆက်စပ်လျက်ရှိသည့် ဘင်္ဂလားပင်လယ်အော်နှင့် ကပ္ပလီ ပင်လယ်အော်များနှင့် ထိစပ်လျက်ရှိသည်။ ကမ်းရိုးတန်းဒေသ တစ် လျှောက်လုံးတွင် ရေငန်ခရု၊ ကမာနှင့် ဂုံး စသည့် ရေသတ္တဝါများ ပေါက်ပွားနေထိုင်ကြသည်။ အဆိုပါရေထွက်ပစ္စည်းများအား ကမ်းရိုးတန်းဒေသတွင် နေထိုင်သူ အနည်းငယ်ကသာ စားသုံးကြသည့် အလေ့အထ ရှိသည်။ နိုင်ငံအတွင်းရှိ လူများစုမှာ အဆိုပါရေထွက်ပစ္စည်း များကို စားသုံးသည့် အလေ့အထ အလွန်နည်းကြသည်။ ဖော်ပြပါရေထွက်ပစ္စည်းများသည် နိုင်ငံတကာ ဈေးကွက်အားလုံး မှ ခုံမင်နှစ်သက်စွာ စားသုံးကြသည့် ရေသတ္တဝါ မျာ