Background
တရုတ်ပြည်သူ့သမ္မတနိုင်ငံတွင် ဖြစ်ပွားလျက်ရှိသော ဝူဟန် ကိုရိုနာဗိုင်းရပ်စ်ရိုက်ခတ်မှုကြောင့် တရုတ်နိုင်ငံသို့ နယ်စပ်ကုန်သွယ်ရေး လမ်းကြောင်းများမှ တင်ပို့နေသော ဖရဲ/သခွားမွှေး၊ သစ်သီးဝလံများ တရုတ်နိုင်ငံသို့ ပုံမှန်တင်ပို့မှု တုံ့ဆိုင်းနေသည့်အပေါ် ဖရဲ/သခွားစိုက် တောင်သူများ၊ လတ်တလောကြုံတွေ့နေရသည့် အခက်အခဲများ အဆင်ပြေ စေရေးနှင့် နစ်နာဆုံးရှုံးမှု နည်းပါးစေရေးအတွက် အရေးပေါ် ဆောင်ရွက်ရမည့် အစီအစဉ်များကို ဖေဖော်ဝါရီ ၁ ရက် နံနက် ၁၀ နာရီတွင် မြန်မာအပြည်ပြည်ဆိုင်ရာ ကုန်သွယ်မှု ဗဟိုဌာန(ရန်ကုန်မြို့)တွင် စီးပွားရေးနှင့် ကူးသန်းရောင်းဝယ် ရေးဝန်ကြီးဌာန အမြဲတမ်းအတွင်းဝန် ဦးအောင်စိုး ဦးဆောင်
မြန်မာနိုင်ငံတွင် လယ်ယာကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေးအတွက် သီးနှံများကို စိုက်ပျိုးလျက်ရှိကြသည်။ စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ စားသုံးသူရေးရာဦးစီးဌာနသည် ပြည်တွင်း ကုန်သွယ်မှု ဖွံ့ဖြိုးတိုးတက်လာစေရေးအတွက် ဈေးကွက်ဝင်သီးနှံ များတိုးချဲ့စိုက်ပျိုး ထုတ်လုပ်နိုင်ရေး အတွက် သုတေသနလုပ်ငန်းများ ကို ဖွံ့ဖြိုးတိုးတက်လာစေရန် သက်ဆိုင်ရာ အဖွဲ့အစည်းဌာနများနှင့် ပူးပေါင်းဆောင်ရွက်လျက်ရှိသည်။ ကော်ဖီပင်သည် တခြားသောသီးနှံအပင်များနှင့်မတူ။ သီးထွက်ကောင်းရန်၊ အရည်အသွေးမြင့် ကော်ဖီ စေ့များ ရရန်၊ ကော်ဖီ မှုန့်ကောင်းရန် ပြုစုထိန်းသိမ်းမှု နည်းပညာများ လိုအပ်ပါသည်။ ထို့ပြင် အပင်စိုက်ပျိုးရာမှာလည်း အ
ကျောက်မျက်ရတနာအမျိုးမျိုးကို အခွန်ပေးဆောင်ရသည့် အထူးကုန်စည်ခွန်အား ယခုနှစ်မှ စတင်၍ ရတနာခွန်အဖြစ် ပြောင်းလဲကောက်ခံသွားမည်ဖြစ်ကြောင်း ပြည်တွင်းအခွန်များဦးစီးဌာန အခွန်ထမ်းကြီးများ ဆိုင်ရာအခွန်ရုံးမှ သိရသည်။ ကျောက်မျက်ရတနာများကို ရတနာခွန်အဖြစ် ပြောင်းလဲကောက်ခံရာတွင် ဈေးကွက်အတွင်း ရောင်းချသည့် တန်ဖိုးအပေါ်အခြေပြု၍ အခွန်ထမ်းဆောင်ရမည်ဖြစ်ပြီး ယခင်ထက်အခွန် ထမ်းဆောင်မှု အနည်းငယ် လျော့ နည်းလာကြောင်းလည်း သိရသည်။
ပြည်တွင်း၌ ကုန်အမှတ်တံဆိပ် မူပိုင်ခွင့်ဥပဒေအကောင်အထည်ဖော်ရေးအတွက် သိကောင်းစ ရာ များနှင့် ပတ်သက် သည့် အကြောင်းအရာများ ဆွေးနွေးခြင်းကို ဇန်နဝါရီ ၂ ရက် တွင် ရန်ကုန်မြို့ရှိ UMFCCI၌ ကျင်းပခဲ့ကြောင်း သိရသည်။ အဆိုပါပွဲကို မြန်မာနိုင်ငံဆေးနှင့် ဆေးပစ္စည်းကုန်သည်များနှင့် လုပ်ငန်းရှင်များအသင်းမှ မူပိုင်ခွင့်ဌာနနှင့် ပူးပေါင်း ကျင်းပခြင်းဖြစ်ပြီး မူပိုင်ခွင့် ဥပဒေ အကျိုးမသက်ရောက်မီ ကာလအတွင်း ကြိုတင်ပြင်ဆင်ထားနိုင်ရန်နှင့် မူပိုင်ခွင့်ဌာနမှ လက်ရှိဆောင်ရွက်နေသည့် အခြေအနေများကို အများပြည်သူ သိရှိစေရန်အတွက် ရည်ရွယ်လုပ်ဆောင်ခြင်းဖြစ်ကြောင်း သိရသည်။
မြန်မာနိုင်ငံတွင် နှစ်စဉ် မြေပဲစိုက်ဧက ၂၃ သိန်းကျော်စိုက်ပျိုးထုတ်လုပ်လျက်ရှိသည့်အနက် စစ်ကိုင်းတိုင်းဒေသကြီးတွင် စိုက်ဧကခုနစ်သိန်းကျော်စိုက်ပျိုးမှုရှိပြီး ပျမ်းမျှအထွက်နှုန်း ၅၀ တင်းထွက်ရှိကာ သုံးစွဲမှုကိုနုတ်ပြီးပါက တန်ချိန်သုံးသိန်းကျော်ပိုလျှံသည်ကို ပြည်တွင်း၊ ပြည်ပ တင်ပို့ရောင်းချလျက်ရှိပါသည်။ မုံရွာခရိုင်တွင် စိုက်ဧက ခုနစ်သောင်းကျော်ရှိသည့် အနက် ဘုတလင်မြို့နယ်နှင့် အရာတော်မြို့နယ်တွင် အများဆုံးစိုက်ပျိုးထွက်ရှိပါသည်။ လက်ရှိ မြေပဲလုံးဆန် တစ်တင်းဈေးနှုန်းမှာ ကျပ် ၅၃၀ဝ၀ ဖြစ်ကာ မြေပဲဆန်ကို စားသုံးဆီကြိတ်ခြင်း၊ လက်ဖက်အကြော် တွင်သုံးစွဲခြင်း၊ မုန့်လုပ်ငန်းသုံးစွဲခြင်းအပြင် မုံရွာ
ပြည်နယ်အတွင်း ဒီဇင်ဘာလနောက်ဆုံးပတ်တွင် ကြက်သွန်နီ တစ်ပိဿာလျှင် ကျပ် ၃၀ဝ၀ ဖြစ်ပြီး ဇန်န ဝါရီလ ပထမပတ်တွင် ကြက်သွန်နီ တစ်ပိဿာလျှင်ကျပ် ၂၇၀ဝအနည်းငယ် ကျဆင်းရခြင်းမှာ အသစ်ပေါ်သော ကြောင့် သိရသည်။ ဒီဇင် ဘာလနောက်ဆုံးပတ်တွင် ကြက်သွန်ဖြူ တစ် ပိဿာလျှင် ကျပ် ၃၈၀ဝ မှ ဇန်နဝါရီလ ပထမပတ်ထိ တစ် ပိဿာလျှင် ကျပ် ၄၇၀ဝ ထိရှိလာ၍ ကြက်သွန်ဖြူဈေးမြင့် လာကြောင်း သိရသည်။
အေးအေးမော် (ကယား)
ပြည်ပဲမျိုးစုံဈေးကွက်အတွင်း ဆောင်းသီးနှံထဲမှာ ပဲတီစိမ်းသီးနှံသစ်အဝင်များပေမယ့် မတ်ပဲ၊ ပဲစင်းငုံ သီးနှံများကတော့ ပဲဝင်ရောက်ခြင်းမရှိသေးဘဲ လက်ကျန်ပဲများဖြင့်သာ ရောင်းဝယ်နေခဲ့ကြသည်။ အရောင်းအဝယ်ဖြစ်သည့်ရက်တွင် အိတ်၃၀ဝ ကျော် ရောင်းဝယ်ခဲ့ကြပြီး ပဲဈေးနှုန်းအနေဖြင့် အရည် အသွေးလိုက်၍ ဈေးကွာခြားလို့ တစ်တင်းကျပ် ၂၁၀ဝ၀ နှင့် ၂၃၀ဝ၀ အကြား ရောင်းဝယ်မှု ဖြစ်ခဲ့ကြ သည်။ ယခင်နှစ်က ပဲစင်းငုံသီးနှံသစ်များ နှစ်ကုန်တွင်ဝင်ရောက်ခဲ့ပြီး ပဲသစ်ဈေးမှာတစ်တင်း ကျပ် ၂၆၅၀ဝ ရရှိခဲ့ကြသည့် အတွက် ယခုနှစ်မှာတော့ ပဲသစ်ဝင်ရောက်ခြင်းမရှိသေးလို့ ပဲဟောင်းသီးနှံဈေးနှုန်းမှာ ယခင်နှစ်ဈေးကိုမမီဘဲ ယခင်နှစ်ထက် ဈေးလျော့ရောင်းဝယ
ဧရာဝတီတိုင်းဒေသကြီး ဆန်၊ စပါးဈေးကွက်တွင် ဇန်နဝါရီလ ပထမပတ်အတွင်း မြို့နယ်အချို့ မိုးဧည့် မထစပါးသစ် ဈေးနှုန်းများ အနည်းငယ်မြင့်တက်လျက်ရှိကြောင်း ဈေးကွက်သတင်းများအရ သိရသည်။ ပုသိမ်ခရိုင်အတွင်းရှိ ကျုံပျော်၊ ရေ ကြည်၊ ကျောင်းကုန်း၊ မြို့နယ်များနှင့် မအူပင်ခရိုင်အတွင်းရှိ မအူပင်၊ ပန်းတနော်၊ ညောင်တုန်း၊ ဓနုဖြူမြို့နယ်များတွင် ယခင်မိုးစပါး ၄၆ ပေါင်၊ တင်း ၁၀ဝ ကို ကျပ် ၄၆၀ဝ၀ဝ/၄၇၀ဝ၀ဝ/၄၈၀ဝ၀ဝ ဈေးမှယခု စပါးဈေး ၄၆ ပေါင် တင်း ၁၀ဝ ကို ကျပ် ၅၀ဝ၀ဝ၀/၅၀၁၀ဝ၀ ဈေးဖြစ်သွား၍ စပါးတင်း ၁၀ဝ ကို ကျပ် ၂၀ဝ၀ဝ မှ ကျပ် ၄၀ဝ၀ဝအတွင်း ဈေးနှုန်းမြင့်တက်မှုရှိခဲ့သည်။ ပုသိမ်ခရိုင်နှင့် မအူပင်ခရိုင်အတွင်းရှိ မြို့နယ်အ
ယခု ၂၀၁၉-၂၀၂၀ ဘဏ္ဍာနှစ်အတွင်း နေ့စဉ် ဆန်တန်ချိန် တစ်သောင်းခန့် ပြည်ပသို့ တင်ပို့ ရောင်းချ နေရကြောင်း မြန်မာနိုင်ငံ ဆန်စပါး အသင်းချုပ်မှ သိရသည်။ ဘဏ္ဍာနှစ်အစကနေ အခုထိဆို ရက် ၉၀ လောက် ရှိပါပြီ။ ဒီရက်တွေအတွင်းမှာ တစ်ရက်ကို ပြည်ပကို ဆန်တန်ချိန် တစ်သောင်းလောက် တင်ပို့ရောင်းချခဲ့တဲ့အတွက် အခုထိဆိုရင် ဆန်တန်ချိန် ကိုးသိန်း လောက် တင်ပို့ရောင်းချပြီးပါပြီဟု ယင်း အသင်းချုပ် ဗဟိုအလုပ်အမှုဆောင် ဦးမျိုးသူရအေးက ဇန်နဝါရီ ၁ ရက်တွင် ပြောသည်။ မြန်မာနိုင်ငံက ဆန်ကို အာဖရိကနိုင်ငံများသို့ အများဆုံး တင်ပို့နေပြီး အာဆီယံနိုင်ငံများသို့ ဒုတိယ အများဆုံး တင်ပို့လျက်ရှိကာ ယခုနှစ်တွင် နွေစပါးမှ ရရှိသည့်ဆန်ကို ပြည်
မြန်မာ့သွင်းကုန် မြင့်တက်ခြင်းကို သွင်းကုန် ပမာဏ မြင့်တက်ခြင်းမှ ကာကွယ်ပေးမှု ဥပဒေဖြင့် ထိန်းချုပ်သွားမည်ဖြစ်ကြောင်း မြန်မာနိုင်ငံ စက်မှုကုန် ထုတ်လုပ်ငန်းရှင်များအသင်းမှ သိရသည်။ ပြီးခဲ့သည့် ရက်သတ္တပတ်က ပြည်ထောင်စု လွှတ်တေ ာ်တွင် ပြဋ္ဌာန်းခဲ့သည့် ယင်းဥပဒေသည် အသေးစားနှင့် အလတ်စား ပြည်တွင်းလုပ်ငန်းများကို ပိုမို ကာကွယ်ပေးလာနိုင်မည်ဖြစ်ကြောင်း အဆိုပါ အသင်း ဥက္ကဋ္ဌ ဦးအောင်သိန်းက ဇန်နဝါရီ ၃ ရက်တွင် ပြောသည်။ ဒီဥပဒေကြောင့် လိုအပ်သည်ထက် ပိုမိုတင်သွင်းလျက်ရှိသော ကုန်စည်အမယ်များကို ထိန်းချုပ်လာနိုင်ဖို့ ကျွန်တော်တို့အနေနဲ့ မျှော်လင့်ထားပါတယ်။ နိုင်ငံရဲ့ပို့ကုန်၊ သွင်းကုန်ပမာဏတွေကို ဒီဥပဒေ